ပြင်ဦးလွင်လိဂ် ကို လူရွေးချယ် အသင်းဖွဲ့စည်းရေးအတွက် လုပ်ဆောင်ပေးခဲ့သည့် ရွေးချယ်ရေးတာဝန်ခံအဖြစ် အများသိကြသည့် ကျွန်တော့် အနေဖြင့် ဆက်လက်၍ ဆောင်ရွက်ပေးနိုင်တော့ခြင်း မရှိသည်ကို နားလည်ပေးကြပါ။ (Page တွင် တစ်ဦးချင်း သဘောတရားအရ ရေးသားသည်ကို နားလည်ပေးကြပါ။)
ဆက်လက် လုပ်ဆောင်ပေးနိုင်သည့် အရည်အချင်းရှိသူများလည်း ရှိနေသည့်အတွက် ပြင်ဦးလွင်လိဂ်ကြီး အောင်မြင်စွာ ပေါ်ထွက်လာမည့် သတင်းကို စောင့်မျှော်နေပါမည်။
ကျွန်ုပ်အား ယုံကြည်စွာဖြင့် ပါဝင်လာခဲ့ကြသည့် အသင်း ၈ သင်းမှ တာဝန်ရှိသူများကို အနူးအညွတ် တောင်းပန်အပ်ပါသည်။
ကစားသမားများလည်း အနာဂတ်တွင် တိုးတက်သူများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးခဲ့ပါရစေ။
Pyin Oo Lwin League
Soccer Game
06/03/2024
ယခုအပတ်တွင်း ကစားခဲ့သည့် MNL League Cup 2024 ပွဲစဉ်များတွင် . . .
ပြင်ဦးလွင်သားများ ပါဝင်ကစားနေသည့် အသင်းအားလုံး နိုင်ပွဲကိုယ်စီ ရခဲ့ကြသည်က ထူးခြားမှုတစ်ခုပင်။
ပြင်ဦးလွင်၏ ဘောလုံးဗီဇ မျိုးဆက် ဆက်လက်ရှင်သန် တိုးတက်နေဖို့ ပြင်ဦးလွင်လိဂ်ကြီး စတင်ကြစို့။
ပြင်ဦးလွင်သားများ ပါဝင်ကစားခဲ့သည့် ရလဒ်များ
GFA FC 4:3 Shwe Pyin Thar United
Hantharwady United 2:1 Dagon Port
Ayeyawady United 4:0 Silver Star
GFA အသင်းတွင်
ကျော်စွာထက် (၈)
မာလ (ခ) ဒန်ထွယ်အောင် (၆) တို့ ကစားနေပြီး ကျော်စွာထက်က တစ်ဂိုးသွင်း၊ တစ်ဂိုးပံ့ပိုး နိုင်ခဲ့ပြီး မာလ လည်း တစ်ဂိုးပံ့ပိုးနိုင်ခဲ့ကာ ညီနောင် ၂ ဦး ကွင်းလယ်တွင် အတွဲအဖက် မိခဲ့ကြသည်။
ဟံသာဝတီ အသင်းတွင်
စိုးကျော်ကျော် (၂၇)
သန်းတိုးအောင် (၉) တို့ ဝင်ရောက်ကစားပြီး အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သည်။
ဧရာဝတီအသင်းတွင် ကျောနံပါတ် ၉ ချမ်းငြိမ်းက အသင်းအတွက် အဖွင့်ဂိုးကို သွင်းပေးနိုင်ခဲ့သည်။
ပြင်ဦးလွင်သား ကစားသမားများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြင်ဦးလွင်လိဂ်မှ ချီးကျူး ဖော်ပြလိုက်ပါရစေ။
26/02/2024
⚽ ပြင်ဦးလွင်လိဂ် က ကစားဖြစ်မှာလား ??? ⚽
အရှင်းဆုံး ပြောရရင်
ခရိုင်/မြို့နယ်ကွင်းများ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရ၊ ကျန်အရာများကြောင့် ကွင်းမအားခဲ့လျှင်တောင်မှ . . .
ဉာဏ်တောဘောလုံးကွင်းမှာ ကစားလို့ရအောင် အဆင့်မြှင့်တင် ပြုပြင်ပြီး . . .
ရိုးရိုးသားသားနဲ့ 😁😁😁 ကစားကြမှာပါ။
ဒါကြောင့် အသင်းများမှ ကစားသမားများနဲ့ တာဝန်ရှိသူများ ယနေ့ ယခုမှ စတင်ပြီး ကြိုတင်ပြင်ဆင်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ။
ပြင်ဦးလွင်လိဂ်မှ ကစားသမားများနှင့် အားပေးသူများ မိမိတို့ပြောလိုသော၊ ဖြစ်လိုသောဆန္ဒများ နှင့် ပြင်ဦးလွင်လိဂ်အပေါ် မျှော်လင့်ချက်များကို Comment လေးတွေ ရေးပေးခဲ့ကြပါလားဗျာ။ (ရေးဖြစ်အောင် ရေးပေးခဲ့ကြပါ)
ကစားသမားများကတော့ မိမိတို့၏ အမည်ရင်း၊ အသက် နှင့် ကစားနေသည့်အသင်းများကိုပါ ရေးပေးခဲ့ကြပါ။ (ကစားသမားများ ရှိ/မရှိ၊ စိတ်ပါဝင်စားမှု အခြေအနေ သိလိုလို့ပါ)
ဥပမာ - ထွန်းထွန်းနိုင်၊ ၃၇ နှစ်၊ Phoenix FC
(ပြင်ဦးလွင်လိဂ်ကြီး စတင်ဖို့ရာ မစောင့်နိုင်အောင် ဖြစ်နေပါပြီ)
ဥပမာ - ဟိန်းကျော်ဇော၊ ၁၅ နှစ်၊ Maymyo Star FC
(ကျွန်တော့် အနာဂတ်ရည်မှန်းချက်က ဘောလုံးသမား ဖြစ်ချင်တာပါ။ ကျောင်းသားဘဝကို ပြီးဆုံးအောင် လုပ်နေရတဲ့ အချိန်မှာ ယခုလိုလိဂ်ကြီးမှာ စီနီယာ ကစားသမားတွေနဲ့အတူ ကစားရင်း ပညာသင်ယူခွင့်ရတာဟာ အကြီးမားဆုံး အတွေ့အကြုံကောင်းပါပဲ။ အဲ့လို အတွေ့အကြုံတွေကို ဆည်းပူးနိုင်ဖို့ ပြင်ဦးလွင်လိဂ်ကြီး စတင်နိုင်ဖို့ အားထည့်ဆောင်ရွက်သူအားလုံးကို ကျေးဇူးတင်ပါတယ်)
အဲ့သလိုလေးတွေ ရေးပေးခဲ့ကြပါ။
ပြင်ဦးလွင်သား Professional ကစားသမားများ အနေဖြင့် သက်ဆိုင်ရာ ကလပ်များမှာ သွားရောက်လေ့ကျင့် ကစားနေကြတဲ့ အခြေအနေကိုလည်း လူငယ်များ အားကျစေဖို့ တင်ပြလိုက်ပါရစေ . . .
သန်းတိုးအောင် MNL I - ဟံသာဝတီယူနိုက်တက်
ကျော်မျိုးနိုင် MNL I - ဟံသာဝတီယူနိုက်တက်
စိုးကျော်ကျော် MNL I - ဟံသာဝတီယူနိုက်တက်
ချမ်းငြိမ်း MNL I - ဧရာဝတီယူနိုက်တက်
ဇော်ဝင်းမောင် MNL I - ရခိုင်ယူနိုက်တက်
ကျော်စွာထက် MNL II - GFA FC
ဒန်ထွယ်အောင် (ခ) မာလ MNL II - GFA FC
ဇင်ဝေယံထွန်း MNL II - GFA FC
ပြင်ဦးလွင်လိဂ် က ကစားသမား တချို့ကိုလည်း League I and II များ ဆီသို့ ပို့ဆောင်ပေးမယ့် အစီအစဉ်အပြင် လူငယ်ပြိုင်ပွဲများ စတင်ကျင်းပချိန်တွင်လည်း ပို့ဆောင်နိုင်ရေး လိဂ်တာဝန်ရှိသူများအနေဖြင့် လုပ်ဆောင်ပေးသွားပါမည်။
ကစားသမားများအားလုံး မိမိတို့ အသင်းတာဝန်ရှိသူများ၊ အသင်းခေါင်းဆောင်များနှင့် ဆက်သွယ်ကြပြီး ကြိုတင်ပြင်ဆင် လေ့ကျင့်ကြပါ။
26/02/2024
⚽ ဘောလုံးပြိုင်ပွဲတွေ ကျင်းပတဲ့အခါ ကော်မတီစုဖွဲ့မှုက အဓိကကျပြီး အရေးကြီးဆုံး အချက်ပါ ⚽
ကျွန်တော်တို့ ပြင်ဦးလွင်လိဂ် ကျင်းပဖို့အတွက် ကော်မတီတွေ ဖွဲ့စည်းကြတဲ့အခါမှာ . . . မည်သည့် ကော်မတီတွင်မဆို . . .
⚽ အမှန်တကယ် အရည်အချင်းရှိပြီး အများအတွက် အကျိုးပြုနိုင်သူ
⚽ အများကလည်း တကယ့်ကို ပါဝင်သင့်တယ်လို့ ယုံကြည်လက်ခံသူများနဲ့သာ ဖွဲ့စည်းပါမယ်။
ဒါမှလည်း စုပေါင်းလုပ်ဆောင်မှုတွေက ပိုပြီး တိုးတက်အောင်မြင်မှာပါ။
ပြင်ဦးလွင်မှာ မည်သည့်အခါတုန်းကမျှ မဖွဲ့စည်းဖူးခဲ့လို့ ယူဆရတဲ့ . . .
"ပြင်ဦးလွင်လိဂ် ဘောလုံးသမား ကော်မတီ" ဖွဲ့စည်းဖို့ လျာထားခြင်းနဲ့ စတင်ဖို့ ရည်ရွယ်ပါတယ်။
ပြိုင်ပွဲတစ်ခုအတွက် အရေးကြီးတာက ပါဝင်ကစားနေတဲ့ ကစားသမားများပါပဲ။
သူတို့တွေရဲ့ ခံစားချက်တွေ၊ ဆန္ဒတွေ၊ အခက်အခဲတွေ စသဖြင့် တင်ပြ ပြောဆိုလိုတာတွေကို စနစ်တကျ ပြောဆိုနိုင်တဲ့ ကော်မတီ ရှိကို ရှိရပါမယ်။
အဲ့သလို ကော်မတီကို ဖွဲ့စည်းတဲ့အခါမှာ အဆင်ပြေနိုင်ဖို့ အသင်း ၈ သင်း က ကစားသမား ၈ ဦးနဲ့ ဖွဲ့စည်းသွားဖို့ လျာထားပါတယ်။
ဥက္ကဋ္ဌ ၁ ဦး
အဖွဲ့ဝင် ၆ ဦး
အတွင်းရေးမှူး ၁ ဦး နဲ့ ဖွဲ့စည်းပါမယ်။
ဒါကြောင့် ယင်း ကစားသမား ၈ ဦးကို ယခုလို လျာထားပါတယ် . . .
၁။ စစ်အောင်ခန့် (Dana Eain FC)
၂။ အောင်ကိုကိုစံ (ADiPaTi FC)
၃။ ထွန်းထွန်းဝင်း (Eagle FC)
၄။ ထွန်းထွန်းနိုင် (Phoenix FC)
၅။ ဖြိုးသူရ (POL United)
၆။ စိုးသီဟ (Hein Gabar FC)
၇။ စိုင်းပြည့်ဖြိုး (Palae Phyu FC)
၈။ ရန်ကောင်းထက် (Maymyo Star FC)
သို့ဖြစ်ပါ၍ ပြင်ဦးလွင် လိဂ်ကို အားပေးနေသူ မည်သူမဆို . . .
ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး နေရာအတွက် သင့်လျော်သူ ညီနောင် ကစားသမား ၂ ဦး၏ အမည်စာရင်းကို Comment တွင် ရေးသားဖော်ပြ အဆိုပြုပေးခဲ့ဖို့ မေတ္တာရပ်ခံပါရစေ။
ဥပမာ . . .
ဥက္ကဋ္ဌ - ဖြိုးသူရ (POL United)
အတွင်းရေးမှူး - စိုင်းပြည့်ဖြိုး (Palae Phyu FC)
Comment မှာလည်း Copy ယူပြီး အမည်ပြောင်းရေးလိုက်ရုံနဲ့ အဆင်ပြေဖို့ မန့်ထားပေးပါမယ်။
(ကစားသမားအားလုံးကို ကိုယ်စားပြုပေးရမှာဖြစ်တဲ့အတွက် မိမိအသင်း၊ မိမိအားပေးတဲ့အသင်းက ကစားသမားထက် ပိုပြီး ဦးဆောင်လုပ်နိုင်သူကိုသာ ရွေးချယ်ပေးဖို့ အကြံပြုပါရစေ)
သည် "ပြင်ဦးလွင်လိဂ် ဘောလုံးသမား ကော်မတီ" ဖွဲ့စည်းဖို့ လုပ်ဆောင်ခြင်းနဲ့ ပြင်ဦးလွင်လိဂ်ကြီး မကြာမီကျင်းပနိုင်ဖို့ စတင်လိုက်ကြပါစို့လားဗျာ။
⚽ ဘောလုံးပြိုင်ပွဲ ⚽
စကားလုံးလေးက ရိုးရိုးလေးနဲ့ နည်းနည်းလေးပါ။
ဒါပေမယ့် ကမ္ဘာပေါ်မှာ ပေါ်ပြူလာအဖြစ်ဆုံး အားကစားနည်း၊ လူကြိုက်အများဆုံး အားကစားနည်းဖြစ်ပါတယ်။
ဘောလုံးပြိုင်ပွဲတစ်ခု ကျင်းပနိုင်ဖို့ရာ လွယ်ကူတယ်လို့ ပြောနိုင်သလို အခက်ဆုံးပဲလို့လည်း ဆိုနိုင်ပါတယ်။
ဘောလုံးကစားကြမယ်ဟေ့ ဆိုပြီး ကစားလိုက်တဲ့ ပွဲတွေက လွယ်ပေမယ့် . . .
စနစ်တကျ အောင်မြင်စွာ ပြီးဆုံးစေမယ့်ပွဲ . . . အဲ့သည်ပြိုင်ပွဲကနေ တိုးတက်မှု မြစ်ဖျားခံစေတဲ့ပွဲမျိုးကတော့ ကျင်းပနိုင်ဖို့ရာ ခက်လွန်းပါတယ်။
ကျွန်တော်တို့တွေ ခက်ခဲပါတယ်ဆိုတဲ့ အရာကို ရာသီကြိုဖလား စနစ်တကျ အောင်မြင်စွာ အဆုံးသတ်နိုင်ခြင်းနဲ့ ဖြတ်ကျော်နိုင်ခဲ့ကြပြီ။
ညီအစ်ကို ဘောလုံးသမားများ၊ တာဝန်ရှိသူ လူကြီးမင်းများ
ရပ်တန့်လိုက်ဖို့ တွေးနေကြပြီလား
အားလျော့သွားကြပြီလား
ရှေ့ဆက်ဖို့အတွက် အခက်အခဲတွေကို နောက်တွန့်နေကြပြီလား . . .
အပေါ်မှာ ရေးထားတဲ့ စနစ်တကျ အောင်မြင်စွာပြီးဆုံးနိုင်မယ့် "ပြင်ဦးလွင်လိဂ်ကြီး" အတွက် ခင်ဗျားတို့ရဲ့ အားအင်ကို အလိုအပ်ဆုံးပါ။
ဒါကြောင့် . . . ညီကိုတွေအားလုံးရဲ့ အားအင်တွေစုစည်းပေးနိုင်ဖို့ Admin Group ကြီး ပြန်လာပါပြီ။
လိဂ်ကော်မတီဖွဲ့မယ်။
ကျင်းပနိုင်ခွင့် ခွင့်ပြုမိန့်တင်မယ်။
လိုအပ်တဲ့ infrastructure တွေ၊ Sponsor တွေ၊ စည်းမျဉ်းစည်းကမ်းတွေ ပြင်ဆင်မယ်။
ကစားသမားတွေကို စိတ်ဓာတ်နဲ့ စည်းကမ်းတွေ လိုက်နာသိရှိပြီး မိမိအသင်းအတွက် ပေးဆပ်ကစားနိုင်ဖို့ တိုက်တွန်း လုပ်ဆောင်မယ်။
အဲ့သလို အဆင့်ဆင့် လုပ်ဆောင်ပြီး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်မယ့် ပြင်ဦးလွင်လိဂ်ကြီး ပြန်လာပါပြီ။
တစ်ခုပဲ . . . ခင်ဗျားတို့ ပါဝင်ဖို့တော့ လိုတယ်။
အသင်း ၈ သင်း တာဝန်ရှိသူများ ခြေစမ်းပွဲ ကစားကြခြင်း၊ လေ့ကျင့်မှုများ ပြုလုပ်ကြခြင်း ဆောင်ရွက်ထားကြဖို့ တိုက်တွန်းလိုပါသည်။
30/01/2024
🤝 ပထမအကြိမ် အစည်းအဝေး 🤝
ဦးစွာ ပထမ ပြင်ဦးလွင်လိဂ်ကို မျှော်လင့်စောင့်စားနေသူ အားလုံးအတွက် . . .
ပြိုင်ပွဲကြီး စတင်နိုင်ဖို့၊ ပန်းတိုင်ရောက်ဖို့ မည်သည့်အခက်အခဲပင် ရှိစေကာမူ ခရီးများ အဆုံးထိ ဆက်လျှောက်ကြမယ်ဆိုတာလေး ပြောလိုပါတယ်။
ကစားသမားများ အနေနဲ့ မိမိတို့၏ အသင်းတာဝန်ရှိသူများနဲ့ ဆက်သွယ်ကြပါ၊ လေ့ကျင့် ပြင်ဆင်ထားကြပါလို့ အဓိကအကျဆုံး အရာကို အသိပေးလိုပါတယ်။
⚽ ဆုံးဖြတ် ညှိနှိုင်းထားမှုများ ⚽
၁။ အသင်း ၈ သင်းလုံးပါဝင် ယှဉ်ပြိုင်သွားကြပါမည်။ (အသင်းအမည်ပြောင်းခြင်း၊ ပိုင်ရှင် အပြောင်းအလဲ ဖြစ်ခြင်းများ ရှိနိုင်ပါသည်)
၂။ အသင်းများ၏ အခြေအနေအရ ကစားသမားစောင့်ကြည့် လေ့လာရေး အဖွဲ့၏ အတည်ပြုချက်ဖြင့် လိုအပ်သည့် နေရာများကို ဖြည့်တင်းမှု ပြုလုပ်ရန်လည်း ရှိပါမည်။ (၃ ဦးထက် ပို၍ ဖြည့်တင်းမှု ပေးခြင်း မရှိပါ၊ ဖြည့်တင်းမှုအတွက် ကစားသမားစောင့်ကြည့် လေ့လာရေး အဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါမည်)
၃။ ရာသီကြိုဖလားတွင် ပါဝင်ကစားထားသည့်အတိုင်း ကစားသမားများ ဆိုင်ရာ အသင်းတွင်သာ ကစားကြရပါမည်။ အသင်းပြောင်းခွင့် မရှိပါ။
၄။ အသင်းလိုက်မှ အခြေအနေအရ ချန်ထားခဲ့ရမည့် ကစားသမားများ ရှိလာနိုင်ပါသည်။ (မိမိအသင်းနှင့် အမြန်ဆုံး ဆက်သွယ်ကြပါ။ စိတ်ဓာတ်ကောင်းသူများကို အသင်းတွင် မဖြစ်မနေ ထည့်သွင်းပါလိမ့်မည်)
၅။ လိဂ်ကော်မတီ အမြန်ဆုံး ဖွဲ့စည်းပြီး ဆောင်ရွက်သွားပါမည်။
ကျန်အခြေအနေများကို လိဂ်ကော်မတီ ဖွဲ့စည်းပြီးမှသာ အသေးစိတ်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။
အသင်းပိုင်ရှင်၊ တာဝန်ရှိသူများကလည်း ယနေ့မှ စတင်၍ စုဖွဲ့ ပြင်ဆင်ကြဖို့ တိုက်တွန်းလိုပါသည်။
ပြင်ဦးလွင်လိဂ် အကောင်းဆုံး ပေါ်ပေါက်ဖြစ်တည်လာစေရမည်ဟု အစည်းအဝေးတက်ရောက်လာကြသူများက သံန္နိဌာန် ချမှတ်ခဲ့ကြောင်း သတင်းကောင်းပါးလိုပါသည်။
30/01/2024
League အတွက်
ရှေ့ဆက်အစီအစဉ်များ
တိုင်ပင်ဆွေးနွေး
POL United, Dana Eain FC, Palae Phyu FC အသင်းများသာ
မနက်ဖြန် အစည်းအဝေးကို သိရှိကြောင်း မန့်ထားပါသေးတယ်ခင်ဗျ။
ကျန်အသင်းများ ???
28/01/2024
🥅⚽ First Meeting of POL League ⚽🥅
ကဲဗျာ . . . အားလုံး မျှော်လင့်စောင့်စားနေတဲ့ ပြင်ဦးလွင်လိဂ်ကြီး စတင်နိုင်ဖို့ရာ . . .
စုံညီအစည်းအဝေး (ပထမအကြိမ်) ကို စတင်ပြီဗျို့။
နေ့ရက် - ၃၀.၁.၂၀၂၄ (အင်္ဂါနေ့)
အချိန် - ညနေ ၄ နာရီ
နေရာ - Lucky Seven လက်ဖက်ရည်ဆိုင် (အပြင်ဝိုင်း) 🤝 အေးဆေးစွာ စကားပြောရင်း ဆွေးနွေးခြင်း၊ လက်ဖက်ရည်သောက်သုံးခြင်း ပြုလုပ်နိုင်ရေး လျာထား နေရာဖြစ်ပါသည်။ အခြေအနေအရ အပြောင်းအလဲ ရှိနိုင်ပါသည်။
ဦးဆောင်ပြုလုပ်မည့်သူ - ဆရာဒေးဗစ်ပါရှဲန်း
မဖြစ်မနေ တက်ရောက်ရမည့်သူများ . . .
၁။ ဦးဖြိုးသူရ
၂။ ဦးထွန်းထွန်းနိုင် (အုန်းသီး)
၃။ ဦးပြည့်ဖြိုးကျော် (မီဒီယာ တာဝန်ခံ)
၄။ အသင်း ၈ သင်းမှ တာဝန်ရှိသူ တစ်ဦး/နှစ်ဦး
လိဂ်ကို စိတ်ပါဝင်စားသူများလည်း လာရောက်ဆွေးနွေးနိုင်ပါသည်။
အထူးအနေဖြင့် ဆရာမြတ် ကို ဤနေရာမှ ဖိတ်ကြားလိုက်ပါရစေ။ နီးစပ်ရာ ညီနောင်များ ပြောပေးကြပါ။
အသင်း ၈ သင်းမှ တာဝန်ရှိသူများက မိမိအသင်း၏ အတည်ပြု လူစာရင်းကို တစ်ပါတည်း ယူဆောင်လာပေးကြပါ။
ဆွေးနွေး အကြံပြုလိုသည်များ ကြိုတင် ပြင်ဆင် စဉ်းစားလာပေးကြပါ။
မီဒီယာ တာဝန်ခံ ညီငယ်မှ Player Card ပုံစံ နမူနာကတ်တစ်ခုကို သပ်ရပ်စွာ ဆောင်ရွက်ပြီး ယူလာပေးပါဗျ။
အသင်းလိုက်မှ သိရှိကြောင်းလေး Comment ရေးပေးခဲ့ဖို့ တင်ပြပါရစေခင်ဗျာ။
လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Pyin Oo Lwin
Maymyo