26/07/2020
Super Sunday
အသိမှတ်ပြုပါတယ် ။
VIP Fitness Center
ိုသွားကြစို့
# # # #
Super Sunday
ကျောက္ကာDay return trip မှာ Members တွေရဲ့
စိတ်အားထက်သန်မှုနဲ့ ပျော်ရွှင်စရာအမှတ်တရနေ့ရက်လေးတယောက်ချင်းဆီတိုင်းပိုင်ဆိုင်ခဲ့ရမှာပါ ။
ဒီခရီးစဉ်ကို မိုးထဲရေထဲမှာ စိတ်မပျက်အားမလျော့ပဲ ဖြစ်အောင်ပူးပေါင်းပါဝင်ခဲ့တဲ့ Member တွေရဲ့ ဇွဲလုံ့လကို
အသိမှတ်ပြုပါတယ် ။
ကြံ့ခိုင်တဲ့စိတ်ဓါတ်ရှိနေတဲ့အတွက် များ
မိမိတို့လိုချင်တဲ့ Body Goal ကို ဆက်ဆက်ပိုင်ဆိုင်နိုင်ကြမှာပါ ။
VIP Fitness Center
#ကျန်းမာသက်ရှည်ခန္ဓာကိုယ်လှပစေဖို့
ိုသွားကြစို့
For more details, please feel free to contact 09444855855
02/07/2020
VIP Fitness Center ရဲ့
ကြိုးစားမှုအရှိဆုံး member နော်
အားကြနေကြပြီမလား
တကယ်ကြိုးစားရင်တကယ်ဖြစ်ပါတယ်
ိုသွားကြစို့
01/07/2020
ပရိုတိန်းမှုန့်ဖြည့်စွက်စာ သောက်ချင်သူများအတွက်
သို့ Protein Supplements' သောက်ချင်ကြ
သူများအတွက် မဖြစ်မနေသိသင့်သည့်အမျိုးအစားများ
*************************************
ယနေ့အချိန်မှာ ကာယဗလလောကနဲ့
Gymကစားကြသူ ဝါသနာရှင်များကြားမှာ
Protein Powder(အသားဓာတ်ဖြည့်စွက်စာ)
ဆိုတာ စိမ်းတဲ့အရာတခုမဟုတ်တော့ပါဘူး..
Gymကစားကြတဲ့ သူတွေအတွက် သီးသန့်ထုတ်လုပ်
ထားသော Supplements' (ဖြည့်စွက်စာ)တွေ
အများကြီးရှိပေမယ့် ဒီဆောင်းပါးမှာတော့
Protein powder(အသားဓာတ်ဖြည့်စွက်စာ)
အကြောင်းကိုပဲ ရေးသားသွားမှာဖြစ်ပါတယ်..
ဒီ ပရိုတိန်းပေါင်ဒါအကြောင်းကို သူသူငါငါ နောကျေ
နေအောင် ရေးသားထားတာတွေ အများကြီးရှိပါတယ်
ဒါပေမယ်လည်း ယနေ့ လူငယ်အချို့နဲ့ သုံးစွဲသူ
အများစုဟာ ပရိုတိန်းပေါင်ဒါတွေဟာ အကြမ်းအား
ဖြင့် လေးမျိုးရှိတယ်ဆိုတာ ကွဲကွဲပြားပြားမသိ
ကြပါဘူး....
ပရိုတိန်းပေါင်ဒါတွေ သောက်မယ်ဆိုရင်တော့
ရင်းနှီးကုန်ကျသွားမယ့် ငွေနဲ့ကာမိအောင် ရွေးချယ်
သောက်သုံးဖို့လိုအပ်ပါတယ်..
ကဲဟုတ်ပြီ
ပရိုတိန်းပေါင်ဒါတွေကို ဘယ်လိုရွေးချယ်မလည်း..?
ပရိုတိန်းပေါင်ဒါတွေမှာအကြမ်းအားဖြင့်လေးမျိုးရှိပါတယ်
၁၊ Mass Gainer
၂၊Whey Concentrate
၃၊ Whey Hydrolysate
၎၊Whey isolate
***
Mass Gainer
၁၊Mass Gainer ဟာ အညွှန်းအတိုင်းတနေ့တာ
သောက်ရမယ့်အတိုင်း အပြည့်အဝ သောက်မယ်ဆိုရင်
သာမာန်လူတယောက် လိုအပ်တဲ့ ကယ်လိုရီ နဲ့
ပရိုတင်းအသားဓာတ်ကို တဝက်ကျော်ကျော်ရပါတယ်
တနေ့တာအတွက် ပါဝင်တဲ့ ပရိုတင်းဂရမ်က ၆၀နီးပါး
ရှိပြီး အခြားဗီတာမင် အဟာရဓာတ်တွေနဲ့ ပေါင်းစပ်ပြီး
ကယ်လိုရီက ၁၂၀၀ကနေ၁၅၀၀အတွင်း ရရှိပါတယ်
Mass gainerကို ဘယ်လိုသူတွေသောက်သုံး
သင့်လည်းဆိုရင် အစားနည်းတဲ့ လူပိန်တွေအတွက်
ရယ် ကိုယ်အလေးချိန်တက်ဖို့ ခက်ခဲနေသူတွေရယ်
ကိုယ်အလေးချိန် အမြန်တက်ချင်နေသူတွေအတွက်
အကောင်းဆုံးဖြစ်ပါတယ်..
Mass gainerမှာပါဝင်တဲ့ အဟာရဓာတ်တွေဟာ
ပရိုတင်းကြည့်မဟုတ်ပါဘူး..
ဗီတာမင်သတ္ထုဓာတ်တွေမျိုးစုံပါဝင်ပါတယ်..
သစ်သီးနံ့တွေ နို့အရသာချောကလက်အရသာ
စတာတွေရှိတဲ့ မိမိကြိုက်နှစ်သက်ရာ ရွေးချယ်သောက်
လို့ရပါတယ်..
အရသာကတော့ ပင်ကိုယ်ကကို ချိုလွန်းတဲ့အတွက်
အခြား သကြား နို့ဆီ စတာတွေနဲ့ ဖျော်သောက်ဖို့
မလိုအပ်ပါဘူး ရေအေးအေးနဲ့ဖျော်သောက်မယ်ဆိုရင်
လုံလောက်ပါတယ်..
အကောင်းဆုံးဖျော်သောက်နည်းကတော့ နွားနို့နဲ့
ဖျော်သောက်တာ အကောင်းဆုံးပါပဲ..
တချို့ကစားသမားတွေဟာ မကစားတဲ့နားရက်မှာ
ပရိုတင်းဖျော်ရည်တွေသောက်စရာမလိုဘူးလို့
ထင်မှတ်နေကြပါတယ်..
တကယ်တော့ အဲ့တာဟာ မှာယွင်းတဲ့ အယူအဆ
ဖြစ်ပါတယ်...
အလေးတွေနဲ့ ပင်ပင်ပန်းပန်း ကစားထားတဲ့ကြွက်သား
မျှင်တွေဟာ အတွင်းပိုင်းမှာ သာမာန်မျက်စိနဲ့မမြင်နိုင်တဲ့
အခြေအနေဲ့စုတ်ပြတ်ပျက်စီးသွားတာဖြစ်ပါတယ်
ဒီစုတ်ပြတ်ပျက်စီးသွားတဲ့ ကြွက်သားမျှင်တွေ ပြန်လည်
ကောင်းမွန်ကြီးထွားဖို့အတွက် ပရိုတင်းနဲ့
အခြားအဟာရ ဓာတ်တွေ လုံလောက်ဖို့လိုအပ်ပါတယ်
ပြန်လည်ပြုပြင်ပြီး ကောင်းမွန်သွားတဲ့ကြွက်သားမျှင်
တွေဟာ အရင်ကထက် ကြီးကြီးပြီး ပြုပြင်တာဖြစ်
ပါတယ်....
ဒါကြောင့် မကစားတဲ့ နားရက်တွေမှာ ပိုပြီးဂရုတစိုက်
စားပေးဖို့လိုအပ်ပါတယ်..
ဒါအပြင်ကို ပညာရှင်တွေက ညပိုင်းအိပ်ခါနီးရယ်
ညလယ်တရေးနိုးအချိန်တွေမှာ ပရိုတင်းဓာတ်ကို
ဖြည့်စားသောက်ဖို့ အကြံပေးထားပါတယ်...
အချိန်ပေးအစာချေရတဲ့ အသားတွေကို ညအိပ်ခါနီးနဲ့
ညလယ်တွေမှာ စားဖို့တော့ အားမပေးပါဘူး.
ဒါကြောင့် အစာကျေလွယ်တဲ့ ပရိုတင်းမှုန့်တွေ
အရည်ဖြစ်တဲ့နွားနို့တွေ အဖတ်ဖြစ်တဲ့ ဒိန်ချဉ်စတာ
တွေဟာ ညအိပ်ခါနီးနဲ့ညလယ်ပိုင်းတွေမှာအသင့်တော်
ဆုံးဖြစ်ပါတယ်..
တချို့ကလည်း ဒီပရိုတင်းမှုန့်တွေသောက်ရင် အခြား
သဘာဝ အသားငါးတွေ စားဖို့မလိုအပ်ဘူးလို့ထင်ကြ
ပြန်ပါတယ်..
ဖြည့်စွက်စာလို့ဆိုထားတဲ့အတွက် ပင်တိုင်အစားအစာ
တခုမဟုတ်ဘူးဆိုတာ ပရိုတင်းမှုန့်တွေ သောက်သူ
တိုင်း သိထားသင့်ပါတယ်..
ထုပဲတင်တင် ဝိတ်ပဲ ချချ ပရိုတင်းပေါင်ဒါတမျိုးထဲ
သောက်လို့မရဘူးဆိုတာ ကစားသမားတိုင်းသိထား
ရပါမယ်..
လူယောက်ခြင်းစီတိုင်းမှာ လိုအပ်တဲ့ ပရိုတင်းကိုလည်း
ဒီ ဖြည့်စွက်စာ ပရိုတင်းမှုန့်တွေကြည့်ပဲ သောက်လို့
မရပါဘူး..
လတ်ဆတ်တဲ့ သစ်သီးစုံ ဟင်းသီးဟင်းရွက်တွေနေ့စဉ်
နေတိုင်းမှာ ဂရုစိုက် စားပေးဖို့လိုအပ်ပါတယ်..
ဒါကြောင့် Mass Gainer ဟာ ကိုယ်အလေးချိန်
အမြန်တက်ချင်သူ အမျိုးသား အမျိုးသမီးတွေရယ်
ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ထုကြီးကြီးလိုချင်သူတွေအတွက်ရယ်
ကိုယ်အလေးချိန်တက်ဖို့ခက်ခဲနေသူတွေအတွက်ရယ်
လူပိန်လူသေးတွေအတွက် အလွန်သင့်တော်ပါကြောင်း
အကြံပေးလိုက်ပါရစေ..
အားလုံးကို လေးစားလျှက်
Written by MyintNaung
************************
29/06/2020
Zumba Dance (ဇွန်ဘာ) အကအကြောင်း သိကောင်းစရာ
Zumba Dance ဆိုသည်မှာ လက်တင်နှင့် နိုင်ငံတကာ တေးဂီတများဖြင့် ပေါင်းစပ်ဖန်တီးထားသော ဘော်ဒီထိန်းသည့် လေ့ကျင့်ခန်း ပရိုဂရမ်တစ်မျိုးဖြစ်ပါတယ်။ Zumba အက ကို ကိုလံဘီယာ အကဆရာတစ်ဦးမှ ၁၉၉၀ ခုနှစ်တွင် စတင်တီထွင်ခဲ့ပါသည်။ ၎င်းတို့၏ Fitness Club (Zumba Fitness, LLC) ကို အစွဲပြုပြီး Zumba အက လို့ နာမည်တပ်ခဲ့ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု Trademark ကိုလဲ Zumba Finess ကပဲ ပိုင်ဆိုင်ထားပါတယ်။ ဘရာဇီး ပေါ့ပ်အဆိုတော် Claudia Leitte ကို international Ambassador အဖြစ်ခန့်အပ်ထားပြီး ၂၀၁၂ နောက်ပိုင်းတွင် စနစ်ကျသော ညွှန်ကြားချက်များဖြင့် အကဗွီဒီယိုများ ထုတ်လုပ်လာသောကြောင့် လူသိများလာခဲ့ကာ ၂၀၁၅ တွင် ကမ္ဘာတဝန်းမှ ၁၈၆ နိုင်ငံအထိပျံ.နှံ.ခဲ့ပြီး အသင်းဝင်ပေါင်း ၁၄မီလီယံအထိ တိုးပွားလာခဲ့သည်။
Zumba အကသည် များသောအားဖြင့် တစ်နာရီခန့်ကြာအောင်ကလေ့ရှိပြီး ကယ်လိုရီ ၆၀၀ ခန့်လောင်ကျွမ်းစေသည်။ Zumba အကသည် စုစုပေါင်း (၁၀)မျိုးခန့်ရှိပြီး အသက်အရွယ် အလိုက်ကွဲပြားသလို ဝိတ်ကျချင်သော အစိတ်အပိုင်းပေါ်မူတည်၍လဲ ခွဲခြားထားသည်။
၁။ Zumba Gold
စစချင်း လေ့ကျင့်ခန်းစလုပ်မည့်သူများ (Begnners)များ နှင့် အသက်အရွယ်ကြီးရင့်သူများအတွက် သင့်တော်ပါသည်။
၂။Zumba Step
ဘော်ဒီအောက်ပိုင်းအတွက် ပိုမိုသင့်တော်ပြီး အေရိုးဗစ်နှင့် လက်တင် ပေါင်းစပ်ထားသည်။
၃။Zumba Toning
ခန္ဓာကိုယ်၏ ကြွက်သား၊ ပေါင်၊ လက်မောင်း တို့ကျစ်လစ်သန်မာစေရန် ကစားလေ့ရှိကြသည်။
၎။Aqua Zumba
Aqua Zumba အကကို ရေကူးကန်တွင် ကစားလေ့ရှိကြသည်။ Fitness Class များတွင် ကသည့်အကမျိုးဖြစ်ပေမယ့် ရေကူးကန်ဘောင်တွင် အကဆရာမှ ကပြပြီး သင်တန်းသားများက ရေကူးကန်ထဲမှာနေကာ လိုက်ဖက်အောင် လှုပ်ရှားကာ ကရသော အကမျိုးဖြစ်သည်။
၅။Zumba in the Circuit
ကြွက်သားများ သန်မာအောင် ကစားလေ့ရှိသည့် အကမျိုးဖြစ်ပြီး နာရီဝက်ခန့်အချိန်ပေးကာကလေ့ရှိသည်။
၆။Zumba Kids
ကလေးများအတွက် အထူးပြုလုပ်ထားသော အကသင်တန်းဖြစ်ပြီး အသက် (၇) နှစ်မှ (၁၁)နှစ်အတွင်း ကလေးများအတွက် အထူးသင့်တော်ပါသည်။
၇။Zumba Gold-Toning
အသက်အရွယ်ကြီးသူများအတွက် သင့်တော်ပြီး ဟန်ချက်ညီအောင် ကောင်းစွာလှုပ်ရှားနိုင်ရန် ကြွက်သားများဖြေလျော့ပေးသော လေ့ကျင့်ခန်းတစ်မျိုးဖြစ်သည်။
၈။Zumba Sentao
သင်တန်းသူ/ သား တစ်ဦးလျှင် ထိုင်ခုံတစ်လုံးစီဖြင့် ဘော်ဒီဝိတ်ကျရန်နှင့် ကျစ်လစ်စေရန် ကရသည့် အကမျိုးဖြစ်သည်။
၉။Strong by Zumba
Strong by Zumba အကကို ၂၀၁၆တွင် စတင်မိတ်ဆက်ခဲ့သည်။ လုံးဝမကတတ်သောသူများပင် ကစားနိုင်သော အကမျိုးဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကျစ်လစ်လှပစေရန် ဤကစားနည်းကို အသုံးပြုလေ့ရှိသည်။
၁၀။ Zumbini
ကလေးများအတွက် အထူးစီစဉ်ထားသော အကမျိုးဖြစ်ပြီး အသက် (၃)နှစ်အထိ ကစားနိုင်ပါသည်။ ဤအကကို အမေရိကန် TV Channel တစ်ခုဖြစ်သည့် Baby First TV တွင် live ထုတ်လွှင့်လေ့ရှိသည်။
၁၁။ A Plate by Zumba
အင်တာနက်မှတစ်ဆင့် သင်ယူ နိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် မည်သို့စားသောက်ရမည်ကို သင်ကြားပေးသော ပရိုဂရမ်မျိုးဖြစ်သည်။
ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲ?
Zumba Dance ကို လူအတော်များ နှစ်သက်လေ့ရှိပြီး Gym အေတ်ာများများတွင်လည်းသင်တန်းတစ်ခုအဖြစ် ထည့်သွင်းထားလေ့ရှိကြသည်။ Zuba Dance ဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အောက်ပါကောင်းကျိုးများရရှိနိုင်ပါသည်။
ပျော်စရာကောင်းခြင်း
Zumba အက ကနေတဲ့အခါ လေ့ကျင့်ခန်းလုပ်နေတယ်ဆိုတာတောင် မေ့လျော့နေတတ်ပြီး ကခုန်ရတာ ပျော်ဖို့ကောင်းပါတယ်။
ဝိတ်ကျခြင်း
Zumba အကကို စွမ်းအားရှိတဲ့ လေ့ကျင့်ခန်းလို့တင်စားခေါ်ဝေါ်ပြီး တစ်နာရီအတွင်း ကယ်လိုရီ (၆၀၀ မှ ၁၀၀၀) လောင်ကျွမ်းနိုင်ပါသည်။
သန်မာကျစ်လစ်စေသည်
ပထမ ကကချင်းမှာ နာကျင်မှုခံစားရပေမယ့် တကယ်ပင်ပန်းရကျိုးနပ်စေတဲ့ ရလာဒ်ကောင်းထွက်လာမှာပါ။ ခန္ဓာကိုယ်တစ်ခုလုံးသန်မာကျစ်လစ်စေပါတယ်။
ကျန်းမာရေးကောင်းစေသည်
လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခန္ဓာကိုယ်သန်စွမ်းသည့်အပြင် နှလုံးခုန်နှုန်းနှင့် သွေးကြောစနစ်ကို အထောက်အကူပေးသည့်အတွက် ကျန်းမာရေးလဲကောင်းစေပါသည်။
စိတ်ဖိစီးမှုလျော့စေသည်
လှုပ်လှုပ်ရှားရှားကခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း နှင့် စိတ်ဖိစီးမှုများ သက်သာပျောက်ကင်းစေပါသည်။
ပိုမိုသွက်လက်စွာလှုပ်ရှားလာနိုင်ခြင်း
Zumba အကသည် လက်မောင်းနှင့် ခြေထောက်ကို လားရာမတူပဲ လှုပ်ရှားကရသော ကကွက်များ များစွာပါဝင်သည့်အတွက် ဟန်ချက်ညီစွာ ကောင်းစာလှုပ်ရှားနိုင်ပြီး ကပါများလာသည့်အခါ ခန္ဓာကိုယ့်ပေါ့ပါးသွက်လက်လာစေပါသည်။
ပျော်ရွှင်စေသည်
သင်လေ့ကျင့်ခန်းလုပ်တဲ့အခါတိုင်းမှာ ဦးနှောက်မှ endorphins လို့ခေါ်တဲ့ အကောင်းမြင်သော ဟောမုန်းတစ်မျိုးကို ထုတ်လုပ်ပေးပြီး သက်တောင့်သက်သာ ခံစားရသော ပျော်ရွှင်မှုကို ရရှိစေပါသည်။
ဒီလိုအကျိုးကျေးဇူးများစွာရှိတဲ့ Zumba အက ဟာလွယ်ကူပြီး အသက်အရွယ်မရွေးလုပ်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်လို့ ဝိတ်ထိန်းချင်သူ၊ ဝိတ်ကျချင်သူများ အတွက် အသုံးပြုကြည့်ဖို့တိုက်တွန်းပါတယ်။
(piedmont-org မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
Your Fitster
ကျန်းမာရေး နှင့် အလှအပ
Web Portal & Mobile App
(Myanmar)
22/06/2020
VIP Fitness Center ရဲ့
နံနက် 6:30-7:30 am နှင့်
ညနေ 5:30-6:30 pm သို့
တစ်ရက် (2)ကြိမ်
Fitness Center ရဲ့
Zumba Class သင်တန်းချိန်ကို
မိတ်ဟောင်းမိတ်သစ်များ အဆင်ပြေစေရန်
နံနက် 6:30-7:30 am နှင့်
ညနေ 5:30-6:30 pm သို့
တစ်ရက် (2)ကြိမ်
တပတ်လျှင် (6) ရက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါသည် ။ ။