Wolves Club Gym & Fitness

Wolves Club Gym & Fitness

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wolves Club Gym & Fitness, 32ndStreet , Bet 75*76 Street, Mandalay.

17/08/2026

🌞ကစားသမားတစ်ယောက်အတွက် လေ့ကျင့်ရေး၊ အာဟာရနဲ့ အနားယူခြင်း🌕
ကြွက်သားထွက်ဖုဖို့နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် လေ့ကျင့်ခန်းလုပ်ရုံ၊ စနစ်တကျ စားသောက်ရုံနဲ့ မပြီးသေးပါဘူး။ "ကောင်းမွန်စွာ အိပ်စက်ခြင်းနဲ့ အနားယူခြင်း" ဟာလည်း မရှိမဖြစ် လိုအပ်တဲ့ သုံးပွင့်ဆိုင်သော့ချက်တစ်ခု ဖြစ်ပါတယ်။
ကြွက်သားသစ်များ တည်ဆောက်ခြင်း: ကြွက်သားတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ပျက်စီးသွားပြီး ကောင်းစွာအိပ်စက်အနားယူချိန် (Deep Sleep) ရောက်မှသာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ပိုမိုကြီးထွားလာတာဖြစ်ပါတယ်။

Growth Hormone ထွက်ရှိခြင်း: အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ Growth Hormone အများဆုံးထွက်ရှိပြီး ခန္ဓာကိုယ်ဆဲလ်တွေကို ပြန်လည်အားဖြည့်ပေးပါတယ်။
ဒဏ်ရာရရှိမှု လျှော့ချပေးခြင်း: လုံလောက်တဲ့ အနားယူမှုမရှိရင် အာရုံစိုက်မှုနည်းပါးလာပြီး လေ့ကျင့်ခန်းလုပ်စဉ် ဒဏ်ရာရလွယ်ပါတယ်။

"Gym မှာ ကြွက်သားကို ပျက်စီးအောင်လုပ်တယ်၊ အစားအသောက်က အာဟာရဖြည့်ပေးတယ်၊ အိပ်စက်ခြင်းက ကြွက်သားကို ကြီးထွားစေတယ်။

🏋️‍♂️ Wolves Club Gym & Fitness (Online Services)
Gym သို့ တိုက်ရိုက် မလာရောက်နိုင်သော ကစားသမားများနှင့် အဝေးရောက် ကစားသမားများအတွက်လည်း မိမိတို့၏ Fitness Goals များကို အကောင်အထည်ဖော်နိုင်ရန်

အောက်ပါ Online Programs များကို စီစဉ်ပေးထားပါပြီ -

🎯 Online Program: မိမိနှင့် ကိုက်ညီမည့် Workout Plan & Meal Plan များ

👥 Online Group Training: စနစ်တကျ အဖွဲ့လိုက် လေ့ကျင့်နိုင်မည့် Program

👤 Online One-on-One Training: သီးသန့် အသေးစိတ် training ပေးမည့် Personal Coaching

Wolves Club Gym & Fitness ၌ မိမိ၏ Fitness ခရီးစဉ်ကို အကောင်းဆုံး စတင်လိုက်ပါ။

05/08/2026

🚨 WOLVES CLUB GYM – ONLINE COACHING & VIDEO CALL PERSONAL TRAINING 🚨
Gym မလာနိုင်လို့ သင့်ရဲ့ Fitness Goal ကို လက်မလျှော့လိုက်ပါနဲ့။ ❌
ဘယ်နေရာမှာပဲရှိရှိ… အိမ်မှာပဲဖြစ်ဖြစ်၊ ခရီးထွက်နေရင်းပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ Professional Coaching နဲ့အတူ လိုချင်တဲ့ ခန္ဓာကိုယ်ကို ပုံဖော်နိုင်ပါပြီ။ 💪
🎯 ONLINE COACHING PROGRAM မ်ာ ဘာတွေပါဝင်မလဲ?
✅ Customized Workout Program
(Muscle Gain / Fat Loss / Body Recomposition မိမိ Goal အလိုက် သီးသန့်ဆွဲပေးခြင်း)
✅ Nutrition & Diet Plan (မိမိနဲ့ ကိုက်ညီမယ့် စားသောက်နည်း တွက်ချက်ပေးခြင်း)
✅ Cardio & Conditioning Plan
✅ Weekly Progress Check-in (အပတ်စဉ် တိုးတက်မှုကို စစ်ဆေးပြီး Program ပြင်ဆင်ပေးခြင်း)
✅ Workout Form Correction (Video မှတစ်ဆင့် Form မှန်/မမှန် စစ်ဆေးအကဲဖြတ်ပေးခြင်း)
✅ 24/7 Messenger Support & Accountability Coaching
📹 VIDEO CALL PERSONAL TRAINING (1-on-1 Direct Training)
Gym ထဲမှာ Coach နဲ့ အတူတူ လေ့ကျင့်နေသလိုမျိုး Video Call ကနေ အနီးကပ် တိုက်ရိုက် သင်ကြားပေးမှာ ဖြစ်ပါတယ်။
• Exercise Form များကို တစ်ချက်ချင်း အနီးကပ် စစ်ဆေးပေးခြင်း
• ဒဏ်ရာ (Injury) မရအောင် မှန်ကန်သော Technique များ သင်ကြားပေးခြင်း
• အမှားများကို ချက်ချင်း ပြင်ဆင်ပေးပြီး Motivation အပြည့်ပေးခြင်း
📌 ဒီ Program က ဘယ်သူတွေနဲ့ ကိုက်ညီလဲ?
• ဝိတ်ချချင်သူများ / ကြွက်သားတက်ချင်သူများ
• Body Shape သိသိသာသာ ပြောင်းလဲချင်သူများ
• နည်းစနစ်မှန်မှန် စကစားချင်သည့် Beginner များ
• Competition ပြိုင်ပွဲအတွက် စနစ်တကျ ပြင်ဆင်ချင်သူများ
• အလုပ်များပြီး Gym သွားဖို့ အချိန်မရှိသူများ
🔥 ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က Program တစ်ခု ရောင်းတာမဟုတ်ပါဘူး… သင့်မှာ အမှန်တကယ် Result ထွက်လာအောင် ကူညီပေးဖို့ပါ။ 🔥
📩 Program Details & Fees အသေးစိတ်သိရှိရန် Page Messenger မှာ "ONLINE" လို့ စာပို့လိုက်ပါ။
Wolves Club Gym & Fitness
Train Smart. Stay Consistent. Get Results.

04/08/2026

🐺 Wolves Club Gym & Fitness Center 🏋️‍♂️

-Bodybuilding သမားတစ်ယောက်အနေနဲ့ ပြိုင်ပွဲဝင်မလား?
-အဆီကင်းပြီး ကြွက်သားထုစစ်စစ်နဲ့ လှပတဲ့ Body Shape ကို ပိုင်ဆိုင်ချင်တာလား?

-ဒါမှမဟုတ် သွယ်လျပြီး လူတိုင်း အားကျငေးမောရတဲ့ ခန္ဓာကိုယ် အချိုးအစားကို လိုချင်တာလား?

-ခန္ဓာကိုယ် ကိုယ်ဟန်အမူအရာ (Posture) မညီမညာဖြစ်တာနဲ့ အဆစ်အမြစ်များ မသန်မာတာတွေကိုပါ စနစ်တကျ ပြုပြင်ထိန်းကျောင်းပေးဖို့ Wolves Club Gym ရှိပါတယ်!

Wolves Club Gym ဟာ အပြောနဲ့မဟုတ်ဘဲ ရလဒ်နဲ့ သက်သေပြနေတာပါ!"

ကစားသမားနဲ့ Coach ကြား နားလည်မှုအပြည့်နဲ့ စနစ်တကျ လေ့ကျင့်ပေးပြီး၊ သင်မျှော်မှန်းထားတဲ့ Fitness Goals တွေကို သိပ္ပံနည်းကျကျ အကောင်အထည်ဖော် တည်ဆောက်ပေးနေပါတယ်။

✨ ကျနော်တို့ Gym ရဲ့ အားသာချက်များ
International Certification ရရှိထားသော အတွေ့အကြုံရင့် Coach များ၊
International ပြိုင်ပွဲဝင် အတွေ့အကြုံရှိ ပရိုဆရာများမှ စနစ်တကျ သင်ကြားပြသပေးခြင်း၊

💰 Member Fees
1 Day Pass: 8,000 Ks
1 Week Pass: 30,000 Ks
1 Month: 80,000 Ks
2 Months: 160,000 Ks
3 Months: 250,000 Ks (+ 1 Month Free! 🎁)
💪 Personal Training Fees
1 Month: 400,000 Ks (Gym ကြေး သီးသန့်)

⏰ Opening Hours (ဖွင့်ချိန်များ)

မနက်ပိုင်း: 6:00 AM – 11:00 AM
ညနေပိုင်း: 3:00 PM – 7:00 PM

❌ တနင်္ဂနွေနေ့တိုင်း Gym ပိတ်ပါသည်။

📍 ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်
🏬 Address: ၃၂ လမ်း၊ ၇၅ x ၇၆ လမ်းကြား၊ မန္တလေးမြို့။
📞 Phone: 09-968541670

👉 Wolves Club Gym & Fitness Center ကို အခုပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်! 🐺🔥

28/07/2026

📢 အသိပေးကြေညာချက်

ဝါဆိုလပြည့်နေ့ အထိမ်းအမှတ်အဖြစ်
(၂၉.၇.၂၀၂၆ - ဗုဒ္ဓဟူးနေ့)

Wolves Club Gym & Fitness
တစ်ရက်ပိတ်မည်ဖြစ်ပါသည်။

၃၀.၇.၂၀၂၆ (ကြာသပတေးနေ့) တွင် ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်။

ကျေးဇူးတင်ရှိပါသည်။

Photos from Wolves Club Gym & Fitness's post 28/06/2026

Wolves don't perform in the circus. We rules the stage! 🐺🏆

ဒီနှစ် ရွှေမန်းမောင်ပြိုင်ပွဲမှာ ကျနော်တို့ Wolves Club Team အနေနဲ့ အသားကုန် ကြိတ်ပြီး အကောင်းဆုံး ချပြခဲ့ကြတယ်။
65kg Category - 3rd Place (တတိယဆု) 🥉
60kg Category - Brought the Best Condition on Stage! 💯

ပြိုင်ပွဲဝင်ဖို့ Prep ကာလတစ်ခုလုံး နာကျင်မှုတွေ၊ ဆာလောင်မှုတွေကို အံကြိတ်ဖြတ်ကျော်ပြီး စင်ပေါ်မှာ တကယ့် ‘ဝံပုလွေ’ တွေလို မာန်အပြည့်နဲ့ သက်သေပြသွားနိုင်ခဲ့တယ်။ ဆုတံဆိပ်ထက် ညီကိုတို့ပြခဲ့တဲ့ Condition နဲ့ စိတ်ဓာတ်က ပိုပြီး တန်ဖိုးရှိပါတယ်။

I’m very proud of you, my guys! You did the absolute best.

ဒါဟာ အစပဲရှိသေးတယ်... နောက်ပွဲတွေအတွက် ဒီထက်ပိုကြမ်းတဲ့ ပုံစံနဲ့ ပြန်လာခဲ့မယ်။

&fitness

31/05/2026

ဝိတ်ကျချင်တာလား၊ ဝိတ်တက်ချင်တာလား၊ ဒါမှမဟုတ် အမိုက်စား Body Transformation တစ်ခုကို ပိုင်ဆိုင်ချင်တာလား? 🏋️‍♂️✨

အားလုံးပဲ မင်္ဂလာပါဗျာ... Wolves Club Gym & Fitness ကနေ ကြိုဆိုလိုက်ပါတယ်။

ခန္ဓာကိုယ်အချိုးအစားကို စိတ်တိုင်းကျ ပြောင်းလဲဖို့အတွက် အထိရောက်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းက ဘာလဲသိလား? အဖြေကတော့ Weight Training (အလေးမပြီး ကစားတာ) ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ Wolves Club ရဲ့ အဓိက အားသာချက်နဲ့ Focus ကတော့ Weight Training ကို စနစ်တကျ ဦးစားပေးပြီး သင့်ရဲ့ စိတ်ကူးထဲက ခန္ဓာကိုယ် (Dream Body) ကို အကောင်းဆုံး တည်ဆောက်ပေးဖို့ပဲ ဖြစ်ပါတယ်။
💪 ဝိတ်ကျပြီး ကျစ်လစ်ချင်သူများအတွက် လိုအပ်တဲ့ ကြွက်သားထု တည်ဆောက်ပေးခြင်း
💪 ပိန်လွန်းလို့ ဝိတ်တက်ပြီး ဗလတောင့်ချင်သူများအတွက် စနစ်တကျ လမ်းညွှန်ပေးခြင်း
💪 Body Transformation ကို တကယ်ဖြစ်မြောက်အောင် အနီးကပ် ပံ့ပိုးပေးခြင်း

ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ပုံစံတစ်ခုအဖြစ် ပြောင်းလဲဖို့ အချိန်မဆွဲပါနဲ့တော့။ ဒီနေ့ပဲ Wolves Club မှာ လာရောက်ပြီး သင့်ရဲ့ Fitness Journey ကို စတင်လိုက်ပါ။ 🐺🔥

📥 အသေးစိတ်ကို Page Messenger ကနေ အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျာ။

09/04/2026

🌼 မင်္ဂလာပါခင်ဗျာ 🌼

နှစ်သစ်ကူးသင်္ကြန်အခါသမယတွင်
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်အတူ
ပျော်ရွှင်စရာအချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေဟု
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏

🏋️‍♂️ Wolves Club Gym & Fitness မှ
11.4.2026 မှ 19.4.2026 အထိ
နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်အဖြစ်
ယာယီပိတ်ထားမည်ဖြစ်ပါသည်။

📅 20.4.2026 (Monday) တွင် ပုံမှန်အတိုင်း
ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။

သင်္ကြန်ကာလကို လုံခြုံစိတ်ချစွာဖြင့်
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ 💦✨

&fitness

09/03/2026

လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ပိန်ဖို့ပဲလား?

လူအများစုက Gym ဝင်ရင်
“ဝိတ်ချမယ်” ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ပဲ စတင်ကြတယ်။

ဒါပေမယ့် တကယ်တော့
လေ့ကျင့်ခန်းလုပ်တာ = ပိန်ဖို့တစ်ခုတည်း မဟုတ်ပါဘူး။

ပထမဆုံးအရေးကြီးဆုံးက
ကျန်းမာရေး ဖြစ်ပါတယ်။
• နှလုံးအားကောင်းလာမယ်
• သွေးလည်ပတ်မှုကောင်းလာမယ်
• Stress လျော့မယ်
• ကိုယ်ခန္ဓာစွမ်းအား တိုးလာမယ်

ဒါတွေက Exercise ရဲ့ အခြေခံအကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

အဲဒီနောက်မှ
Transformation ဆိုတာ လာပါတယ်။
• ပိန်ချင်တဲ့သူ → ပိန်နိုင်တယ်
• ဝိတ်တက်ပြီး Muscle တက်ချင်တဲ့သူ → တက်နိုင်တယ်
• Body Shape လှချင်တဲ့သူ → လှလာနိုင်တယ်

Gym ဆိုတာ
လူတိုင်းကို တူတူပုံစံတစ်ခုတည်း မပြောင်းပါဘူး။

Gym က
မင်းဖြစ်ချင်တဲ့ version ကို ဖန်တီးပေးတဲ့နေရာပါ။

ဒါကြောင့်
ပိန်ဖို့ပဲ မစဉ်းစားပါနဲ့။

ကျန်းမာဖို့ စတင်ပါ။
Transformation က နောက်က လိုက်လာပါလိမ့်မယ်

&fitness
-nca

16/02/2026

🐺 Wolves Club Gym & Fitness (For Girls 💖)

Mdy မြို့ရဲ့အချက်ကျတဲ့နေရာမှာ
မိန်းကလေးတွေ စိတ်ချလက်ချ လာကစားနိုင်တဲ့ Gym ✨

👩‍🏫 International Certified Trainers
Form မှန်မှန်၊ Safe ဖြစ်အောင်
Body Shape လှလှလေးရအောင် စနစ်တကျသင်ပေးပါတယ်။

💗 Client မဟုတ်ပါဘူး — Family ပါ
ဆရာတွေက judge မလုပ်ဘူး
Support ပေးတယ်၊ Encourage လုပ်ပေးတယ်
Confidence တက်လာအောင် လက်တွဲပေးတယ်။

🏋️‍♀️ Goal တွေဘာလဲ?
• Weight Loss
• Waist ကျစေချင်တယ်
• Hip & Glute Shape လှချင်တယ်
• Tone ဖြစ်ချင်တယ်

ဘယ်လို Goal ဖြစ်ဖြစ်
Step by Step ပုံဖော်ပေးပါတယ် ✨

❄️ AC အေးအေးနဲ့
ပူပြင်းတဲ့ရာသီမှာလည်း အေးဆေးကစားနိုင်
🚗 ကား / 🛵 ဆိုင်ကယ်ပါကင် ကျယ်ဝန်းစွာ စီစဉ်ထားပါတယ်။

🌸 “Pretty is good…
But Strong & Confident is Powerful.” 🌸

Transformation ဖြစ်ချင်ရင်
Wolves Club ကို လာပါ 💖

24/01/2026

🐺 Your New Body Starts Here – Wolves Club Gym & Fitness 🐺

သင့်ရဲ့ ခန္ဓာကိုယ်ကို ပြောင်းချင်တယ်ဆိုရင်
ဒီနေ့က စတင်ဖို့ အကောင်းဆုံးနေ့ပါ 🔥

“နောက်မှလုပ်မယ်” ဆိုတဲ့ အတွေးက
သင့်ရဲ့ အိပ်မက်နဲ့ ပန်းတိုင်ကို နောက်ကျစေတတ်ပါတယ်…
ဒါကြောင့် Wolves Club Gym & Fitness မှာ
ဒီနေ့ပဲ စလိုက်ပါ 🏋️‍♂️

ဒီမှာတော့
👉 Beginner ဖြစ်လည်း OK
👉 အရင်က မကစားဖူးလည်း OK
👉 Body ပြောင်းချင်စိတ်ရှိရင် အားလုံး OK 💯

Wolves Club Gym & Fitness က
သင်ကို
• Training Form မှန်အောင် သင်ပေးမယ်
• Muscle တိုးဖို့ Workout Plan ပေးမယ်
• Fat လျော့ဖို့ Nutrition Guide ပေးမယ်
• စိတ်ဓာတ်မကျအောင် Team Support ပေးမယ် 🤝

ဒီ Gym က
Body changes ပြုလုပ်ပေးရုံ တင်မက
သင့်ရဲ့ Confidence, Energy, Lifestyle ကိုပါ
Level Up လုပ်ပေးမယ့်နေရာပါ 🔥

သင့်ရဲ့ အကောင်းဆုံး Version က
ဒီ Gym ထဲမှာ စောင့်နေပါတယ် 🐺💪

👉 Don’t wait. Start now.
👉 Train with Wolves Club Gym & Fitness

📍 Address: 75:32, Mandalay (Mdy)
📞 Phone / Page Messenger: 09 968 541 670

🐺 Join the Pack.
🐺 Become stronger with Wolves Club Gym & Fitness.

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


32ndStreet , Bet 75*76 Street
Mandalay