Diamond Gym

Diamond Gym

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Diamond Gym, Gym/Physical Fitness Center, Myo Shaung Road, Myaenigone, Mawlamyine.

10/02/2026

တစ်လလောက် ခရီးထွက်သွားတဲ့ တပည့်
Gym ပြန်ရောက်လာပုံ🙂

Photos from Diamond Gym's post 31/12/2025

Diamond Gym မိသားစုနဲ့ အဖွဲ့ဝင်များမှ
ယနေ့ 31.12.2025 မှာ မုန့်ဟင်းခါးစတုဒီသာ
မနက် ညနေ နှစ်ကြိမ်တိုင် ဧည့်ခံကျွေးမွေးခဲ့ပါတယ်
လာရောက်သုံးဆောင်သူတဦးတယောက်ချင်းစီတိုင်း
ကိုကျေးဇူးတင်ရှိပါတယ်

Photos from Diamond Gym's post 31/12/2025

ညနေ ၄နာရီ မုန့်ဟင်းခါးစတုဒီသာ
ထပ်ကျွေးအုန်းမှာဖြစ်ပါတယ်
လူမျိုးဘာသာမရွေးလာရောက်
သုံးဆောင်ကြဖို့ ဖိတ်ခေါ်ပေးအပ်တယ်နော် 🤗

30/12/2025

မနက်ဖြန် မနက် (7:20 )လူမျိုးဘာသာ
မရွေးလာရောက်သုံးဆောင်ကြပါရန်
ဖိတ်ကြားအပ်ပါတယ်နော်

29/12/2025

နှစ်သစ်အကြို Diamond Gym မိသားစုနှင့်
Diamond Gym အဖွဲ့ဝင်များမှ စုပေါင်းအလှူ

မုန့်ဟင်းခါး စတုဒီသာ

အချိန် - ( ၃၁.၁၂.၂၅ ) ဗုဒ္ဓဟူးနေ့ ( နံနက် ၇ :၂၀ )

နေရာ - Royal Htar Hotel အနီး Diamond Gym

မုန့်ဟင်းခါးစတုဒီသာအလှူက်ို လူမျိုး
ဘာသာမရွေး မည်သူမဆိုလွတ်လပ်စွာ
လာရောက်သုံးဆောင်နိုင်ကြပါကြောင်း
အသိပေးနှိုးဆော်ပေးလိုက်ပါသည်ရှင်🤗

24/12/2025

ဝိတ်ကျချင်တယ် ဒါမယ့် ဘယ်လိုလုပ်လုပ်မကျဘူးဖြစ်နေလို့ စိတ်ဓာတ်ကျနေတဲ့ ကောင်မလေးတွေအတွက် ကျန်းမာ ကျစ်လစ် သွယ်လျလှပတဲ့ခန္ဓာကိုယ် ရဖို့နဲ့ Confidence ရှိသွားစေဖို့ ခုပဲ Diamond Gym မှာ စာရင်းသွင်းလိုက်တော့နော် 🏋🏻‍♀️🏋🏻‍♀️

ကိုယ့်အတွက် ကိုယ်ပိုင်အချိန်လေး ၁နာရီခွဲ၂နာရီ လောက်ပေးရုံနဲ့ ပြောင်းလဲသွားစေဖို့ လှပသွားစေဖို့အတွက် 💁🏻‍♀️

👉🏻 Personal Trainning ကစားချင်သူများ

👉🏻Weight Loss, Weight Gain ဖြစ်ချင်သူများ

👉🏻Online Training လိုချင်သူများ

👉🏻Workout plan လိုချင်သူများ

👉🏻Diet meal plan လိုချင်သူများ

Diamond Gym ( အမျိုးသမီးသီးသန့် Gym )
( အမျိုးသားသီးသန့် Gym ) မှာ ယုံကြည်မှုရှိတဲ့
ခြေလှမ်းတွေကိုအခုပဲ စတင်လိုက်ပါ💪🏻🏋🏻

💸 30000mmk (for one month)
( PT fees - CB )

⏱️ 7:30 AM to 10:30 AM
3 PM to 7 PM

📆 Mon to Sat (Sunday closed )

☎️ 09942942356

🏠 Diamond GYM မြို့ရှောင်လမ်း၊
မြေနီးကုန်းရပ် Royal Hinthar ဟိုတယ်အနီး၊
အောင်ကလေးဆေးခန်းဘေးမော်လမြိုင်မြို့

👉🏻 Personal Training /Group PT/Online PT
အချိန်ညှိနှုန်းလိုသူများCbတွင်လာရောက်
မေးမြန်းနိုင်ပါတယ်

10/12/2025

မိန်းကလေးတိုင်း ဖြစ်ချင်တဲ့ အမြန်ဆုံးအဆီကျပြီး
ထိရောက်ဖို့အတွက် 🦾🧘‍♀️💯

• 🏋️ လေ့ကျင့်ခန်း နှင့် Cardio ဥပမာ- ပြေးခြင်း၊ အဆီလောင်ကျွမ်းမှု အရှိန်မြှင့်တင်ရန် ပုံမှန်လုပ်သွားပေးဖို့

• Strength Training ကြွက်သားတည်ဆောက်ပြီး ဇီဝကမ္မဖြစ်စဉ် မြှင့်တင်ဖို့အတွက် အစားအသောက်
ကယ်လိုရီ တစ်နေ့တာ လိုအပ်သည်ထက် လျော့ချဖို့

• သကြားနှင့် ကာဗိုဟိုက်ဒရိတ် ဆိုးများ နဲ့ အချိုရည်နှင့် ပြုပြင်ထားသော အစားအစာတွေကို ချက်ချင်းမဟုတ်ရင်တောင် ပုံမှန်ထက် တစ်နေ့ နည်းနည်းစီ လျော့စားပေးဖို့တော့ လိုပါတယ်နော်

• ပရိုတင်းနှင့် အသားဓာတ် အမျှင်ဓာတ် များများစားပေးပြီး အစာခြေစနစ်ကို အထောက်အကူဖြစ်ဖို့

• အိပ်ရေးဝအောင် အိပ်ပါအနည်းဆုံးအိပ်ချိန် (၇နာရီ): ဟော်မုန်းများ မျှတစေဖို့

• စိတ်ဖိစီးမှု ထိန်းချုပ်ဖို့နှင့်ဗိုက်အဆီစုစေသော Cortisol ဟော်မုန်းကို လျှော့ချစေဖို့

25/11/2025

အစာစားချိန် ပြောင်းရုံနဲ့ ကျန်းမာရေးပြောင်းလဲခြင်း "သဘာဝတရားနဲ့ ဆန့်ကျင်ဘက် မလုပ်ပါနဲ့ (မနက်စာနဲ့ ညစာရဲ့ လျှို့ဝှက်ချက်)"
"မနက်စာကို ဘုရင်လိုစား၊ ညစာကို သူတောင်းစားလိုစား" ဆိုတဲ့ ရှေးစကားဟာ သိပ္ပံနည်းကျ အင်မတန်မှန်ကန်ပါတယ်။ ဒါကို Chrononutrition လို့ ခေါ်ပါတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ဇီဝနာရီ (Circadian Rhythm) ရှိပါတယ်။
-မနက်ပိုင်း အင်ဆူလင် (Insulin Sensitivity) တုံ့ပြန်မှု အကောင်းဆုံးအချိန် ဖြစ်တယ်။ ဆိုလိုတာက မနက်ပိုင်းစားတဲ့ အစာကို ခန္ဓာကိုယ်က စွမ်းအင်အဖြစ် ချက်ချင်းပြောင်းလဲပေးပါတယ်။
ညပိုင်း ခန္ဓာကိုယ်က အနားယူဖို့ ပြင်ဆင်နေတဲ့အချိန် ဖြစ်ပါတယ်။ မယ်လာတိုနင် (Melatonin) ထွက်လာချိန်မှာ အင်ဆူလင် ထွက်နှုန်း ကျဆင်းသွားပါတယ်။
သိထားရမည့် အချက် -
ညဉ့်နက်မှ စားတဲ့ ကယ်လိုရီ ၂၀၀၀ နဲ့ မနက်ပိုင်းစားတဲ့ ကယ်လိုရီ ၂၀၀၀ ဟာ တူညီတဲ့ အစားအစာ ဖြစ်နေရင်တောင် ခန္ဓာကိုယ်ထဲမှာ သက်ရောက်ပုံချင်း လုံးဝ မတူပါဘူး။ ညဘက်စားတာက အဆီအဖြစ် စုဆောင်းဖို့ ပိုများပါတယ်။
လက်တွေ့ကျတဲ့ အကြံပြုချက် -
နေဝင်ပြီးရင် အစားလျှော့ပါ။
မနက်စာကို ပရိုတင်း (Protein) ပါအောင် စားပါ။
ညဘက်မှာ ကာဗိုဟိုက်ဒရိတ် (ထမင်း/ဂျုံ) အများကြီး စားမယ့်အစား အသီးအရွက်နဲ့ အသားကို ဦးစားပေးပါ။
ကျန်းမာကြပါစေ။
Crd.

23/04/2025

#ဗိုက်မှာအဆီစုရတဲ့အကြောင်းရင်း
==================

လူကတော့ သိပ်မဝပါဘူး ။ ဒါပေမယ့် စုတဲ့အဆီတွေအကုန်လုံးက ဗိုက်မှာချည်းပဲ ဆိုသူတွေအတွက် ဒီဆောင်းပါးလေးမှာ ဘာကြောင့်ဗိုက်မှာမှအဆီတွေစုရတယ်ဆိုတဲ့အကြောင်းလေးပြောပြချင်ပါတယ်။

ဒီအချက်၆ချက်ထဲက ကိုယ်နဲ့တိုက်ဆိုင်နေတာများရှိရင် စစ်ဆေးပြီးပြုပြင်လို့ရအောင်ပါ။

၁- မျိုးရိုးလိုက်လို့။
ဒီအချက်က အရေးကြီးဆုံးနဲ့ ပြင်ဖို့ခက်တဲ့အချက်ပါ။ မျိုးရိုးထဲမှာ ဗိုက်ပူသူများရင် ကိုယ်လည်း ဗိုက်ပူနိုင်တယ်လို့သာမှတ်ပြီး အမြဲ အစားအသောက်သတိထားသင့်ပါတယ်။

၂- အသင့်စားတွေအစားများလို့။
အသင့်စား Ready Made တွေ အလွယ်စား Fast Food တွေမှာ ကယ်လ်လိုရီတွေ များများပိုပါ ပါတယ်။ ဗိုက်ပူနေသူတွေအနေနဲ့ အိမ်မှာချက်တဲ့လတ်ဆက်တဲ့ အစားအစာတွေကိုစားသင့်ပါတယ်။

၃- အိပ်ချိန်နည်းလို့။
မအိပ်တော့ မဝဘူးပေါ့လို့များထင်ရင် မှားနေပါပြီနော်။ အတော်များများဗိုက်ပူတဲ့သူတွေဟာ အိပ်ချိန် နည်းလို့ အိပ်ချိန်မမှန်တဲ့သူတွေဖြစ်တာတွေ့ရပါတယ်တဲ့။

၄- စိတ်ဖိစီးမှုများလို့။
"ဟယ်သူက အလုပ်တွေများပြီး စိတ်ဖိစီးမှုတွေသာများတယ် ဗိုက်လေးကျပူလို့၊ ပိန်လည်းမပိန်ပါလား"ဆိုတာ စိတ်ဖိစီးမှုက ထုတ်တဲ့ Cortisol ဟော်မုန်းကြောင့် ဖြစ်ပါတယ်။

၅- ရောဂါရှိနေလို့။
တကယ်လို့ သင်ဟာအမျိုးသမီးဖြစ်မယ်။ ရာသီမမှန်ဘူး။ဗိုက်မှာအဆီစုနေမယ်။ အမွှေးအမျှင်ထူနေမယ်ဆိုရင် မျိုးဥအိမ်ထဲရေအိတ်တွေရှိနေတဲ့ Polycystic Ovarian Syndrome ခံစားနေရတာဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။

၆- လှုပ်ရှားမှုနည်းလို့၊ အထိုင်များလို့။
အဆီပိုတွေမရှိဖို့က တက်ကြွတဲ့လူနေမှုပုံစံလိုအပ်ပါတယ်။ တစ်နေကုန်အထိုင်များနေမယ်ဆို ဗိုက်နဲ့ ပေါင်နေရာမှာ အဆီပိုတွေစုလာမှာ သေချာပါတယ်။

Photos from Diamond Gym's post 18/04/2025

2 Months Body Transformation 👏🏻💪🏻

190lb ➡️ 176lb

ကြိုးစားမှုရဲ့ရလဒ် 14 lb ကျသွားခြင်း 😍

Body transformation အတွက် နောက်ကျ
နေပြီးဆိုတာမရှိပါဘူးနော် အမှန်တကယ်
အစပြုလိုက်ဖို့ပဲလိုပါတယ်နော်

Diamond Gym ( အမျိုးသမီးသီးသန့် Gym )
( အမျိုးသားသီးသန့် Gym )

🔥Weight Loss / Weight Gain / Fat Loss /
Diet meal plan / Personal Trainning /
Group PT ကစားချင်သူများ🔥

💸 25000mmk (for one month)
( PT fees - CB )

📆 Mon to Sat (Sunday closed )

☎️ 09942942356

🏠 Diamond GYM မြို့ရှောင်လမ်း၊
မြေနီးကုန်းရပ် Royal Hinthar ဟိုတယ်အနီး၊

Want your business to be the top-listed Gym/sports Facility in Mawlamyine?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Myo Shaung Road, Myaenigone
Mawlamyine
110101

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 07:00 - 19:00