GYM Mandalay

GYM Mandalay

Share

GYM MANDALAY
Fitness Center

29/08/2026

အထီးကျန်ခြင်းက တယောက်တည်း နေထိုင်ရခြင်းထက် ကျန်းမာရေးကို ပိုဆိုးရွားစွာ ထိခိုက်စေနိုင်

လူအုပ်ကြီးကြားထဲမှာ နေရပေမဲ့ ကိုယ့်ကိုယ်ကိုယ် အထီးကျန်တယ်လို့ ခံစားရဖူးပါသလား။ တချိန်တည်းမှာပဲ တစ်ယောက်တည်း အချိန်အကြာကြီး နေရပေမဲ့လည်း ဘာမှ စိတ်ပူပန်စရာမရှိဘဲ အေးဆေးဖြစ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။

ဒီကွာခြားချက်လေးကပဲ အထီးကျန်ခြင်း (Loneliness) နဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ကင်းကွာခြင်း (Social isolation) တို့ဟာ ကျန်းမာရေးကို သက်ရောက်မှု ဘာကြောင့် မတူရသလဲဆိုတာကို ရှင်းပြပေးနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ အဆိုအရ ကမ္ဘာပေါ်က လူ ၆ ယောက်မှာ ၁ ယောက်ဟာ အထီးကျန်ဝေဒနာကို ခံစားနေရပါတယ်။

အထီးကျန်ခြင်း (Loneliness) - ကိုယ့်ရဲ့ ပတ်ဝန်းကျင် ဆက်ဆံရေးတွေမှာ ကိုယ်လိုချင်တဲ့ ရင်းနှီးမှု၊ နွေးထွေးမှု မရတဲ့အခါ ခံစားရတဲ့ စိတ်ဆင်းရဲမှုမျိုးပါ။

လူတွေနဲ့ ကင်းကွာခြင်း (Social Isolation) - ဒါကတော့ လူတွေနဲ့ ဘယ်လောက်ထိ တွေ့ဆုံဆက်ဆံဖြစ်လဲ ဆိုတဲ့ အရေအတွက်နဲ့ အကြိမ်အရေအတွက်ကို ဆိုလိုတာပါ။

ဒီနှစ်ခုက ဆက်စပ်နေပေမဲ့၊ တစ်ခုရှိတိုင်း နောက်တစ်ခု ဖြစ်နေစရာ မလိုပါဘူး။ လူတွေနဲ့ မတွေ့ရပေမဲ့ အထီး မကျန်တဲ့သူ ရှိသလို၊ လူတွေကြားထဲမှာနေထိုင်ရင်း အထီးကျန်နေသူတွေလည်း မနည်းမနော ရှိနေပါတယ်။

သုတေသနအသစ်အရ ဒီနှစ်ခုမှာ အထီးကျန်ခြင်းက စိတ်ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပြီး လူတွေနဲ့ ကင်းကွာခြင်းကတော့ ပြောပရလောက်တဲ့ ထိခိုက်မှု မရှိဘူးဆိုတာ သွားတွေ့ပါတယ်။

အထီးကျန်တာက စိတ်ကျရောဂါ ကို ဖြစ်စေနိုင်သလို၊ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပေးဖို့ ၊ တခုခုကို အဆုံးအစွန်ထိ လုပ်ပစ်လိုက်ဖို့ ကြိုးစားတာမျိုးတွေအထိ ဖြစ်နိုင်ခြေ များစေပါတယ်။ ဘဝရဲ့ ကျေနပ်ပျော်ရွှင်မှုတွေကိုလည်း အများကြီး လျော့ကျစေပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒါဟာ အပြန်အလှန် သက်ရောက်နေတာပါ။ စိတ်ကျရောဂါ ခံစားရရင်လည်း ပိုပြီး အထီးကျန်လာတတ်ပါတယ်။

အထီးကျန်တာက ရောဂါကြီး နှစ်ခု (သို့) နှစ်ခုထက်ပိုပြီး နာတာရှည် ခံစားရနိုင်ခြေ နဲ့လည်း ဆက်စပ်နေပါသတဲ့။ ဒါပေမဲ့ နှလုံးရောဂါ၊ လေဖြတ်တာ၊ ဆီးချို စတဲ့ တိကျတဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး (လုံးဝ မဖြစ်နိုင်ဘူးလို့တော့ မဆိုလိုပါဘူး)။

ဒီသုတေသနအတွက် ယူကေနိုင်ငံက လူပေါင်း ၅ သိန်းရဲ့ ကျန်းမာရေး၊ လူနေမှုဘဝနဲ့ မျိုးရိုးဗီဇ အချက်အလက်တွေကို လေ့လာခဲ့ပါတယ်။ အဖြေတွေ မှန်ကန်သေချာစေဖို့အတွက်

မိသားစု မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်တူတဲ့ မောင်နှမအရင်းတွေကို နှိုင်းယှဉ်လေ့လာခြင်း နဲ့ မျိုးရိုးဗီဇဆိုင်ရာ စာရင်းအင်းနည်းပညာတွေကို သုံးပြီး လေ့လာခြင်း စတဲ့ နည်းလမ်းတွေကို သုံးခဲ့ပါတယ်။

ဒီလို လေ့လာမှု နည်းလမ်းစုံကနေ တူညီတဲ့ အဖြေတစ်ခုတည်း ထွက်လာတဲ့အတွက် ရလဒ်တွေက ပိုပြီး ယုံကြည်စိတ်ချရပါတယ်။

ဒါပေမဲ့ ဒီသုတေသနမှာ အားနည်းချက် တချို့တော့ ရှိပါတယ်။

အသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေကိုသာ တစ်ကြိမ်တည်း မေးမြန်းလေ့လာခဲ့တာမို့ ကလေးတွေနဲ့ လူငယ်တွေအတွက်တော့ ရလဒ်တွေ ကွာခြားနိုင်ပါတယ်။

"မကြာခဏ အထီးကျန်သလား" ဆိုတဲ့ မေးခွန်းတစ်ခုတည်းနဲ့ မိသားစုဝင် အရေအတွက်၊ ဧည့်သည်လာတဲ့ အကြိမ်ရေကိုပဲ တိုင်းတာခဲ့တာပါ။ လုပ်ငန်းခွင်က ဆက်ဆံရေးတွေ၊ အဖွဲ့အစည်း လှုပ်ရှားမှုတွေကို ထည့်မတွက်ထားပါဘူး။

နောက်ပြီး ယူကေက လူတွေဟာ သာမန်လူတွေထက် ပိုပြီး ကျန်းမာရေးကောင်း၊ စီးပွားရေးပြည့်စုံသူတွေ ဖြစ်နေတာရယ် ဥရောပ မျိုးရိုးဗီဇရှိသူတွေကိုသာ လေ့လာထားတာရယ်ကြောင့် ကမ္ဘာတဝန်းလုံးအတွက် အတိအကျ ပုံသေကားချပ် ယူလို့မရပါဘူး။

ဒီသုတေသနက ဘယ်လိုကုသရမယ်ဆိုတာကို တိုက်ရိုက် မပြောပြထားပါဘူး။ ဒါပေမဲ့ အထီးကျန်ခြင်း နဲ့ လူတွေနဲ့ ကင်းကွာခြင်း ကို သီးခြားစီ ခွဲခြားပြီး ကုသဖို့ လိုတယ်ဆိုတာကိုတော့ သေချာစေပါတယ်။

လူတွေနဲ့ ကင်းကွာနေသူတွေအတွက် - လူမှုရေးပွဲတွေ လုပ်ပေးတာ၊အားကစားတွေ ကစားပေးတာ,
လူတွေနဲ့ ပိုတွေ့ဆုံနိုင်မယ့် အခွင့်အရေးတွေ ဖန်တီးပေးတာက အဆင်ပြေနိုင်ပါတယ်။

အထီးကျန်နေသူတွေအတွက် - လူတွေနဲ့ သွားတွေ့ပေးရုံနဲ့ မရပါဘူး။ သူတို့အတွက် တကယ်ယုံကြည်ရတဲ့၊ နွေးထွေးတဲ့၊ သူတို့ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်အောင် အဓိကထား ကူညီပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

"လူတွေအများကြီးကြားထဲ ရောက်နေတိုင်း အထီးကျန်ဝေဒနာ ပျောက်ကင်းသွားတာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ နွေးထွေးမှုနဲ့ နားလည်ပေးနိုင်တဲ့ ဆက်ဆံရေးတွေကသာလျှင် အထီးကျန်ခြင်းဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါဆိုးကြီးကို ကုသပေးနိုင်တဲ့ အကောင်းဆုံး ဆေးဝါးဖြစ်ပါတယ်"
ဆိုတဲ့အကြောင်း ကျန်းမာရေးနဲ့ စိတ်ပညာ ဗဟုသုတတစ်ခုအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

၇၉လမ်း ၃၁*၃၂ ချမ်းအေးသာစံ

09 75 75 75 089
09 95 123 1234

26/08/2026

💪 Muscle က နုပျိုမှုအတွက် ဘာကြောင့်အရေးကြီးလဲ?

Muscle ဆိုတာ Body Shape အတွက်ပဲမဟုတ်ပါဘူး။ နုပျိုမှုနဲ့ Healthy Aging အတွက်ပါ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ Muscle Mass နဲ့ Strength တဖြည်းဖြည်းကျလာနိုင်ပါတယ်။ ဒီလို Muscle loss ဖြစ်လာရင် -

🔥 Metabolism ကျလာနိုင်တယ် ခန္ဓာကိုယ်ရဲ့ energy expenditure လျော့ပြီး အဆီတက်လွယ်လာနိုင်ပါတယ်။
🧍‍♂️ Body shape ပြောင်းလာနိုင်တယ် ခန္ဓာကိုယ်က ပိုပျော့လာပြီး definition လျော့နိုင်ပါတယ်။
💪 Strength နဲ့ Physical Performance ကျလာနိုင်တယ် အရင်လို လေ့ကျင့်ခန်းလုပ်နိုင်စွမ်း မရှိတော့နိုင်ပါဘူး။
🧠 Overall vitality လျော့လာနိုင်တယ် လှုပ်ရှားမှုနည်းလာပြီး “အသက်ကြီးလာပြီ” ဆိုတဲ့ feeling ပိုသိသာလာနိုင်ပါတယ်။
🦴 Bone & joint support လျော့နိုင်တယ် Muscle strength က အရိုးနဲ့ အဆစ်တွေကို support ပေးတဲ့အတွက် အရေးကြီးပါတယ်။
⚖️ Balance နဲ့ mobility ကျလာနိုင်တယ် အသက်ကြီးလာတဲ့အခါ independence ကိုပါ သက်ရောက်နိုင်ပါတယ်။

✨ နုပျိုမှုဆိုတာ အသားအရေတစ်ခုတည်းမဟုတ်ဘူး

တကယ် Young looking & Young feeling ဖြစ်ဖို့ဆိုတာ -

Healthy skin + Low body fat + Good muscle mass + Strength + Mobility + Cardiovascular fitness

အားလုံးပေါင်းစပ်ထားတာပါ။

ဒါကြောင့် အသက် 30s, 40s နောက်ပိုင်းမှာ “Weight ဘယ်လောက်ရှိလဲ?” ထက် “Muscle ဘယ်လောက်ထိန်းထားနိုင်လဲ?” ဆိုတာက ပိုအရေးကြီးလာပါတယ်။

Muscle ကို ထိန်းထားနိုင်တာဟာ အသက်ကို ရပ်တန့်စေတာမဟုတ်ပေမယ့် အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ Function နဲ့ youthful physique ကို ပိုကြာကြာထိန်းထားနိုင်ဖို့ အရေးကြီးတဲ့အချက်တစ်ခုပါ။
Crd-Eain si

၇၉လမ်း ၃၁*၃၂ ချမ်းအေးသာစံ

09 75 75 75 089
09 95 123 1234

Photos from GYM Mandalay's post 20/08/2026

💪🏾Muscle Growth (ကြွက်သားကြီးထွားခြင်း)အတွက်အခြေခံသိသင့်သောအချက်များ💪🏾

- Lift Weight and Eat Protein
ကြွက်သားကြီးမားဖို့အတွက်အရှင်းဆုံးပြောရရင်တော့ Weight မမယ်၊ Protein စားရမယ်။
ကျွန်တော်တို့ Training လုပ်ပြီးတဲ့အချိန်မှာ Body ရဲ့ Adaptive Response ကနေ Muscle Growth အတွက်အချက်ပြမယ်။
Muscle တည်ဆောက်ရာမှာလိုအပ်တဲ့ Building Block လေးတွေဖြစ်တဲ့ Amino Acids ကိုရရှိဖို့ Protein စားသုံးပေးခြင်းဖြင့် Muscle ကြီးထွားလာစေပါတယ်။

- Progressive Overload
Progressive Overload ရဲ့ဆိုလိုရင်းကတော့ Weight traing အတွင်း Muscle ကိုဖြည်းဖြည်းချင်းစီ Stress ဖြစ်စေတာပဲဖြစ်ပါတယ်။
For Example ကျွန်တော်တို့ရဲ့ Training အပတ်တိုင်းကို Weight ထပ်တိုးတာပဲဖြစ်ဖြစ် or Weight မတိုးနိုင်ရင် အချက်ရေတိုး Eccentric ကို Control လုပ်ခြင်းဒါတွေလုပ်ဆောင်ပေးရပါမယ်။
Weight တိုးပြီးမမှသာ Body ကကြွက်သားကြီးဖို့ Response ပေးမှာဖြစ်တဲ့အတွက်အလေးတိုးဖို့ဝန်မလေးသင့်ပါဘူး။

- Nutrition
Muscle Gain အတွက် Weightlifting ကသာအဓိကအားကိုးရာမဟုတ်ပဲလိုအပ်တဲ့ Protein ရရှိဖို့သင့်တင့်လျောက်ပတ်တဲ့ Nutrition ကလဲအရေးကြီးပါတယ်။
Muscle Gain အတွက် လိုအပ်တဲ့ Protein ရရှိဖို့ယျေဘုယအားဖြင်. 1g of protein per lbs of bodyweight စားပေးဖို့လိုအပ်ပါတယ်။

- Recovery
'Sleep' is the best drug for Muscle Building လို့ဆိုတဲ့အတိုင်းပဲ Training နဲ့ Nutrition သာမိပြီး 6 to 12 hrs Sleep မရလို့ကတော့ Muscle Growth ဖြစ်မှာမဟုတ်ပါဘူး။
ကျွန်တော်တို့အိပ်တဲ့အချိန်မှာ Muscle Building အတွက်အဓိကဖြစ်တဲ့ Testosterone နဲ့ Growth Hormones ထုတ်ပေးတဲ့အတွက်လုံလောက်စွာအိပ်စက်ခြင်းဟာ Reduce BodyFat, Increase Muscle, Gain Strength စတဲ့ Benifts တွေရရှိစေပါတယ်။

- Intensity
Hypertrophy အတွက်အရေးကြီးဆုံးကတော့Intensity ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ Weight စမတုန်းကအလေးအတိုင်းကစားရင် Muscle Growth ဖြစ်လာမည်မဟုတ်ပါ။
ကစားတဲ့ Exercise တစ်ခုစီတိုင်းကိုနောက်ထပ်တစ်ချက်ထပ်မမနိုင်တဲ့အထိ Close to failure အထိ Intensity ပြင်းပြင်းကစားမှသာ Muscle ကြီးလာမှာဖြစ်ပါတယ်။

- Persistency and Consistency
အပေါ်ကအရာတွေထက်အရေးကြီးတာကတော့ကောက်ရိုးမီးလိုခဏတာလာင်ကျွမ်းတာမျိုးမလုပ်ပဲတသမတ်ထဲ ဇွဲရှိရှိနဲ့ Workout လုပ်ခြင်းပဲဖြစ်ပါတယ်။
ဖတ်ရှုသူများလဲလိုအပ်တဲ့ပန်းတိုင်ကိုအမြန်ဆုံးရောက်ရှိစေကြောင်းဆုတောင်းပေးလိုက်ပါတယ်။

Trainer Nanda Aung

၇၉လမ်း ၃၁*၃၂ ချမ်းအေးသာစံ

09 75 75 75 089
09 95 123 1234

16/08/2026

🛑 “အသက် ၄၀ ကျော်ရင်… ဝိတ်ချတာထက် ကြွက်သားမဆုံးရှုံးအောင် လုပ်ဖို့ ပိုအရေးကြီးပါတယ်။”

အသက် ၂၀၊ ၃၀ ဝန်းကျင်တုန်းကဆိုရင်…

“ဝိတ်ဘယ်လောက်ကျမလဲ?”
“ဘယ်လိုပိန်အောင်လုပ်မလဲ?”
“ခန္ဓာကိုယ် ဘယ်လောက်သေးသွယ်မလဲ?”

ဆိုတာတွေကို ပိုပြီး အာရုံစိုက်ခဲ့ကြပါတယ်။

ဒါပေမယ့်…
အသက် ၄၀ ကျော်လာတဲ့အခါမှာတော့ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်တဲ့ အမြင်လေး ပြောင်းဖို့ လိုလာပါပြီ။

💡 တကယ်အရေးကြီးလာတာက…

ကိုယ်အလေးချိန် ဘယ်လောက်ကျသွားလဲ မဟုတ်ပါဘူး။

ကိုယ့်မှာရှိတဲ့ ကြွက်သားတွေ ဘယ်လောက်ထိန်းထားနိုင်လဲ ဆိုတာပါ။

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ကြွက်သားပမာဏဟာ တဖြည်းဖြည်း လျော့ကျလာနိုင်ပါတယ်။

ကြွက်သားနည်းလာရင်…

👉 အားအင်နည်းလာတတ်တယ်။
👉 နေ့စဉ်အလုပ်တွေ လုပ်ရတာ ပိုပင်ပန်းလာတတ်တယ်။
👉 ခန္ဓာကိုယ်တောင့်တင်းမှု လျော့လာတတ်တယ်။
👉 အရိုးနဲ့ အဆစ်တွေကို ပိုပြီး ဖိအားပေးလာနိုင်တယ်။

ဒါကြောင့် အသက် ၄၀ ကျော်လာပြီဆိုရင်…

“ပိန်အောင်ပဲ လုပ်မယ်” ဆိုတာထက်…

“ငါ့ခန္ဓာကိုယ် သန်မာနေအောင် ဘယ်လိုတည်ဆောက်မလဲ” ဆိုတာကို ပိုစဉ်းစားသင့်ပါတယ်။

✨ ကြွက်သားထိန်းသိမ်းဖို့ အရေးကြီးတဲ့ အချက် ၃ ချက်ကတော့…

✅ Resistance Training (အလေးမ/အားပေးလေ့ကျင့်ခန်း) ပုံမှန်လုပ်ပါ။

✅ Protein လုံလောက်အောင် စားပါ။

✅ အိပ်ရေးဝဝနဲ့ ခန္ဓာကိုယ်ကို ပြန်လည်နားခိုင်းပါ။

တကယ်တော့…

အသက် ၄၀ ကျော်လာတဲ့အခါ လိုချင်တာက “သေးသွယ်တဲ့ ခန္ဓာကိုယ်” တစ်ခုတည်း မဟုတ်တော့ပါဘူး။

ကိုယ်တိုင်လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ ခန္ဓာကိုယ်။
မိသားစုအတွက် အားကိုးရာဖြစ်နိုင်တဲ့ ခန္ဓာကိုယ်။
အသက်ရှည်ရှည် ကျန်းမာစွာ နေနိုင်တဲ့ ခန္ဓာကိုယ်။

အဲဒါက ပိုတန်ဖိုးရှိပါတယ်။ ❤️

👉 ဒီနေ့ကစလို့…
ဝိတ်ကျဖို့တစ်ခုတည်းကို မလိုက်တော့ဘဲ…
“သန်မာဖို့၊ ကျန်းမာဖို့၊ ကြွက်သားမဆုံးရှုံးဖို့” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေ့ကျင့်ခန်းခရီးကို ဆက်လျှောက်ကြရအောင်ပါရှင်...

၇၉လမ်း ၃၁*၃၂ ချမ်းအေးသာစံ

09 75 75 75 089
09 95 123 1234

12/08/2026

🔥 Gym Mandalay Weight Loss Camp Join ဖို့ Ready ဖြစ်ပြီလား? 🔥

Weight Lossဆိုတဲ့အတိုင်းအဓိကက Fat Burnပြီးအဆီကျဖို့အတွက်ဖြစ်တယ်👊

တစ်ယောက်တည်း weight လျှော့ရတာ motivation ကျလွယ်တယ်။

ဒါပေမယ့် Weight Loss Camp မှာတော့ မတူဘူး 💪

✅ Group နဲ့အတူ workout လုပ်ရလို့ motivation ပိုရမယ်

✅ လူသစ်တွေနဲ့ခင်မင်ရင်း ကစားရမယ်

✅ Cardio ကိုအဓိကထားပြီး fat burn မြန်မြန်ဖြစ်စေတာမလို့Weight Loss အတွက်ထူးကောင်းမွန်တယ်

✅ Weight Loss Camp ဆရာတွေက အနီးကပ် guide လုပ်ပေးပြီး form, diet, progress ကို သေချာကြည့်ပေးတာမလို့စိတ်ချရမယ်👊💪

✅ Healthy competition ရှိလို့ consistency ပိုကောင်းမယ်

Weight ကျချင်တာတင်မဟုတ်ဘဲ
discipline + healthy lifestyle + new community ပါရမယ် ✨

အမြန်ဆုံးပြောင်းလဲချင်ရင် Gym Mandalay
Weight Loss Camp ကို join လုပ်လိုက်ပါဗျ

အချိန်တွေကတော့
မနက် ၇-၈,ညနေ ၅-၆, ၆-၇
၃ ချိန်ရှိတာမို့ အဆင်ပြေသောချိန်ရွေးချယ်ပါနော်💯🤝

၇၉လမ်း ၃၁*၃၂ ကြား ချမ်းအေးသာစံ

09 75 75 75 089
09 95 123 1234

10/08/2026

GYM Mandalay အဖွဲ့သားများ ဓာတ်တော် တောင်တတ် အမှတ်တရ 😍

၇၉လမ်း ၃၁*၃၂ ချမ်းအေးသာစံ

09 75 75 75 089
09 95 123 1234

Photos from GYM Mandalay's post 09/08/2026

Gym Mandalay မှာ ရရှိနိုင်မယ့် Creatine များ... 🤝

၈ သောင်းကနေ ၂ သိန်းအောက်ထိရှိပါတယ်ဗျ။

လူကိုယ်တိုင်လာရောက်၀ယ်ယူလို့ရသလို
Delivery လည်းအပ်ပေးပါတယ်ဗျ။

၇၉လမ်း ၃၁*၃၂ ချမ်းအေးသာစံ

09 75 75 75 089
09 95 123 1234

06/08/2026

ကျန်းမာရေးက ကံကောင်းတာ မဟုတ်ဘူး..

တချို့လူတွေက...
"သူက ကံကောင်းလို့ မဖျားတာ" လို့
ပြောတတ်ကြတယ်။

တကယ်တော့...
ကျန်းမာရေးက ကံတစ်ခုတည်းနဲ့
မဆုံးဖြတ်ပါဘူး။

နေ့စဉ် အစားအသောက်။
ကိုယ်လက်လှုပ်ရှားမှု။
အိပ်စက်ခြင်း။
စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်း။
ကျန်းမာရေးစစ်ဆေးမှု။

ဒီရွေးချယ်မှုတွေက...
နှစ်ပေါင်းများစွာ စုပေါင်းပြီး
ကျန်းမာရေးကို တည်ဆောက်ပေးပါတယ်။

ကျန်းမာရေးကောင်းခြင်းဟာ...
နေ့စဉ် ပြုလုပ်တဲ့ ဆုံးဖြတ်ချက်တွေရဲ့
ရလဒ် ဖြစ်ပါတယ်ရှင့်...

Photo -တီချယ် မာရီယာ

၇၉လမ်း ၃၁*၃၂ ချမ်းအေးသာစံ

09 75 75 75 089
09 95 123 1234

04/08/2026

🧐[အလေးလိုက်အချက်ရေခေါ်ပေးတာထက်ပိုတဲ့ Personal Training အတတ်ပညာ]🧐

- Understanding Wants and Needs
ကိုယ့် Clients ရဲ့ (ဖြစ်ချင်တာ) နဲ့ (လိုအပ်တာ) နှစ်ခုကိုပညာသားပါပါနဲ့အတူယှဥ်တွဲပြီး Client စိတ်ကျေနပ်မှုအပြည့်အဝရအောင်Train ပေးရပါတယ်။
-Personalization
PT ယူတဲ့ Client ကို လူတိုင်းပေးတဲ့ Monday Chest and Triceps အစရှိသလိုပေးလို့မရပဲသူ့အတွက်လိုအပ်တဲ့ Personalized Training Program သာမက Warm Up လုပ်တာကအစ Personalize လုပ်ပေးရပါတယ်။
ဘာလာလာသွေးပူ၁၅မိနစ်ပြေးခိုင်းတာမဟုတ်ပဲ Client တစ်ယောက်ချင်းစီရဲ့ လုပ်ရမယ့် Exercise တွေအပေါ်မူတည်ပြီး RAMP Protocol လို Movement Preparation Program နဲ့Warm up လုပ်ပေးရပါတယ်။
အဲ့လိုလုပ်ပေးခြင်းဖြင့်Body Temperature ကိုမြှင့်ပေးရုံသာမကကစားရမယ့် Exercise အတွက်လိုအပ်တဲ့ Neural, Soft Tissue,Tendons, Ligaments တွေနဲ့ Joints တွေ Mobolize ဖြစ်ပြီးအချိန်ကုန်သက်သာစွာထိထိရောက်ရောက်နဲ့ Injuryကင်းကင်း Training လုပ်နိုင်မှာဖြစ်ပါတယ်။
- Gym မှာ Technique အမှားတွေ နဲ့၂နာရီ၃နာရီအချိန်ကုန် မလိုအပ်တဲ့ Exercise တွေနဲ့ Body Trasform မဖြစ်မှာမပူရပဲ အချိန်ကိုအကျိုးရှိစွာနဲ့အထိရောက်ဆုံး Transformation ရရှိချင်ရင်တော့ Personal Trainer ငှားဖို့အကြံပြုပါတယ်။
- Movement Preparation Program, Training Program, Post Workout Cool Down , Diet Program တွေဟာအများနဲ့မတူကိုယ့်အတွက်သာ Personalized ဖြစ်တဲ့ One of one Service ကိုအပြည့်အဝရရှိမှာပဲဖြစ်ပါတယ်။

Gym Mandalay မှာ PT ငှားရင်
ဂျင်ဖိုးသီးသန့် ထပ်သွင်းရန်မလိုပါဗျ

Trainer Nanda Aung

၇၉လမ်း ၃၁*၃၂ ကြား ချမ်းအေးသာစံ

09 75 75 75 089
09 95 123 1234

02/08/2026

ဆရာပုံစံကြည့်ပြီး Training ကြမ်းတယ်ဆိုပြီမလန့်သွားပါနဲ့နော်😬🤗

လူပုံစံကြည့်ပြီး အပျော့ကြိုက်သူဆိုအပျော့,
Training ကြမ်းမှ ကြိုက်တယ်ဆိုလည်း အကြမ်း
အကုန်လုံးကို မိမိစိတ်တိုင်းကြိုက် ဆွေးနွေးပြီး
ယဉ်ကျေးစိတ်ရှည်စွာပြသပေးသူဆိုတာ ၁၀၀ %
အထူးအာမခံတယ်နော် 💯💯

ဆရာကျွမ်းကျင်သောပညာရပ်တွေက
Weight loss, Weight Gain
Cardio Training
Functional Training
ကျန်းမာရေးအရဆော့ချင်သူတွေအတွက်လဲ
Movement တွေ trainပေးပါတယ်ခင်ဗျ
ပြိုင်ပွဲ၀င်ကစားသမားအတွက်လည်း
Posting သင်ပေး လို့ရသည့် အပြင်
အစားသောက် ကိုလည်း သေချာဆွဲပေးပါတယ်

Trainer - Ye Htet Oo

၇၉လမ်း,၃၁*၃၂ ကြား ချမ်းအေးသာစံမြို့နယ်

09 75 75 75 089
09 95 123 1234

Want your business to be the top-listed Gym/sports Facility in Myaing?

Click here to claim your Sponsored Listing.

Location

Telephone

Address


၇၉ လမ်း ၊ ၃၁-၃၂ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
Myaing
05021

Opening Hours

Monday 06:00 - 12:00
15:00 - 20:00
Tuesday 06:00 - 12:00
15:00 - 20:00
Wednesday 06:00 - 12:00
15:00 - 20:00
Thursday 06:00 - 12:00
15:00 - 20:00
Friday 06:00 - 12:00
15:00 - 20:00
Saturday 06:00 - 12:00
15:00 - 20:00