29/08/2026
🔵 ဘာစီလိုနာရဲ့ အနာဂတ်က
လူငယ်တွေရဲ့လက်ထဲမှာ! 🔥
မနေ့ညက ကမ့်နူးကွင်းမှာ ဘာစီလိုနာရဲ့ လူငယ်အင်အားစုက ပရိသတ်တွေကို အံ့အားသင့်စရာ မြင်ကွင်းတစ်ခု ပြသခဲ့ပါတယ်။ 😱⚽️
ပွဲထွက်လူစာရင်းတစ်ခုလုံးရဲ့ ပျမ်းမျှအသက်ဟာ ၂၃ နှစ်ကျော်သာရှိခဲ့တာ ဖြစ်ပြီး၊ ရာဖင်ဟာ တစ်ဦးတည်းသာ ၂၀ ရာစုအတွင်း မွေးဖွားထားတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ကျန်ကစားသမားတွေကတော့ ၂၁ ရာစုမှာ မွေးဖွားလာတဲ့ လူငယ်ကြယ်ပွင့်တွေချည်းပါပဲ။ 🌟
အတွေ့အကြုံရှိတဲ့ ကစားသမားတွေထက် လူငယ်တွေရဲ့ အရည်အချင်းကို ယုံကြည်ပြီး အခွင့်အရေးပေးနေတဲ့ ဘာစီလိုနာရဲ့ လမ်းကြောင်းကတော့ အနာဂတ်အတွက် စိတ်ဝင်စားစရာကောင်းနေပါတယ်။
လူငယ်တွေကို ဒီလောက်အထိ ယုံကြည်ပေးတာက ဘာစီလိုနာအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်လာမလား? 👀
💬 ဘာစီလိုနာရဲ့ ဒီလူငယ်မျိုးဆက်ထဲက ဘယ်သူက အနာဂတ်စတားအကြီးစား ဖြစ်လာမယ်လို့ထင်လဲ?
29/08/2026
အသက် ၄၀ နီးပါးအထိ ရောက်လာပေမယ့် ဂျီရူးရဲ့ အရှိန်က မလျော့သေးပါဘူး။ 🇫🇷🔥
ဘောလုံးလောကမှာ အသက်အရွယ်ကြီးလာတာနဲ့အမျှ စွမ်းဆောင်ရည်ကျဆင်းလာတတ်ပေမယ့် အိုလီဗီယာ ဂျီရူးကတော့ အဲဒီအယူအဆကို ဆန့်ကျင်ပြနေဆဲပါ။
ပြင်သစ်လိဂ်ရဲ့ ပထမဆုံးပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဒုတိယပွဲမှာလည်း PSG နဲ့ ရင်ဆိုင်ခဲ့ရာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးပြီး သူ့ရဲ့အတွေ့အကြုံကို ထပ်မံပြသခဲ့ပါတယ်။ ⚽👏
မကြာခင် အသက် ၄၀ ပြည့်တော့မယ့် ကမ္ဘာ့ဖလားချန်ပီယံဟာ လူငယ်ကစားသမားတွေအတွက်ပါ အတုယူစရာဖြစ်အောင် အမြင့်ဆုံးအဆင့်မှာ ဆက်လက်ရပ်တည်နေဆဲပါ။
အချိန်က ဂျီရူးကို မနိုင်သေးပါဘူး။ 🫡
29/08/2026
🚨 SIUU မလုပ်မိတော့ မာနေးက သတိပေးလိုက်ရတဲ့ ရော်နယ်ဒို 😂❤️
ဂိုးသွင်းပြီးနောက် ရော်နယ်ဒိုက ထုံးစံအတိုင်း အောင်ပွဲမခံသေးဘဲ ကွင်းဘေးမှာ နည်းပြတွေနဲ့ စကားပြောရင်း ရေသောက်နေခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ မာနေးက ရော်နယ်ဒိုဆီလာပြီး SIUU လုပ်ဖို့ မမေ့နဲ့ဦး ဆိုတဲ့ပုံစံနဲ့ သတိပေးခဲ့တာကြောင့် ရော်နယ်ဒိုလည်း ချက်ချင်း သတိရသွားခဲ့ပါတယ်။ 😂
နောက်ဆုံးမှာတော့ ပြေးထွက်လာပြီး ပရိသတ်တွေမျှော်လင့်နေကျ သူ့ရဲ့နာမည်ကျော် SIUU အောင်ပွဲ ကို ပြန်လည်ပြသခဲ့ပါတယ်။ 🐐🔥
မာနေးကတော့ Ronaldo ရဲ့ SIUU ကိုတောင် မမေ့အောင် သတိပေးနေရပြီ 😂❤️
29/08/2026
⚽ လီဗာပူး 🆚 နော်တင်ဟမ် ဖောရက်စ် 🔥
Liverpool က အိမ်ကွင်း Anfield မှာ ကစားရမှာဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုက အသင်းအတွက် အားသာချက်ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
တိုက်စစ်ပိုင်းမှာလည်း Liverpool ရဲ့ အရည်အသွေးက Forest ထက် ပိုမိုသာလွန်တာကြောင့် ပွဲကို ထိန်းချုပ်နိုင်မယ်လို့ မြင်ပါတယ်။
တစ်ဖက်မှာ Nottingham Forest ကလည်း အလွယ်တကူ လျှော့တွက်လို့မရတဲ့ အသင်းဖြစ်ပြီး တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးတွေ ဖန်တီးနိုင်ပါတယ်။ Liverpool အနေနဲ့ Forest ရဲ့ တန်ပြန်တိုက်စစ်ကို သတိထားကစားဖို့ လိုပါမယ်။
ဒါပေမယ့် အိမ်ကွင်းအားသာချက် + အသင်းအရည်အသွေး + တိုက်စစ်ပိုင်း တွေကို စုပေါင်းကြည့်မယ်ဆိုရင် Liverpool ဘက်က ပိုပြီး အသာရမယ်လို့ မြင်ပါတယ်။
🎯 ခန့်မှန်းချက် >> လီဗာပူး
🔥
28/08/2026
🏆 ဖလားထက် ပိုတန်ဖိုးရှိတဲ့ မာကွင်ဟို့စ်ရဲ့ လုပ်ရပ် ❤️
PSG အသင်း ချန်ပီယံလိဂ်အောင်ပွဲကို ရရှိခဲ့တဲ့အချိန်မှာ အသင်းခေါင်းဆောင် မာကွင်ဟို့စ်က ထူးခြားတဲ့ လုပ်ရပ်တစ်ခုကို ပြသခဲ့ပါတယ်။
ဖလားအောင်ပွဲကို အတူတူဆင်နွှဲဖို့ အသင်းဖော်တွေဆီ မသွားဘဲ ပင်နယ်တီလွဲခဲ့တဲ့ ဂါဘရီရယ်ဆီကို တန်းတန်းမတ်မတ် သွားရောက်ခဲ့တာပါ။ 🫂
မာကွင်ဟို့စ်က ဂါဘရီရယ်ကို ပွေ့ဖက်အားပေးခဲ့ပြီး ပင်နယ်တီတစ်ကြိမ် လွဲခဲ့တာကြောင့် ရာသီတစ်လျှောက် သူကြိုးစားခဲ့သမျှတွေကို မေ့ပျောက်မသွားသင့်ကြောင်း အားပေးစကား ပြောခဲ့ပါတယ်။
ဒီလို အသင်းဖော်အပေါ် ထောက်ပံ့ပေးနိုင်တဲ့ စိတ်ဓာတ်ကြောင့် UEFA ကလည်း မာကွင်ဟို့စ်ကို “Respect: Beyond The Game Award” နဲ့ ဂုဏ်ပြုခဲ့ပါတယ်။ 🏆
ချန်ပီယံဆိုတာ ဖလားကိုင်မြှောက်နိုင်သူတင်မဟုတ်ပါဘူး။
အောင်ပွဲရနေချိန်မှာ ရှုံးနိမ့်နေသူတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်သူက ပိုပြီး ကြီးမြတ်တဲ့ ချန်ပီယံပါ။ ❤️
27/08/2026
⚽ မန်ယူပွဲအတွက် ခန့်မှန်းပြီး
ဆုကြေးငွေ ယူလိုက်ပါ 🏆
👇 ခန့်မှန်းရန် Comment မှာ ဖြေဆိုခဲ့ပါ..
27/08/2026
🔥 အပျော်တမ်း ခန့်မှန်းပြီး ဆုကြေး
၂ သိန်း ရယူလိုက်ပါ! 🏆
⚽ မန်ယူပွဲအတွက် ခန့်မှန်းပြီး ဆုငွေယူလိုက်ပါ 👀
⚽ ဘောလုံး Group တစ်ခုမှာ /Like,Share လုပ်သွားရပါမည်။
👉 ခန့်မှန်းရန် Telegram Channel ရဲ့ Comment Box ထဲ ဝင်ရောက်ဖြေဆိုပါ။
⚽ ခန့်မှန်းရန် Comment မှာ Link 👇
26/08/2026
🏆 Bruno Fernandes တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိ
Bruno Fernandes က 2026 PFA Players’ Player of the Year ဆုကိုထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ 🏆🔴
⚽️ 2025/26 ရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် အရေးပါတဲ့ ခြေစွမ်းတွေ ပြသခဲ့ပြီး အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာပါ။
👏 Bruno ဒီဆုနဲ့ ထိုက်တန်တယ်လို့ ထင်ပါသလား? 🤔👇
#ဘောလုံးသတင်း
26/08/2026
🔵 ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့
စီးပွားရေးက ထူးရှယ်ပဲ! 💰
ဆွစ်ဇာလန်ကနေ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားဟာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲ ပါဝင်ကစားခဲ့ပေမယ့် သွင်းဂိုးကတော့ ၃ ဂိုးသာ ရရှိခဲ့ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးဘက်ကတော့ ပေါင် ၄၅ သန်း နဲ့ နော်တင်ဟမ်ဖောရက်စ်ထံ ပြန်လည်ရောင်းချနိုင်ခဲ့တာကြောင့် ပေါင် ၁၅ သန်းအထိ အမြတ်ရရှိခဲ့ပါတယ်။ 📈
⚽ ဂိုး ၁ ဂိုးအတွက် ကုန်ကျခဲ့တဲ့ တန်ဖိုးက ပေါင် ၁၀ သန်းဝန်းကျင်!
ကွင်းထဲမှာတော့ ခြေစွမ်းက မထင်ရှားခဲ့ပေမယ့် အပြောင်းအရွှေ့ဈေးကွက်မှာတော့ ချယ်လ်ဆီးက အမြတ်ထွက်အောင် လုပ်ပြနိုင်ခဲ့ပြန်ပါပြီ။ 😎💙
#𝘀𝗽𝗼𝗿𝘁𝘀𝟴𝟵𝟵
26/08/2026
🚨 ဒမ်ဘီလီကို PSG အနားပေး ဒဏ်ရာမဟုတ်ပါ❤
PSG ရဲ့ အဓိကတိုက်စစ်ကစားသမား ဒမ်ဘီလီ ဟာ လာမယ့် လိုင်လီနဲ့ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒဏ်ရာရရှိထားတာကြောင့်တော့ မဟုတ်ပါဘူး။
ပွဲစဉ်တွေ ဆက်တိုက်ကစားနေရတဲ့ ဒမ်ဘီလီရဲ့ ခန္ဓာကိုယ်အခြေအနေကို အကောင်းဆုံးထိန်းသိမ်းနိုင်ဖို့ အသင်းဘက်က ၇ ရက်ခန့် အနားယူခွင့်ပေးထားတာ ဖြစ်ပါတယ်။ အားပြန်ဖြည့်ပြီးနောက် အသင်းနဲ့ ပြန်လည်ပူးပေါင်းသွားမယ်လို့ သိရပါတယ်။ ⚽💚
အရေးပါတဲ့ ကစားသမားတစ်ဦးကို ကြိုတင်အနားပေးတာက ရာသီရှည်ကြာလာချိန်မှာ ပင်ပန်းနွမ်းနယ်မှုကြောင့် ခြေစွမ်းကျဆင်းမသွားအောင် PSG ဘက်က စီမံထားတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ 👏