WXC 3D jewel Design

WXC  3D jewel Design

Share

3D Jewel Design Training သင်တန်းသားတိုင်း ကျွမ်းကျင်စေမှာ WXC စေတနာ

01/09/2026

ယခုပဲ ဒီ app ကို Download လုပ်ထားလိုက်ဗျာ





#ရွှေပန်းတိမ်

30/08/2026

ရွှေချိန် ၂ပဲကျော်လက်စွပ်လေး

ပါ—





#ရွှေပန်းတိမ်

# Taunggyi

29/08/2026

ဒီနေ့မှာတော့ 3D ပညာရပ်ဟာ

စက်ပန်းထိမ်လုပ်ငန်းရဲ့

ဘယ်အပိုင်းမှာပါဝင်နေသလဲဆိုတာ

မျှဝေပေးလိုက်ပါတယ်…

3D Design ဆိုတာ ကွန်ပျူတာထဲမှာ

လှလှပပပုံဆွဲတာတစ်ခုတဲ့နဲ့

မဟုတ်ပါဘူး…ယနေ့ခေတ်

စက်ပန်းထိမ်လုပ်ငန်းတစ်ခုလုံးရဲ့

အရေးကြီးတဲ့ Production Process

တစ်ခု အဖြစ် 3D Jewel Design

ပညာရပ်က ပါဝင်လာပါပြီ။

အရင်တုန်းကတုန်းတော့ဗျာ

ကျွန်တော်တို့ လက်နဲ့ဖယောင်းထွင်း

ပုံစံဖန်တီးပြီး ထုတ်လုပ်ခဲ့ရတဲ့

အလုပ်တွေကို ယနေ့မှာ 3D Design

နဲ့ ပိုမိုမြန်ဆန်၊ တိကျပြီး ပြန်လည်

ပြင်ဆင်ရလွယ်ကူအောင်

လုပ်ဆောင်နိုင်ပါတယ်။

ဥပမာဗျာ Customer က လက်စွပ်

တစ်ကွင်း၊ ဆွဲကြိုးတစ်ခု၊

နားကပ်တစ်စုံကို မှာယူတဲ့အခါ

Design ဆွဲမယ် →

အတိုင်းအတာသတ်မှတ်မယ်

→ Weight ခန့်မှန်းမယ် →

Stone Setting စီမံမယ် →

3D Print ထုတ်မယ် →

Casting လုပ်မယ် →

နောက်ဆုံး ရွှေထည်အဖြစ်

ထုတ်လုပ်မယ်ဗျာ

ဒီလုပ်ငန်းစဉ်ထဲမှာ 3D Designer

က အစပိုင်းနဲ့ Design တွေကို

ထုတ်လုပ်မှုကြားက အရေးကြီး

တဲ့ချိတ်ဆက်ပေးသူ

တစ်ယောက်ဖြစ်ပါတယ်။

ဒါကြောင့် 3D Jewel Design

ပညာတတ်ထားတဲ့သူတစ်ယောက်

ဟာ ကိုယ်တိုင် Jewelry Design

လုပ်နိုင်ရုံတင်မကဘဲ

Jewelry Shop တွေ

Jewelry Workshop တွေ

Casting လုပ်ငန်းတွေ

3D Printing Service တွေ

Jewelry Brand တွေ မှာပါ

ကိုယ့်ရဲ့ကျွမ်းကျင်မှုကို

အသုံးချနိုင်ပါသေးတယ်

အရေးကြီးတာက…

Customer ရဲ့ Idea ကို

နားလည်ပြီး ထုတ်လုပ်လို့ရမယ့်

Design ဖြစ်အောင် ပြောင်းပေးနိုင်ရပါမယ်

ပီးတော့ အတိုင်းအတာမှန်ရမယ်

ရွှေ Weight ကို စဉ်းစားတတ်ရမယ်

Stone Setting ကို နားလည်ရမယ်

Casting အတွက် သင့်တော်တဲ့

Model ဖြစ်အောင် ပြင်ဆင်တတ်ရပါမယ်။

ဒီအရည်အချင်းတွေ ရှိလာတဲ့အခါ…

ကိုယ်ပိုင် Design အော်ဒါလက်ခံပြီး

ဝင်ငွေရှာနိုင်သလို၊ တခြား Jewelry

လုပ်ငန်းတွေအတွက် Design Service

ပေးပြီးလည်း ဝင်ငွေရှာနိုင်ပါတယ်။

အလုပ်တစ်ခုတည်းကိုပဲ

မှီခိုနေရတာထက် ကိုယ့်ရဲ့ 3D Skill

ကို အခြေခံပြီး ဝင်ငွေလမ်းကြောင်း

အမျိုးမျိုး ဖန်တီးနိုင်တာ က

ဒီပညာရပ်ရဲ့ တန်ဖိုးတစ်ခုပါ။

ဒါကြောင့်…မိုလို စက်ပန်းထိမ်လုပ်ငန်း

ထဲမှာ 3D Design က

တကယ်လိုအပ်ရဲ့လား?”

ဆိုရင် အရမ်းကို လိုအပ်ပါတယ်။

ပြီးတော့ အနာဂတ်မှာ ပိုပြီး

အရေးပါလာမယ့် ပညာရပ်

တစ်ခုလည်း ဖြစ်ပါတယ်။

သင်ကလည်း Jewelry Design

ကို စိတ်ဝင်စားတယ် 3D ပညာရပ်ကို

သင်ယူပြီး အလုပ်အကိုင်

အခွင့်အလမ်းတွေ ဖန်တီးချင်တယ်

Customer Order တွေကို

ကိုယ်တိုင် Design ဆွဲပြီး

လက်တွေ့ထုတ်လုပ်နိုင်တဲ့

အဆင့်အထိ သွားချင်တယ်ဆိုရင်

တစ်နေရာတည်းမှာ Design ကနေ

Production အထိ နားလည်အောင်

စနစ်တကျသင်ယူဖို့ လိုပါတယ်။

ကျွန်တော်တို့ရဲ့ WXC 3D Jewel Design

သင်တန်း မှာလည်း 3D Design

ပညာရပ်ကို အခြေခံကနေ

လက်တွေ့အသုံးချနိုင်တဲ့အဆင့်အထိ

စနစ်တကျ သင်ကြားပေးနေပါတယ်။

3D Design သင်ပြီးရင် ဘာလုပ်လို့ရမလဲ

ဘယ်လိုအလုပ်အကိုင်အခွင့်အလမ်းတွေရှိလဲ

ကိုယ့်ပညာနဲ့ ဘယ်လိုဝင်ငွေရှာမလဲ

ဆိုတာတွေကို တစ်နေရာတည်းမှာ

သိချင်တယ်ဆိုရင်

3D Jewel Design ပညာရပ်ကို

ဒီနေ့ကတည်းက စတင်လေ့လာလိုက်ပါ။

သင့်ရဲ့ လက်ထဲက Skill

တစ်ခုဟာနောက်ပိုင်းမှာ အလုပ်အကိုင်

တစ်ခု၊ ဝင်ငွေလမ်းကြောင်းတစ်ခု

ကိုယ်ပိုင်လုပ်ငန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။





#ရွှေပန်းတိမ်

26/08/2026

ဒီလို လက်ဝတ်ရတနာရDesign တွေကို Computer ထဲမှာ ကိုယ်တိုင်ဖန်တီးတတ်ချင်လား...





#ရွှေပန်းတိမ်

26/08/2026

3D Jewel Design သင်ချင်ပေမယ့်

ဘယ်ကနေစရမလဲ

မသိသေးသူများအတွက်…

ကျွန်တော်သိထားတတ်ထား

သမျှလေးပြောပြပါမယ်ခင်ဗျာ

ဆရာကြီးတွေကိုတော့လေးစားလျက်ပါဗျ😀

လူကြီးမင်းတို့အကျိုးရှိသွားတယ်

ဗဟုသုတတွေရသွားမယ်ဆိုရင်

ကျွန်တော်ကျေနပ်ပါတယ်ခင်ဗျာ

ယခုစာကို ဖတ်နေတဲ့သူ

3D Jewel Design ကို

စိတ်ဝင်စားတယ် သင်ချင်တယ်

ဒါပေမယ့် ဘယ်ကနေစရမလဲ

ဆိုတာ မသိသေးဘူးဆိုရင်

ဒီအချက်တွေကို အရင်နားလည်ထားဖို့

လိုပါတယ်ခင်ဗျာ

ပထမဆုံး Computer

ကျွမ်းကျင်ဖို့၊

ပုံဆွဲတတ်ဖို့၊

ရွှေပန်းတိမ်ပညာ

အပြည့်အစုံတတ်ဖို့ မလိုပါဘူးဗျ

ဒါတွေက သင်ယူရင်း

တဖြည်းဖြည်း

တိုးတက်လာနိုင်တဲ့ ပညာရပ်တွေပါ

မိမိဒီလောကထဲဝင်ဖို့

စတင်တဲ့အခါ ပထမဆုံး

Jewelry Design ရဲ့

အခြေခံသဘောတရား

ကို နားလည်ထားဖို့

လိုပါတယ်ခင်ဗျာ

တကယ်လို့ ဒီထဲမှာပါတဲ့

အကြောင်းအရာတွေက

ဘာတွေရေးထား

မှန်းမသိဘူးဆိုရင်

ကျွန်တော်တို့သင်တန်းမှာ

အသေးစိတ်သိလိုမျှ

အားမနာစတမ်းမေးလို့ရပါတယ်

ကျွန်တော် လူကြီးမင်းတို့သိချင်တာ

အကုန်ပြောပြပါမယ်

ဆက်သွား ရအောင်ဗျာ😁

ဥပမာဗျာ လက်စွပ်၊

နားကပ်၊

ဆွဲကြိုး၊

လက်ကောက်တွေကို

ဘယ်လိုဖွဲ့စည်းတည်ဆောက်

ဖန်တီးကြတာလဲ…

ဒါတွေကို အရင်လေ့လာ ထားရမယ်ဗျ

ရွှေထည် ကျောက်ထည် စိန်ထည်

အချိုးအစား၊

အထူအပါး၊

အချိုးညီမှု၊

ကျောက်အရွယ်အစားနဲ့

ဒီဇိုင်းဖွဲ့စည်းပုံ တွေကို

စတင်လေ့လာရပါမယ်။

ပြီးရင် 3D CAD Software

ကို စနစ်တကျ လေ့လာပါလို့

တိုက်တွန်းပါရစေ

ဥပမာဗျာ Rhino မှာ

Command တွေကို

အလွတ်ကျက်တာထက်

Curve တည်ဆောက်ခြင်း

→ Surface ဖန်တီးခြင်း → Solid Modeling → Boolean ပြုလုပ်ခြင်း → Detail ထည့်ခြင်း

ဒါလေးနားလည်ထားရင်ကောင်းပါတယ်

ဆိုတော့ ရွှေထည်

စိန်ထည်

ကျောက်ထည်တွေရဲ့

Modeling Logic ကို

နားလည်အောင် လေ့ကျင့်ရပါမယ်။

ဒါတင်မကသေးပါဘူး

တကယ့်

Professional Jewelry Designer

ဖြစ်ချင်ရင် Goldsmith Knowledge

ကိုပါ တဖြည်းဖြည်း လေ့လာရပါမယ်။

ဘာကြောင့်လဲဆိုတော့

Computer ထဲမှာ လှတဲ့

Model တစ်ခု ဆွဲနိုင်တာနဲ့

လက်တွေ့ထုတ်လုပ်လို့ရတဲ့

Jewelry ဖြစ်တာ မတူလို့ပါ

ဒါကကျွန်တော်

အမြဲပြောလေ့ရှိတဲ့စကားပါ

အရေးကြီးလို့ပြောနေတာပါ

Stone Setting,

Casting,

Polishing,

Wax Carving,

3D Printing စတဲ့

ထုတ်လုပ်မှုအဆင့်တွေကို

နားလည်လာတဲ့အခါ

ကိုယ်ဆွဲတဲ့ Design ကို

လက်တွေ့အမြင်နဲ့

စဉ်းစားနိုင်လာပါမယ်။

နောက်ဆုံးမှာတော့

လေ့ကျင့်မှု က အရေးကြီးဆုံးပါ။

Tutorial ကြည့်ရုံနဲ့ Designer မဖြစ်ပါဘူး။

နေ့တိုင်း Model

တစ်ခုချင်းစီ ဆွဲပါ။

အမှားလုပ်ပါ။မကြောက်ပါနဲ့

ပြန်ပြင်ပါ။

ကိုယ့် Design ကို

ကိုယ်တိုင် သုံးသပ်ပါ။

ဒီလိုနဲ့

Beginner → Intermediate → Professional

ဆိုပြီး တဖြည်းဖြည်း တက်သွားရမှာပါ။

ဒါကြောင့် 3D Jewel Design

သင်ချင်ပေမယ့်

ငါက ဘာမှမသိသေးဘူးဆိုပြီး

မစိုးရိမ်ပါနဲ့။

အစကနေ စနစ်တကျ

သင်ယူမယ်ဆိုရင် ရပါတယ်။

အရေးကြီးဆုံးက

ဘယ်လောက်သိပြီးသားလဲ

မဟုတ်ပါဘူး။

ဘယ်လောက်စိတ်ဝင်စားပြီး

ဘယ်လောက်မှန်မှန်

လေ့ကျင့်မလဲဆိုတာပါ။

3D Jewel Design ကို

စိတ်ဝင်စားနေပြီဆိုရင်…

စတင်ဖို့အကောင်းဆုံးအချိန်က

တစ်နေ့နေ့ မဟုတ်ပါဘူး....

ဒီနေ့ပါ။





#ရွှေပန်းတိမ်

23/08/2026

ရွှေပန်းတိမ်ပညာမတတ်ဘဲ

3D Jewel Design သင်လို့ရလား?

အမေးများဆုံးမေးခွန်းကို ဖြေပေးလိုက်ပါပြီ

ကျွန်တော်အမြင်တစ်ခုထဲအရ သင်လို့ရပါတယ်ဗျ

3D Jewel Design

စတင်လေ့လာဖို့

ရွှေပန်းတိမ်ပညာကို အရင်ဆုံး

ကျွမ်းကျင်ပြီးမှ ပညာသင်ပီးမှ

စရမယ်ဆိုတာ မဟုတ်ပါဘူးခင်ဗျာ

ဒါပေမယ့် 3D Designer

တစ်ယောက်အနေနဲ့

ရွှေပန်းတိမ်ပညာကို

ထိုက်သင့်သလောက်နားလည်ထားဖို့က

လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ Computer

ထဲမှာ Design တစ်ခု

လှအောင်ဆွဲတာနဲ့ လက်တွေ့မှာ

ရွှေထည်တစ်ခုအဖြစ်

ထုတ်လုပ်နိုင်တာက မတူပါဘူး

ဥပမာဗျာ လက်စွပ်တစ်ကွင်းရဲ့

အထူအပါး၊ ကျောက်တပ်မယ့်နေရာတွေ

လက်တွေ့ဖြတ်တောက်အထိုင်ချ

ပြုပြင်ရမယ့်နေရာ၊

တံစဉ်းနဲ့ ပွတ်တိုက်ပြီးချောခြစ်

လုပ်နိုင်မယ့် အနေအထား

စတာတွေကို သိထားမှ

ထုတ်လုပ်ရလွယ်တဲ့ Design

ကျွန်တော်တို့ဖန်တီးနိုင်မှာဖြစ်ပါတယ်

ဒါကြောင့် ကျွန်တော့်တစ်ယောက်ထဲ

အမြင်မှာတော့ရွှေပန်းတိမ်မတတ်လို့

3D Design သင်လို့မရနိုင်တာ မဟုတ်ပါဘူး။

3D Design သင်ယူရင်းနဲ့

ရွှေပန်းတိမ်ပညာရပ်ကိုပါ

တဖြည်းဖြည်းနားလည်လာဖို့

ကြိုးစားဖို့ပဲ လိုတာပါ။

တကယ့် Professional Designer

ဆိုတာ Computer ထဲမှာ

Design ပုံလှအောင်ဆွဲတတ်ဖို့ထက်

ကိုယ်ဆွဲလိုက်တဲ့ Design ကို

တကယ့်ရွှေထည်/စိန်ထည်/ကျောက်ထည်

အဖြစ် ဘယ်လိုဖန်တီးရမလဲ

ဆိုတာကိုပါ နားလည်ထားတဲ့သူ

ဖြစ်ရပါတယ်။ဒါကြောင့်

ရွှေပန်းတိမ်ပညာ

မသိသေးလို့ နားမလည်သေးလို့

မတတ်သေးလို့ မစိုးရိမ်ပါနဲ့ဗျ

မသိတာကို သင်ယူပြီး၊

သိလာတာကို 3D Design

ထဲမှာ ပြန်အသုံးချနိုင်အောင်

လေ့ကျင့်ဖို့ပဲလိုအပ်တာပါ

အဲဒီလို ပန်းတိမ်ပညာနဲ့

3D ပညာကို ပေါင်းစပ်နိုင်တဲ့အခါ

သင်ဖန်တီးတဲ့ Design ရဲ့

တန်ဖိုးက တစ်ဆင့်ပိုမြင့်လာပါလိမ့်

မယ်။

[ သင်တန်းနဲ့ အလုပ်ရုံလိပ်စာ ]

49 Aလမ်း 120 လမ်း ပြည်ကြီးတံခွန်မြို့နယ်
မန္တလေးမြို့

[ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်များ ]

09962239473
09760966866
09987039392
ဆက်သွယ်နိုင်ပါတယ်။
3D သင်တန်းကိိုစိတ်ဝင်စားသူတွေ့အတွက်
Telegram ကိုJion ထားပါ
👇👇👇
https://t.me/wxc3D

#သင်တန်းတက်မယ် #ပညာသင်ယူခြင်း

21/08/2026

Computer သိပ်မကျွမ်းတဲ့သူတွေ

3D Jewel Design သင်လို့ရလား..?

ကျွန်တော်ကိုComputer သိပ်မကျွမ်းဘူး

Mouse တောင် ကောင်းကောင်းမကိုင်တတ်ဘူး

ဒါဆို 3D Jewel Design သင်လို့ရပါ့မလား

ဒီမေးခွန်းကို ကျွန်တော်ကို

အများကြီးခနခနကြားရပါတယ်

ဒီနေ့တော့ခနခနမေးနေကြတဲ့

သိချင်နေကြတဲ့မေးခွန်းကို

ဖြေပေးလိုက်ပါပြီ

ကျွန်တော်အမြင်ကတော့

သင်လို့ရပါတယ်ဗျာ

ဘာကြောင့်လဲဆိုတော့

3D Jewel Design သင်တာက

Computer ကျွမ်းကျင်ပြီးသား

ဖြစ်ဖို့ကို အခြေခံထားတာ

မဟုတ်ပါဘူးဗျ

အရေးကြီးတာက Computer

ကို အရင်ကတည်းက ကျွမ်းကျင်

နေဖို့မဟုတ်ဘဲ သင်ယူနိုင်တဲ့စိတ်နဲ့

အဆင့်ဆင့်လေ့ကျင့်နိုင်ဖို့ ပဲဖြစ်ပါတယ်

တကယ်တော့ 3D Jewelry Design

ဆိုတာ Computer ပညာရပ်

သက်သက်လည်း မဟုတ်ပါဘူး။

Jewelry Design + CAD Modeling + Goldsmith Knowledge + Manufacturing Workflow တွေ ပေါင်းစပ်ထားတဲ့ ပညာရပ်တစ်ခုပါ။

အစပိုင်းမှာ Mouse ကို

ဘယ်လိုအသုံးပြုရမလဲ၊

Keyboard Shortcut တွေ

ဘယ်လိုသုံးရမလဲ၊

File တွေ ဘယ်လို Save /

Open လုပ်ရမလဲ၊

Software Interface ကို

ဘယ်လိုနားလည်ရမလဲ…

ဒီလို Basic Computer Operation

တွေကနေ စတင်ပြီး

တဖြည်းဖြည်း CAD Workflow

ထဲကို ဝင်သွားနိုင်ပါတယ်။

ပြီးရင်တော့

2D Curve → 3D Geometry → Surface Modeling → Solid Modeling → Boolean Operation → Jewelry Detailing → Stone Setting Preparation → STL Export

ဆိုတဲ့ Modeling Process တွေကို

အဆင့်ဆင့် လေ့လာသွားရပါတယ်။

ဒါကြောင့် Computer

မကျွမ်းတဲ့သူအနေနဲ့ အစပိုင်းမှာ

နည်းနည်းနှေးနိုင်ပါတယ်။

ဒါပေမယ့် နှေးတာနဲ့ မတတ်တာ

မတူပါဘူး။ တစ်နေ့တစ်နေ့

လက်တွေ့လုပ်ရင်းနဲ့ Mouse Control

ကောင်းလာမယ်၊ Keyboard Shortcut

တွေ မှတ်မိလာမယ်၊ Command

တွေကို အလိုအလျောက်

အသုံးပြုနိုင်လာမယ်။

အဲဒီအချိန်ရောက်လာရင်

အစက Computer နဲ့

အလှမ်းဝေးခဲ့တဲ့သူတောင်

CAD Modeling Workflow

ကို ယုံကြည်မှုရှိရှိ လုပ်နိုင်လာပါတယ်။

နောက်ထပ်အရေးကြီးတာတစ်ခုက

Computer ကျွမ်းကျင်တာ

နဲ့ Jewelry Designer

ကျွမ်းကျင်တာ မတူပါဘူး။

Computer ကို အရမ်းကျွမ်းတဲ့

သူတစ်ယောက်က Jewelry Design

Logic မသိရင် Production-Ready Jewelry

Model တစ်ခု ဖန်တီးနိုင်ချင်မှ ဖန်တီးနိုင်မှာပါ။

တစ်ဖက်မှာ Computer

အတွေ့အကြုံနည်းပေမယ့်

Proportion,

Symmetry,

Thickness,

Stone Setting,

Goldsmith Knowledge နဲ့

Manufacturing Logic တွေကို

နားလည်လာတဲ့သူက

Professional Jewelry Designer

တစ်ယောက်အဖြစ် တိုးတက်နိုင်ပါတယ်။

ဒါကြောင့် 3D Jewel Design သင်ချင်ပေမယ့်…

Computer မကျွမ်းလို့ မသင်ရဲဘူး

ဆိုပြီး ကိုယ့်ကိုယ်ကို အားမငယ်ပါနဲ့

Computer Skill ဆိုတာ လေ့ကျင့်ရင်

တိုးတက်လာနိုင်တဲ့ Skill ပါ။

သင်ယူချင်စိတ်

စနစ်တကျ လေ့ကျင့်မှုနဲ့

မှန်ကန်တဲ့လမ်းညွှန်မှုရှိရင်

ဒီနေ့ Computer နဲ့

အလှမ်းဝေးနေတဲ့သူဟာ

မနက်ဖြန်မှာ Jewelry CAD Designer

တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

3D Design ကို သင်ယူဖို့

Computer ကျွမ်းကျင်ပြီးသား

ဖြစ်ဖို့ မလိုပါဘူး။

Computer ကို အသုံးချပြီး

ပညာရပ်တစ်ခုကို

ကျွမ်းကျင်လာအောင်

လေ့ကျင့်ဖို့ပဲ လိုပါတယ်။

သင့်မှာ Computer အတွေ့အကြုံနည်း

နေတာက အတားအဆီးမဟုတ်ပါဘူး။

မစတင်သေးတာကသာ

တကယ့်အတားအဆီး ဖြစ်နိုင်ပါတယ်။





#ရွှေပန်းတိမ်

17/08/2026

3D CAD မပေါ်ခင် ရွှေပန်းတိမ်လုပ်ငန်းနဲ့ 3D CAD ပေါ်လာပြီးနောက် ရွှေပန်းတိမ်လုပ်ငန်း ဘာတွေပြောင်းလဲသွားလဲ?

ရွှေပန်းတိမ်လုပ်ငန်းကို

လေ့လာကြည့်ရင် 3D CAD

မပေါ်ခင်ခေတ်နဲ့ 3D CAD

ပေါ်လာပြီးနောက်ခေတ် ဟာ

လုပ်ငန်းလည်ပတ်ပုံအရ

တော်တော်လေးကွာခြားသွားပါတယ်။

ဒါပေမယ့် အရေးကြီးတာတစ်ခုပြောပါရစေ

3D CAD က ပန်းတိမ်ပညာကို

အစားထိုးလိုက်တာ မဟုတ်ပါဘူးဗျာ

ပန်းတိမ်ပညာကို Digital Workflow

နဲ့ ပိုမြန်၊ ပိုတိကျအောင်

ဖြည့်ဆည်းပေးလိုက်တာဆိုတာပါပဲ

3D CAD မပေါ်ခင် ဘယ်လိုလုပ်ကြလဲ…?

ကျွန်တော်သိထားလေးပြောပြပါမယ်

အရင်ခေတ်တုန်း Customer က

Design ပြောလာရင် ပထမဆုံး

လက်နဲ့ပုံဆွဲရတယ် စိန်၊ကျောက် ၊

Designအတိုင်းအတာယူရတယ်

Wax Carving သို့မဟုတ်

Metal Fabrication လုပ်ရပါတယ်။

ပြီးရင်ဒီအဆင့်တွေကိုဆက်သွားရပါတယ်

၁။ Design Concept သတ်မှတ်ခြင်း


၂။ လက်နဲ့ Sketch ဆွဲခြင်း


၃။ ဖယောင်းပုံဖော်ခြင်း / Metal ကို လက်

နဲ့ပုံဖော်ဖန်တီးရတယ်ဗျ


၄။ Casting (မိုလ်လောင်း)

သို့မဟုတ် Handmade Fabrication



၅။ ဖြတ်တောက်၊ ဂဟေဆော်၊ ပြင်ဆင်ခြင်း

ချောခြစ်ခြင်း



၆။ ကျောက်တပ်၊စိန်တပ်ဖို့အတွက်

Prong၊ Setting Structure ပြုလုပ်ရပါတယ်



၇။ စိန်၊ ကျောက်တပ်ရတဲ့အဆင့်သွားရတယ်



၈။ Filing & Polishing ပြုလုပ်

ခြင်း( အရောင်တင်ခြင်း )



၉။ Final Inspection ပြုလုပ်ပြီး

ရွှေထည်၊ ကျောက်ထည်၊

စိန်ထည်အဖြစ် ပြီးဆုံးတဲ့အဆင့်ကိုရောက်တယ်

လို့ပြောနိုင်ပါတယ်

ဒီ Workflow မှာ ပန်းတိမ်ဆရာရဲ့

လက်ရာ၊ မျက်စိနဲ့ ခန့်မှန်းနိုင်စွမ်း၊

အတွေ့အကြုံ က

အလွန်ကိုအရေးကြီးပါတယ်ဗျာ

ဒါပေမယ့် Design ပြင်ဆင်ရင်

အချိန်ပိုယူတယ်။

Prototype ပြန်လုပ်ရနိုင်တယ်။

အတိုင်းအတာမှားရင်

ပြန်ပြင်ရတာလည်း

ကုန်ကျစရိတ်ရှိဆိုတာမမေ့ပါနဲ့

3D CAD ပေါ်လာတော့

ဘာတွေပြောင်းလဲသွားလဲ ဆိုတာဆက်သွား

ရအောင်ဗျာ စာရှည်သွားရင်သည်းခံပါခင်ဗျာ😄

အခုခေတ်မှာ Customer ရဲ့

Idea ကို Rhino CAD ထဲမှာ

Digital Model အဖြစ်

တည်ဆောက်နိုင်ပါတယ်။

Design → 3D Modeling → Dimension Check → Stone Setting Preparation → Rendering → STL Export → 3D Printing → Casting → Finishing → Stone Setting → Final Product
ဆိုပြီး

Digital Workflow နဲ့

Production Workflow

ကို ချိတ်ဆက်နိုင်လာပါတယ်။

Design မထုတ်လုပ်ခင်

ကတည်းက Proportion,

Symmetry, Thickness,

Stone Size,

Prong Position,

Clearance တွေကို စစ်နိုင်ပါသေးတယ်။

Customer က Design

ပြင်ချင်ရင်လည်း Wax ကို

ပြန်လှီးစရာမလိုဘဲ

CAD Model ကို ပြင်ဆင်နိုင်ပါတယ်။

ဒါကြောင့်

Design Development Time

လျော့သွားတယ်၊ Customization

ပိုလွယ်လာတယ်၊ Repetition

ပိုတိကျလာတယ်၊

Production Communication

ပိုကောင်းလာပါတယ်

စျေးကွက်အမြင်နဲ့ကြည့်ရင်…

အရင်က Jewelry Business ရဲ့

အားသာချက်က လက်ရာနဲ့

အတွေ့အကြုံ ဖြစ်ပါတယ်။

အခုခေတ်မှာတော့

လက်ရာ + Design Skill + Digital Technology + Production Knowledge

ဒီ ၄ ခု ပေါင်းစပ်နိုင်တဲ့လုပ်ငန်းက

ပိုပြီးယှဉ်ပြိုင်နိုင်လာပါတယ်။

Customer ကလည်း

ဒီပုံစံလေးလုပ်ပေးပါလို့

ပြောရုံနဲ့ မပြီးတော့ပါဘူး

Design Preview ကြည့်ချင်တယ်၊

Size ပြင်ချင်တယ်၊

Stone ပြောင်းချင်တယ်၊

Custom Design လုပ်ချင်

တယ် ဆိုတဲ့ Demand တွေ

တိုးလာပါတယ်။

ဒါကြောင့် ယနေ့ Jewelry Industry မှာ

တန်ဖိုးရှိလာတာက

ပန်းတိမ်ပညာကို

စွန့်လွှတ်တာမဟုတ်ဘဲ

ပန်းတိမ်ပညာကို

Digital Technology နဲ့

ပေါင်းစပ်နိုင်ခြင်း ဖြစ်ပါတယ်။

နောက်ဆုံးမှာ ရွှေထည်တစ်ခု၊

ကျောက်ထည်တစ်ခု၊

စိန်ထည်တစ်ခုဟာ

Computer ထဲက Model

တစ်ခုတည်းနဲ့

ဖြစ်လာတာမဟုတ်ပါဘူး။

Design Concept ကနေစပြီး

CAD Modeling → 3D Printing → Casting → Metal Finishing → Stone Setting → Polishing → Quality Control

အထိ လူပေါင်းများစွာရဲ့

ပညာနဲ့ အတွေ့အကြုံတွေ

ပေါင်းစပ်ပြီးမှ တန်ဖိုးရှိတဲ့

Jewelry တစ်ခု ဖြစ်လာတာပါ။

ဒါကြောင့် ကျွန်တော့်အမြင်မှာတော့

အနာဂတ်မှာပန်းတိမ်ဆရာမျာဍက

လက်နဲ့တင် ကျွမ်းကျင်ဖို့တင်မဟုတ်တော့ဘူး

လက်ရာကို Digital နည်းပညာနဲ့

ချိတ်ဆက်ပြီး Design ကနေ

Production အထိ နားလည်နိုင်တဲ့

ပန်းတိမ်ပညာရှင် ဖြစ်ဖို့လိုပါတယ်လို့

အကြံပေးချင်တာပါ

ဆရာလုပ်ခြင်းမဟုတ်ပါဘူးခင်ဗျာ

Handmade က အုတ်မြစ်၊

3D CAD က ခေတ်သစ်ကိရိယာ

ဒီ၂ခုကို ပေါင်းစပ်နိုင်တဲ့သူက

အနာဂတ် Jewelry Market မှာ

ပိုပြီးတန်ဖိုးရှိလာ

မှာပါ။





#ရွှေပန်းတိမ်

16/08/2026

[ သင်တန်းနဲ့ အလုပ်ရုံလိပ်စာ ]

49 Aလမ်း 120 လမ်း ပြည်ကြီးတံခွန်မြို့နယ်
မန္တလေးမြို့

[ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်များ ]

09962239473
09760966866
09987039392
ဆက်သွယ်နိုင်ပါတယ်။
3D သင်တန်းကိိုစိတ်ဝင်စားသူတွေ့အတွက်
Telegram ကိုJion ထားပါ
👇👇👇
https://t.me/wxc3D

#သင်တန်းတက်မယ် #ပညာသင်ယူခြင်း

15/08/2026

ProjectToCPlane Tool အကြောင်းပြောပြမယ်

ProjectToCPlane ဆိုတာ ရှိပြီးသား

Object တွေကို လက်ရှိ Active Viewport ရဲ့

Construction Plane (CPlane) ပေါ်ကို Flat

ဖြစ်အောင် ပုံစံပြောင်းပေးတဲ့

Transform Command ပါ။

Rhino ရဲ့ Official Documentation

အရ Point, Curve, Surface,

Polysurface, Mesh နဲ့

Block Instance တွေကို

အသုံးပြုနိုင်ပါတယ်။

လွယ်လွယ်ပြောရရင်ဗျာ

3D အမြင့်အနိမ့်တွေ ရှိနေတဲ့

Object ကို ရွေးပြီး CPlane ပေါ်မှာ

“ပြားပြားလေး” ဖြစ်အောင်

ချလိုက်တာပါပဲ။

တစ်နည်းဖြင့်ပြောရရင်ဗျာ

ပြားသွားအောင်လုပ်တယ်ပေါ့ဗျာ😁

လက်တွေ့အသုံးပြုပုံရှင်းပြပေးမယ်

ဥပမာ Curve တစ်ခုက Z-axis အမြင့်အနိမ့်တွေ မညီဘဲ ရှုပ်နေတယ်ဆိုပါစို့

Step 1 — Top View ကို Active လုပ်ပါ။Top View ကိုဝင်ပါ Project To Cplane Tool ကို နှိပ်ပါ

Step 2 — Project လုပ်ချင်တဲ့ Curveသို့မဟုတ် Object တွေကို Select လုပ်ပါ။

Step 3 — ProjectToCPlane လို့ Command Line မှာ ရိုက်လို့ရပါတယ်

Step 4 — Original Object ကို သိမ်းမလား၊ ဖျက်မလား ရွေးပါ။

ပြီးသွားရင် Object တွေဟာ လက်ရှိ Active Viewport ရဲ့ CPlane ပေါ်ကို Flatten ဖြစ်သွားပါလိမ့်မယ်။

[ သင်တန်းနဲ့ အလုပ်ရုံလိပ်စာ ]

49 Aလမ်း 120 လမ်း ပြည်ကြီးတံခွန်မြို့နယ်
မန္တလေးမြို့

[ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်များ ]

09962239473
09760966866
09987039392
ဆက်သွယ်နိုင်ပါတယ်။
3D သင်တန်းကိိုစိတ်ဝင်စားသူတွေ့အတွက်
Telegram ကိုJion ထားပါ
👇👇👇
https://t.me/wxc3D

#သင်တန်းတက်မယ် #ပညာသင်ယူခြင်း

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


49 Aလမ်း , 120 လမ်းမကြီး ပြည်ကြီးတံခွန်မြို့နယ်
Mandalay
05041