Sein Nan Daw GYM

Sein Nan Daw GYM

Share

ညောင်တပင်လမ်း၊ ဘုရားကြီးရပ်၊ မုံရွ? Sports & Recreation

02/06/2020

🌟 Sein Nan Daw Gym ၏ Covid-19 ကာလ ကာကွယ်ရေး အစီအစဉ်များ 🌟

💪 Member များစိတ်ချသေချာ ရောဂါကင်းရှင်းစွာ ကစားနိုင်စေရန်အတွက်
နေ့လည် Gym ပိတ်ချိန်အတွင်း 👉 12:00 PM မှ 2:00 PM 👈 အထိ Gym တစ်ခုလုံး ပိုးသတ်ဆေးဖြန်း သန့်ရှင်းရေးပြုလုပ်သည့် အချိန်တစ်ခုအဖြစ် သတ်မှတ်သွားမှာ ဖြစ်ပါတယ်ခင်ဗျ။

💪ကျနော်တို့ Sein Nan Daw Gym ၏ Member များအနေဖြင့် Gym လာရောက် ကစားချိန်တွင် မပျက်မကွက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ပေးရမည့် အချက်လေးများကိုလည်း ဖော်ပြချင်ပါတယ်ခင်ဗျာ။

1. Gym အတွင်းသို့ မဝင်ရောက်မီ လက်ကိုဆပ်ပြာဖြင့်စင်ကြယ်စွာ စက္ကန့် 20 ဆေးပေးပါရန်။
( အဝင်ဝ တွင် ဆပ်ပြာရည် နှင့် လက်ဆေးဘေစင် အဆင်သင့်ပြုလုပ်ပြီးသားဖြစ်ပါတယ်ဗျ )

2. ပြင်ပမှ စီးလာသော လူကြီးမင်းတို့ ဖိနပ်များအား Gym ပြင်ပမှာ ချွတ်ပြီး အသင့်ယူလာသော အားကစားဖိနပ်များ လဲလှယ် ဝတ်ဆင်ပေးပါရန်။

3. Gym အတွင်း ဝင်ရောက်ချိန်တွင် ဝန်ထမ်းများမှ ကိုယ်အပူချိန် တိုင်းတာခြင်းကို လက်ခံပေးပါရန်။

4. Hand Sanitizer များဖြင့် မကြာခဏ လက်ဆေးပေးပါရန်။
( Hand Sanitizer ဘူးများကို အလုံအလောက်ထားရှိပါတယ်ခင်ဗျ )

💪Sein Nan Daw Gym အနေဖြင့်လည်း Gym Trainers များနှင့် ဝန်ထမ်းများအားလုံးကို 👉နေ့စဉ်ကိုယ်အပူချိန် တိုင်းတာပေးနေပါသည်၊၊

💪Sein Nan Daw Gym Member များအားလုံးကလည်း ကျန်းမာရေး ရှုထောင့်များအရ အားလုံးရဲ့ ကျန်းမာရေး စိတ်ချရအောင် ပြုလုပ်ရတယ်ဆိုတာကို နားလည်ပေးမယ်လို့
မျှော်လင့်ပါတယ်ခင်ဗျာ 🥰😊

⏳ဖွင့်လှစ်ချိန်တွေကတော့
မနက် ( ၆:၀၀ မှ ၁၁:၀၀ ထိ )
ညနေ ( ၄:၀၀ မှ ၈:၀၀ ထိ )

⏳အပတ်စဉ် တနင်္လာနေ့ မှ စနေနေ့အထိ တစ်ပတ်လျှင် ၆ရက်ဖွင့်လှစ်ပေးနေပါပြီ။

🧭 ​ညောင်တပင်လမ်း၊ ဘုရားကြီးရပ်၊ မုံရွာမြို့။

ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ။

🌟ကပ်ရောဂါကြီး အမြန်ပြီးပါစေ🌟

Photos from Sein Nan Daw Hotel , Hall & Gym's post 01/06/2020

🙏🏻🙏🏻🙏🏻 အားလုံးပဲ မင်္ဂလာပါ 🙏🏻🙏🏻🙏🏻

Covid-19 ကာလအတွင်း ခတ္တခဏ ပိတ်ထားခဲ့ရာမှ ယခု 1.6.2020 မှစပြီး ကျနော်တို့ စိန်နန်းတော် အားကစားခန်းမကို ပြန်လည်ဖွင့်လှစ်လိုက်ပီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

တစ်ဦးချင်းစီအတွက်
၁လ - ၃၀,၀၀၀ ကျပ်
၃လ - ၇၅,၀၀၀ ကျပ်
၆လ - ၁၃၀,၀၀၀ ကျပ်
၁နှစ် - ၂၂၀,၀၀၀ ကျပ် နှုန်းထားများဖြင့်လာရောက် ဆော့ကစားနိုင်ပီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

မန်ဘာဝင်သည့် လေးလမြောက်မှစပြီး ၁လချင်းစီသွင်းမယ်ဆိုလျှင်လည်း ၁လကို ၂၅,၀၀၀ ကျပ်နှုန်းဖြင့်ဆော့ကစားနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ထို့အပြင် သူငယ်ချင်းမိတ်ဆွေအပေါင်းအဖွဲ့များအတွက်လည်း ၅ ယောက်စာသွင်းလျှင် ၁ ယောက် free ( 5 Pax + 1 Pax Free = 6 Pax ) စသည့်အစီအစဉ်များလည်း ရရှိနိုင်ပါပြီနော်။

ဖွင့်လှစ်ချိန်တွေကတော့
မနက် ( ၆:၀၀ မှ ၁၁:၀၀ ထိ )
ညနေ ( ၄:၀၀ မှ ၈:၀၀ ထိ )

အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ တစ်ပတ်လျှင် ၆ရက်ဖွင့်လှစ်ပေးနေပါပြီ။

​ညောင်တပင်လမ်း၊ ဘုရားကြီးရပ်၊ မုံရွာမြို့။

ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ။

19/03/2020

အားလုံးသိကြတဲ့အတိုင်းပဲ။ကျန်းမာရေးကောင်းခြင်းဟာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေတယ်။ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုဘဝမှာလဲ သက်တောင့်သက်သာနဲ့ သွက်လက်နေမှာအသေအချာပါပဲ။

✅ဒါကြောင့်ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံတစ်ခုကိုပြောင်းလဲချင်တယ်ဆိုရင် မနက်ဖြန်ထိစောင့်နေဖို့မလိုပါဘူး။ဒီနေ့ပဲစတင်လို့ရပါတယ်။

✅ဒီလိုပဲကိုယ့်ရဲ့နေထိုင်မှုဘဝပုံစံတခုကိုတိုးတက်ချင်တယ်ဆိုရင်၊ ကျန်းမာရေးမှာလည်းပိုပြီးကောင်းမွန်နေချင်တယ်ဆိုရင် ကိုယ့်ရဲ့အရင်ကနေထိုင်မှုပုံစံတခုကိုပြန်ဆန်းစစ်ဖို့လိုအပ်ပါတယ်။

✅တစ်ခါတစ်လေလူတွေက မကောင်းတဲ့အကျင့်တွေဟာ ဖြတ်ရခက်တယ်လို့ပြောကြပါတယ်။ဥပမာဆေးလိပ်သောက်ခြင်း၊ကွမ်းစားခြင်း၊ညနက်သန်းခေါင်မှ အိပ်စက်ခြင်း၊ဂိမ်းကို အလွန်အကျွံ ဆော့ခြင်းစတဲ့ မကောင်းတဲ့အလေ့အထတွေဟာ ပြောင်းလဲပစ်ဖို့ခက်ခဲပါတယ်။

✅အကယ်လို့ကိုယ့်ရဲ့နေထိုင်မှုဘဝပုံစံဟာကျန်းမာ‌ ရေးနဲ့ညီညွတ်တဲ့ပုံစံတစ်ခုနဲ့ နေထိုင်မယ် ဆိုရင် စိတ်လက်ပေါ့ပါးကာ ကိုယ့်ခံအားတွေက အစ မြင့်တက်ပြီး အခုလိုမျိုး Virus တွေ ပေါများနေတဲ့ အချိန်အခါမှာလဲ ခန္ဓာကိုယ်က တွန်းလှန်ကာကွယ်နိုင်မှာ သေချာပါတယ်။

🔘ဒါကြောင့်ကိုယ့်ရဲ့လူနေမှုဘဝပုံစံတခုကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ပုံစံတခုကိုရောက်အောင် လုပ်ဆောင်နိုင်မဲ့ အဓိကအခြေခံအချက်ငါးချက်ကိုဝေမျှပေးချင်ပါတယ်။

၁။ #နေ့စဉ်စားသောက်နေတဲ့အစားအစာ‌တွေထဲမှအသီးအရွက်ကိုအမြဲတမ်းထည့်စားနိုင်အောင်ကြိုးစားပါ။

ဘဝမှာနဲ့ကျန်းမာ‌ ရေးနဲ့ညီညွတ်တဲ့အလေ့အထတစ်ခုကိုစတင်မယ်ဆိုရင်တော့ စားသောက်နေတဲ့အစားအစာတွေမှာအသီးအရွက်တွေကို ထည့်ပြီးစားသောက်နိုင်ဖို့အရေးကြီးပါတယ်။အရွက်‌ တွေမှာလည်းအရွက်စိမ်း၊အသီးတွေမှာဆိုရင်လည်း အဟာရဓါတ်တွေနဲ့ပြည့်စုံတဲ့အသီးတွေအများကြီးရှိပါတယ်။ဒီလိုအစားအစာတွေဟာကိုယ့်ခန္ဓာကိုယ်ရဲ့ ခုခံအားကိုတက်ရုံသာမက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေက ကာကွယ်ပေးနိုင်ပါတယ်။ Antioxidants ဆိုရင် အထူးသဖြင့်မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ရုံသာမက ကိုယ့်ရဲ့အရေပြားကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ရှင်းရှင်းပြောရရင် ခန္ဓာကိုယ်တခုလုံးကို ပြီးပြည့်စုံတဲ့ကျန်းမာခြင်းတခုကိုပေးစွမ်းနိုင်ပါတယ်။ဒါကြောင့် WHO ကလဲ အကြံပေးထားတာဟာနေ့စဉ် စားသောက်မှုပုံစံတခုထဲမှာအသီးနဲ့အရွက်ကိုအမြဲတမ်းထည့်သွင်းစားသောက်မယ်ဆိုရင် ရောဂါတွေကိုကာကွယ်ပေးနိုင်မှာပါ။ ဥပမာ ကင်ဆာ၊နှလုံးရောဂါနဲ့ပတ်သက်သောရောဂါများ၊သွေးတိုးဆီးချို စတာတွေကို ကာကွယ်ပေးဖို့ရာခိုင်နှုန်းပိုများပါတယ်။ ဒါ‌ ကြောင့်နေထိုင်မှုဘဝမှာ 5 Serving ကနေ 9 Serving လောက်အထိ အရောင်အသွေးစုံလင်တဲ့အသီးအရွက်တွေကို စားသုံးပေးသင့်ပါတယ်။

၂။ #ရေသောက်ပါ။

ဒီအချက်ကိုတော့ တော်တော်များများကမေ့နေတတ်ကြပါတယ်။ ရေအစားအချိုရည်၊Energy Drink တွေကိုသောက်လေ့ရှိကြပါတယ်။ရေသောက်ခြင်းကြောင့် ရနိုင်မယ့်အကျိုးကျေးဇူးတွေကတော့ ငွေမကုန်ဘူး၊ကျန်းမာရေးပိုကောင်းစေပါတယ်၊အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်၊ရေဓာတ်ကုန်ဆုံးခြင်းကိုလျော့ပါးစေတယ်၊ခံတွင်းကျန်းမာရေးကိုလည်းပိုပြီးကောင်းစေပါတယ်၊ဦးနှောက်ရဲ့လုပ်ငန်းတွေကိုပိုပြီးတိုးတက်လာစေတယ်၊ကြွက်သားတွေကိုပိုပြီးခွန်အားပေးနိုင်တယ်၊ကိုယ်အလေးချိန်တက်ခြင်းကိုထိန်းညှိပေးနိုင်တယ်။ အဓိကအရေးကြီးတဲ့အချက်ကတော့ ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။
ဒါကြောင့်တနေ့ကိုအနည်းဆုံးရေရှစ်ခွက်သောက်သုံးပေးသင့်ပါတယ်။

၃။ #ကိုယ့်စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုအလေးထားပါ။

တော်တော်များများကကျန်းမာတဲ့လူနေထိုင်မှုဘဝတခုလို့ပြောလိုက်ပြီဆိုရင် အားလုံးက ရုပ်ပိုင်းဆိုင်ရာကိုပဲပိုပြီးအလေးထားကြပြီး စိတ်ပိုင်းဆိုင်ရာကိုအလေးမထားမိတာမျိုးဖြစ်တတ်ပါတယ်။

ပြီးပြည့်စုံတဲ့ကျန်းမာခြင်းဆိုတာဟာ စိတ်ကျန်းမာ ရေးကောင်းမှသာလျှင် ခန္ဓာကိုယ် တခုလုံးကို ပြီးပြည့်စုံတယ်လို့ ခံစားရမှာပါ။ကိုယ့်ရဲ့နေ့စဉ်ခံစားနေရတဲ့အရာတွေကိုကိုင်တွယ်တတ်ဖို့အရေးကြီးပါတယ်။
အကယ်လိုကိုယ်ကိုယ်တိုင် တင်မက အခြားလူတွေအပေါ်မှာပါ အဆိုးမြင် တဲ့ စိတ်နဲ့ ကြည့်မယ်ဆိုရင် ကျောင်း၊အလုပ်၊အိမ်၊ Social Life မှာပါ အဆင်မပြေနိုင်ပါဘူး။
ဒါ့ကြောင့်ကိုယ့်ရဲ့စိတ်ကျန်းမာမှုကိုတိုးတက်လာအောင်လုပ်နိုင်ဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ခြင်း၊ချစ်ခင်သူတွေနဲ့ အချိန်ပေးခြင်း၊ဒါမှမဟုတ် အသင်းအဖွဲ့တခုခုကို ပါဝင်လိုက်တာမျိုး ဆိုရင်လဲ အဆင်ပြေပါတယ်။
အဓိက က အရေးကြီးတာက တနေ့ကို ၇နာရီကနေ ၉နာရီ လောက်အထိ အိပ်စက်ပေးဖို့ လိုအပ်သလိုမျိုး၊တစ်ခါတစ်လေကိုယ်ကတီထွင်ဖန်တီးတတ်စိတ်ကူးစိတ်သန်းရှိတဲ့လူဆိုရင် ပန်းချီဆွဲခြင်း၊သီချင်းရေးခြင်း စတဲ့အရာတွေကို လုပ်ဆောင်မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကျန်းမာရေးဟာ ပိုပြီးကောင်းမွန်လာမှာဖြစ်ပါတယ်။
အကယ်လို့ဒီလိုလုပ်ဆောင်နေတာတောင်မှ စိတ်ကမပျော်ရွှင်လာဘူးဆိုရင် ကျွမ်းကျင်တဲ့ဆရာဝန် နဲ့ စိတ်ကျန်းမာရေးပညာရှင် တွေနဲ့ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုတိုးတက်လာအောင်လို့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

၄။ #စိတ်ဖိစီးမှုကင်းအောင်နေပါ။

ဥပမာစိတ်ဖိစီးမှုဖြစ်လာပြီဆိုရင် လုပ်နေတဲ့အလုပ်တွေကိုခဏရပ်၊ အသက်ကိုပြင်းပြင်းရှူပြီး အနားယူခြင်းဟာ စိတ်ဖိစီးမှုဒဏ်ကိုသက်သာပျောက်ကင်းစေပါတယ်။
ဒါကြောင့် ခန္ဓာကိုယ် ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ကိုပါ ရေရှည်အတွက် ဆိုရင် နေ့စဉ်ကြုံတွေ့နေရတဲ့စိတ်ဖိစီးမှုဒဏ်ကနေ ခဏလောက်အနားယူသင့်ပါတယ်။ ဒီနေရာမှာလဲ သက်တောင့်သက်သာရှိစေမဲ့ လှုပ်ရှားမှုတွေ၊တရားထိုင်တာမျိုး၊သီချင်းနားထောင်နေတုန်းပဲဖြစ်ဖြစ်၊စာဖတ်တာမျိုးပဲဖြစ်ဖြစ်၊ဟာသကားကြီးလိုက်တာမျိုးပဲဖြစ်ဖြစ် စိတ်ဖိစီးမှုကို လျော့နည်းသွားအောင်လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ခံစားချက်တွေက ကောင်းမွန်နေမှာပါ။

၅။ #လေ့ကျင့်ခန်းလုပ်ပါ။

ခန္ဓာကိုယ်ဟာ စိတ်ရဲ့ ဗိမာန်တစ်ခု လို့ တင်စားလို့ရပြီးကိုယ့်ရဲ့ ဗိမာန်ကြီးပြိုလဲ သွားမှာ ဘယ်သူမှ မလိုလားပါဘူး။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ သက်တမ်းစေ့နေနိုင်ရေး၊ကျန်းမာရေးကို အများ ကြီး အထောက်အကူပြုပါတယ်။
ဒါကြောင့်တပါတ်မှာ ၃ ကြိမ်လောက်လေ့ကျင့်ခန်းလုပ်သင့်တယ်။ American Health Association ကနေ အကြံပြုထားတာကတော့ လေ့ကျင့်ခန်းကိုတစ်ပတ်မှာမိနစ် ၁၅၀ ဒါမှာမဟုတ် တပတ်မှာ သုံးကြိမ် တကြိမ်ကို တနာရီလောက်လုပ်ပေး သင့်တယ်လို့ပြောပါတယ်။
တစ်ချို့ကအလုပ်မအားဘူး၊အချိန်မရှိဘူးဆိုပေမယ့် ကိုယ့်ရဲ့လူနေမှုဘဝမှာ လေ့ကျင့်ခန်းကိုတစ်ပတ်မှာ သုံးလေးကြိမ်လောက်ထိထားနိုင်ပြီဆိုရင် မနက်တိုင်းနိုးထလာတဲ့အခါမှာခွန်အားအပြည့် နဲ့နိုးထလာမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်းကိုယ့်အတွက် စိတ်ပျော်ရွှင်မှုပေးတဲ့လေ့ကျင့်ခန်းတွေကိုရွေးချယ်သင့်ပါတယ်။တချို့ကလေ့ကျင့်ခန်းလုပ်လိုက်ကာမှ ပိုပြီးနာကျင်ကိုက်ခဲလာတယ်။ကိုယ့်အတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေတယ်ဆိုရင်တော့ မကောင်းတော့ပါဘူး။ ဒါကြောင့် ပိုပြီးပျော်စရာကောင်းတဲ့ လှုပ်ရှားမှု မျိုး ဥပမာ ကခုန်တာမျိုး၊ယောဂ လုပ်တာဘဲ ဖြစ်ဖြစ်၊တောင်တတ်တာမျိုး၊ပြေးတာမျိုး စတာတွေ လုပ်ဆောင်လို့ရပါတယ်။

✅ဒါကြောင့်ဒီနေ့မှာ ခန္ဓာကိုယ်၊စိတ်ပိုင်းဆိုင်ရာ၊ကျန်းမာတဲ့ ဘဝတခုကို ထူထောင်နိုင်ဖို့ အတွက် ဒီ အချက်ငါးချက်ကိုဝေမျှပေးခဲ့ပါတယ်။

ဒီလိုကျန်းမာခြင်းနဲ့ပြည့်စုံတဲ့လူနေမှုဘဝမှာနေထိုင်လာနိုင်ပြီးဆိုရင်တော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မိတ်ဆွေအပေါင်းအသင်း မိသားစု အတွက် အကောင်းမြင်တဲ့စိတ်တွေပိုများလာပြီး ကိုယ့်ရဲ့ နေ့ရက်တိုင်းကိုလဲ ပျော်ရွင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ပတ်ဝန်းကျင် ကိုလဲ ပိုပြီးကျန်မာတဲ့ လူနေမှု ဘဝတခုကို ရရှိနိုင်အောင် ဒီ ပိုစ့် လေးကိုဝေမျှခြင်းနဲ့ ကူညီ ကြရအောင်နော်။


Credit : Andy

Photos from Sein Nan Daw Hotel , Hall & Gym's post 17/03/2020

စိန်နန်းတော်ဟိုတယ် • ခန်းမ နှင့် အားကစားခန်းမမှ ကြိုဆိုပါတယ်

Photos from Sein Nan Daw GYM's post 18/08/2019
16/08/2019
Want your business to be the top-listed Gym/sports Facility in Monywa?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Nyaung Ta Pin Road, Phayargyi Qtr
Monywa

Opening Hours

Monday 06:00 - 11:00
16:00 - 20:00
Tuesday 06:00 - 11:00
16:00 - 20:00
Wednesday 06:00 - 11:00
16:00 - 20:00
Thursday 06:00 - 11:00
16:00 - 20:00
Friday 06:00 - 11:00
16:00 - 20:00
Saturday 06:00 - 11:00
16:00 - 20:00