Soccermatics

Soccermatics

Share

Soccer Predictions

21/04/2024

မွန်ဇာ

20/04/2024

ဝုဖ်ဘတ်

14/04/2024

အူဒီးနိစ်

13/04/2024

ဘရန့်ဖို့ဒ်
ဘရိုက်တန်

07/04/2024

ဟော့ဖန်ဟိမ်း

06/04/2024

ဘရန့်ဖို့ဒ်
အဲဗာတန်
လူတန်

30/03/2024

အဲဗာတန် ဘော်ဒီ

16/03/2024

#ဒီနေ့ည အတွက် လေ့လာမိသမျှ
ကြိုက်သမျှ အသင်းတွေ ချရေးလိုက်
ပါတယ်။ အကြိုက်တူတာရှိရင် ကစားပါ။

၁. ဖူဟမ်
၂. ဂီတာဖေး
၃. ဝုဖ် ဘတ်
၄. ဟော့ဖန်ဟိမ်း
၅. ကက်ကလီယာရီ
၆. ယူနီယံဘာလင် ဂိုးအောက်

၇. မိန့်ဇ် ဂိုးပေါ် ( ဒီပွဲနဲ့ ဝုဖ်ဘတ်က သုံးသပ်
ချက် ရေးဖို့ အထိ ကြိုက်တဲ့ပွဲပါ။ သုံးသပ်
ချက် မရေးနိုင်တာ နားလည်ပါ။ )

13/03/2024

🎲 ‌ဒေါ့မွန် Vs PSV 🎲

⏩ ကြေး - ဒေါ့မွန် =၆၈ / ၃=

Expert Opinion အရ ဒီနှစ်သင်း ပထမ အကျော့
မှာ ဒေါ့မွန်ကို Tip ပေးခဲ့သလို ကြေး‌လည်းအောင်
ခဲ့ပါတယ်။ဒုတိယအကျော့မှာ‌တော့ ဒေါ့မွန် အနိုင်
ရလိမ့်မယ်လို့ အဲ့ပွဲပြီးတော့ တွေး ထင်ထားခဲ့တာ
ပါ။ သို့သော် စနေညအတွက် ဝုဖ်ဘတ်ပွဲကို ကြေး
လေ့လာနေရင်းစနေညမှာ ဝုဖ်ဘတ်ကအော့ဘတ်
ကို ပေးထားတဲ့ ဘော်ဒီကြေး လျော်ဆနဲ့ အခု ဒေါ့
မွန်က PSV ကိုပေးထားတဲ့ ဘော်ဒီကြေး လျော်ဆ
တူညီနေတာကြောင့် Single Team Over / Under
ဈေးကွက်ကို Odds Comparison သဘောတရား
အရယှဉ်ကြည့်မိလိုက်ရာမှာ ယခုပွဲမှာ ဒေါ့မွန်ဟာ
ကြေးအောင်ဖို့ အတော်လေး အားနည်းနေတာကို
သွားတွေ့ရပါတယ်။



၁. Recent Forms - လတ်တလော ခြေစွမ်း

RF မှာတော့ ပြည်တွင်းလိဂ်မှာထက် ချန်ပီယံလိဂ်
က RF ကို အဓိကထားပြောချင်ပါတယ်။ တကယ်
ဆို ဒေါ့မွန်ဟာ မနှစ်က ချန်ပီယံလိဂ် အုပ်စုအဆင့်
ကနေ ရှုံးထွက် အဆင့်အထိ၊ ဒီနှစ်ရာသီမှာ အုပ်စု
အဆင့်အထိအိမ်ကွင်း ၇ ပွဲမှာတပွဲမှ မရှုံးခဲ့ပါဘူး။
ဒီထဲမှာမန်စီးတီး ချဲလ်ဆီး PSG AC တို့လိုအသင်း
တွေ ပါ ပါတယ်။ ဒါတောင် အနိုင် နဲ့ သရေပဲ ကန်
ခဲ့တာပါ။ ဒါ့ကြောင့် ဒေါ့မွန်ရဲ့ ချန်ပီယံလိဂ် အိမ်
ကွင်းအားက အတော်လေး ကောင်းတယ်လို့ ဆိုရ
မှာပါ။

တဖက်က PSV ကတော့ ဒီနှစ်ချန်ပီယံလိဂ်အုပ်စု
အဆင့်ကိုတောင် Qualification နှစ်ဆင့်ဖြတ်ပြီး
မှ ဝင်ခဲ့ရတဲ့ အသင်းပါ။ ဒီ Qualification အဆင့်
ကနေ စပြောရမယ်ဆိုရင် PSV ရဲ့ဒီရာသီ ချန်ပီယံ
လိဂ်ခရီးက အဝေးကွင်း ၅ ပွဲ ရှိပါ့မယ်။ပထမဆုံး
Qualification အဆင့် အဝေးကွင်းပွဲမှာ သူ့ထက်
လိဂ်အဆင့်အတန်း ကစားသမား အင်အား အစစ
အရာရာ နိမ့်ကျတဲ့ စတမ်ဂရက်ကို နိုင်ခဲ့ပါတယ်။
ဒုတိယ Qualification အဆင့် သူနဲ့လိဂ်အဆင့်အ
တန်း သိပ် မကွာတော့တဲ့ ရိန်းဂျား ကွင်းမှာတော့
သရေသာ ကန်နိုင်ခဲ့ပါတယ်။

ဒီကနေ အုပ်စုအဆင့် ရောက်လာပြီး အဝေးကွင်း
၃ ပွဲကန်ရတဲ့ အချိန်မှာတော့ အာဆင်နယ်ကို ၄ ဂိုး
ပြတ်ရှုံး ၊ သူ့ထက် လိဂ်အဆင့်အတန်း တဆင့်မြင့်
တဲ့ လီဂူး - ၁ က လန်းစ် ကို သရေ ၊ ဆီဗီးလား ကို
တော့ ၂-၃ ရလဒ်နဲ့ နိုင်။ ဒီလိုရလဒ်တွေ ထွက်ပေါ်
ခဲ့ပါတယ်။ နိုင်ခဲ့တဲ့ ဆီဗီးလားနဲ့ ပွဲမှာတောင် ၂-၀
နဲ့ ရှုံး နေရာကနေ ဆီဗီးလား ဘက်က တယောက်
ထုတ်ခံလိုက်ရတာကြောင့်သာ ၂-၃ နဲ့ နိုင်ခဲ့ရခြင်း
ဖြစ်ပါတယ်။

ဆိုတော့ PSV ရဲ့ ချန်ပီယံလိဂ် ခြေစွမ်းက သာမန်
အဆင့်ပဲလို့ ဆိုရမှာပါ။



၂. Head To Head - ထိပ်တိုက်တွေ့ဆုံမှု

ဒီနှစ်သင်းရဲ့ ပထမအကျော့ HTH မှာ PSV က
ဘောလုံးပိုင်ဆိုင်မှု ၅၅% - ဒေါ့မွန်က ၄၅% နဲ့ ဂိုး
ပေါက် ခြိမ်းခြောက်မှုမှာ PSV က ၁၄ ကြိမ် အထိ
ပြုလုပ်ခဲ့ကာ ၄ ကြိမ် ဂိုးပေါက် တည့်မတ်ခဲ့ပြီး ဒီ
ကနေ ၁ ဂိုးရခဲ့ပါတယ်။ ဒေါ့မွန်ကတော့ ဂိုးပေါက်
ခြိမ်းခြောက်မှု ၈ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် ၅
ကြိမ်အထိ ဂိုးပေါက်တည့်ပါတယ်။ဒီကနေ ၁ ဂိုးရ
ပါတယ်။ ဂိုးပေါက်ခြိမ်းခြောက်မှုမှာ PSV က သာ
ခဲ့ပေမယ့် တကယ် လိုအပ်တဲ့ ဂိုးပေါက် တည့်မတ်
မှုမှာတော့ ဒေါ့မွန် ကတောင် ၁ ကြိမ် သာခဲ့တာကို
သတိပြုပါ။

တဖက်တဂိုးဆီ ရခဲ့တဲ့ အနေအထားကို ပြန်ကြည့်
မယ်ဆိုရင်လည်း PSV က ပင်နယ်တီကနေ ရရှိခဲ့
တာဖြစ်ပြီး ဒေါ့မွန်ကတော့ Team Build Up Play
(အသင်း ကစားကွက်) ကနေ ရရှိခဲ့တာပါ။

Expected Goal (xG) လို့ခေါ်တဲ့ ရသင့်ရထိုက်တဲ့
မျှော်မှန်းဂိုး အရေအတွက်မှာတော့ PSV က ၁.၅၈
ရှိပြီး ၁ ဂိုး သေချာပေါက် ရသင့်ပြီး ၂ ဂိုးလည်း ရ
ကောင်းရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒေါ့မွန် က
တော့ xG = ၀.၈၆ သာရှိပြီးတဂိုးအများဆုံး ရသင့်
ပြီး တဂိုးရခဲ့ပါတယ်။ဂိုးပေါက်တည့်မတ်မှုမှာဒေါ့
မွန်က သာပေမယ့် xG မှာ PSV က သာသွားတာ
ဟာ ပင်နယ်တီကြောင့် ဖြစ်ပါတယ်။ PSV သာပင်
နယ်တီမရခဲ့ရင် ဂိုးပေါက်တည့်မတ်မှုက ၃ ကြိမ်နဲ့
xG မှာ ၀.၅၈ သာရှိခဲ့မှာပါ။

ဆိုလိုချင်တာက PSV ရဲ့ အငြင်းပွားဖွယ် အနည်း
ငယ်ပါခဲ့တဲ့ ပင်နယ်တီသာ ဖယ်လိုက်ရင် xG နဲ့ ဂိုး
ပေါက်တည့်မတ်မှု နှစ်ခုလုံးမှာ ဒေါ့မွန်က သာနေ
တယ်ဆိုတာပါပဲ။



၃. Handicap - ကြေး

အပေါ်က RF နဲ့ HTH အချက်အလက်တွေ ရှင်းပြ
ထားတာကို ဖတ်လိုက်တာနဲ့ ဒီပွဲမှာ ဒေါ့မွန် ဘက်
ကနေ =၁၀၀ ရှုံး အနိမ့်ဆုံး ပေးရမယ်ဆိုတာကို
သာမန် ထိုးသားတောင် သိနိုင်ပါတယ်။ ဒါ အိမ်
ကွင်း အားသာချက်ကိုတောင် ထည့် မပေါင်းရ
သေးပါဘူး။

အုပ်စုမှာတုန်းက လာလီဂါနဲ့ ချန်ပီယံလိဂ် ၁၈ ပွဲ
ကန်ပြီးလို့မှ တန်းတက် နှစ်သင်းပဲ နိုင်ထားသေး
တဲ့ ဆီဗီးလားကို PSV က =၁၀ ပြား ပြန်ပေးတာ
ကတော့ထား။ အခု ဒေါ့မွန်ထက် တော်တော် နိမ့်
တဲ့ လန်းစ်ကတောင် PSV ကို =၄၀ ကျော် ပေးခဲ့
ဖူးတာနဲ့ ယှဉ်ရင် ယခု ဒေါ့မွန်ရဲ့ဘော်ဒီကြေးဟာ
လန်းစ်ရဲ့ နှစ်ဆ =၈၀ ကျော်ဆိုတာ ပေးကိုပေးရ
မယ့် ကြေးလို့ ယူဆပါတယ်။ လန်းစ်လို #ဒီနှစ်မှ
ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့တဲ့အသင်းက PSV ထက်
လိဂ်တဆင့် မြင့်ရုံနဲ့ =၄၀ ပေးသေးရင် ချန်ပီယံ
လိဂ် နှစ်တိုင်းနီးပါး ကန်နေရတဲ့ လိဂ် နှစ်ဆင့် သုံး
ဆင့် ပိုမြင့်တဲ့ဒေါ့မွန်က ဘာလို့ =၈၀ ကျော် မပေး
နိုင်ရမှာလဲပေါ့။

တခါ PSV က သူ့ကွင်းမှာတုန်းက ဒေါ့မွန်ကို စ
တည်ကြေး =၅၀ အတိအကျနဲ့ ကန်မယ့်ရက်မှာ
၀.၅ (=၁၀၀ ရှုံး) ဝင်ရိုးကနေ =၇၀ ဆိုပြီး ကြေး
ပေးခဲ့ပါတယ်။ ယခု ဒေါ့မွန်ကတော့ သူ့ကွင်းမှာ
PSV ကို ပြန်ပေးထားတာက စတည်ကြေးမှာ က
တည်းက =၅၀ မပြည့်ဘဲ ၀.၂၅ (=၅၀ ရှုံး) ဝင်ရိုး
ကနေ =၄၅ သာ စပေးခဲ့ပြီး ယနေ့ ကန်မယ့်ရက်
မှာတော့ ၀.၂၅ ဝင်ရိုးနဲ့ပဲ =၆၈ ဆိုပြီးတိုးပေးထား
ပါတယ်။ ဒီနေရာမှာတင် အဖြေက ပေါ်နေပါပြီ။

PSV ပေးခဲ့တဲ့ ကြေးထက် စတည်ကြေးမှာ =၀၅
ပြားလျော့ခဲ့သလို ယနေ့လို ကန်မယ့်ရက်ကြေးမှာ
=၀၂ ပြား လျော့နေပါသေးတယ်။ ဒါကို ပြောချင်
လို့ပဲ ကျွန်တော် ‌အပေါ်က ကြေးမှာ =၆၈ ဆိုပြီး နီး
စပ်ရာ =၇၀ ကို မယူဘဲ တိတိကျကျ ရေးထားတာ
ပါ။ တခါ ဘော်ဒီဈေးကို ပေးခဲ့ သလောက်
ဆွဲ ကပ်ထားပေမယ့် တကယ့် #ပင်မဝင်ရိုးမှာက
PSV က ၀.၅ (=၁၀၀ ရှုံး) - ဒေါ့မွန်က ၀.၂၅ (=၅၀ ရှုံး) ဆိုတော့ တခြားဆီပါပဲ။

အုပ်စုအဆင့်မှာတုန်းက မရဏအုပ်စုမှာကျခဲ့‌တာ
မို့ ဒေါ့မွန်ကို ဘွတ်ကီတွေအနေနဲ့ အ
သင်းအဖြစ် ယူဆခဲ့တာ သတ်မှတ်ခဲ့တာကို လက်
ခံပေမယ့် သူ့ထက် အစစ အရာရာ နိမ့်တဲ့ အသင်း
နဲ့ထိပါ အသင်းက Underdog မဟုတ်တော့သည့်
တိုင် #ကြေးက ဆန်နေတာကိုတော့
လက်ခံနိုင်စရာ မရှိတော့ပါဘူး။ ဒေါ့မွန်ကို ချန်ပီ
ယံလိဂ် ကနေ ဆွဲချ သွားမယ်လို့ကို ယူဆမိ နေပါ
တယ်။

ဒေါ့မွန် ကြေးပျော့လွန်းနေတဲ့ နေရာမှာ ယုတ္တိတန်
လောက်တဲ့ #အကြောင်းပြချက်ကလည်း ရှိနေပါ
တယ်။ ဒေါ့မွန်ဘက်က ယခုပွဲမှာ အဓိက နောက်ခံ
လူ အနီကဒ်ထိထားတာကြောင့်
မပါနိုင်တဲ့ အချက်ပါ။ Schlotterbeck မပါနိုင်တဲ့
အတွက်ကြောင့်ခံစစ်မှာ Süle နဲ့ Hummels ပဲကျန်
ပါတယ်။ဒီရာသီပြိုင်ပွဲစုံ ၃၆ ပွဲမှာ နည်းပြတာဇစ်
ဟာ Süle နဲ့ Hummels အတွဲကို ၄ ကြိမ်သာ တူတူ
တွဲကစားစေဖူးပါတယ်။ ရာသီအစ ပိုကယ်ဖလား
ပွဲမှာ စတုတ္တတန်းလိဂ်က အသင်းနဲ့ တပွဲ အဲ့ဒါပြီး
ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲမှာ ကိုလုံးလို အသင်းနဲ့
တပွဲ ၊ ချန်ပီယံလိဂ် အုပ်စုအဆင့် PSG နဲ့ အဝေး
ကွင်းမှာ တပွဲ ( ဒါတောင် သူတို့နှစ်ယောက်တည်း
တွဲပေးတာမျိုး မဟုတ်ဘဲ Schlotterbeck ပါပြီး
ခံစစ်မှူး ၃ ယောက်ထားချင်လို့တွဲပေးတဲ့သဘော)
နဲ့ အဲ့ဒီ PSG နဲ့ပဲ အိမ်ကွင်းမှာ တပွဲ ( ဒီပွဲမှာလည်း
‌ဒုတိယပိုင်းမှာ Schlotterbeck ကိုထည့်ပြီး ခံစစ်
မှူး ၃ ယောက်ပြန်ဆော့တာပါပဲ။ပထမပိုင်းမှာ သူ့
ဗျူဟာက PSG က မြန်နှုန်းမြင့် တိုက်စစ်မှူးတွေ
နဲ့အတွေ့မှာ Low Block ဆော့မယ်လို့ ဗျူဟာခင်း
တဲ့ သဘောမို့ ဝါရင့်ခံစစ်မှူး နှစ်ယောက်ကို အရင်
ထည့်သုံးတဲ့သဘောပါ။) စုစုပေါင်း ၄ ပွဲပါ။

ဝါရင့်ခံစစ်မှူး နှစ်ယောက်ဖြစ်ပြီး ဘာလို့ နည်းပြ
က တွဲမသုံးတာလဲမေးရင် Hummels က အသက်
၃၅ နှစ် ရှိနေပြီဖြစ်ပြီး ခံစစ်မှူး တယောက်မှာ ရှိရ
မယ့် မရှိတော့သလို သူနဲ့ တွဲမယ့် Süle က
လည်း သူ့အရပ်အမောင်း ၆'၅" နဲ့ သူ့ခန္ဓာကိုယ်အ
ရွယ်အစားကြောင့်မို့သူလည်း ခံစစ်မှူး တယောက်
မှာ ရှိရမယ့် လုံလောက်တဲ့ ရှိ မနေလို့ပါပဲ။

ဒီ မပါနိုင်တာကြောင့် ဒေါ့မွန်ရဲ့
ဘော်ဒီကြေး ပျော့ရိုးမှန်ရင် Schlotterbeck မပါ
နိုင်တဲ့ ခံစစ်ကပဲ မြန်နှုန်း မြင့်လွန်းတဲ့ ရဲ့
တိုက်စစ်ကို ထိန်းချုပ်ဖို့ခက်သွားမယ့် သဘောပါ
ပဲ။ဒါကပဲ သူတို့အတွက် ပြဿနာ ဖြစ်သွားစေနိုင်
နေတာပါ။



၄. Facts Given From The Bookies
( ဘွတ်ကီ ဒေသာထဲက သဲလွန်စ )

Single Team Over / Under ဈေးကွက်မှာ ဒေါ့မွန်
အတွက် ၂+၇၀ အထိပေးထားပါတယ်။ ဒေါ့မွန် ၁
ဂိုးရဖို့ လျော်ဆ ၁.၁၃ ဆနဲ့ ၈၈.၄% ရှိပြီး ၁ ဂိုးနဲ့ ၁
ဂိုးအထက် ရဖို့ လျော်ဆ ၁.၂၄ ဆနဲ့ ၈၀.၆% ရှိနေ
ပါတယ်။ ၂ ဂိုးရဖို့ လျော်ဆ ၁.၇၄ နဲ့ ၅၇.၄% သာ
ရှိပါတယ်။ ဒီဈေးကွက်အရ ဒေါ့မွန် တဂိုးရဖို့ကိုပဲ
ဦးစားပေး တွေ့ရပြီး နှစ်ဂိုးရဖို့ STOU ဈေး ၂+၇၀
နဲ့ယှဉ်ရင် ၅၅% ကျော်ဆိုတာက အားနည်းနေတာ
ကို တွေ့ရမှာပါ။

တခါ PSV ရဲ့ STOU ဈေးကွက်မှာတော့ အောက်
ကြေးအသင်းကနေ ၁-၃၆ ထိရှိနေတာကို တွေ့ ရ
ပါတယ်။ အောက်ကြေးအသင်း PSV တဂိုးပဲသွင်း
နိုင်ရင် ၃၆% ရှုံးဦးမှာပါ။ PSV တဂိုးရဖို့ လျော်ဆ
၁.၂၅ ဆနဲ့ ၈၀% အထိရှိပြီး တဂိုးနဲ့ တဂိုး အထက်
ရဖို့ လျော်ဆ ၁.၄၉ ဆနဲ့ ၆၇.၁% ထိရှိနေပါတယ်။
နှစ်ဂိုးရဖို့ လျော်ဆမှာတော့ ၂.၂ ဆနဲ့ ၄၅.၄% ရှိပါ
တယ်။

ဒီဈေးကွက်အရ တဖက် တဂိုးရဖို့ % များတယ်။
ဒေါ့မွန် တဂိုးရဖို့ % ဟာ PSV တဂိုး ရဖို့ % ထက်
၈.၄% သာပိုပြီး ဒေါ့မွန် နှစ်ဂိုးရဖို့ % က PSV နှစ်
ဂိုးရဖို့ % ထက် ၁၂% သာပိုပါတယ်။ ဘော်ဒီဈေး
=၆၈ နဲ့ ယှဉ်ရင် ဒီလောက်ပမာဏ % က မပြောပ
လောက်ဘူးလို့ ယူဆပါတယ်။

Shots On Target ဈေးကွက်မှာ ဒေါ့မွန်က ၁+၂၀
ပေးထားပြီး PSV ထက် ဂိုးပေါက် တကြိမ် ပိုတည့်
ရင်ပဲ ၂၀ စားရပါပြီ။ အဝေးကွင်းမှာ ပင်နယ်တီ
ပေးခဲ့ရတဲ့ အနေအထားမှာတောင် ဒေါ့မွန်က တ
ကြိမ် သာခဲ့သေးတာကို ဒီဈေးဆိုတော့ အတော်
လေး နည်းတယ် ပြောရမှာပါ။ ဒါကလည်း ဘော်
ဒီကြေး အောင် မအောင်ကို သွားထင်ဟပ် နေ‌စေ
ပြီး ဂိုးပေါက်တည့်မတ်မှု ဈေးကွက်အရ ဒေါ့မွန်
တဂိုးရရင် PSV တဂိုးရမယ် ၊ ဒေါ့မွန် နှစ်ဂိုးရရင်
PSV နှစ်ဂိုး ရနိုင်တယ်ဆိုတာကိုလည်း သွားပြီး
ထင်ဟပ်နေစေပါတယ်။

Shots Towards The Goal ဈေးကွက်မှာ ဒေါ့မွန်
က ၁-၁၀၀ ရှုံးသာ ပေးထားပါတယ်။ #ဂိုးပေါက်
တည့်တည့် မတည့်တည့် ဘော်ဒီ ဒဲ့ဈေးမှာတောင်
အိမ်ရှင်အသင်းက အဲ့လောက်ပေးနေကြတာများ
ပါတယ်။ ဒါလည်း ဒေါ့မွန်ရဲ့ ပေးဈေး နည်းနေပါ
တယ်။

နောက်ထပ် To Qualify ဆိုတဲ့နောက်တဆင့်တက်
မတက်‌ ဈေးကွက်မှာ ဒေါ့မွန်အတွက် လျော်ဆက
၁.၆ ထိရှိနေပါတယ်။

ဒီပွဲမှာ မိနစ်ကိုးဆယ်အတွင်း ကြေးအောင်တာ မ
အောင်တာ အပထား နောက်တဆင့် တက်မယ်လို့
ယုံကြည်ရင် ဒေါ့မွန်ကို လောင်းလိုက်ပေါ့။ ၆၀%
အထိ ပေးလျော်ထားပါတယ်။ ဒါက အသင်းကြီး
တသင်းအနေနဲ့ နောက်တဆင့်တက်ဖို့ လုံလောက်
တဲ့ % မဟုတ်ပါဘူး။

ဆိုတော့ အချက်အလက်တွေ အရ အဖက်ဖက်က
ဒေါ့မွန် ကြေးမအောင်နိုင်ဘူးလို့ ညွှန်းနေပါတယ်။



၅. Mind Game သဘောတရား

ဒေါ့မွန်ဘက်မှာ Schlotterbeck မပါနိုင်တာကလွဲရင် လူစုံတယ်လို့ပြောရမှာပါ။ တဖက်က PSV မှာ ပထမအကျော့က ကွင်းလယ်မှာတူတူ တွဲကစားခဲ့တဲ့ Veerman ပါဖို့သံသယရှိနဲ့ Saibari မပါဖို့ သေ ချာဆိုပြီး ဒဏ်ရာရကစားသမားတွေရှိနေပါတယ် Sancho နဲ့ Ian Maatsen တို့ဇန်နဝါရီမှာ ရောက်
လာတာကလည်းထိုးသားတွေကို တမျိုးဆွဲဆောင် နေမှာအမှန်ပါပဲ။ ဒီလို အနေအထားမျိုး‌တွေ ရှိနေတာဆိုတော့ အပေါ် ကြေး ကြိုက်လှတဲ့ ထိုးသားတွေကို နိုင်ရင်အပြည့်စားသွားသရေကျရင်တောင် အပြည့် မရှုံးဘူးဆိုတဲ့ကြေးမျိုးနဲ့ ဒေါ့မွန်ဘက်ကို #စိတ်ကစားအောင် လှုံ့ဆော်ထားတဲ့ဈေးမျိုးဖြစ်‌နေပြီး PSV ဟာ ဒီပွဲမှာဘွတ်ကီ‌ တွေဘက်ကိုလုံးဝရောက်နေပါတယ်။ အချက် အလက်တွေအရလည်း ဘက်ကအားကောင်း‌နေ တာမို့ PSV ကိုသာ ယူထားရမှာပါ။



🎯 PSV ဘော်ဒီ



11/03/2024

ချန်ပီယံလိဂ် ဒုတိယည
အချက်အလက်တွေအရ
အတော်လေး ခိုင်မာနေတဲ့
တပွဲရှိတယ်ဗျာ။ စနေနေ့ထိမစောင့်တော့ဘူး သုံးသပ်ပေးပါ့မယ်။

Want your business to be the top-listed Gym/sports Facility in Monywa?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Bogyoke Street
Monywa