17/08/2026
ကျနော်တို့ Nitro Gym အတွက် Reception Desk ကို တာဝန်ယူပေးရန် အချိန်ပြည့်ဝန်ထမ်း(၁) ဦး (သို့မဟုတ်) အချိန်ပိုင်း ဝန်ထမ်း (၂) ဦးအလိုရှိပါသည်။
အလုပ်ချိန် အနေဖြင့် Gym ဖွင့်ချိန် မနက်ပိုင်း 6:00 a.m မှ 11:00 am ထိ နှင့် ညနေပိုင်း 3:00 p.m မှ 8:00 p.m ထိ ဖြစ်ပါသည်။
လျှောက်ထားသူအနေဖြင့် Computer ကို အခြေခံ အသုံးပြုနိုင်ရမည် ဖြစ်ပြီး Window 10 (or) 11 နှင့် Microsoft Excel ကို အခြေခံ အသုံးပြုနိုင်ရပါမည်။
အကျင့်စာရိတ္တ ကောင်းမွန်ပြီး လူမှုဆက်ဆံရေးပြေပြစ်ရပါမည်။
သာမန်အားဖြင့် တပတ်လျှင် ၆ ရက် Gym ဖွင့်ပြီး Sunday ပိတ်ပါသည်။ အခါကြီးရက်ကြီးတွင် Gym ပိတ်ပါက နားရက် ရပါမည်။
အချိန်ပြည့်ဝန်ထမ်းအဖြစ်လုပ်လိုပါက
လခ ၃၀၀ ၀၀၀ နှင့် သတ်မှတ်သော % ခံစားခွင့်ရှိပါမည်။
အခမဲ့ Gym ကစားခွင့် ပြုမည်ဖြစ်ပြီး ကစားသူ နည်းချိန်များတွင် ဆော့ကစားနိုင်ပါသည်။
အချိန်ပိုင်းဝန်ထမ်း လုပ်လိုပါက မနက်ပိုင်း (သို့မဟုတ်) ညနေပိုင်း နှစ်သက်ရာကို လျှောက်ထားနိုင်ပြီး
လခ ၂၀၀ ၀၀၀ ခံစားခွင့်ရှိပါမည်။ % ခံစားခွင့် မရှိပါ။
အခမဲ့ Gym ကစားခွင့်ပြုမည်ဖြစ်ပြီး မနက်ပိုင်း ဝန်ထမ်းအတွက် ညနေပိုင်း ကြိုက်နှစ်သက်ရာအချိန် နှင့် ညနေပိုင်း ဝန်ထမ်းအတွက် မနက်ပိုင်း ကြိုက်နှစ်သက်ရာအချိန်ကစားနိုင်ပါသည်။
စိတ်ဝင်စားသူများ အနေဖြင့် Gym ဖွင့်ချိန်တွင် Reception ၌လာရောက်စုံစမ်းနိုင်သလို Nitro Gym page မှတဆင့်လည်း စုံစမ်းနိုင်ပါသည်ခင်ဗျား...
26/07/2026
Nitro Gym ရဲ့ ချစ်မိတ်ဆွေများခင်ဗျား…🙏
(29-7-2026) ရက်နေ့ (ဝါဆိုလပြည့်နေ့) တရက်ကို Gym ပိတ်ရက်အဖြစ် သတ်မှတ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျား…🙏
ဓမ္မစကြာနေ့ အခါသမယမှာ Nitro Gym ၏ ချစ်မိတ်ဆွေအပေါင်း ကိုယ်စိတ် နှစ်ပါး ငြိမ်းချမ်း သာယာကြပါစေ….❤️❤️❤️
09/04/2026
Nitro Gym ရဲ့ ချစ်မိတ်ဆွေများခင်ဗျား…🙏
(၁၂ - ၄ - ၂၀၂၆) မှ (၁၉ - ၄ - ၂၀၂၆) ရက်နေ့အထိ မြန်မာနှစ်သစ်ကူး အတာသင်္ကြန် ပိတ်ရက်အဖြစ် Nitro Gym အား ပိတ်ထားမှာဖြစ်ပါတယ်ခင်ဗျား….
(၂၀ - ၄- ၂၀၂၆) ရက်နေ့ နှစ်သစ်မှာ မင်္ဂလာရှိစွာ ပြန်လည်ဆုံတွေ့ကြပါစို့….❤️
ပိတ်ရက်မတိုင်မှီ သက်တမ်းတိုးထားသော (သို့) သက်တမ်းကျန်သေးသော Customers များအား Gym ဖွင့်ရက် (၆) ရက် အစားထိုးပေးသွားမှာဖြစ်ပါတယ်.....
နှစ်သစ်အခါသမယမှာ GCAC မိသားစုဝင်များနဲ့ Nitro Gym ရဲ့ ချစ်မိတ်ဆွေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ စီးပွား လာဘ်လာဘ်များ ဒီရေအလား တိုးတက်ပါစေကြောင်း Nitro Gym မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျား……❤️
28/03/2026
Nitro Gym ရဲ့ ချစ်မိတ်ဆွေများခင်ဗျား... 🙏
Nitro Gym ကို အစဉ်တစိုက် အားပေးခဲ့ကြတဲ့ ချစ်မိတ်ဆွေများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့
မြန်မာနှစ်သစ်ချိန်ခါ အတာသင်္ကြန်ကာလ အထိမ်းအမှတ်အဖြစ်
နှစ်သစ်ကူး Promotion အစီအစဉ်လေးကို ဧပြီ (၁) ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်… ❤️
ချစ်မိတ်ဆွေတို့အတွက် မည်သည့် Package မဆို
(10)% Discount ကို ဧပြီ တလလုံးပေးထားမှာဖြစ်ပါတယ် 🥰
Packages လ များများယူလေ Discount များများရလေမို့
အခွင့်အရေးကို လက်လွတ်မခံကြဖို့ နှိုးဆော်လိုက်ရပါတယ်နော့် …
Nitro Gym ရဲ့ ချစ်မိတ်ဆွေများနဲ့ GCAC မိသားစုဝင်များ အားလုံး
နှစ်သစ်အခါ သမယမှစပြီး စီးပွါးလာဘ်လာဘ်များ
ဒီရေအလား တိုးတက်ပြီး
ကပ်ကြီး သုံးပါးဘေးမှ ကင်းဝေးကြပါစေကြောင်း နှစ်သစ် ဆုမွန်တောင်းလိုက်ရပါတယ်ခင်ဗျား… 🙏
19/02/2026
Nitro Gym ရဲ့ ချစ်မိတ်ဆွေများခင်ဗျား
နွေကျောင်းပိတ်ရက်မှာ သားသားမီးမီးလေးတို့အတွက်
ကျန်းမာပျော်ရွှင် လန်းဆန်းတက်ကြွစေဖို့....
သူငယ်ချင်းတွေ တိုးပွားစေဖို့..
Screen Time တွေ လျော့ချနိုင်ဖို့...
Kid for Zumba အစီအစဉ်လေး ရှိပါတယ်ခင်ဗျ...
နေ့ရက်နဲ့ အချိန်လေးကို ညှိနှိုင်း စီစဉ်မှာမို့ စိတ်ဝင်စားတဲ့ ဖေဖေမေမေ တို့အနေနဲ့
Nitro Gym ရဲ့ Reception Desk မှာ လာရောက်စုံစမ်း စာရင်းပေးသွင်းနိုင်ကြပါပြီခင်ဗျာ...
25/12/2025
Merry Christmas 🎅 ❤️
Nitro Gym ချစ်မိတ်ဆွေတို့
ရာသီဥတု အေးတယ်နော်
ကျန်းမာရေး ဂရုစိုက်ကြပါဗျား..❤️
မိတ်ဆွေတို့ ကျန်းမာ သွက်လက်ပြီး မိမိ ကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေစေဖို့ Nitro Gym မှာ အမြဲ အသင့်ရှိနေပါတယ်ခင်ဗျ
Nitro Fitness Studio ပြန်ဖွင့်ခြင်း အထိမ်းအမှတ်နဲ့ Promotion ပေးထားတဲ့ ကာလကလည်း ကုန်ဆုံးတော့မှာမို့
Promotion မှီအောင် အမြန်ဆုံး စာရင်းသွင်းထားဖို့ လည်း မမေ့ကြနဲ့အုံးနော့်
Nitro Gym ရဲ့ ချစ်မိတ်ဆွေများနဲ့ GCAC မိသားစုဝင်များအားလုံး နှစ်သစ်မှာ .. ကျန်းမာ ပျော်ရွှင်ပြီး စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေခင်ဗျား.... 🙏
Merry Christmas and Happy New Year to you all 🤶 ❤️
01/12/2025
Nitro ရဲ့ ချစ်မိတ်ဆွေများ ခင်ဗျ 🙏
Yoga နဲ့ Zumba အတန်းလေးတွေကို မနက်ဖန်ကစပီး
ဖွင့်ပါပီနော် 😍
Yogaအတန်းချိန်လေးကတော့
မနက် 6:30-7:30 AM
Zumba အတန်းချိန်လေးကတော့
ညနေ 5:00-6:00 PM ပါခင်ဗျ
လာjoin ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ ❤️