Monywa Cycling Organization

Monywa Cycling Organization

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Monywa Cycling Organization, Sport & recreation, ဗိုလ်ချုပ်အောင်ဆန်းလမ်း, Monywa.

24/03/2022

စက်ဘီးနင်းရင် သွေးကြောင်လား သွေးရဲလားဆိုတာ ကျွန်တော်တိုင်းတဲ့ ပေတံရှိတယ်။
ဘယ်နချက် ကိုက်လဲ ဖြေကြည့်ကြပါလား။


၁။ ရည်မှန်းချက် မပျက်စေခြင်း….
ဘယ်လိုလမ်းမျိုးမဆို ကျော်ဖြတ်ရဲရမယ်။ ခရီးစဉ်ပြီးဆုံးအောင်နင်းမယ်ဆိုတဲ့ ရည်မှန်းချက်ရှိရမယ်။ ကားတင်လွယ်နေတာနဲ့ ကားတင်မယ်ဆိုပြီး တွေးမနေရဘူး။ ကားတင်ချင်းတင်ရင်တောင် ခရီးစဉ်ဖျက်ပြီးသာတင်၊ စက်ဘီးခရီးစတင်မယ့်နေရာထိတင်တာနဲ့ ခရီးစဉ်ပြီးလို့တင်တာကတော့ အချိန်နည်းသူတွေအတွက် ရွေးချယ်ရမယ့် နည်းလမ်းတစ်ခုပဲ။
..

၂။ စခန်းချခြင်း...
အနက်ရောင်၊ အညိုရောင်နယ်မြေတွေမှာလည်း တွေ့ရာနေရာ စခန်းချရဲရမယ်၊ (အစိမ်းရောင်နယ်မြေမပါ 😩)
ကားသွားလာများတဲ့နေရာတွေမှာလည်း ကားလမ်းဘေး အိပ်ရဲရမယ်။
(မှတ်ချက် .. Camping ရဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို နားလည်ပြီးမှ စခန်းချတာမျိုးကိုပြောတာ၊ မျက်ကန်းတောတိုး စခန်းချခြင်းမျိုးကို ဆိုလိုတာ မဟုတ်၊ Leave no trace principle ကိုနားလည်ပြီး လိုက်နာရဲရမယ်)
.

၃။ ဓလေ့ထုံးစံတွေ လိုက်နာရဲရမယ်..
ဒေသ ဓလေ့ဟာ ကိုယ်လက်မခံထားတာမျိုးဆိုရင်တောင် လိုက်နာကျင့်သုံးရဲရမယ်။ ဘယ်လောက်ပဲ ယုတ္တိမတန်ဘူးဆိုပါစေ၊ သူများဓလေ့ထုံးစံကို လေးစားတန်ဖိုးထားတတ်ရမယ်။
.

၄။ အစားအသောက်..
မကောင်းတဲ့အမူအကျင့်ကို အားပေးရာရောက်တဲ့ တားမြစ်ထားတဲ့ တောတွင်းသားတွေကို မဖြစ်မနေအချိန်ကလွဲပြီး ရှောင်ကြဉ်ရဲရမယ်။
.

၅။ သည်းခံနိုင်ရမယ်..
အတူနင်းဖော်တွေ အပေါ် အချင်းချင်းသည်းခံရဲရမယ်။ မကြိုက်နောက်အတူမနင်းနဲ့။ ဒီခရီး မပြီးမချင်းတော့ အဆုံးထိ သည်းခံပေးရဲရမယ်။
.

၆။ စာနာရဲရမယ်...
ကိုယ်ပင်ပမ်းနေချိန်မှာ အားနည်းသူအပေါ် စာနာရဲရမယ်။ ဒင်းကြောင့် ငါတို့ခရီးဖင့်နေပြီလို့ မတွေးဘဲ၊ ဒင်းမလိုက်နိုင်တော့ရင် ဒင်းအတွက်အဆင်ပြေအောင် ကူညီ၊ မကူညီပေးနိုင်ရင် ငါ့ခရီးစဉ်ပါ ဖျက်ပစ်လိုက်မယ်လို့ တွေးရဲရမယ်။
.

၇။ တောတွင်းတိရစ္ဆာန်တွေကို မကြောက်ရဘူး..
မြန်မာနိုင်ငံက ခရီးစဉ်တွေဟာ များသောအားဖြင့် မြွေ၊ ဆင်ပေါတဲ့ ဒေသပဲ ရှိပါတယ်။ အဲ့ဒိအတွက် ကြောက်ရွံ့နေဖို့ မလိုဘဲ မြွေ၊ ဆင်အကြောင်းပိုသိအောင် လေ့လာရဲရမယ်။
.

၈။ နောက်ဆုံး အချက်က အဖွဲ့ဆုံးဖြတ်ချက်ကို လိုက်နာရဲရမယ်…
ငါဦးဆောင်တဲ့ခရီး၊ ငါစီစဉ်တဲ့ ခရီးဆိုပြီး ငါတကော မကောသင့်သလို၊ အတူလိုက်နင်းသူဆိုရင် ကိုယ့်ဆန္ဒနဲ့ မကိုက်တောင် အများဆန္ဒအတိုင်း ဆုံးဖြတ်တာကိုခံယူပြီး အကောင်းဆုံးပူးပေါင်းပါဝင်ရဲရမယ်။
.

အရေးကြီးဆုံးက ခင်များအတွက် အကြမ်းဆုံးခရီးဟာ အခြားတစ်ယောက်အတွက် သာမာန်အဆင့်ထက် မပိုတာမျိုး ဖြစ်နိုင်သလို၊ ခင်များအေးဆေးဆိုတဲ့ခရီးကလည်း အခြားသူအတွက် ခက်ခဲနေနိုင်တယ်ဆိုတာ လက်ခံရဲရမယ်။
ကိုယ့်ဟာကိုယ် ပထမဆုံးတွေ၊ အကြမ်းဆုံးတွေ၊ ဘာဆုံးတွေ ညာဆုံးတွေနဲ့ မာန်တက်မနေသင့်သလို၊ သူများက သူ့လုပ်နိုင်စွမ်းအတွက် ကျူးရင့်တာကိုလည်း မုဒိတာစိတ်နဲ့ ဝမ်းသာပေးရဲရမယ်။
ကျွန်တော်လည်း မိုင်ထောင်ချီ မနင်းဖူးခင် မင်္ဂလာဒုံနဲ့ ထောက်ကြန့်လောက်နင်းဖူးတာကို စွမ်းဆောင်နိုင်သူကြီးတစ်ယောက်လို ဂုဏ်ယူခဲ့ဖူးတယ်။

21/01/2021

🙏MCO၏စုပေါင်းကုသိုလ်🙏

🔸 ပထမအကြိမ်

MCO

(Monywa Cycling Organization)

မှ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Covid_19ကာကွယ်ဆေး

ဝယ်ယူနိုင်ရေးအတွက်

🔸မတ်တာ ညီတူ

ကရုဏာ ဖြူဖြူ

သဒ္ဓာ ထက်သန်သူများ

စုပေါင်းအားဖြင့်

🔸အလှုူငွေ` ၁၀ သိန်းကျပ်တိတိ´

ကို အောင်မြင်စွာ လှုူဒါန်းနိုင်ပါ

ကြောင်း ့့့့့


ပြည်ချစ်သွေး

Photos from Monywa Cycling Organization's post 20/01/2021

20 : 1 : 2021 (Wed) Short Trip 2

57km အသွားအပြန်

❤️ ကြည်ဝင်းတောင်၊အရာတော်မြို့နယ် ၊ဝါး

တန်းရွာ အနောက်ဘက်မှာပါ သာယာကြည်နူး

ဖွယ် သစ်ပင်၊တောတောင် ဘုရားစေတီများဖူး

မျှော်ကန်တော့ရင်း တောင်ပေါ်မှာသီတင်းသုံး

နေတော်မူသော သံဃာ (၄)ပါးတို့အားလည်း

နဝကမ္မ ဝတ္ထုငွေများ စုပေါင်းကပ်လှူပူဇော်ခဲ့

ကြပါသည်။

❤️ ခရီးတိုများ သွားလာခြင်းသည် Covid 19

social distancing နဲ့လဲကိုက်ညီအောင် အထူး

ကရုစိုက် စနစ်တကျ စီစဉ်ခြင်းဖြင့် ကာကွယ်

နိုင်ပါသည်။

Photos from Monywa Cycling Organization's post 17/01/2021

မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့်စစ်ကိုင်းတိုင်း

ဒေသကြီးအား/ကာဦးစီးဌာန ၊ " Monywa

Cycling Organization " စက်ဘီးကလပ်တို့ပူး

ပေါင်းဖွင့်လှစ်သည့်စက်ဘီးဒိုင်သင်တန်းဆင်း

ပွဲ 1/2021 ကို ဇန်နဝါရီ၁၇ရက်နေ့လည်၂နာရီ

တွင် တိုင်းဒေသကြီးအားကစားခန်းမ၌ကျင်းပ

ပြုလုပ်ခဲ့ကြပါသည်။

Photos from Monywa Cycling Organization's post 22/12/2020

Biker များ ပေါင်းစုတဲ့ ကောင်းမှုအလှူတော်

သာဓု သာဓု သာဓု ...။

Photos from Monywa Cycling Organization's post 08/12/2020

တီးဆိုင်ထိုင်ချိန်လေးမှာ ခဏလောက်တော့ လှည့်ကြည့်ပေးပေါ့ ဘာရယ်မဟုတ် ၊ ဘာမှလဲမဆိုင်ဘူး

06/12/2020

MCO ထရက်စု ဂျာစီ အမှာစာရင်း
(1)ကိုတင်စိုးလှိုင် =XL-2ထည်
(2)ကိုအံ့မော် = L / S
(3)ကိုကျော်ဇင်သန့်-S
(4)ကိုဖြိုး-M
(5)ကိုအောင်ကြီး-S/M/2XL
(6)ကိုအုန်းကျော်-L-2 / S
(7)ကိုမြင့်မော်-XL/M/ S
(8)ကိုမင်းနွယ်-S
(9)ကိုမြင့်ဇော်-L- /M
(10)သဲနုထွေး M / S
(11)လှိုင်း၂မြတ် S
(12)ကိုထွေး L / S/XL
(13)ကိုဝင်းကျော် L(6)ထည်/M3
(14)လေးညွန့်-M
(15)ကိုချို M
(16)အောင်နိုင်စိုးဦး L
(17)ဟိန်းပြည့်XL-955626878
(18)ကောင်းကောင်းXL
(19)ဦးခိုင်M
(20)ဝင်းအောင်သူရ L
(21)ကိုထိုက်M/S
(22)ကိုအောင်ကိုမောင်XL
(23)ကိုလင်းM
(24)ကိုအဲဟိုL
(25)ကို ET --L / L
(26)ကိုညွှန်ထွန်းရွှေ XL
(27)ညီညီဇော် L
(28)ကိုညီညီ XL
(29)မြင့်ကိုကိုဦး XL
*(30)ကိုဆန်းဦး L2 M *
(31)စန္ဒာအေါင် L3 M3 S2 ss2
--------------------
(32) MC ဖိုးကျော် XL / M
(33) မောင်မောင်ကျော် L
(34) ကိုမင်းသူ L
(35) ဦးလတ် M/ S /S
(36)စွမ်းစွမ်း L
(37) မသန္တာအောင် L /M
(38) ကို စော XL
(39) ကိုမိုးထွန်း XL
(40) စည်သူလင်း L
(41)ကိုကိုကျော် L
(42)ကိုထက် S
(43)တိုးတက်အောင် 2XL
(44)ကြည်သာချစ် XL
(45)ကိုချမ်း L
(46)ကိုအောင်ကျော်
ဝပ်ရှော့ 2XL / M
(47)Dr သောက်ဆန်း L
*(48)ကိုဂျွန်ကြီး XL *
(49)နေပြည်တော် XL /L
(50)ကိုတာ L

၁။မိမိ အမည် နှင့် Size လွဲမှားလျင်

၂။မိမိ အမည် မပါ သေးလျင်

၃။မှာ ရန် ဆန္ဒ ရှိ လျင်

09 400 460 105 ဆက်ပါ

ကိုညီညီဇော် ထံမှ စာရင်းထပ်ဖြည့်ပေးပါမည်။

ဂျာစီ မှာလို့ရပါပြီ ဒီဇိုင်းအတည်ပြုပြီး။

တစ်ထည် = 9000 ကျပ်

မည်သူမဆို လွတ်လပ်စွာ မှာယူနိုင်ပါတယ်ဗျ။

10 : 12 : 2020 ရက်နေ့ နောက်ဆုံးပါ။

06/12/2020

ဂျာစီ မှာလို့ရပါပြီ ဒီဇိုင်းအတည်ပြုပြီး။

တစ်ထည် = 9000 ကျပ်

မည်သူမဆို လွတ်လပ်စွာ မှာယူနိုင်ပါတယ်ဗျ။

10 : 12 : 2020 ရက်နေ့ နောက်ဆုံးပါ။

Want your business to be the top-listed Gym/sports Facility in Monywa?

Click here to claim your Sponsored Listing.

Location

Telephone

Address


ဗိုလ်ချုပ်အောင်ဆန်းလမ်း
Monywa