16/09/2024
စပါရဲ့ လက်ရှိ အခြေအနေ
❤️မောင်း၊ဘောဒီ(agent) ❤️
❤️555mix 1unit = 1kyats ❤️
❤️Cb (or) Viber 09696189504 ❤️
❤️Thank a lot of members ❤️
16/09/2024
စပါရဲ့ လက်ရှိ အခြေအနေ
16/09/2024
မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)က ဘုန်းမောက်(ဝ-၁)ချယ်လ်ဆီးပွဲမှာ နှစ်ဖက်အသင်းဟာ အဝါကတ်(၁၄)ကတ်အထိ အပြခံရပါတယ်။
ဒါဟာပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲတစ်ပွဲအတွင်းအဝါကတ်အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။
16/09/2024
အာဆင်နယ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ် စပါး-အာဆင်နယ်ပွဲမှာ မြို့ခံပြိုင်ဘက်စပါးအသင်းကို အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး နောက်ခံလူ ဂါဘရီယယ်က တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ စပါးအသင်းရဲ့တော့တင်ဟမ်ဟော့စပါးကွင်းမှာ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ (၃)ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပြီး ဒီလိုအနိုင်ရတာက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
16/09/2024
အခုတစ်ပတ်ကစားခဲ့တဲ့ ဥရောပဘောလုံးပွဲတွေအနက် မန်စီးတီး(၂ -၁)ဘရန့်ဖို့ဒ်ပွဲမှာ ဘရန့်ဖို့ဒ်တောင်ပံတိုက်စစ်ကစားသမားဝစ်ဆာသွင်းတဲ့ဂိုးက ပွဲစပြီး (၂၂) စက္ကန့်အကြာမှာ သွင်းယူတာဖြစ်လို့ လူပြောများနေပါတယ်။
ဒီဂိုးက ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းကို ပြိုင်ဘက်အသင်းကသွင်းယူတဲ့အမြန်ဆုံးဂိုးအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။
ဒါပေမယ့် မနေ့က ကစားခဲ့တဲ့ဥရောပလိဂ်ပွဲတွေထဲမှာ ဒီဂိုးထက်ပိုမြန်တဲ့ဂိုးရှိနေပါတယ်။ ဘွန်ဒစ်လီဂါပွဲစဉ် ဟော်စတိန်း(၁-၆)ဘိုင်ယန်မြူးနစ်ပွဲမှာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူမူဆီယာလာ သွင်းယူခဲ့တဲ့ဂိုးပါ။ ဂျာမန်ကွင်းလယ်လူ မူဆီယာလာက တန်းတက်ကလပ် ဟော်စတိန်းနဲ့ပွဲမှာ (၁၄)စက္ကန့်ကတည်းက အဖွင့်ဂိုးသွင်းခဲ့တာပါ။
15/09/2024
နိုင်ငံတကာအပြီး လီပါပူးလ်အသင်းကြိုးကြားအဖြစ်ကနေ ကြက်ဖအဖြစ်သို့ ဘဝကူ
15/09/2024
ဒီနေ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄) မန်စီးတီး(၂-၁)ဘရန်ဖို့ဒ်ပွဲမှာ ဘရန့်ဖို့ဒ်အသင်းဘက်ကို မန်စီးတီးတိုက်စစ်မှူးးဟာလန်းသွင်းယူခဲ့တဲ့ ဒုတိယဂိုးကို မန်စီးတီးဂိုးသမားအီဒါဆန်က ဂိုးရှေ့ကနေ အမြင်ရှိရှိနဲ့ လှမ်းကန်ပေးပို့ပြီး ဖန်တီးခဲ့တာပါ။
အီဒါဆန်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု(၄)ကြိမ်အထိရှိသွားပြီဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်အသင်းက ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား အန်တိုနီထက်တောင် တစ်ဂိုးပိုနေပါသေးတယ်။
အန်တိုနီက ပရီးမီးယားလိဂ်မှာ (၅၅)ပွဲကစားထားရာမှာ (၅)ဂိုးသွင်းပြီး (၃)ဂိုးသာ ဖန်တီးထားတာပါ။
အီဒါဆန်အနေနဲ့ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုအများဆုံးဂိုးသမားအဖြစ် စံချိန်တင်ထားတဲ့ အင်္ဂလန်ဂိုးသမား ပေါလ်ရော်ဘင်ဆင်ရဲ့(၅)ဂိုးစံချိန်ကို လိုက်မီဖို့ တစ်ဂိုးသာလိုပါတော့တယ်။
15/09/2024
မနေ့က ဘုန်းမောက်(ဝ-၁)ချယ်လ်ဆီး ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကစားသမားဘ၀ ပွဲဦးထွက်အဖြစ်ပါဝင်ခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုက ပွဲအပြီးအင်တာဗျူးမှာ သူ့ရဲ့အသင်းဟောင်း မန်ယူနိုက်တက်နဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ကိုစောင်းမြောင်း ပြောဆိုသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့က မန်ယူနိုက်တက်အသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ ဒီပွဲမှာချယ်လ်ဆီးအသင်းအတွက်အနိုင်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်ကစားသမား အန်ကွန်ကူရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့တာပါ။
15/09/2024
.
ဒီနေ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄) မန်စီးတီး-ဘရန်ဖို့ဒ်ပွဲမှာ အိမ်ရှင်မန်စီးတီးအသင်းဘက်ကို ဘရန့်ဖို့ဒ်တောင်ပံတိုက်စစ်ကစားသမား ဝစ်ဆာသွင်းယူခဲ့တဲ့အဖွင့်ဂိုးဟာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းကို ပြိုင်ဘက်အသင်းက အမြန်ဆုံးသွင်းယူနိုင်တဲ့ဂိုးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
DR ကွန်ဂိုလက်ရွေးစင်တောင်ပံကစားသမား ဝစ်ဆာဟာ ပွဲအစ (၂၂)စက္ကန့်မှာပဲ မန်စီးတီးအသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် စံချိန်တင်ထားတာကတော့ ၂၀၁၈-၁၉ ရာသီက ဝက်ဖို့ဒ်-ဆောက်သမ်တန်ပွဲမှာ ဆောက်သမ်တန်တိုက်စစ်မှူးရှိန်းလောင်းသွင်းယူခဲ့တဲ့ဂိုးဖြစ်ပါတယ်။
ရှိန်းလောင်းဟာ ပွဲစပြီး (၈)စက္ကန့် မပြည့်ခင်(တိတိကျကျဆိုရရင် ၇.၆၉ စက္ကန့်မှာ) ဝက်ဖို့ဒ်အသင်းဘက်ကို ဂိုးသွင်းယူခဲ့တာပါ။
13/09/2024
မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့ဝေဖန်မှုကို သူဂရုစိုက်နေမှာမဟုတ်ဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ တုံ့ပြန်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ YouTube တွေ့ဆုံခန်းမှာ ဒတ်ခ်ျလူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ ရည်မှန်းချက်မရှိတဲ့သူလို့ ပြောဆိုခဲ့တာပါ။