12/08/2026
မတူညီတဲ့ ဆိုင်ကယ် နှစ်စီး နဲ့
mood နှစ်မျိုး 🤘🏼
ညနေခင်း စီးမျော
Myanmar Lady Biker (MLB) Official Page
12/08/2026
မတူညီတဲ့ ဆိုင်ကယ် နှစ်စီး နဲ့
mood နှစ်မျိုး 🤘🏼
ညနေခင်း စီးမျော
29/07/2026
ပန်းလောင် ဆိုပီး ဘယ်ရောက်လာကြတာလဲလို့
ဘယ်နေရာလဲ ပြောပေးကြဦး
😜😜😜😜😜
I’m like ,”hey what’s up hello 👋 👋👋
05/07/2026
မနေ့က Cheerful Adventure အဖွဲ့ရဲ့
4th years Anniversary လေးကို
MLB Lady တွေ Join ဖစ်တာလေး ပါ။
ပျော်ခဲ့ရပါတယ် ခုလို ပွဲလေးကို invite လုပ်တဲ့
တွက်လည်း Cheerful Adventure Gp ကိုလည်း
ကျေးဇူးတင်ပါတယ် 😇😇😇။
ဓါတ်ပုံ အမိုက်စားတွေရိုက်ပေးတဲ့
အကို ကိုလည်း ကျေးဇူးတင်ပါတယ် 😇။
20/06/2026
ပျော်ခဲ့ရသော 😇 bike and breakfast meet လေး😇
20/06/2026
MLB lady တွေ join ဖစ်ခဲ့တာလေးး😇
05/05/2026
MLB lady rider နှစ်ယောက်ရဲ့
motocross adventure လေးကို join ဖစ်ခဲ့ခြင်းပါ
အခုလိုမျိုး lady rider တွေ အနေနဲ့ စိတ်ဝင်စားတယ်
Join ချင်တယ်ဆိုရင် motocross adventure
ရဲ့ TickTock page နဲ့ fb page တွေမှာ သိလိုရာများကို
ဆက်သွယ်စုံစမ်းပီးမေးမြန်းနိုင်ပါတယ် 😇
Lady တွေလည်း ဒါမျိုး ဖြုတ်ကြည့် $ရမါးမိုက်တဲ့
Feel တခု ရလာလိမ့်မယ် မကြောက်နဲ့ ဘဝမှာ
မိန်းကလေးဆိုပီး တွေးမနေနဲ့ ချသာချ အားပေးပါတယ်
Lady rider တွေကို ဒီ့ထက်ပိုပီး လုပ်နိုင်စွမ်းကို ချပြစေ
ချင်တဲ့ စေတနာနဲ့ ပြောပြခြင်းဖြစ်ပါတယ် 🫶🏻🫶🏻🫶🏻
မန်းလေး to ငွေဆောင် ခရီးစဉ် မှတ်တမ်းအတိုချုပ်
တကယ်တမ်းသွားမယ်ဆိုတဲ့ ဒီခရီးစဉ်လေးက အများကြီးထဲ့စဉ်းစားစရာတွေ များပါတယ် ဘာလို့ဆို ပုံမှန် မန်းလေး တောင်ကြီး သွားနေကြ လိုမျိုး လမ်းကြောင်းကို သိနေတာမျိုးမဟုတ်တာကော မိန်းကလေးတွေ ချည်းသွားကြမှာဖစ်ပီး ခရီးရှည်ကြီး ဖစ်နေလို့ပါပဲ အာ့အတွက် ကြိုတင်ပြင်ဆင်မှု့များကတော့ လုပ်သွားရတာပါပဲ
မန်းလေးကနေ မနက်အစော ၄:၄၅ မိနစ်မှာ စထွက်တယ်
မိတ်ထီလာကို ၇ နာရီဝန်းကျင် ရောက်တယ် မနက်စာစားတယ် လမ်းမှာဆီကို ကျတော့်ဘီးရယ် မမျိုးဘီးရယ်ကိုက ဆီဂိတ်မရတဲ့တွက် ၃နာရီခြား တခါနားပီး ဆီဖြည့်ကြပါတယ် လမ်းမှာ နားတဲ့ နားချိန်ကတော့ပုံသေ
မရှိပူးပေါ့နော် ဗိုက်ဆာရင် တွေ့တဲ့ဆိုင် ကောင်းမယ်ထင်တာ ဝင်စားလိုက်တယ် ရေဆာလာရင် ဖရဲသီးဆိုင်
ရပ်နားပီး စားခဲ့ကြတယ် အသွားလမ်းခရီး ပဲခူးထိ လမ်းကြောင်းကော လမ်းကြောကောက အေးအေး
ဆေးဆေးနဲ့ ညနေ ၅နာရီကို ပဲခူးရောက်ခဲ့ပါတယ်
ပဲခူးမှာတည်းခဲ့ တဲ့ Bago Hintar hotel လည်းတော်တော်လေးအဆင်ပြေခဲ့ပါတယ်
နောက်ရက်မနက်
အစောပဲခူး ကနေ ထွက်ပီး ရန်ကုန်ကို မှော်ဘီဘက်ကနေ ဖြတ်ပီး ထွက်ခဲ့ကြပါတယ် အာ့မှာ တော်တော် ကြာကြာ ပတ်လိုက်ရပါတယ် လမ်းကြောင်းကကွေ့ပတ်လိုက်ရတာ
ဆိုတော့ ရန်ကုန်ကနေ အထွက် မနက် ၉နာရီကျော်မှ မနက်စာစားပီး ပုသိမ်ထိ တောက်လျောက်မောင်းခဲ့ကြတာပါ လမ်းမှာ တနေရာလေးပဲ တားပီး ဘယ်သွားမလဲ မေးပီး ကျန်တာကတော့ အားလုံးအေးဆေးလေးပါပဲ
လမ်းမှာလည်း ဆိုင်ကယ် နဲ့ ခရီးသွားကြတဲ့ စီနီယာ တွေကိုလည်း တွေ့ခဲ့ပါတယ် တချို့တွေကလည်း မေးနေကြတာမိန်းကလေးတွေချည်းပဲ မောင်းပီး လာကြတာမို့ အံ့ဩနေကြတာလည်းရှိပါတယ် ဒီလိုနဲ့ ပုသိမ်ကိုရောက်လာပီး ညနေ ၃ နာရီခန့်မှာ
Welcome to Ngwe Saung ရှေ့ကိုရောက်လာပီး တည်းရမယ့်ဟိုတယ် လိပ်စာကို ပြန်ကျိပီး ပုံရိုက်ပီး ဟိုတယ်ဆီရောက်ခဲ့ကြပါတယ် ငွေဆောင်မှာ lady rider တွေ 4ညအိပ် ၅ ရက် ကြာခဲ့ပါတယ်
နောက်ရက်ငွေဆောင်ကနေ မနက် ၁၁နာရီ က စထွက်ခဲ့ကြပါတယ် အပြန်လမ်းမှာ ပန်းတနော် နဲ့ ညောင်တုန်းကြားကတော့ အသွားကော အပြန်ကော လမ်းပြင်နေတာဆိုတော့ ဖေးဖေး မောင်းခဲ့ကြရပါတယ်
ရန်ကုန်ကို ညနေ ၄နာရီမှာ ရောက်ခဲ့ပီး Yangon hotel မှာ ညအိပ်ဖစ်အောင်ဆိုပီး တညအိပ်နားခဲ့ကြပါတယ် (တကယ်က မကောင်းပါပူး ဘာလို့ဆို အချိန်ပုပ်သွားတယ်လို့ခံစားရပါတယ် ပြန်အထွက်မှာ) အပြန်လမ်းက
ရာသီဉတုပူတဲ့ အတွက် အသွားတုန်းကလောက် မောင်းမကောင်းခဲ့ကြတော့ပါပူး ခိနခိန နားဖစ်ခဲ့ကြပါတယ် ရေလည်း တအားဆာကြပါတယ် ၂နာရီခြားတခါကို နားမိကြတော့တာပါပဲ နောက်ဆုံး မိတ်ထီလာမှာပဲ တည
ထပ်အိပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ပင်ပန်းနေကြပီမို့ တညနားပီးမှပဲ နောက်ရက် မနက်အစော မှာ အလုပ်တွေ ဝင်ကြမှာ ရှိတဲ့အတွက် ထွက်ခဲ့ကြပီး
မန်းလေးကို ၈နာရီ ပြန်ရောက်ခဲ့ကြပါတယ်
ကဲ lady တွေရဲ့ ပထမဆုံး long trip ဖစ်တဲ့ မန်းလေးငွေဆောင် ခရီးစဉ်လေးကတော့ ပီးပါပီရှင် လမ်းခရီးတစ်လျောက် လုံးမှာကတော့အခက်အခဲမရှိ
အောင်မြင်စွာနဲ့ ပြန်လာခဲ့နိုင်ကြပါတယ်ရှင်
နောက်နောင်လည်း ခုလို ခရီးရှည်မျိုး ထွက်နိုင်အောင်ကိုလည်း များကြီးကြိုးစားပါဦးမယ်ရှင်😇😇😇😇😇
01/03/2026
မန်းလေး to ငွေဆောင် (part-1)
long trip ကိုဆိုင်ကယ်တွေနဲ့
သွားခဲ့တဲ့ lady riders (4) ဦးရယ် နဲ့
အကြောင်းကြောင်းတွေကြောင့် ဆိုင်ကယ် နဲ့
မလိုက်ဖစ်ရတော့ပဲ ကားနဲ့ လိုက်ခဲ့လိုက်ရတဲ့
Lady rider (2)ဦးရယ် အားလုံး အဆင်ပြောပြေချောချော
မွေ့မွေ့နဲ့ ခရီးစဉ်လေး အောင်မြင်ခဲ့ပါတယ်
ကျွန်မရဲ့ lady တွေကိုလည်း ကျေးဇူးတင်ပါတယ်
တချက်မှ မညီးညူးပဲ မောင်းနိုင်ကြလို့😍
ပီးတော့ ဆိုင်ကယ်တွေကလည်း တစီးမှ မတူနေပူး😇
(ADV/racing/naked/classic)😇😇😇
အာ့လို မတူညီပေမဲ့လည်း တစီးနဲ့ တစီး လိုက်လျော
ညီထွေပီး မောင်းနိုင်ခဲ့ကြပါတယ် လမ်းတစ်လျောက်လုံး
မှာလည်း ဘီးပေါက်ခြင်း စက်ရပ်ခြင်း တခုမှ မဖစ်တာကို
လည်း အရမ်းကျေးဇူးတင်ပါတယ် 😇
#မန်းလေးtoငွေဆောင်