Zizawarsoe

Zizawarsoe

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zizawarsoe, Mandalay.

I am a Cyclist, UCI Lvevl 2 Cycling Coach, PN 2 Nutrition Master Coach , ISSA CPT , Nutritionist , Corrective Exercise Specialist, Specialist in Strength and Conditioning

27/08/2026

ဘုန်းဘုန်း စွန့်ပေးတဲ့ Organic အသီးအရွက်လေးတွေက သဘာဝအတိုင်း ချိုပြီး စားလို့ အရမ်းကောင်းတယ်ရှင် 😋 ( တကယ်တော့ ကျန်းမာရေးကိုစွန့်ပေးလိုက်တာပါ 🙏)

ဘုန်းဘုန်းကျောင်းထွက် ပဲထောင့်ရှည်၊ ဂေါ်ရခါးသီး၊ ကြောင်ရှာသီး၊ မှို စတဲ့ သဘာဝ ဟင်းသီးဟင်းရွက်တွေက Supplements တွေထက် အဆပေါင်းများစွာ သာလွန်ပါတယ်။

သဘာဝ အသီးအရွက်တွေရဲ့ အစားထိုးမရတဲ့ အာဟာရ ကောင်းကျိုးများ

✅ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သဘာဝအတိုင်း ဖြည့်ဆည်းပေးတယ်။
✅ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျှော့ချပေးပြီး နာတာရှည် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတယ်။
✅Antioxidants တွေက ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးတယ်။
✅အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး အူလမ်းကြောင်းမှ အကျိုးပြု ဘက်တီးရီးယား (Prebiotics) တွေကို ဖွံ့ဖြိုးစေတယ်။
✅သွေးတွင်း သကြားဓာတ် ထိန်းညှိပေးတယ်။ အထူးသဖြင့် ကြောင်ရှာသီးမှာ ပါဝင်တဲ့ သဘာဝ ဒြပ်ပေါင်းတွေက သွေးတွင်း သကြားဓာတ် မြင့်တက်မှုကို ထိန်းပေးပြီး အင်ဆူလင် တုံ့ပြန်မှုကို ကောင်းမွန်စေပါတယ်။
✅မှိုမှာ ပါဝင်တဲ့ Beta-glucans နဲ့ သဘာဝ ဓာတ်ပေါင်းတွေဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ထက်မြက်စေပြီး ဆဲလ်တွေကို ပြန်လည် ပြုပြင်ပေးပါတယ်။
✅စက်ရုံထုတ် Supplements တွေထက် သဘာဝ အစားအစာ (Whole Foods) မှာ ပါတဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ပိုမို လွယ်ကူ ထိရောက်စွာ စုတ်ယူ အသုံးပြုနိုင်တယ်။
✅ဗိုက်ဝစေပြီး ကယ်လိုရီ နည်းတယ်။

ကျန်းမာရေးဆိုတာ ဆေးပြားတွေ မိုင်ကုန် သောက်နေရုံနဲ့ မရဘူး။ သဘာဝက ပေးတဲ့ အာဟာရ (Real Foods) တွေကို ရွေးချယ်စားပေးမှ ရေရှည် ကျန်းမာလှပခြင်းရဲ့ သော့ချက်ပါ။
ဒါကြောင့်စျေးသွားရင် ဟင်းသီးဟင်းရွက်ပိုဝယ်ခဲ့ပါနော…🤩

ကျန်းမာပါစေရှင်

ဇီဇဝါစိုး





#

26/08/2026

တခါတလေ ကိုယ် ဗိုက်နာတာ ကိုယ်ပဲ သိတယ် ဆိုသလို.. သူများ ဘာကြောင့် ဒီလို လုပ်နေလဲဆိုတာ နောက်ကွယ်က အကြောင်းအရင်းနဲ့ အခြေအနေကို အပြင်ကလူတွေ မသိနိုင်ဘူး။

မနက်ဈေးသွားတော့ ကားကို လမ်းရဲ့ ဟိုဘက်ခြမ်းမှာ ရပ်ထားလိုက်မိတယ်။ အပြန် ကြက်သွန်နီ ၅ ပိဿာ၊ ကြက်သွန်ဖြူ ၁ ပိဿာ ဆွဲပြီး လမ်းကူးရတော့ သွားလာနေတဲ့ကားတွေကလည်း လမ်းကူးဖို့ မရပ်ပေးတာနဲ့ "ကားကို ဒီဘက်လမ်း ရပ်လိုက်ရင် သိပ်ကောင်းမှာပဲ" လို့ တွေးမိတယ်။
ဈေးသွားရင် ကားကို ဈေးနဲ့ အနီးဆုံး ရအောင် မရမက ထိုးရပ်တာမျိုး တွေ့ရင် "လမ်းနည်းနည်း လျှောက်တာ ဘာဖြစ်သွားမှာမို့လို့လဲ" လို့ တွေးကောင်း တွေးပါလိမ့်မယ်။ (တကယ်တော့ သူက ကြက်သွန်နီ ၅ ပိဿာ၊ ၁၀ ပိဿာ ဝယ်မလို့ မသယ်နိုင်တာလည်း ဖြစ်နေနိုင်တယ်🤩)။

အရွက်မပါတဲ့ ထမင်းပန်းကန် စားနေတာ တွေ့ရင် "ဒီတစ်ယောက် အစားအသောက် မစားတတ်ဘူး၊ အာဟာရ ဂရုမစိုက်တတ်ဘူး" လို့ ကောက်ချက်ချလို့ မရဘူး။ (သူ့ ရေခဲသေတ္တာထဲ အရွက်ကုန်သွားလို့ နောက်နေ့မနက်မှ သွားဝယ်ဖို့ စီစဉ်ထားတာလည်း ဖြစ်နေနိုင်ပါတယ်)။

အဆီချတဲ့၊ ကျန်းမာရေး လိုက်စားတဲ့ ခရီးစဉ် (Fat Loss Journey) မှာလည်း အပြင်ပန်း သာမန် မြင်ရတာတစ်ခုတည်းနဲ့ သူများကို မဝေဖန်သင့်ဘူး

အဆီချနေသူတစ်ယောက် ကိတ်မုန့် ၊ မုန့်ပဲသွားရေစာ စားနေတာတွေ့ရင်
"အဆီချနေတယ်ဆိုပြီး စည်းကမ်းမရှိဘူး၊ ဒီလိုမုန့်တွေ လျှောက်စားနေတယ်" လို့ ထင်မိနိုင်ပါတယ်။ (တကယ်တော့ သူက တစ်ပတ်လုံး စည်းကမ်းရှိရှိ ထိန်းခဲ့ပြီးမှ Flexible Dieting အရ ကယ်လိုရီ စနစ်တကျ တွက်ချက်ပြီး စားနေတာ ဖြစ်နိုင်ပါတယ်)။

Gym မှာ အလေးအပေါ့လေးပဲမနေတာ၊ စက်ပေါ်မှာ ဖြည်းဖြည်းလေး လျှောက်နေတာတွေ့ရင်
"Gym လာပြီး ပေါ့ဆဆလေးပဲ လုပ်နေတယ်၊ ဒီလိုလုပ်ရင် ဘယ်တော့မှ အဆီကျမှာ မဟုတ်ဘူး" လို့ ထင်စရာပါ။ (တကယ်တော့ သူ့မှာ ဒူး ၊ ခါး ဒဏ်ရာဟောင်း ရှိနေလို့ ဒါမှမဟုတ် တစ်ပတ်လုံး ပြင်းပြင်းထန်ထန် လေ့ကျင့်ထားလို့ Active Recovery အဖြစ် ခန္ဓာကိုယ်ကို ညင်သာစွာ နားပေးနေတာလည်း ဖြစ်နိုင်ပါတယ်)။

သူများရဲ့ စားသောက် ၊ လေ့ကျင့် ၊ နေထိုင်မှုပုံစံကို အပြင်ပန်း ကြည့်ပြီး လွယ်လွယ်နဲ့ ကောက်ချက်မချပါနဲ့။ လူတိုင်းမှာ ကိုယ်စီ reasons နဲ့ အခက်အခဲတွေ ရှိကြပါတယ်။

သူများကို လိုက်ကြည့်နေတာထက် မိမိကိုယ်တိုင် နည်းစနစ်မှန်တဲ့ အသိနဲ့ ခရီးဆက်ဖို့ပဲ လိုတာပါ 💪

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



26/08/2026

ထမင်း စားပြီးလို့ ဗိုက်ပြည့်နေတာတောင် စိတ်ထဲ ဟာတာတာကြီး ဖြစ်ကျန်ခဲ့လို့ အဆီချရတာ အဆင်မပြေဘူး လို့ မန့်ထားတာတွေ့မိပါတယ်။

ဒါသည် မိတ်ဆွေ အဆီချတဲ့အခါ Protein တစ်ခုတည်းကိုပဲ အလွန်အမင်း စားပြီး Carbs နဲ့ Good Fats တွေကို လွန်လွန်ကဲကဲ လျှော့ချထားလို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာပါ။
အဆီချ၊ ဝိတ်ချပြီဆိုတာနဲ့ Carb၊ Fat ကို အဆိပ်လို မြင်ပြီး လုံးဝ ဖြတ်ပစ်တာမျိုးက ခန္ဓာကိုယ်မှာ ဒီလို သက်ရောက်မှုတွေ ဖြစ်လာစေပါတယ်

✅Carbs (ကာဗိုဟိုက်ဒရိတ်) အလွန်အမင်း နည်းသွားတဲ့အခါ ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပင်မစွမ်းအင် လုံလောက်စွာ မရတော့ပါ။ စိတ်ကျေနပ်မှုကို ပေးတဲ့ Serotonin ဟော်မုန်း ထုတ်လုပ်မှု ကျဆင်းသွားတာကြောင့် ဗိုက်ပြည့်နေရင်တောင် စိတ်ထဲ ဟာတာတာ ဖြစ်နေပြီး အချိုဓာတ်နဲ့ အဆာပြေ မုန့်တွေကို အလွန်အမင်း တောင့်တလာစေပါတယ်။

✅Fats အလွန်အမင်း နည်းသွားတဲ့အခါ ဗိုက်ပြည့်ကြောင်း ဦးနှောက်ဆီ သတင်းပို့ပေးတဲ့ ဟော်မုန်းများ (CCK & Leptin) ထွက်ရှိမှု နှေးကွေးသွားပါတယ်။ ဒါ့အပြင် အဆီတွင် ပျော်ဝင်သော ဗီတာမင် (A, D, E, K) စုတ်ယူမှုကို ထိခိုက်စေပြီး အစာချေစနစ် ကြာချိန် တိုတောင်းသွားတာကြောင့် ဗိုက်မြန်မြန် ပြန်ဆာလွယ်စေပါတယ်။

ဒါဆို ဘယ်လို ပြင်မလဲ?
လက်ရှိ စားနေတဲ့ အသားပမာဏကို နည်းနည်း ပြန်လျှော့ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Carbs နဲ့ Good Fats ပမာဏကို စနစ်တကျ တိုးပေးကြည့်ပါ။ စားပြီး ဗိုက်ပြည့်နေလျက်နဲ့ ဟာတာတာ ဖြစ်ကျန်ခဲ့တဲ့ ခံစားချက် လုံးဝ ပျောက်သွားပါလိမ့်မယ်။
ဒီလို အဆီချရာမှာ သတိမထားမိဘဲ မှားတတ်တဲ့ အသေးစိတ် အာဟာရ အချက်အလက်တွေ၊ ကိုယ်နဲ့ကိုက်ညီတဲ့ အဟာရအချိုးတွေရှာတတ်ဖို့ မနက်ဖြန် August 27th မှာ စတင်ဖွင့်လှစ်မယ့် FLM (Fat Loss Myths) Batch 10 မှာ အသေးစိတ် စနစ်တကျ သင်ကြားသွားပါမယ်! 💪

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




25/08/2026

ကြက်ရင်အုံသားကိုမကြိုက်တဲ့ကျနော် … ဒီလိုမာလာသုပ်လို့ကတော့ လာထားပဲ😍

အရွက်ပါတခါတည်းပါသွားတော့ အရွက်ချက်ဖို့ အလုပ်ရှုပ်သက်သာသွားတယ် 😋




25/08/2026

ကြည့်လိုက်ရင် သာမန် နံနက်စာလေး ထင်ရပေမဲ့ အာဟာရ တန်ဖိုးကတော့ 5 Stars 🌟 ဇယားဝင်🤩

ဒီနံနက်စာ တစ်ပွဲစာထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝ မျှတစွာ ပါဝင်နေပါတယ်

✅Good Fats
ထောပတ်သီးမှ ရရှိပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများကို လျှော့ချပေးတယ်။
✅High Protein
ကြက်ဥနဲ့ Greek Yogurt တို့မှ ရရှိပြီး ကြွက်သား ကျစ်လစ်စေဖို့နဲ့ ဗိုက်ဝစေဖို့ အကူအညီပေးတယ်။
✅Vitamins & Antioxidants
လတ်ဆတ်တဲ့ ပန်းသီးကနေ ရရှိပြီး ကိုယ်ခံအားနဲ့ အစာချေစနစ်ကို ကောင်းမွန်စေတယ်။
✅Carbs
ပေါင်မုန့်နဲ့ ပန်းသီးမှ ရရှိပြီး တစ်နေ့တာ လန်းဆန်းစွာ လှုပ်ရှားနိုင်ဖို့ စွမ်းအင် ပေးတယ်။

Total Calories: ~450 - 480 kcal ဝန်းကျင်

Good Fats နဲ့ High Protein ပါဝင်မှု မြင့်မားတာကြောင့် ဗိုက်ကို ကြာကြာ ပြည့်စေပြီး နေ့လယ်အထိ မလိုအပ်တဲ့ မုန့်သွားရေစာ စားချင်စိတ်တွေကို မရှိအောင် ထိန်းပေးနိုင်တယ်။

( အနှစ် = ထောပတ်သီး+ Greek yogurt + ကြက်ဥတလုံး+ ပဲငံပြာရည်အကြည်+ black pepper )

အဆီချဖို့ အဟာရအကြောင်းတွေ ခန္ဓာကိုယ်အလုပ်လုပ်ပုံ အသေးစိတ်ကိုသင်ကြားပေးမဲ့ FLM batch 10 စဖို့ ၂ ရက်သာလိုပါတော့တယ်။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




24/08/2026

ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုတာ စားချင်ရာ စားပြီး Branded အိတ်တွေ၊ စျေးကြီးတဲ့ အလှဆင်ပစ္စည်းတွေ ဝယ်ယူဖြည့်ဆည်းပေးရုံသက်သက်နဲ့ မဟုတ်ဘူး။

လွန်ခဲ့တဲ့ နှစ်များမှာ စီးပွားရေး၊ အိမ်ထောင်ရေးနဲ့ လူမှုရေးတွေထဲ အချိန်ကုန်ရင်း သူများကိုပဲ ဂရုစိုက်ပေးခဲ့တာ များနေပြီမဟုတ်လား… ကိုယ့်ကိုယ်ကိုယ် မချစ်ဖြစ်၊ ဂရုမစိုက်ဖြစ်ခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ?
ကျန်းမာရေး ဆေးစစ်ချက် မှတ်တမ်းလေးထဲက မြှားခေါင်းတွေ အပေါ်ထိုးပြနေတာကိုတောင် မကြည့်ရဲအောင် လျစ်လျူရှုထားမိတယ် မဟုတ်လား။

လူလည်း ကျန်းမာတုန်း၊ အရာရာ အဆင်ပြေနေသေးတဲ့ အချိန်မှာပဲ ကိုယ့်ဘဝအတွက် ခိုင်မာတဲ့ ထွက်လမ်းတစ်ခု ကြိုတင်ပြင်စဉ်ပေးထားဖို့ လိုပါတယ်။

အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေက ခေတ်လွန်သွားတတ်ပေမဲ့ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကတော့ ဘဝတစ်လျှောက်လုံး ဘယ်တော့မှ ခေတ်မလွန်ဘူး🤩

ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုရင်

✨ ကျန်းမာရေးအတွက် အချိန်သီးသန့် ပေးပါ
✨ စနစ်မှန်တဲ့ စားသောက်မှုပုံစံ (Nutrition) ကို လေ့လာပါ
✨ ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပါ

မိမိကိုယ်ကိုယ် ပေးနိုင်တဲ့ အကောင်းဆုံးနဲ့ တန်ဖိုးအရှိဆုံး Luxury က ကျန်းမာကြံ့ခိုင်တဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပဲ! 💪

ကျန်းမာကြံ့ခံဖို့ ၊ တန်ဖိုးအရှိဆုံးသော luxury ကိုပိုင်ဆိုင်ဖို့ နေထိုင်စားသောက်ပုံ၊ လေ့ကျင့်ပုံ အသေးစိတ်လေ့လာလိုလျှင် August 27th မှာ FLM Batch 10 စပါတော့မယ်။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




Photos from Zizawarsoe 's post 24/08/2026

အဆောင်မှာ နေနေတဲ့ သားကြီးရဲ့ Personal Nutrition Coach အဖြစ် နေ့စဉ် စားသောက်မှုပုံစံကို လမ်းညွှန်ပေးရင်း အာဟာရ အကြောင်းတွေကိုလည်း ကြားညှက် သင်ပေးဖြစ်တယ်။
အိမ်မှာနေတုန်းက အသီးအရွက်တွေ များများကျွေးပြီး အဟာရဂရုစိုက်ပေးခဲ့ပေမဲ့ အဆောင်ရောက်တော့ အဆောင်က ကျွေးတာကိုပဲ စားရတော့တယ်🤩 အသားတစ်မျိုးနဲ့ အရွက်ဆိုရင် ပါရုံဆိုရုံပဲ ပါတယ်။ အရွက် ပိုတောင်းခိုင်းတော့လည်း စျေးကြီးလို့ ထင်ပါတယ် .. ပုံမှန်ရဲ့၂ ဆ ထည့်ပေးလိုက်တာတောင် ဖွံ့ဖြိုးဆဲ ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ အာဟာရပမာဏ မပြည့်မီဘူး။
ဒါကြောင့် သားအတွက် သယ်ရလွယ်၊ သိမ်းရလွယ်ပြီး အာဟာရဖြည့်နိုင်မယ့် နည်းလမ်းလေး ဖန်တီးပေးလိုက်တယ်
Super Market မှာ ဥနီ ၊ သခွားသီး နဲ့ Greek Yogurt တွေကို တစ်ပတ်စာ ဝယ်ခိုင်းထားပြီး ကျောင်းလွယ်အိတ်ထဲ ဥနီနဲ့ သခွားသီးကို တစ်လှည့်စီ ထည့်သွားခိုင်းတယ်။
သားက သခွားသီးကို မကြိုက်ပေမဲ့ သခွားသီးမှာ ပါတဲ့ အာဟာရ တန်ဖိုးတွေနဲ့ သူ့ခန္ဓာကိုယ်အတွက် ဘယ်လို ကောင်းမွန်ကြောင်း ရှင်းပြလိုက်တော့ ကြိုးစားပြီး စားမယ်ဆိုပြီး ဝယ်သွားရှာတယ်။ 🥺
အခြေအနေ အကြောင်းကြောင်းကြောင့် အခက်အခဲ ရှိနေပါစေဦး… အာဟာရဆိုင်ရာ အသိပညာ (Nutrition Literacy) သာ ရှိထားရင် ဘယ်နေရာ ရောက်ရောက် မိမိကိုယ်ကိုယ် အဟာရစုံအောင်ဖြည့်စားတတ်မှာပါ။

အဆီချ ၊ ဝိတ်တင်ဖို့ ၊ ကျန်းမာစွာနေထိုင်စားသောက်နိုင်ဖို့ ( နောက်ပိုင်းကိုယ့်မိသားစုဝင်ကိုပါလမ်းညွှန်ပေးနိုင်သော) အဟာရပိုင်း၊ နေထိုင်လေ့ကျင့်မှုအပိုင်းကို အသေးစိတ်သင်ကြားပေးမယ့် FLM batch 10 ဖွင့်ဖို့ ၃ ရက်သာလိုပါတော့တယ်။

ဇီဇဝါစိုး




23/08/2026

“အဆီချဖို့နဲ့ ကျန်းမာလှပဖို့က ငွေရှိမှ ရမယ်" ဆိုတာ အရမ်းမှားယွင်းတဲ့ အယူအဆတစ်ခုပါ။
ငွေကြေး ပြည့်စုံရင် ပြည့်စုံသလို ပြင်ပပစ္စည်းတွေပေါ် သုံးနိုင်ပေမဲ့၊ ပိုက်ဆံမရှိလို့ အဆီမချနိုင်ဘူး၊ မကျန်းမာနိုင်ဘူးဆိုတာ လုံးဝ မဟုတ်ဘူးမိတ်ဆွေ….

အဆီချတာ အစားအသောက်မှာငွေကုန်ကြေးကျ များလေလေ၊ အဆီကျရခက်လေလေ ဆိုတာ ခနခနပြောဖူးပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ က အခြေအနေကို ပြန်ကြည့်ရအောင်…

✅အစားအသောက်ပိုင်း
သွားရေစာ မုန့်တွေ ဝယ်စားဖို့ မရှိလို့ အိမ်က ထမင်းနဲ့ ဟင်းကိုပဲ နေ့စဉ် မှန်မှန် စားခဲ့ကြရပါတယ်။ ခြံထဲကရတဲ့ ကန်စွန်းရွက်၊ ဗူးသီး ၊ သခွါးသီးစတဲ့ သဘာဝ အရွက် အသီးလေးတွေကို အသားနည်းနည်း၊ ဆီနည်းနည်းနဲ့ ချက်စားခဲ့ကြလို့ အဖိုးအဘွားတွေဆို အသက် ၉၀ နီးပါးထိ အဝမလွန်ဘဲ ကျန်းကျန်းမာမာ နေသွားနိုင်ခဲ့ပါတယ်။
✅လှုပ်ရှားမှု
ကား၊ ဆိုင်ကယ် အလျှံပယ် မရှိသေးတော့ ခြေလျင်လျှောက်၊ စက်ဘီးစီးပြီးပဲ သွားလာခဲ့ကြရလို့ နေ့စဉ် လှုပ်ရှားမှု (Active Lifestyle) က သဘာဝအတိုင်း ရှိနေခဲ့တာပါ။

ခုခေတ်မှာ ငွေကြေး ပိုတတ်နိုင်လာလို့ စားသုံးဆီကို ကြိုက်သလောက် သုံးလာကြတယ်၊ ကယ်လိုရီများတဲ့ အသင့်စား မုန့်တွေ ပေါပေါလောလောဝယ်စားနိုင်လာကြတယ်။ သွားလာလှုပ်ရှားမှုမှာလည်း ကား၊ ဆိုင်ကယ်တွေပဲ သုံးတော့တာမို့ ကိုယ်လက်လှုပ်ရှားမှုက မသိမသာ လျှော့ကျသွားပါတယ်။

အဆီကျပြီး ကျန်းမာဖို့ဆိုတာ ပိုက်ဆံ အမြောက်အမြား သုံးရတာ မဟုတ်ဘဲ၊ သဘာဝအတိုင်း ရှင်းရှင်းလင်းလင်း နေထိုင်စားသောက်တဲ့ အလေ့အထ (Simple Lifestyle) ကို ပြန်သွားရတာပါ။

ငွေအများကြီး မလိုပါဘူး… စနစ်မှန်တဲ့ အသိနဲ့ စည်းကမ်းရှိဖို့ပဲ လိုတာပါ။ ကျနော့်ရဲ့ FLM သင်တန်းက simple lifestyle ကိုပဲပြန်လည်ခေါ်ဆောင်သွားတာပါ။ ဒါကြောင့် သင်တန်းအပြီးအဆီချရလွယ်ကူသွားကြတာပါ။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




22/08/2026

Oats ချင်းတူပေမဲ့ Oats အမျိုးအစားနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ပုံစံ မတူတာကြောင့် စားပြီး သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုလည်း မတူဘူး။

Oats ရဲ့ အာဟာရတန်ဖိုးကိုကြည့်တဲ့အခါ fiber, beta-glucan, protein, calories နဲ့ ပါဝင်ပစ္စည်းတွေ ကိုပါ ထည့်စဉ်းစားသင့်ပါတယ်။

ရွေးချယ်မယ်ဆိုရင် 👉Plain oats + fiber များ + added sugar မပါသော oats ကို ဦးစားပေးပါ။

စားတဲ့ပမာဏနဲ့ ဘာတွေနဲ့တွဲစားလဲ ဆိုတာ သွေးတွင်းသကြားဓာတ် ထိန်းချုပ်တဲ့အပေါ်အရေးကြီးပါတယ်။





22/08/2026

ပေါင်နဲ့ တင်ပါးတွေမှာ ဖြစ်တတ်တဲ့ Cellulite (အရေပြား အဖုအထစ်နဲ့ တွန့်လိမ်နေတာတွေ) ကို ဘယ်လို လျှော့ချမလဲ ဆိုပြီးမေးလာတယ်။
Cellulite ဆိုတာ အဆီဆဲလ်တွေက အရေပြားအောက်က ဖိုက်ဘာမျှင် (Fibrous bands) တွေကြားကနေ တွန်းထွက်လာလို့ ဖြစ်ပေါ်လာတာပါ။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ဟော်မုန်းနဲ့ မျိုးရိုးဗီဇလည်း သက်ဆိုင်ပါတယ်။ ဒါသည် ရောဂါမဟုတ်ဘဲ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပေမဲ့ သိပ္ပံနည်းကျ နည်းလမ်းတွေနဲ့ သိသိသာသာ သက်သာအောင်၊ ချောမွတ်လာအောင် ဒီ အပိုင်း ၃ ပိုင်းနဲ့လုပ်လို့ ရပါတယ်။💪

✅လေ့ကျင့်ခန်းပိုင်း
👉အလေးမ လေ့ကျင့်ခန်းလုပ်ပါ။ Cardio တစ်ခုတည်း လုပ်လို့ Cellulite မပျောက်ဘူး။ တင်နဲ့ ပေါင်ကြွက်သားတွေကို တည်ဆောက်ပေးမှ (ဥပမာ- Squats, Hip Thrusts, Lunges, Deadlifts) ကြွက်သားက အရေပြားကို အောက်ကနေ ပြန်တင်းစေပြီး ချောမွတ်လာစေပါတယ်။

👉သွေးလည်ပတ်မှု ကောင်းစေရန် လှုပ်လှုပ်ရှားရှားနေပါ ။ တစ်နေ့တာ အထိုင်များတာက သွေးလည်ပတ်မှုကို နှေးကွေးစေပြီး Cellulite ပိုဆိုးစေတာကြောင့် ပုံမှန် လှုပ်ရှားပေးပါ။

✅အာဟာရပိုင်း
👉Calorie Deficit … အဆီချပါ။ ခန္ဓာကိုယ်တွင်း တစ်ကိုယ်လုံးရဲ့ Body Fat Percentage ကျသွားမှသာ ပေါင်နဲ့ တင်ပါးက အဆီတွေလည်း ပါးသွားမှာပါ။
👉ပရိုတင်းနဲ့ အာဟာရပြည့်ဝစွာ စားပါ ။ အရေပြား တင်းရင်းမှုနဲ့ ကော်လာဂျင် တည်ဆောက်ဖို့ ပရိုတင်းနဲ့ သဘာဝ အစားအစာတွေကို လုံလောက်စွာ စားသုံးပါ။
👉 သကြားနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေက အရေပြားကို တွန့်လွယ် ပျော့တွဲလွယ်စေတာကြောင့် လျော့ပါ။

✅နေထိုင်မှုပုံစံပိုင်း
👉ရေလုံလောက်စွာ သောက်တာက အရေပြား ကျန်းမာရေးကို ကောင်းမွန်စေပြီး Cellulite ပိုမထင်ရှားအောင် ကူညီပါတယ်။
👉အိပ်ရေးဝဝအိပ်ပြီး Cortisol ထိန်းပါ။ စိတ်ဖိစီးမှု ဟော်မုန်း မြင့်မားခြင်းက အဆီစုပုံစေပြီး အရေပြားကို ပျက်စီးစေပါတယ်။

Cellulite ဆိုတာ တစ်ရက်နှစ်ရက်နဲ့ ပျောက်သွားတာ မဟုတ်တဲ့အတွက် မှန်ကန်တဲ့ အစားအစာ၊ အလေးမ လေ့ကျင့်ခန်းနဲ့ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ရေရှည် လုပ်ဆောင်ပေးရင်း လျှော့ချနိုင်ပါတယ်။

ကျန်းမာတဲ့ lifestyle တည်ဆောက်ပြီး ကျန်းမာစွာအဆီကျနေထိုင်စားသောက်ဖို့ August 27th မှာ FLM Batch 10 ဖွင့်ပါမယ်။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


Mandalay