18/08/2026
MCTA Chan Thar Myanmar Private School
ကျောင်းတွင်းပြိုင်ပွဲ (G-3,G-4) တွင် ပထမဆုကို
ထိုက်ထိုက်တန်တန် ရရှိခဲ့ပါသော Genius Chess Centre မှ သမီးလေး Sofia အား အထူးပင်ဂုဏ်ယူ
ဝမ်းမြောက် ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်
ပါသည်။
05/08/2026
စစ်တုရင် သင်တန်း (Chess Class)
ဩဂုတ်လ (August) တန်းခွဲအသစ်များ စာရင်းစတင်လက်ခံနေပါပြီ
ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် အကောင်းဆုံး အားကစားနည်းပညာ ဖြစ်တဲ့
စစ်တုရင်အားကစားနည်းပညာကို
Genius Chess Centre ကနေ
အတွေ့အကြုံရင့် လက်ရွေးစင် မာစတာ ဆရာများမှ
အစဉ်တစိုက် သင်ကြားပေးလျက်ရှိပါတယ်
အွန်လိုင်းမှသော်လည်းကောင်း
မြေပြင်သော်လည်းကောင်း
တစ်ဦးချင်း တက်လိုသည်ဖြစ်စေ
Group နှင့် တက်လိုသည်ဖြစ်စေ
အချိန် ၊ နေ့ရက် များ ညှိနှိုင်း၍
တက်ရောက်သင်ကြားနိုင်ပါတယ် ခင်ဗျာ
August လတွင် စတင်ဖွင့်လှစ်မယ့် Group Class တန်းခွဲအသစ်များ
1. 8pm to 9pm (Sat & Sun)
2. 8pm to 9pm (Wed & Thurs)
3. 7pm to 8pm (Mon & Tues)
4. 7pm to 8pm (Thurs & Fri)
5. 6pm to 7pm (Sat & Sun)
6. 6pm to 7pm (Wed & Thurs)
စုံစမ်းရန်
1. Page Messenger
2. 09976860475 (Ph Call & Viber)
3. 09759464454 (Ph Call & Viber)
4. 09422373255 (Ph Call & Viber)
28/07/2026
🙏🙏🙏ဝါဆိုလပြည့်🙏🙏🙏
ကျောင်းပိတ်ရက်ကြေငြာခြင်း
-----------------------------------------
မင်္ဂလာပါ သားသားမီးမီးတို့ရေ....
၂၀၂၆ခုနှစ် ၊ ဇူလိုင်လ(၂၉)ရက်နေ့ (ဗုဒ္ဓဟူးနေ့)သည်
ဒုတိယဝါဆိုလပြည့်နေ့ ( ဓမ္မစကြာနေ့ )ဖြစ်ပြီး အများ
ပြည်သူ ရုံးပိတ်ရက်ဖြစ်သည့်အတွက်
မြေပြင်သင်တန်း(ON CAMPUS /Home Guide)
Online သင်တန်း (Individual/Group) များအားလုံး
တစ်ရက် ပိတ်ပေးထားမည်ဖြစ်ပါသည်။💁
27/07/2026
Congratulations 🎉✨ပါ သားသား၊မီးမီးတို့ 🤍🤍🤍
𝐒𝐢𝐭𝐡𝐮 𝐋𝐰𝐢𝐧 & 𝐓𝐡𝐢 𝐇𝐚𝐧 𝐒𝐨𝐞 𝐌𝐞𝐦𝐨𝐫𝐢𝐚𝐥 Rapid Chess
Tournament တွင် Best women ဆုရရှိပါသော သမီးလေး မင်းအမရာဝတီ၊ U-18(boy) First ရရှိပါသော သားသား ရဲသူရဟိန်း နှင့် U-18(girl)Firstရရှိပါ
သောသမီး လေးဆောင်းဝတ်မှုံဦးတို့အား အထူးပင်ဂုဏ်
ယူဝမ်းမြောက်ရပါကြောင်းနှင့်ေနာက်ထပ်နောက်ထပ်
ပြိုင်ပွဲများမှာလည်း ယခုကဲ့သို့ကြိုးစားယှဉ်ပြိုင်ပြီး အောင်မြင်မှုများဆက်လက်ရရှိပါစေကြောင်း GCC မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။
24/07/2026
မန္တလာ တက္ကသိုလ် (၂၀၂၅/၂၆)
ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ(အမျိုးသား၊အမျိုးသမီး)စစ်တုရင်ပြိုင်ပွဲကို ၂၃.၇.၂၀၂၆မနက်၉နာရီတွင်ကျင်းပပြုလုပ်ခဲ့ရာဒုတိယပါမောက္ခချုပ်ဆရာမကြီးနှင့် ပါမောက္ခ (ဌာနမှူး)ဆရာကြီး၊ဆရာမကြီးများမှ တက်ရောက် အားပေးချီးမြှင့်ခဲ့ပါသည်။
ဒိုင်ချုပ် အဖြစ် FM ကျော်လေးထိုက်(NA)- (GCC)
အကူဒိုင်များအဖြစ် ဦးနေထက်မင်း(NA)- (GCC) နှင့်
ဦးစည်သူအောင်(NA) - (GCC) တို့မှ ဆောင်ရွက်ပေးခဲ့ပါသည်။
ပွဲစဉ်များအပြီးတွင် FMဆရာကျော်လေးထိုက်(GCC)မှ
ပြိုင်ပွဲဝင် ကစားသမား ၁၀ ဦးနှင့်သရုပ်ပြပွဲ ကစားပေးခဲ့ရာ ဒုတိယပါမောက္ခ ချုပ် ဆရာမကြီးနှင့် ပါမောက္ခ(ဌာနမှူး)များမှ လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။
18/07/2026
📢📢အာဇာနည်နေ့ 🇲🇲
ကျောင်းပိတ်ရက်ကြေငြာခြင်း
-----------------------------------------
မင်္ဂလာပါ သားသားမီးမီးတို့ရေ....
၂၀၂၆ခုနှစ် ၊ ဇူလိုင်လ(၁၉)ရက်နေ့ (တနင်္ဂနွေနေ့)သည်
အာဇာနည်နေ့ ဖြစ်ပြီး အများပြည်သူ ရုံးပိတ်ရက်ဖြစ်
သည့်အတွက်
မြေပြင်သင်တန်း(ON CAMPUS /Home Guide)
Online သင်တန်း (Individual/Group) များအားလုံး
တစ်ရက် ပိတ်ပေးထားမည်ဖြစ်ပါသည်။💁
12/07/2026
ကျောက်ဆည်နည်းပညာတက္ကသိုလ် စစ်တုရင်ပြိုင်ပွဲ
၉.၇.၂၀၂၆ ရက်နေ့မှ ၁၂.၇.၂၀၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဖလားစစ်တုရင်ပြိုင်ပွဲကို ကျနော်တို့ GCC မှ ဒိုင်အဖြစ် ကူညီဆောင်ရွက်ခဲ့
29/06/2026
Congratulations 🎉🎉🎉
၂၄.၆.၂၀၂၆ မှ ၂၈.၆.၂၀၂၆ အထိ ကျင်းပခဲ့သော
"Invitational Tournament FIDE Rated Open"
စစ်တုရင်ပြိုင်ပွဲတွင် ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သော ကျွန်တော်တို့ သင်တန်းမှ ဆရာ စည်သူအောင်အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
Photo Credit to Chess Snap
20/06/2026
Congratulations 🤍🤍🤍 ပါ သမီး Saung Wutt Hmone Oo
Olympic Day Rapid Chess Tournament တွင်
Girl -3rd ရရှိခဲ့ပါသော သမီး Sofia အား အထူးပင်ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းနှင့်ေနာက်ထပ်နောက်ထပ် ပြိုင်ပွဲများမှာလည်း ယခုကဲ့သို့ကြိုးစားယှဉ်ပြိုင်ပြီး အောင်မြင်မှုများဆက်လက်ရရှိပါစေကြောင်း GCC မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။