27/08/2026
Learning Chess Step 2 playable digital version ရပါပြီ။ (mating threat များကို မသိပါက hint မီးလုံးကို click ပြီး မေးလို့ရပါတယ်)
Victory Chess App ကို download ဆွဲပါ၊(P cloud ရဲ့ download ပုံ arrowကို နိပ်ရုံပါ၊ P cloud account ဖွင့်ရန်မလို) ပြီးရင် ကိုယ်တိုင် install လုပ်ပေးရပါမယ်၊ play store ပေါ်က တိုက်ရိုက် မဟုတ်လို့ unknown source ကို ခဏဖွင့်ထားပေးမှ installation လုပ်လို့ရပါမယ်။
password နဲ့ အကောင့်သစ် ဖွင့်စရာ မလိုဘဲ Google နဲ့ တန်းသုံးလို့ရပါတယ်။ App ရဲ့ အလယ်နေရာက My Library ကို ဝင်ပါ၊ Step 2 ကို download and play နဲ့ ဖွင့်ပြီး ကစားလို့ရပါပြီ။ မလိုတဲ့ စာအုပ်များကို delete လုပ်မယ် လိုမှ အချိန်မရွေး ပြန် download ဆွဲ ပြီး စိတ်တိုင်းကျ အသုံးပြုနိုင်ပါတယ်။ အခုလက်ရှိ စတင်သုံးဆွဲနေသူ 110 ကို ကျေးဇူးတင်ပါတယ်၊ ဝိုင်းဝန်းအားပေးကြပါဦးနော်၊ FM မျိုးမင်းအောင်- 09259999807 Mandalay
https://u.pcloud.link/publink/show?code=XZoAMA5ZbwExXw1zNsJjHecLMzNX5Ywexmk0
13/08/2026
စစ်တုရင်ဝါသနာရှင်များ၊ သင်တန်းသားများနှင့် နည်းပြများအတွက် အထူးရည်ရွယ်ပြီး ဖန်တီးထားတဲ့ "Victory Chess" App အသစ်နဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ 🏆
ဒီ App လေးက ရိုးရိုး ဂိမ်းဆော့တဲ့ App မျိုးမဟုတ်ဘဲ စစ်တုရင်ပညာကို စနစ်တကျ လေ့လာချင်သူတွေအတွက် အကောင်းဆုံး သင်ထောက်ကူး (Training Companion) တစ်ခုဖြစ်လာအောင် အဖက်ဖက်ကနေ စဉ်းစားပြီး သေချာရေးဆွဲထားတာ ဖြစ်ပါတယ်။
✨ အဓိက ပါဝင်တဲ့ လုပ်ဆောင်ချက်များ (Key Features) ✨
📚 ကိုယ်တိုင်ရွှေ့ကစားနိုင်သော Interactive Library
လောလောဆယ် မြန်မာပြည်က စစ်တုရင်သင်တန်းတွေမှာ အသုံးအများဆုံးဖြစ်တဲ့ Learning Chess Steps စာအုပ်တွေကို App ထဲမှာ ထည့်သွင်းပေးထားပါတယ်။
အခြေခံသမားများအတွက် Step 1, Step 1 Plus, Step 1 Extra ကနေစပြီး၊ Advanced Level တွေအတွက် Step 5 အထိ ရရှိနေပြီဖြစ်ပါတယ်။
ရိုးရိုး PDF ဖတ်ရသလိုမျိုးမဟုတ်ဘဲ၊ စာအုပ်ထဲက ပုစ္ဆာတွေကို Board ပေါ်မှာ ကိုယ်တိုင် ကိုင်ရွေ့ပြီး အဖြေမှန်/မှား ချက်ချင်းသိနိုင်အောင် (Interactive) ဖန်တီးထားတာကြောင့် လေ့လာရတာ ပိုမိုထိရောက်ပါတယ်။
🧠 နေ့စဉ် ဦးနှောက်သွေးပူ လေ့ကျင့်ခန်းများ
Daily Puzzles: နေ့စဉ် အသစ်လဲလှယ်ပေးနေမယ့် Puzzle ပုစ္ဆာပေါင်း (၁၂၀) ပါဝင်လို့ နေ့တိုင်း လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။
Master Games: ကမ္ဘာ့အဆင့် Master ကြီးတွေရဲ့ ပွဲစဉ်တွေကိုလည်း တစ်ပတ်စာ နေ့စဉ် Update လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
⚙️ စွမ်းဆောင်ရည်မြင့် စနစ်များနှင့် ကိရိယာများ
Built-in Analysis Engine: နားမလည်တဲ့ အကွက်တွေ၊ မိမိအမှားတွေကို Engine အကူအညီနဲ့ သေချာ ပြန်လည်စစ်ဆေး (Analyze) လုပ်နိုင်ပါတယ်။
PGN Import & Reading Mode: မိမိလေ့လာချင်တဲ့ ပြင်ပက PGN ဖိုင်တွေကို App ထဲကို အလွယ်တကူ Import လုပ်ပြီး Reading Mode နဲ့ ဖတ်ရှုလေ့လာနိုင်ပါတယ်။
Favorites System: ကြိုက်နှစ်သက်တဲ့ Master Game တွေကို Favorites (⭐️) ထဲမှာ အလွယ်တကူ Save ထားနိုင်ပါတယ်။
Special Training Modes: ရိုးရိုး Puzzle တွေအပြင် Route Planner, Capture All စတဲ့ ထူးခြားတဲ့ လေ့ကျင့်ခန်း ပုံစံတွေလည်း ပါဝင်ပါသေးတယ်။
🎨 စိတ်ကြိုက်ပြင်ဆင်နိုင်မှုနှင့် ချောမွေ့သော Performance
Custom Board Colors: မိမိမျက်စိနဲ့ အဆင်ပြေမယ့် Board အရောင်အမျိုးမျိုး (Brown, Green, Blue, Pink မှအစ Rainbow အရောင်အထိ) ပြောင်းလဲနိုင်ပြီး၊ မျက်စိမအေးအောင် Day/Night (Dark Mode) တွေကိုပါ ထည့်သွင်းပေးထားပါတယ်။
Performance Optimization: စာအုပ်တွေ၊ ပုစ္ဆာတွေ ဘယ်လောက်ပဲများများ App လေးလံသွားတာမျိုး မရှိစေဘဲ စက်ထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ အမြန်ဆုံး အလုပ်လုပ်နိုင်အောင် အထူး (Optimize) ပြုလုပ် ရေးသားထားပါတယ်။
🚀 ရှေ့ဆက်လာမည့် Updates များ
ဒီလောက်နဲ့တင် ရပ်မသွားဘဲ နောက်ပိုင်းမှာ စစ်တုရင်ပညာရပ်ဆိုင်ရာ ပိုမိုကောင်းမွန်တဲ့ စာအုပ်တွေကိုပါ ကိုယ်တိုင်ရွှေ့ကစားပြီး Training လုပ်လို့ရအောင် ဆက်လက် ရေးတင်ပေးသွားဦးမှာပါ။
🔒 အလွယ်တကူ အသုံးပြုနိုင်ခြင်း အကောင့်ဖွင့်ရတာ ရှုပ်ထွေးမှုမရှိစေဖို့ Email, Google Account တို့နဲ့ လွယ်ကူလုံခြုံစွာ ဝင်ရောက်နိုင်သလို၊ စမ်းသပ်အသုံးပြုချင်သူတွေအတွက်လည်း "ဧည့်သည် (Guest Account)" အနေနဲ့ တန်းပြီး ဝင်ရောက်အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။
စစ်တုရင်စွမ်းရည်ကို မြှင့်တင်ချင်သူတိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ Victory Chess App ကို အခုပဲ ဒေါင်းလုဒ်ဆွဲပြီး စမ်းသုံးကြည့်လိုက်ပါ! ♟
https://u.pcloud.link/publink/show?code=XZoAMA5ZbwExXw1zNsJjHecLMzNX5Ywexmk0
04/05/2026
FIDE Instructor သင်ကြားရေးလက်မှတ်ရ ဆရာ FM မျိုးမင်းအောင် ကိုယ်တိုင်သင်ကြားပေးမည့် စစ်တုရင်သင်တန်းများ ♟️
မန္တလေးမြို့က စစ်တုရင်ဝါသနာရှင်များအတွက် သတင်းကောင်း!
FIDE (ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်) မှ အသိအမှတ်ပြုထားတဲ့ FIDE Instructor သင်ကြားရေးလက်မှတ်ရ ဆရာ FM မျိုးမင်းအောင် ကိုယ်တိုင် Office မှာ လူကိုယ်တိုင် စနစ်တကျ သင်ကြားပေးမယ့် Group Classes တွေကို အချိန်ဇယားမျိုးစုံနဲ့ ဖွင့်လှစ်ပေးလိုက်ပါပြီ။
ကျောင်းသား၊ လူငယ်များအနေနဲ့ စဉ်းစားတွေးခေါ်မှု မြှင့်တင်ချင်လို့ပဲဖြစ်ဖြစ်၊ ကစားသမားကောင်းတစ်ယောက် ဖြစ်ချင်လို့ပဲဖြစ်ဖြစ် အခုပဲ အပ်နှံနိုင်ပါပြီ။
☀️ မနက်ခင်းအတန်း (Morning Classes)
မနက်ခင်း လန်းဆန်းတဲ့အချိန်မှာ အာရုံစိုက် လေ့လာချင်သူများအတွက်-
⏰ အချိန်: မနက် 9:30 AM - 11:00 AM
🗓️ Weekday (တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ): 👉 ဗုဒ္ဓဟူးနေ့ ပိတ်သည်
🗓️ Weekend (စနေ၊ တနင်္ဂနွေ)
💰 သင်တန်းကြေး:
တစ်ပတ် (၂) ရက်တက် - ၄၀,၀၀၀ ကျပ် / လ
နေ့စဉ်တက် - ၇၀,၀၀၀ ကျပ် / လ (စာအုပ် ၁ အုပ် လက်ဆောင်ပါဝင်သည်)
🌇 ညနေခင်းအတန်း (Evening Classes)
ကျောင်းဆင်း၊ ရုံးဆင်းချိန် အကျိုးရှိရှိ အသုံးချချင်သူများအတွက်-
⏰ အချိန်: ညနေ 3:30 PM - 5:00 PM
🗓️ ရက်များ: အင်္ဂါနေ့မှလွဲ၍ ကျန်ရက်အားလုံး မိမိအဆင်ပြေမည့်ရက် ရွေးချယ်တက်ရောက်နိုင်သည် 👉 အင်္ဂါနေ့ ပိတ်သည်
💰 သင်တန်းကြေး:
တစ်ပတ် (၂) ရက်တက် - ၄၀,၀၀၀ ကျပ် / လ
တစ်ပတ် (၄) ရက်တက် - ၇၀,၀၀၀ ကျပ် / လ
✨ ဘာကြောင့် ကျွန်တော်တို့ဆီမှာ သင်ယူသင့်သလဲ?
FIDE Instructor လက်မှတ်ရ FM မျိုးမင်းအောင် ကိုယ်တိုင် သင်ကြားပေးခြင်း။
Group Class ဖြစ်လို့ တခြားသူငယ်ချင်းတွေနဲ့ အပြန်အလှန်ကစားရင်း အတွေ့အကြုံသစ်တွေ ရနိုင်ခြင်း။
မန္တလေးမြို့ 83 လမ်း အုပ်စုထဲမှာရှိလို့ သွားလာရ လွယ်ကူခြင်း။
သင်တန်းချိန် ရွေးချယ်စရာများလို့ မိမိအဆင်ပြေမည့် အချိန်ဇယားကို ညှိယူနိုင်ခြင်း။
📍 သင်တန်းနေရာ:
83 လမ်း၊ 41 B လမ်း၊ Why Group၊ At Home Center၊ မန္တလေးမြို့။
📞 စုံစမ်းရန်ဖုန်း: 09259999807
(Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်)
#စစ်တုရင်
01/05/2026
Safe Check Challenge! (၂) ကွက်အတွင်း ဘေးကင်းစွာ Check ပေးနိုင်မလား? ♟️🧩
Victory Chess Centre ရဲ့ Step 1 Plus သင်ရိုး (စာမျက်နှာ ၂၇) ထဲက စိတ်ဝင်စားဖို့အကောင်းဆုံး ပုစ္ဆာလေးတစ်ခုကို ဒီနေ့မှာ စိန်ခေါ်လိုက်ပါတယ်။
ဒီပုံထဲက အဖြူရောင် ဘုရင်မ (Queen) ဟာ အမည်းရောင် မင်းကြီး (King) ကို (၂) ကွက်ရွှေ့ပြီး ဘေးကင်းစွာနဲ့ ဘယ်လို Check ပေးနိုင်မလဲ?
(သတိထားရန် - အမည်းရောင် ရထားနှင့် မြင်းများ၏ ပြန်လည်ခုခံမှုကို ရှောင်ရှားရပါမည်)
✅ Victory Chess Centre ရဲ့ ထူးခြားချက်များ:
ကျွန်တော်တို့ရဲ့ သင်ခန်းစာ Diagrams အားလုံးကို Programming Language နည်းပညာဖြင့် အဆင့်မြှင့်တင်ထားလို့ အကြည်လင်ဆုံး Quality ကို ရရှိစေမှာပါ။
Flexible Schedule: မိမိအဆင်ပြေမည့် ရက်နှင့် အချိန်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။
Flexible Duration: သင်တန်းစတက်သည့်နေ့မှ နောက်လ ထိုရက်မတိုင်ခင် (၁) ရက်အထိကို (၁) လစာ သတ်မှတ်ပေးပါသည်။
✅ Fees:
၁ ပတ် ၂ ချိန် (၄၀,၀၀၀ ကျပ်) (တစ်လစာ)
၁ ပတ် ၄ ချိန် (၇၀,၀၀၀ ကျပ်) (တစ်လစာ)
အဖြေကို Comment မှာ (ဥပမာ - Qh1-h4+) ဆိုပြီး ရေးပေးသွားကြပါဦးခင်ဗျာ။ 👇
📍 Victory Chess Centre - Mandalay
📞 09259999807
(Credit: Based on the Step Method by Rob Brunia and Cor van Wijgerden. Digital restoration by Victory Chess Centre.)
24/04/2026
Step 6 အကြည် version နဲ့ ကာလာ version ရပါပြီ၊ Color က အရာင်ပေါ်မူတည်ပြီး ပြန် လုပ်ပေးရတာမို့ လိုချင်တဲ့ အရောင် ကို 1ရက်/2ရက် လောက်တော့ ကြိုမှာပေးပါ။ step 6 - စာမျက်နှာ 114ရှိတာမို့ black and white ဈေး = 10000 ကျပ်ပါ၊ Print out မို့ အဖုံးပေါ် နာမည်ထိုးလိုက ထိုးပေးပါတယ်။ အခြားသင်တန်း တွေက အများနှုန်း မှာယူပါက စာမျက်နှာ တိုင်းမှာ သင်တန်း Logo, သင်တန်းအမည်၊ ဖုန်းနံပါတ် စာတန်းထိုးပေးပါတယ်၊
(မှတ်ချက် ကျတော့ သင်တန်းက ထုတ်တာမို့
Logo, Book edition: Victory Chess Centre - Mandalay စာတန်း နဲ့ Victory Chess Centre ရေစာလေးတွေတော့ ပါမယ်။)
17/04/2026
စာအုပ် Order လေးတွေမှာ ရနိုင်တဲ့ အရောင်နဲ့ Chess-ရုပ် ဒီဇိုင်းများ
၁။ CBurnett (Lichess ရဲ့ Standard အသုံးအများဆုံး ဒီဇိုင်း)
၂။ Alpha (ရိုးရှင်းပြီး Modern Chess Pdf ဖိုင်တွေမှာ သုံးလေ့ရှိသော ဒီဇိုင်း)
၃။ Companion (Chess စာအုပ်တွေမှာ ယခင်ကတည်းကနေ ယနေ့ထိ သုံးလေ့ရှိသော ဒီဇိုင်း)
၄။ Kosal (စာအုပ်တွေမှာ သုံးလေ့ရှိတဲ့ နောက်ထပ် Classic ဒီဇိုင်း)
၅။ Fantasy (ကလေးတွေ သဘောကျမယ့် ဒီဇိုင်းဆန်းဆန်း)
၆။ kiwen-suwi (ကာတွန်းဆန်ဆန် ကလေးကြိုက် ဒီဇိုင်း)
၇။ horsey (hollow ဆန်ဆန်ဒီဇိုင်း)
၈။ pirouetti (crystal ရဲတိုက်ဆန်ဆန်ဒီဇိုင်း)
စသည် ဖြင့် အလွယ်တကူ ရှာဖွေပြီးသားလေးတွေ ရှိပါတယ်။
အရောင် Theme တွေအနေနဲ့
၁။ Brown Theme (lichess brown အရောင်ပုံစံ)
ဒါကတော့ တကယ့် Chess Board အစစ်တွေမှာ အသုံးအများဆုံးနဲ့ အလှဆုံး အရောင်စပ် ဖြစ်ပါတယ်။
၂။ Forest Green Theme (သစ်တောစိမ်းရောင် - Professional)
ဒီအရောင်က မျက်စိကို အနားပေးဆုံး အရောင်ဖြစ်ပါတယ်။ နိုင်ငံတကာ ပြိုင်ပွဲတွေနဲ့ Online Chess (Chess.com) မှာ အသုံးအများဆုံး အရောင်စပ်ပါ
၃။ Ice Blue Theme (ရေခဲပြာရောင် - Modern)
ဒီအရောင်စပ်ကတော့ စာအုပ်ထဲမှာ ပုံနှိပ်လိုက်ရင် အရမ်းသန့်ရှင်းပြီး ခေတ်မီတဲ့ ပုံစံမျိုးကို ပေးပါတယ်။
၄။ Cherry blossom Pink (Vibrant Pink ပန်းရောင်ရင့်ရင့်) ဒါကတော့ မျက်စိအေးပြီး ခလေးတွေ ဒါမှမဟုတ် မိန်းကလေးတွေအတွက် ထုတ်တဲ့ စာအုပ်တွေမှာ သုံးလို့ကောင်းတဲ့ အရောင်စပ်လေးပါ
၅။ DroidFish Blue (ရိုးရှင်း ကြည်လင်တဲ့ blue ပုံစံပါ)
၆။ Rainbow Theme (Rainbow အရောင်စပ်) ကတော့ ကလေးတွေအတွက် အရမ်းဆွဲဆောင်မှုရှိပြီး တက်ကြွတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
အခြား custom pieces နဲ့ theme များကိုလဲ စိတ်တိုင်းကျ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးပါတယ်။
16/04/2026
Pdf file ပေးရင် အရောင်ပါတဲ့ Diagram လှလှ လေးတွေ အစားထိုး ထည့်ပေးတဲ့ ဝန်ဆောင်မှု့ (စာအုပ်ရောင်းတာ မဟုတ်ပါ မူရင်း pdf to colorful pdf file လုပ်ပေးတာပါ)
မူရင်း pdf file တစ်ခုလုံး ကို High Processor နဲ့အကြမ်းဖျဉ်း Raw ထုတ်တဲ့ အဆင့်မှာ diagram 1 ခု 100 ကျပ်နှုန်းနဲ့ အရောင် or gray ထည့်ပေးပါတယ်၊
Page နည်းတဲ့ Step စာအုပ်တွေလိုမျိုးက 1 မျက်နှာ 12 chess-diagrams ထိပါတတ်တာမို့ 1 မျက်နှာ 1200 ထိ ကုန်ကျပါမယ်၊ အခြား Chess စာအုပ်ကြီး တွေက pages ထောင်ချီ ရှိပေမယ့် 1 မျက်နှာ 1 or 2 diagram ဘဲ ပါတတ်တာမို့ ခန့်မှန်း 1 မျက်နှာ 100 ကျပ်ပဲ ကျသင့်ပါတယ်။
ပုံတစ်ခု 100 နှုန်းနဲ့ စာအုပ် က အဆင်ပြေပြေထွက်လာရင် ပထမအဆင့် Raw မှာတင် အရောင်ထည့်ပြီး အချောသပ်စာအုပ် အောင်မြင်စွာ ရရှိသွားပါပြီ။
သတိပြုရန်
Good input = Good output/ Bad input= Bad output
out put ထွက်လာတဲ့ အချိန်မှာ ဖြစ်တတ်သော အမှားများ
1. Diagram မဟုတ်ဘဲ ထုတ်မိတာ
2. Original ကမှုန်နေလို့ Computer က diagram ကို scan မဖတ်နိုင်လို့ ပါမလာတာ
3. Diagram ထွက်ပြီး OCR engine အမှားကြောင့် position အမှားလေး တွေလဲ ပါလာနိုင်ပါတယ်
(Error ကတော့ အလုပ်အပ်တဲ့ သူ ကိုယ်တိုင် ပြန်စစ်ပေးရမှာပါ၊)
1 မျက်နှာ 100 ကျပ် ခန့်မှန်း မိတ္တူဈေး သဘောနဲ့ ဝန်ဆောင်မှု့ပေးတာမို့ Bad input ကြောင့် ဖြစ်လာတဲ့ error-အာမ မခံပါ။
မှတ်ချက်
Pdf မူရင်းက ဝါး နေတာမျိုး၊ တခြား အရုပ်ပုံတွေ size မျိုးစုံ ပါဝင်မှု့ များနေရင် Error out put ပါလာတတ်ပါတယ်။
Error out page တစ်မျက်နှာ ချင်း စီတိုင်း အတွက် Tool မျိုးစုံ သုံးပြီး Manual ပြင်ပေးရရင် Chess-diagram ပုံပြင်ခ 1 မျက်နှာ 1000 ကျပ် ယူပါတယ်၊ error လုပ်ချက်နည်းရင် အခမဲ့ ပြင်ပေးပါတယ်။ တစ်အုပ်လုံး Manual ပြင်ခ 1 သောင်းကျပ်အထိ အများဆုံး ကျသင့်နိုင်ပါတယ်။ ကျတော်ယူတဲ့ ဈေးပါ။ (ပထမအဆင့် Raw ကိုယူပြီး အခြား photo shop ဆိုင်မှာအပ်လဲ ရပါတယ်)
File ပေးရင် ကုန်ကျမယ့်ဈေး တခါထဲ တွက်ပေးပါတယ်၊ ဈေး (+ maximum error handling cost 10000k is optional ) ကျေနပ်မှု့ ရှိရင် စာအုပ် မှာယူ လို့ရပါတယ်။ စာအုပ်တစ်ခုတည်း ကနေ အရောင်မျိုးစုံ မှာယူရင် ဒုတိယအရောင် အတွက် 50% discount နဲ့ တတိယ အရောင် အထိ မှာယူပါက 50% ရမယ့် အပြင် + one more color free လက်ဆောင်လုပ်ပေးပါမယ်။ (Once order package ဖြစ်ဖို့တော့ လိုပါတယ်)
05/04/2026
Step 1 to 5 စာအုပ်များ Colour version ဖြင့်မှာယူ နိုင်ပါသည်။
(1 series မှာဆိုရင် 1+, 1extra ဆိုပြီး နောက်ထပ် နှစ်အုပ် ရှိပါတယ်၊ ကျန်တဲ့ step 2,3,4,5 စသည့် စာအုပ်များမှာ လဲ step level တစ်ခု အတွက် စာအုပ် 3 မျိုး ရှိပါတယ်၊ အလိုရှိရာ မှာယူလို့ရပါတယ်)
Colour book 1 အုပ်ချင်း = 10000 ကျပ် /
၃ အုပ်တွဲ အထူးထုတ် = 23000 ကျပ် (မိမိ နှစ်သက်ရာ အရောင်အားလုံး ထည့်သွင်းနိုင်သည်။)
ရရှိနိုင်သော အရောင်များ - Lichess-Brown အညိုရောင်
- Chess.com-Green အစိမ်းရောင်
- DroidFish-Blue အပြာရောင်
Black and White-print out စာအုပ် ၁ အုပ် Price = 5000 ကျပ်
၀၉-၂၅၉၉၉၉၈၀၇ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
Order မှာယူမှ print ထုတ်ပေးတာပါ၊လျှပ်စစ်မီး မမှန်တာမို့ ကြိုမှာပေးပါ၊။
05/04/2026
📣 Coming Soon: Mandalay International Schools Chess Championship /2026-2027 Academic Year♟️.
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မန္တလေးမြို့ရှိ အင်တာနေရှင်နယ်ကျောင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကြီးကို လာမည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပရန် စီစဉ်လျက်ရှိပါသည်။
ယခုပြိုင်ပွဲကြီးကို Sunflower International Schoolational School မှ အိမ်ရှင် (Host) အဖြစ် လက်ခံကMyanmar Chess Academy -MCAChess Academy -MCA နှင့် Wise Move Chess Centre တို့မှ နည်းပညာပိုင်းနှင့် စီစဉ်မှုအပိုင်းများတွင် ပူးပေါင်းပါဝင်သွားမည် ဖြစ်သည်။
အသေးစိတ် အစီအစဉ်များ၊ ပြိုင်ပွဲကျင်းပမည့်ရက်နှင့် စည်းကမ်းချက်များကို မကြာမီ ထပ်မံကြေညာပေးသွားပါမည်။
Upcoming Event: 🏆 Mandalay International Schools Chess Championship /2026-2027 Academic Year ♟️.
We are excited to announce that the Inter-International Schools Chess Championship for the 2026-2027 academic year is scheduled to take place in October 2026.
The event will be proudly hosted by Sunflower International School, in collaboration with Myanmar Chess Academy and Wise Move Chess Centre.
Stay tuned for further details regarding the tournament schedule, venue, and registration!
#စစ်တုရင်
05/04/2026
📣 Coming Soon: Mandalay Private Schools Chess Championship /2026-2027 Academic Year♟️.
"Organized by Myanmar Chess Academy"
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မန္တလေးမြို့ရှိ ကိုယ်ပိုင်ကျောင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကြီးကို လာမည့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပရန် "မြန်မာနိုင်ငံစစ်တုရင်အကယ်ဒမီ" က စီစဉ်လျက်ရှိပါသည်။
ယခုပြိုင်ပွဲကြီးကို Aung Pan Myay Private School မှ အိမ်ရှင် အဖြစ် လက်ခံကာ Myanmar Chess Academy -MCA နှင့် Winners Chess Training Centre တို့မှ နည်းပညာပိုင်းနှင့် စီစဉ်မှုအပိုင်းများတွင် ပူးပေါင်းပါဝင်သွားမည် ဖြစ်သည်။
အသေးစိတ် အစီအစဉ်များ၊ ပြိုင်ပွဲကျင်းပမည့်ရက်နှင့် စည်းကမ်းချက်များကို မကြာမီ ထပ်မံကြေညာပေးသွားပါမည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်- 09756956989