Grace's Momentum

Grace's Momentum

Share

❤Your Journey Starts Here with My Yoga Instruction!💞

03/09/2026

☀️Morning Yoga ☀️
Beautiful September

အရာရာကို တစ်ပြိုင်နက်တည်း ဖြေရှင်းဖို့ မကြိုးစားပါနဲ့ဦး။ 🌿

ခဏလောက် အနားယူပြီး အသက်ကို ဝဝရှူသွင်းလိုက်ပါ။ ကိုယ့်ရဲ့ စိတ်ကလေး ငြိမ်းချမ်းသွားတဲ့အခါ အရာရာဟာ ပိုပြီး ရှင်းလင်းသွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော်။

Photos from Grace's Momentum's post 31/08/2026

Wheel Day
💪🏻core strength, balance နဲ့ body control 💪🏻

🌟 အကျိုးကျေးဇူးများ

1. Core Strength တိုးစေတယ်

* ဗိုက်သား
* ခါးပတ်လည်
* နောက်ကျော stabilizing muscles
တွေကို တစ်ပြိုင်နက် အလုပ်လုပ်စေပါတယ်။

2. Balance & Body Control ကောင်းစေတယ်

Wheel ပေါ်မှာ balance ထိန်းရတဲ့အတွက် body awareness နဲ့ coordination တိုးတက်စေနိုင်ပါတယ်။

3. Shoulder & Arm Strength တိုးစေတယ်

* Shoulders
* Arms
* Wrists

Body weight တစ်ခုလုံး ကို ထိန်းရတာကြောင့် ခါးအထက်ပိုင်းရဲ့ strength နဲ့ stability ကို လေ့ကျင့်ပြီးဖြစ်စေတယ် (handstand အတွက် ready)

4. Hip Mobility & Flexibility

hip ကို control လုပ်ခြင်းက hip mobility နှင့် flexibility ကို တိုးတက်စေနိုင်ပါတယ်။

5. Posture & Spinal Control

Core ကို မှန်မှန်အသုံးပြုပြီး movement ကို ထိန်းချုပ်ရတာကြောင့် posture awareness နဲ့ spinal control အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။

6. Concentration & Mind-Body Connection

Balance ကို focus လုပ်ရတဲ့အတွက် concentration နဲ့ ကိုယ်ခန္ဓာ movement ကို သတိရှိရှိ ထိန်းချုပ်နိုင်စွမ်း ကောင်းလာနိုင်ပါတယ်။

⚠️ သတိထားရန်

Wheel က ရွေ့ရှားနိုင်တာကြောင့် ပြုတ်ကျခြင်း သို့မဟုတ် လက်ကောက်ဝတ်/ပခုံးကို strain ဖြစ်စေနိုင်ပါတယ်။ ဆရာ/ဆရာမ နဲ့ အနီးကပ်ကျင့်ပါ
mat ပေါ်မှာ beginner progression ကနေ စတင်တာ ပိုကောင်းပါတယ်။

30/08/2026

For Headstand & Handstand 😌
Strength training

27/08/2026

Relax your mind and body
😌🧘🧘‍♀️

27/08/2026

Sun Salutation ☀️☀️☀️

ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အကြော၊အစာချေစနစ်၊အသက်ရှူစနစ် ၊သွေးလည်ပတ်မှုတွေအတွက် အကောင်းဆုံး yoga ကျင့်စဉ်ဖြစ်လို့

တစ်ရက်ကို အနည်းဆုံး(၃ကြိမ်)ပြုလုပ်ပေးပါရှင့်

25/08/2026

Pose တစ်ခုကို ရဖို့အတွက် မလောပါနဲ့ နေ့စဉ်စိတ်ရှည်ရှည်နဲ့ ကျင့်ပေးပါ

မိမိပြုလုပ်နေတဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင်အထိ စနစ်တကျပြုလုပ်ခြင်း ကို yoga လို့လည်း အဓိပ္ပါယ်ဖွဲ့ဆိုပါတယ်

Handstand➡️ Wheel➡️Backbend

အစဉ်လိုက်လေ့ကျင့်မှုလေး 🥰🥰

25/08/2026

သင်တန်းပိတ်ရက်မှာ တင်းနေတဲ့ အကြောတွေ ပြန်လျှော့ 🤭😉

ကျန်းမာပြီး ရောဂါကင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်
ချင်ရင်တော့ မိမိခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာအတွက် အချိန်ပေးဖို့ မမေ့ပါနဲ့ နော် 😌😉

ချစ်တဲ့ Tr.Grace 😘😚

25/08/2026

ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပိုမိုတက်ကြွလန်းဆန်းတဲ့ Energy တွေကို ပိုင်ဆိုင်ဖို့ September Class လေးလာပါပြီ! 💪

ကျန်းမာကြံ့ခိုင်ပြီး လှပဖို့ Grace’s Momentum Fitness Studio နဲ့အတူ အကောင်အထည် ဖော်လိုက်တော့နော်!

September Intake အတွက် သင်တန်းသားသစ်များ စတင်လက်ခံနေပြီဖြစ်လို့ ခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ

Studio Location: 📍 ၆၁ (A) လမ်း နှင့် ၁၁၁ (A) လမ်းထောင့်
ဆက်သွယ်စုံစမ်းရန်: 📞 09966717155 💬 အသေးစိတ် သိရှိလိုပါက Page Messenger (သို့မဟုတ်) ဖုန်းဖြင့် တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

22/08/2026

အသက်ရှည်ရှည် နေချင်ရင် တော့ ကျောရိုးတွေ ပျော့ပျောင်းနေဖို့ လိုမယ်နော် ☝🏼

ဘာလို့လဲဆိုတော့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ သွေးကြောတွေက ကျောရိုးကနေ ဖြာထွက်သွားကြလို့ပါပဲ

ဒီနေ့မှာတော့ သက်ရှည်ကျန်းမာ လှပဖို့ ကျောရိုးကို အဓိကပျော့ပျောင်းစေတဲ့ Camel variation (उष्ट्रासन) နဲ့ Child Pose (शशांकासन ) နှစ်ခု တွဲပြီး ပြုလုပ်တဲ့ flow video လေးတစ်ခု ဝေမျှပေးလိုက်ပါတယ် ရှင့်

လက်မောင်းတွေသန်မာပြီး wheel pose လုပ်ဖို့အတွက်လည်း ready ဖြစ်စေဖို့ အခြေခံ practice လည်းဖြစ်ပါတယ်ရှင်

🐫Camel variation (उष्ट्रासन)ရဲ့ အကျိုးကျေးဇူးတွေကတော့

* 🦵 ပေါင်ရှေ့ကြွက်သား နဲ့တင်ပါးကြွက်သားတွေကို ပြေလျော့စေပါတယ်
* 🧘 Hip mobility နဲ့ lower-body flexibility ကို တိုးတက်စေနိုင်ပါတယ်
* 🫁 ရင်ဘတ်နဲ့ အရှေ့ပိုင်းခန္ဓာကိုယ်ကို ဖွင့်ပေးလို့ chest/shoulder mobility ကို ကူညီနိုင်ပါတယ်။
* Thyroid hormones အတွက်လည်း အထူးအကျိုးပြုပါတယ်။
* 💪 Back, core နဲ့ leg muscles တွေကို သန်မာအောင် အထောက်အကူပေးပါတယ်။
* ⚖️ Posture နဲ့ body awareness ကို လေ့ကျင့်ပေးနိုင်ပါတယ်။

🌿 Child’s Pose (शशांकासन) ရဲ့ အကျိုးကျေးဇူးတွေကတော့

* ကျော၊ တင်ပါးနဲ့ ပခုံး တွေကို ပျော့ပျောင်းစေပါတယ်။
* ဗိုက် နဲ့လည်ပင်းရောဂါတွေအတွက်လည်းအကျိုးပြုတယ်။
* ဗိုက်အဆီရှိသူများ အသည်း ၊ဆီးချိုရှိသူများလည်းပြုလုပ်သင့်တဲ့ pose ဖြစ်ပါတယ်။
* ခန္ဓာကိုယ်ကို အနားပေးပြီး relaxation ရစေတယ်။
* အသက်ရှူခြင်းကို ဖြည်းဖြည်းနဲ့ အာရုံစိုက်နိုင်စေတယ်။
* လေ့ကျင့်ခန်းပြီးနောက် muscle tension လျော့ချဖို့ ကူညီပေးပါတယ်။
* Camel Pose လို backbend ပြီးချိန်မှာresting position အနားယူတဲ့ ပုံစံအဖြစ် အသုံးပြုပေးနိုင်ပါတယ်။



: No Copyright Infringement intended. This post & photos are for resell purpose only. We do not own the brands. All credits go to the rightful owner.

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Mandalay