10/10/2025
မကြာမီ လာမည်မျှော်ပါရှင်
📨Mindspire Mental Health Day 2025 Live Webinar အတွက် ဖိတ်ကြားလွှာ
🌎အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) အား ဂုဏ်ပြုသောအားဖြင့်၊ International Certified Coach ဆရာအောင်ထက်ခန့် ဦးစီးသော Mindspire Coaching Community Premium (MCCP) မှ Professional Coaches များနှင့် ပူးပေါင်း၍ "Mindspire Mental Health Day 2025" Live Webinar ကို စီစဉ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
----------------------------------------------------------------
💡 Webinar ၏ ရည်ရွယ်ချက်နှင့် အစီအစဉ်
ဤ Webinar မှာ စိတ်ကျန်းမာရေး (Mental Well-being) ဆိုင်ရာခေါင်းစဉ်နှင့်ပတ်သက်ပြီး Professional Coaches တွေနဲ့အတူ တက်ကြွ၊ ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာတွေ ရရှိစေဖို့ ရည်ရွယ်တဲ့အပြင်၊ ကိုယ့်ဘဝအတွက် အကောင်းဆုံး ရင်ဖွင့်တိုင်ပင်ရာနေရာတစ်ခုအနေနဲ့ Coaching ကို အခြေခံပြီး လက်တွေ့ကျတဲ့ နည်းလမ်းများ၊ ကိုယ်တိုင် အသုံးချနိုင်မည့် နည်းစနစ်များကိုလည်း ဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်။
----------------------------------------------------------------
✨ ပါဝင်တက်ရောက်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ
- စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာတိုးပွားခြင်း
- စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု (Mental Resilience) မြှင့်တင်နိုင်ခြင်း
- Professional Coaches များနှင့် တိုက်ရိုက်မေးမြန်း ဆွေးနွေးခွင့်
- လက်တွေ့ကျသော Coaching နည်းလမ်းများသင်ယူရရှိခြင်း
----------------------------------------------------------------
💻 အသေးစိတ် အချက်အလက်များ
Date: 10 Oct, 2025 (Friday)
Time: (8-9) PM
Location: Zoom Live
With Who: Sayar Aung Htet Khant and Mindspire Professional Coaches
—-----------------------------------------------------------------
🔔Mindspire Mental Health Day 2025 Live ကို မလွတ်သွားစေဖို့
1️⃣အောက်ပါ Group ကို Join ပါ။
https://www.facebook.com/groups/226337085483762
2️⃣Comment မှာ “Yes” လို့မန့်ခဲ့ပေးပါ။
----------------------------------------------------------------
👇 Mindspire Coaching မှာ အခုလို အပတ်စဉ်တိုင်း မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ ဝေမျှပွဲတွေရှိတာမို့ Member ဝင်လိုပါက Page Messenger ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
🎉 စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး ဘဝကို အောင်မြင်စွာ ရင်ဆိုင်ဖြတ်သန်းနိုင်ကြပါစေ။
With Love🍀,
Mindspire Coaching
#2025
23/09/2025
ဒီလထဲမှာ သုတဓမ္မနဲ့
ကိုယ့်စိတ်ကိုပြန်ကြည့်ချင်တာကြောင့်
အချိန်အားနည်း နေလို့
Coaching ပိုင်းကို အားမစိုက်ဖြစ်ဘူး။
ကျွန်မကိုမှ ရှာဖွေ ရွေးချယ်ရောက်ရှိလာတဲ့
Clients တွေကို မနေသာဘဲ လုပ်ပေးဖြစ်တယ်။
လုပ်ပေးပြီးသွားတိုင်း
ကျေနပ် ပျော်ရွှင်သွားတာကိုမြင်ရတော့လဲ
ပီတိဖြစ်ရတယ်။
အေးချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ကျွန်မကိုယ်တိုင်လဲ စိတ်ရော ကိုယ်ပါ အေးချမ်းပျော်ရွှင်တဲ့ဘဝကို
Wheels of Life အဖြစ်တည်ဆောက်နိူင်ပါစေ
အမှတ်တရ သတိရချင်လို့
Coaching Session မစခင်ပုံ
ရှိတဲ့ပုံလေးပဲတင်လိုက်ပါတယ်။
01/09/2025
ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်
လူ့ဘဝရလာသူတိုင်းမိမိဘဝကို အကျိုးရှိအောင်နေတတ်ဖို့လိုပါတယ်။
မျက်မှောက်ဘဝအကျိုး
တမလွန်ဘဝအကျိုး
အကျိူး ၂မျိုးလုံးကိုသိဖို့ ဓမ္မ အသိနဲ့နေမှရမယ်။
ဘဝမှာအကျိုးရှိရှိနေဖို့ အသိဉာဏ်ရှိရမယ်။
အကျိူးရှိတဲ့နေနည်းနဲ့ အကျိူးမဲ့စေတဲ့နေနည်းလဲရှိတယ်။
အချို့သောနေနည်းတွေက လက်ရှိမှာတော့အကျိုးရှိပြီ
တမလွန်ဘဝမှာ အကျိုးမရှိတဲ့နေနည်းမျိူဖြစ်တယ်။
တစ်ရက်ပြီးတစ်ရက် ဖြတ်ကျော်လာခဲ့တဲ့ နှစ်တွေ လတွေ
ရက်တွေ နာရီတွေမှာ ငါ ဘယ်ပုံ ဘယ်နည်း ငါ့မှာကုန်ဆုံးခဲ့သလဲ ဒါကိုပြန်စဉ်းစားကြရမယ်။
လောကစီးပွားအတွက် အချိန်ကုန်တာလား
ဓမ္မရေးရာအတွက် အချိန်ကုန်တာလားဆိုတာ
ကိုယ့်အချိန်ဇယားကိုကြည့်လိုက်ရင် အချိန်ကို ဘယ်ပုံဘယ်နည်း အသုံးချခဲ့တယ်ဆိုတာ အဖြေထွက်လာမယ်။
နေ့စဉ်ဘဝတစ်ခုမှာ အခြေခံအားဖြင့် အကျိုးရှိအောင်နေဖို့ဆိုတာ
အကုသိုလ်နည်းအောင်နေဖို့ပါ။
စီးပွားရှာတဲ့အခါမှာလဲ တရားမျှတစွာ စိတ်ကောင်းမွေးပြီရှာဖွေကြရမယ်။
ငါလုပ်တဲ့အလုပ်ဟာ အများအတွက်ဖြစ်ပါစေ။
အများအတွက် ငါလုပ်သမျှ အကျိုးဖြစ်ပါစေ။
ဒီလိုစိတ်ထားမျိုးထားပြီးတော့လုပ်ကိုင်ပေးရမယ်။
ဒါဟာ ဘဝမှာအကျိုးရှိအောင်နေနည်းတစ်ခုပဲပေါ့။
ငါခြည်းပဲလုပ်နေရတယ် သူကတော့ ဘာမှမလုပ်ဘူး
ဒီစိတ်မ်ျုးထားလိုက်ရင် အကုသိုလ်
ငါလုပ်ပေးလိုက်တဲ့အတွက် သူ့တို့လေးတွေ အဆင်ပြေပြေ ဖြစ်သွားရပြီ
ဆိုပြီး နှလုံးသွင်းလိုက်မယ်ဆိုရင် ကုသိုလ်စိတ်ကလေး ရယ် ကောင်းကျိုးချမ်းသာတွေရယ် ရလာမှာပါ။
သုတဓမ္မ Level -2စာအုပ်ကနေ မျှဝေပါတယ်။
လိုက်နာကျင့်သုံးပါမယ်ဘုရား။
29/08/2025
(4)Day Group Coaching
8.8.25
15.8.25
22.8.25
29.8.25
အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ။
အခုလိုမျှဝေခွင့်ရအောင် သင်ပေးတဲ့ ဆရာ ဆရာမ များအားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုယ့်ရဲ့ ဓားကို သွေးခွင့်ရနေပြီ
Quality of life အဖြစ်ရှင်သန်ခွင့်ရနေတာကိုလဲကျေးဇူးတင်ပါတယ်။
နောင်(3) နှစ်မှာ ချပေးခဲ့တဲ့မျိုးစေ့လေးတွေ မျိုးစေ့မှန်စွာ ရှင်သန်ကြီးထွားနေမယ်လို့ယုံကြည်ပါတယ်။
22/08/2025
Day -3
Leadership mindset
Group Coaching
မိမိကစပြောင်းလဲပါ။
အသိ သတိလေးတွေရသွားကြတယ်။
ထင်ထားတာထက် အများကြီးတော်
အများကြီးကြိုးစားကြလို့
ဝမ်းသာပီတိဖြစ်ရတယ်။
ကိုယ်တိုင်လဲတည်ဆောက်ရင်း
ပျိုးထောင်ရင်း ပိုကောင်းတဲ့နေ့ရက်တွေဆီ အတူတူသွားကြမယ်။
15/08/2025
Day(2)
Life Purpose Group Coaching
အောင်မြင်စွာပြီးခဲ့ပြီ။
အမြဲအားပေးပြီ
ဘေးကနေ ရပ်ပေးတဲ့ ဖေဖေနဲ့ မကြီးကိုပိုင်ဆိုင်ခွင်ရခြင်းကလဲ ကံကောင်းခြင်း တစ်ခုပါပဲ။
အတူတူရှိနေပေးလို့ကျေးဇူးတင်ပါတယ်။
တကယ်လိုအပ်နေသူတွေကို ကိုယ့်ရဲ့ Life Purpose ကို ရှာဖွေနိူင်ဖို့ လမ်းပေါ်တင်ပေးခွင့်ရတာလဲ
ကျွန်မအတွက်က ကံကောင်းခြင်းတစ်မျိုးပါပဲ။
လုပ်ကြည့်မှ ဘယ်လောက်ထိပျော်ရလဲသိခွင့်ရတယ်ဆိုတာသိလာရတယ်။
15/08/2025
Day (2)
Life Purpose Group Coaching
စဖို့ Ready ဖြစ်နေပါပြီ။
14/08/2025
စိတ်ချမ်းသာဖို့
ဘာတွေလုပ်ရင်းကုန်ဆုံးနေမိလဲ?