25/08/2026
Silent Resignation (တိတ်ဆိတ်စွာ အလုပ်ထွက်ခြင်း) ဆိုတာ ဘာလဲ။ 🤫💼
အလုပ်ကတော့ မထွက်သေးဘူး... ဒါပေမဲ့ ပေးထားတဲ့ လစာနဲ့ တာဝန်ထက် စင်တီမီတာမျှ ပိုမလုပ်တော့ဘူး 🛑🖐
ဒါကို Quiet Quitting (သို့) Silent Resignation လို့ ခေါ်ပါတယ်။
အလုပ်ခွင်မှာ အရမ်း ကြိုးစားလွန်းလို့ စိတ်ရော၊ ခန္ဓာပါ နွမ်းနယ်သွားတဲ့အခါ 😫၊ အပင်ပန်းခံသလောက် အသိအမှတ်ပြု မခံရတဲ့အခါ 💔 ဝန်ထမ်း အများစု စတင် လုပ်ဆောင်လာကြတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။
Quiet Quitting ရဲ့ ထင်ရှားတဲ့ လက္ခဏာများ 🤔
⏰ အချိန်အတိအကျပဲ လုပ်တယ်: ရုံးဆင်းချိန်ရောက်တာနဲ့ Laptop ချက်ချင်းပိတ်၊ အလုပ်ကိစ္စ ဘာမှ ဆက်မလုပ်တော့ဘူး။
🙅♂️ Extra Task တတ်နိုင်သလောက် ငြင်းတယ်: ကိုယ့် Job Description ထဲ မပါတဲ့၊ အပိုခိုင်းတဲ့ အလုပ်တွေကို "မအားပါဘူး" လို့ ပါးနပ်စွာ ငြင်းဆန်လာတယ်။
🔇 အစည်းအဝေးတွေမှာ တိတ်ဆိတ်သွားတယ်: အရင်လို Idea သစ်တွေ ပေးတာ၊ တက်တက်ကြွကြွ ပါဝင်တာတွေ မလုပ်တော့ဘ ခိုင်းတာလောက်ပဲ ငြိမ်ပြီး နားထောင်တော့တယ်။
🧘♂️ Boundary ရှင်းရှင်းလင်းလင်း သတ်မှတ်တယ်: ရုံးပိတ်ရက်နဲ့ အားလပ်ချိန်တွေမှာ အလုပ် Viber/Telegram Message တွေကို Reply မပြန်တော့ဘူး။
ဒါဆို Quiet Quitting က အပျင်းထူတာလား? 🧐
အလုပ် မလုပ်ချင်တာ မဟုတ်ပါဘူး... ကိုယ့်ရဲ့ Mental Health နဲ့ Personal Life ကို ကာကွယ်လိုက်တာပါ🧠💙
အလုပ်မှာ မလိုလားအပ်တဲ့ ဖိအားတွေ ပိုမယူတော့ဘဲ၊ ပေးထားတဲ့ တာဝန်ကိုပဲ အပြစ်ပြောစရာမရှိအောင် လုပ်ဆောင်ပြီး ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို ပထမဦးစားပေး လဲလှယ်လိုက်တာပဲ ဖြစ်ပါတယ်။
Leader တွေအနေနဲ့ရော ဘာလုပ်သင့်သလဲ? 💡
သင့်အဖွဲ့ဝင်ထဲမှာ အရင်က တက်ကြွပြီး အခုမှ ရုတ်တရက် Quiet Quitting ဖြစ်သွားသူရှိရင် သတိထားပါ။
၁။ Overwork ဖြစ်နေသလား ပြန်ဆန်းစစ်ပါ ⚖️
၂။ သူတို့ရဲ့ ကြိုးစားမှုကို နေရာမှန် အသိအမှတ်ပြုပါ 👏
၃။ Open Communication (ပွင့်လင်းစွာ စကားပြောဆိုခြင်း) စတင်ပါ 💬
သင်ရော အလုပ်မှာ Quiet Quitting လုပ်နေမိပြီလား...?
အောက်က Comment မှာ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်သွားလို့ရပါတယ်။ 💬👇
22/08/2026
😂 အလုပ်ကတော့ မလုပ်ဘူး… စတိုင်ကတော့ ဆရာမကြီး
လုပ်ငန်းခွင်မှာ လူတစ်မျိုးတော့ ရှိတတ်တယ်နော်… 😌
ကိုယ့်အလုပ်ကိုယ်တော့ မပြီးဘူး။
သူ့အလုပ်ကို တခြားသူတွေက ဝင်လုပ်ပေးနေရတယ်။
Deadline နီးလာရင်လည်း
ဒါလေး ဘယ်လိုဖြစ်သွားပြီလဲဆိုပြီး သူက ပြန်မေးနေပြန်ရော။ 😂
ကိုယ်တိုင်က ဘာမှမလုပ်ထားပေမယ့်
သူများလုပ်ထားတဲ့အလုပ်ကိုတော့
ဒီလိုလုပ်ရမှာလေ…
ဒါလေးက မပြည့်စုံသေးဘူး…
ကျွန်မဆို ဒီလိုလုပ်တယ်… 🤭 ဆိုပြီး အကြံပေးတာကတော့ Project Manager ထက်တောင် ကျွမ်းနေသေးတယ်။
အလုပ်လုပ်တဲ့သူတွေကတော့
သူ့အလုပ်ပါ ဝင်လုပ်ပေးရင်းနဲ့
ကိုယ့်အလုပ်တွေတောင် မပြီးတော့ဘူး။ 😮💨
သူကတော့ အေးအေးဆေးဆေး…
အလုပ်လည်း မလုပ်ဘူး။
တာဝန်လည်း မယူဘူး။
ဒါပေမယ့် အမြင်တော့ အရမ်းရှိတယ်။ 😂
ပိုဆိုးတာက
ကိုယ်က သူ့အလုပ်ကို ဝင်ကူပေးနေရတာတောင်
သူ့ဘက်က ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးတစ်ခွန်း မကြားရဘူး။
တကယ်တော့ Team တစ်ခုမှာ
အလုပ်မလုပ်နိုင်တဲ့သူကို နားလည်ပေးလို့ရပါတယ်။
မသိတာရှိရင် သင်ပေးလို့ရတယ်။
မနိုင်တာရှိရင် ကူညီပေးလို့ရတယ်။ ❤️
ဒါပေမယ့်
ကိုယ်တိုင်တာဝန်မယူဘဲ
သူများကိုပဲ အမြဲတာဝန်ပေးနေတဲ့အကျင့်ကတော့
Team တစ်ခုလုံးကို ပင်ပန်းစေပါတယ်။
နောက်ဆုံးတော့ အလုပ်လုပ်တဲ့သူတွေကပဲ တွေးလာကြတယ်…
ငါတို့က သူ့အလုပ်ပါ လုပ်ပေးဖို့ ဒီ Company ကို ဝင်လာတာလား?🥲
ဒါကြောင့် လုပ်ငန်းခွင်မှာ
စတိုင်ကြီးဖို့ထက် တာဝန်ယူတတ်ဖို့၊
စကားများဖို့ထက် ကိုယ်တိုင်လုပ်ပြနိုင်ဖို့၊
သူများကို အပြစ်ရှာဖို့ထက် ကိုယ့်အလုပ်ကိုယ် ပြီးအောင်လုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ ❤️
ရာထူးကြီးသလို နေလို့ရပါတယ်…
ဒါပေမယ့် တကယ်တန်ဖိုးရှိတဲ့ဝန်ထမ်းဖြစ်ဖို့က ကိုယ်တိုင်အလုပ်လုပ်ပြရပါတယ်။👀🔥
သင်တို့လုပ်ငန်းခွင်မှာရော အလုပ်ကတော့ မလုပ်ဘူး… စတိုင်ကတော့ ဆရာမကြီးဆိုတဲ့သူရှိလား?
#ဝန်ထမ်းရင်ဖွင့်သံ #ဝန်ထမ်းဘဝ #လုပ်ငန်းခွင် #လုပ်ငန်းရှင် #အလုပ်ခွင် #ဝန်ထမ်း
18/08/2026
လစာကတော့ အများကြီး… အလုပ်ကတော့ တခြားသူတွေက လုပ်ပေးနေရတယ်🤫
ဒီလိုဝန်ထမ်းမျိုးရှိတဲ့ Team တစ်ခုမှာ
အလုပ်လုပ်နေတဲ့သူတွေက တကယ်ပင်ပန်းပါတယ်။
ကိုယ့်အလုပ်ကိုယ်လုပ်ရင်း
သူ့အလုပ်ပါ ထပ်ပြီး လိုက်လုပ်ပေးနေရတယ်။
Deadline နီးလာရင်လည်း .......
သူ့အပိုင်းက ဘယ်လိုဖြစ်သွားပြီလဲဆိုပြီး လိုက်ရှာရတယ်။
မလုပ်ထားဘူး။😐
ပြန်မေးရင် အကြောင်းပြချက်ရှိတယ်။😬
နောက်ဆုံးတော့ အလုပ်က မပြီးလို့
Team ထဲက တခြားသူတွေက ဝင်ပြီး လုပ်ပေးရတယ်။
ဒါပေမယ့် လကုန်ရင်တော့…
လစာက သူလည်း အပြည့်ရတယ်။💰
ဒီနေရာမှာ ပြဿနာက သူလစာများတာ မဟုတ်ပါဘူး။
အလုပ်နဲ့ လစာရဲ့ တန်ဖိုးမမျှတာပါ။
ပိုဆိုးတာက ကိုယ်က အလုပ်လုပ်နေတဲ့သူတွေကိုပါ
သူ့အလုပ်လည်း လုပ်ပေးလိုက်ပါဆိုပြီး
အမြဲတမ်း ခံပေးနေရတာပါ။
ဒီလိုအခြေအနေက ကြာလာရင်
အလုပ်လုပ်တဲ့သူတွေကလည်း တစ်ချိန်မှာ စဉ်းစားလာတတ်တယ်…
👉 ငါက ဘာလို့ ဒီလောက်ကြိုးစားနေရတာလဲ?
👉 အလုပ်မလုပ်တဲ့သူနဲ့ အလုပ်လုပ်တဲ့သူက တူတူလစာရနေရင် ငါ့ကြိုးစားမှုက ဘာအတွက်လဲ?
အဲ့ဒီအချိန်က Company အတွက် အန္တရာယ်ရှိလာပါပြီ။
ဘာလို့လဲဆိုတော့ ......
အလုပ်မလုပ်တဲ့ဝန်ထမ်းတစ်ယောက်ထက်
အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေရဲ့ Motivation ကျသွားတာက ပိုကြီးတဲ့ပြဿနာ ဖြစ်လာနိုင်လို့ပါ။
ဝန်ထမ်းတစ်ယောက်ကို အလုပ်မလုပ်ဘဲ
Team က အမြဲဝင်ပြီး ကာပေးနေရင်…
သူ့ကိုပဲ ကူညီနေတာမဟုတ်ပါဘူး။
အလုပ်လုပ်တဲ့သူတွေရဲ့ အချိန်ကို ယူနေပါတယ်။
Team ရဲ့ Energy ကို ယူနေပါတယ်။
နောက်ဆုံးမှာ Company ရဲ့ Performance ကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့
သူ့အလုပ်ကို တခြားသူတွေက လုပ်ပေးနေတယ်ဆိုတာကို အမြဲမမြင်ချင်ယောင်ဆောင်မနေသင့်ပါဘူး။
လူတိုင်းမှာ အားနည်းတဲ့နေ့ရှိနိုင်ပါတယ်။
အလုပ်မနိုင်တဲ့အချိန်လည်း ရှိနိုင်ပါတယ်။
ဒါပေမယ့် အမြဲတမ်း တာဝန်မယူဘဲ တခြားသူတွေပေါ်ပဲ ပုံချနေတယ်ဆိုရင်တော့ အဲ့ဒါက လူတစ်ယောက်ရဲ့ပြဿနာ မဟုတ်တော့ပါဘူး။ Team တစ်ခုလုံးရဲ့ ပြဿနာ ဖြစ်လာပါပြီ။
အလုပ်လုပ်တဲ့သူကို ပိုမပင်ပန်းစေဘဲ
အလုပ်မလုပ်တဲ့သူကိုလည်း ပိုမကာကွယ်ပေးဘဲ
တာဝန်ယူမှုရှိတဲ့ Workplace တစ်ခု ဖြစ်ဖို့လိုပါတယ်❤️
သင်တို့ရုံးမှာရော ဒီလိုဝန်ထမ်းမျိုး ရှိဖူးလား?👀
ရှိဖူးရင် ဘယ်လိုဖြေရှင်းခဲ့ကြလဲ?
#ဝန်ထမ်းဘဝ #လုပ်ငန်းခွင် #လုပ်ငန်းရှင် #ဝန်ထမ်းများရင်ဖွင့်သံ
17/08/2026
💰 လစာကောင်းရင် Toxic Workplace ကို သည်းခံသင့်လား?
တစ်ခါတလေ အလုပ်မှာ အဆင်မပြေတာတွေရှိရင်
သူများတွေက အလွယ်တကူပြောတတ်ကြတယ်…
လစာကောင်းတာပဲ… သည်းခံလိုက်ပေါ့တဲ့။ 😶
ဟုတ်ပါတယ်…
လစာကောင်းတာ အရေးကြီးပါတယ်။💰
ကိုယ်လည်း မိသားစုအတွက်၊ ကိုယ့်အနာဂတ်အတွက်
ပိုကောင်းကောင်းနေချင်လို့ အလုပ်လုပ်နေတာပဲလေ။ 🏠❤️
ဒါပေမယ့်…
လစာကောင်းတာတစ်ခုတည်းနဲ့
ကိုယ့်စိတ်ပင်ပန်းနေတာကို အမြဲတမ်း ဖုံးထားလို့ရပါ့မလား.... 🥺
မနက်တိုင်း အလုပ်သွားရမှာကို စိတ်ညစ်နေတယ်… 😔
Boss ရဲ့ Message ဝင်လာတိုင်း ရင်ထဲမှာ လန့်နေတယ်… 📱😣
ကိုယ်လုပ်သမျှကို အသိအမှတ်မပြုဘဲ
အမှားလုပ်တဲ့အခါတိုင်းပဲ အပြစ်တင်ခံနေရတယ်… 💔
အလုပ်ပြီးလို့ အိမ်ပြန်ရောက်ပေမယ့်
စိတ်ကတော့ Office ထဲမှာပဲ ကျန်နေတယ်… 🏢
Weekend ရောက်လည်း အလုပ်အကြောင်းတွေးနေရတယ်။
ညအိပ်ချိန်ရောက်လည်း မနက်ဖြန်အလုပ်အကြောင်း စိုးရိမ်နေတယ်… 😞
ပြီးတော့ တစ်နေ့မှာ ကိုယ့်ကိုယ်ကို မေးမိတယ်…
> ငါ ဒီလစာရဖို့အတွက်
> ငါ့ရဲ့ စိတ်အေးချမ်းမှုကို ဘယ်လောက်ထိ ပေးဆပ်နေရတာလဲ? 💭
ဒီမေးခွန်းက တကယ်တော့ မလွယ်ပါဘူး။
ဘာလို့လဲဆိုတော့ တချို့လူတွေအတွက်
ဒီလစာက မိသားစုစားဝတ်နေရေး၊ အိမ်လခ၊ အကြွေးနဲ့ တာဝန်တွေအများကြီးနဲ့ ဆက်နွယ်နေလို့ပါ။ 💵🏠
ဒါကြောင့်.............
မကြိုက်ရင် ထွက်လိုက်လို့လည်း အလွယ်တကူပြောလို့ မရပါဘူး။ 🙅🏻♀️
ဒါပေမယ့် တစ်ခုတော့ သတိထားစေချင်တယ်…
သည်းခံတာနဲ့ ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားတဲ့အထိ ခံနေတာ မတူဘူးနော်။❤️🩹
ခဏသည်းခံနေရတာဆိုရင်
ကိုယ့်အတွက် Plan တစ်ခုတော့ ရှိထားပါ။ 📝
✨ Skill တွေတိုးပါ
✨ Experience ယူပါ
✨ ငွေစုပါ
✨ ကိုယ့် Career အတွက် Plan ချပါ
✨ အခွင့်အရေးအသစ်တွေ ရှာထားပါ
တစ်နေ့မှာ မထွက်နိုင်ဘူး မဟုတ်ဘဲ
ဒီနေရာကနေ ထွက်ဖို့ ငါရွေးချယ်နိုင်တယ်ဆိုတဲ့အခြေအနေကို ရောက်အောင်လုပ်ပါ။💪🏻❤️
ဘာလို့လဲဆိုတော့…
လစာကောင်းတဲ့အလုပ်တစ်ခု ရှိတာက ကောင်းပါတယ်။💰✨
ဒါပေမယ့် လစာကောင်းလို့ ကိုယ့်ဘဝတစ်ခုလုံးကို မပျော်မရွှင်နဲ့ ဖြတ်သန်းနေရတာတော့ မကောင်းပါဘူး 🥺
အလုပ်က ကိုယ့်ဘဝကို တိုးတက်စေဖို့ ဖြစ်သင့်တာပါ။
ကိုယ့်ဘဝတစ်ခုလုံးကို စုပ်ယူသွားဖို့ မဟုတ်ပါဘူး။ ❤️
ဒါကြောင့် နောက်ဆုံးမှာတော့…
လစာကိုရွေးမလား? 💰
စိတ်အေးချမ်းမှုကိုရွေးမလား? 🧘🏻♀️
ဒါမှမဟုတ် နှစ်ခုလုံးရနိုင်မယ့်နေရာကို ရှာမလား? 🌱**
အဖြေက လူတိုင်းအတွက် မတူနိုင်ပါဘူး။
ဒါပေမယ့် ကိုယ့်စိတ်အေးချမ်းမှုနဲ့ ကိုယ့်တန်ဖိုးကိုတော့ မမေ့ပါနဲ့နော်။🫂❤️
👇🏻လူကြီးမင်းတို့အမြင်မှာရော…
လစာကောင်းရင် Toxic Workplace ကို သည်းခံသင့်တယ်လို့ထင်လား? 🤔
ဒါမှမဟုတ်
ဘယ်လောက်လစာကောင်းကောင်း ကိုယ့်စိတ်အေးချမ်းမှုထက် မပိုအရေးကြီးဘူးလို့ထင်လား? 💭
Comment မှာ ကိုယ့်အမြင်လေး ပြောခဲ့ပါဦးနော်။ 👇🏻❤️
ကိုယ်တိုင်မပြောချင်ရင်လည်း အလုပ်မှာ ဒီလိုခံစားနေရတဲ့သူတစ်ယောက်ကို Tag လုပ်ပေးလို့ရပါတယ်။ 🫶🏻
#ဝန်ထမ်းဘဝ #အလုပ်ခွင် #အလုပ်ခွင်အကြောင်း #လုပ်ငန်းခွင် #ဝန်ထမ်း #လုပ်ငန်းရှင်
15/08/2026
လစာကောင်းပေမယ့် အလုပ်ထွက်ချင်နေတဲ့အကြောင်းရင်း🤩
လစာကောင်းတယ်ဆိုတိုင်း
အလုပ်ကို ဆက်လုပ်ချင်နေမယ်လို့တော့ မဆိုနိုင်ဘူးနော်…
တစ်ခါတလေ ကိုယ်အလုပ်ထွက်ချင်တာ လစာမလောက်လို့မဟုတ်ပါဘူး။
မနက်တိုင်း အလုပ်သွားရမှာကို စိတ်မပါလာတော့တာ၊
အလုပ်လုပ်နေပေမယ့် ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသလို ခံစားလာရတာ 😞
ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား အသိအမှတ်ပြုမခံရတာ🤨
ကိုယ့်အပေါ် ယုံကြည်မပေးဘဲ အမြဲစောင့်ကြည့်ခံနေရတာ…
ဒီလိုအရာလေးတွေက တဖြည်းဖြည်းနဲ့
လစာထက် ပိုပြီး စိတ်ပျက်စေတတ်ပါတယ်။
တစ်ချို့လူတွေက လစာကောင်းတာကို ဘာလို့ထွက်မှာလဲလို့ မေးကြတယ်။
ဒါပေမယ့် အလုပ်လုပ်နေတဲ့သူရဲ့စိတ်ထဲမှာတော့
လစာကောင်းတာတစ်ခုတည်းနဲ့ ငါပျော်နေပြီလားဆိုတာက ပိုအရေးကြီးပါတယ်။
ကိုယ်ရတဲ့လစာက ကိုယ့်အချိန်အတွက် တန်ဖိုးတစ်ခု ပေးနေတာပါ။
ဒါပေမယ့်.....
ကိုယ့်စိတ်အေးချမ်းမှု၊ ကိုယ့်တန်ဖိုး၊ ကိုယ့်အနာဂတ်တွေကိုတော့ လစာတစ်ခုတည်းနဲ့ အစားထိုးလို့မရပါဘူး😍
အဲ့ဒါကြောင့် တစ်ခါတလေ
လစာကောင်းကောင်းရနေတဲ့လူတစ်ယောက်ကလည်း
တိတ်တိတ်လေး အလုပ်ထွက်ဖို့ စဉ်းစားနေနိုင်ပါတယ်။
အလုပ်ထွက်ချင်နေတဲ့သူတိုင်း လစာမကျေနပ်လို့ မဟုတ်ပါဘူး။
တစ်ခါတလေ သူတို့မကျေနပ်တာက “အလုပ်” မဟုတ်ဘဲ “အလုပ်လုပ်နေရတဲ့ပုံစံ” ဖြစ်နေနိုင်ပါတယ်။❤️
လစာကောင်းပေမယ့် အလုပ်ထွက်ချင်စေတဲ့အရာက ဘာဖြစ်မယ်ထင်လဲ?💭
14/08/2026
ဝန်ထမ်းတစ်ယောက် အလုပ်ကောင်းကောင်းလုပ်ဖို့ လစာအပြင် ဘာလိုသေးလဲ?
တစ်ခါတလေ လုပ်ငန်းရှင်တွေက
လစာကောင်းကောင်းပေးထားတယ်… ဘာလို့ အလုပ်ကို စိတ်မပါလက်မပါလုပ်နေတာလဲ? လို့ တွေးမိတတ်ကြပါတယ်။
ဒါပေမယ့် ဝန်ထမ်းတစ်ယောက် အလုပ်လုပ်ဖို့ လစာလိုပါတယ်။
ဒါပေမယ့် အလုပ်ကို “စိတ်ပါလက်ပါ” လုပ်ဖို့ဆိုရင် လစာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
ဘာတွေလိုသေးလဲဆိုတော့ 👇🏻
1️⃣ ကိုယ့်အလုပ်ကို တန်ဖိုးထားပေးတာ
ဝန်ထမ်းတစ်ယောက်က
အလုပ်လုပ်တာပဲမဟုတ်ဘူး…
ကိုယ့်အချိန်၊ ကိုယ့်အား၊ ကိုယ့်အရည်အချင်းတွေကို Company အတွက် ထည့်ပေးနေတာပါ။
ဒါကြောင့်
အလုပ်ပြီးရင်ပြီးပြီဆိုတာထက် ဒီအလုပ်ကို ကောင်းကောင်းလုပ်ပေးလို့ ကျေးဇူးတင်ပါတယ်
ဆိုတဲ့ စကားလေးတစ်ခွန်းကတောင် သူတို့အတွက် Motivation ဖြစ်နိုင်ပါတယ်။
2️⃣ ကိုယ့်အပေါ် ယုံကြည်ပေးတာ
အလုပ်တိုင်းကို လုပ်သမျှစောင့်ကြည့်ခံနေရရင်
ဝန်ထမ်းက တဖြည်းဖြည်းနဲ့
ငါ့ကို ယုံကြည်မထားဘူးထင်တယ်…ဆိုတဲ့စိတ် ဖြစ်လာတတ်ပါတယ်။
တာဝန်ပေးပြီး အလုပ်လုပ်နိုင်တဲ့ Space လေးပေးတာက ဝန်ထမ်းတစ်ယောက်ရဲ့ Confidence ကို တိုးစေပါတယ်။
3️⃣ Growth ရှိတယ်ဆိုတဲ့ ခံစားချက်
လစာရနေတယ်…
ဒါပေမယ့် ကိုယ့် Skill က မတိုးလာဘူး။
Position က မတိုးလာဘူး။
အသစ်အဆန်းတွေ သင်ယူခွင့်လည်း မရှိဘူး။
ဒီလိုဆိုရင် ဝန်ထမ်းတစ်ယောက်က
ဒီမှာ ဆက်လုပ်နေရင် ငါ့ Career က ဘယ်ကိုသွားမှာလဲ?လို့ စပြီးတွေးလာပါလိမ့်မယ်။
လစာက ဝန်ထမ်းကို အလုပ်မှာရှိနေစေဖို့ အရေးကြီးတယ်။
Growth ကတော့ အဲ့ဒီနေရာမှာ ဆက်ရှိချင်စေဖို့ အရေးကြီးပါတယ်။
4️⃣ စိတ်အေးချမ်းတဲ့ Working Environment
အလုပ်မှာ Stress ရှိတာ သဘာဝပါ။
ဒါပေမယ့်
နေ့တိုင်းအော်ခံနေရတာ 😞
အမြဲအပြစ်တင်ခံနေရတာ🤨
အချင်းချင်းမယုံကြည်တာတွေများလာရင်…😐
လစာဘယ်လောက်ကောင်းကောင်း စိတ်ပင်ပန်းလာမှာပါပဲ။😕
Company တစ်ခုမှာ
ဝန်ထမ်းတွေ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့
Safe ဖြစ်တဲ့ Environment တစ်ခုလည်း လိုပါတယ်။
5️⃣ ငါလုပ်နေတာ အဓိပ္ပာယ်ရှိတယ်ဆိုတဲ့ ခံစားချက်
ဒီအချက်ကတော့ အရေးကြီးဆုံးပါ။
ကိုယ်လုပ်နေတဲ့အလုပ်က
Company အတွက် ဘာအကျိုးရှိလဲ?
ကိုယ့် Contribution ကို ဘယ်သူတွေ အသိအမှတ်ပြုလဲ?
ဒါတွေကို ဝန်ထမ်းတစ်ယောက်က သိလာတဲ့အခါ
အလုပ်ကို လစာရဖို့လုပ်တာထက်
ငါက ဒီ Company အတွက် တစ်ခုခုအကျိုးရှိအောင် လုပ်ပေးနေတယ်ဆိုတဲ့စိတ်နဲ့ လုပ်လာနိုင်ပါတယ်။
❤️ ဝန်ထမ်းကောင်းတစ်ယောက်ကို လစာက ထိန်းထားနိုင်ပါတယ်။
ဒါပေမယ့် Respect, Trust, Growth နဲ့ Appreciation တွေကပဲ စိတ်ပါလက်ပါ ဆက်လုပ်ချင်အောင် လုပ်ပေးနိုင်တာပါ။
လုပ်ငန်းရှင်တွေအနေနဲ့လည်း
ဝန်ထမ်းတွေ ဘာကြောင့် အလုပ်မကြိုးစားကြတာလဲ?လို့ မမေးခင်
ငါတို့ Company က ဝန်ထမ်းတွေကို အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ဘာတွေပြန်ပေးထားလဲ?လို့ တစ်ခါလောက် ပြန်မေးကြည့်ရင် ကောင်းပါတယ်။
လူကြီးမင်းတို့အမြင်မှာရော ဝန်ထမ်းတစ်ယောက် အလုပ်ကောင်းကောင်းလုပ်ဖို့ “လစာ” အပြင် ဘာက အရေးကြီးဆုံးလဲ? 👇🏻
Comment မှာ ကိုယ့်အမြင်လေး ရေးခဲ့ပါဦးနော်။ 💬
13/08/2026
📌 ဝန်ထမ်းတွေ အလုပ်ထွက်ချင်လာတဲ့ အကြောင်းရင်း ၅ ခု
ဝန်ထမ်းတစ်ယောက် အလုပ်ထွက်တယ်ဆိုတာ…
လစာနည်းလို့တစ်ခုတည်း မဟုတ်ပါဘူးနော်။
တစ်ခါတလေ သူတို့အလုပ်ထွက်သွားတာထက်
အလုပ်မထွက်ခင် စိတ်ထဲမှာ အရင်ဆုံး အလုပ်ထွက်သွားတာပါ။
အလုပ်လုပ်ရင်း ဒီလိုအခြေအနေတွေ ကြုံဖူးရင် ဆက်ဖတ်ကြည့်နော် 👇🏻
1️⃣ ကြိုးစားသလောက် အသိအမှတ်ပြုမခံရတာ
အလုပ်ကောင်းကောင်းလုပ်နေတာပဲ…
ဒါပေမယ့် ဘယ်သူမှ မမြင်ဘူးဆိုတဲ့ခံစားချက်မျိုးပါ။
ကိုယ်က Deadline မလွတ်အောင်လုပ်တယ်၊
အလုပ်ပိုတွေလည်း တာဝန်ယူတယ်၊
ပြဿနာတွေကိုလည်း ကိုယ်တိုင်ဖြေရှင်းတယ်။
ဒါပေမယ့် အမှားတစ်ခုပဲဖြစ်ရင်
ချက်ချင်းအပြစ်တင်ခံရတယ်ဆိုရင်…
တဖြည်းဖြည်းနဲ့
ဒီမှာ ငါဘယ်လောက်ကြိုးစားကြိုးစား အရေးမကြီးဘူးထင်တယ်ဆိုတဲ့စိတ် ဖြစ်လာတတ်ပါတယ်။
2️⃣ Boss နဲ့ Communication မကောင်းတာ
တစ်ခုခုအခက်အခဲရှိလို့ ပြောချင်တယ်။
ဒါပေမယ့် ပြောလိုက်ရင် အပြစ်တင်ခံရမလား၊
အထင်မှားခံရမလားဆိုပြီး မပြောရဲတော့ဘူး။
ဒီလိုနဲ့ ဝန်ထမ်းက
မပြောတာပဲ ကောင်းတယ်ဆိုတဲ့အခြေအနေ ဖြစ်လာရင် Company အတွက် တော်တော်အန္တရာယ်ရှိနေပါပြီ။
3️⃣ အလုပ်လုပ်ရတာထက် Stress က ပိုများလာတာ
အလုပ်ဆိုတာ ပင်ပန်းမှာပေါ့နော်။
ဒါပေမယ့်…
မနက်အိပ်ရာနိုးတာနဲ့
ဒီနေ့ Company သွားရတော့မယ်…ဆိုပြီး စိတ်ညစ်နေတယ်။
Sunday ညရောက်တာနဲ့ Monday ကိုကြောက်နေတယ်။
အလုပ်ပြီးသွားပေမယ့် အလုပ်အကြောင်းပဲ ဆက်တွေးနေရတယ်ဆိုရင်…
လစာကောင်းနေရင်တောင် အဲ့ဒီအလုပ်ကို ဆက်လုပ်ချင်စိတ် မရှိတော့နိုင်ပါဘူး။
4️⃣ ကိုယ့်အတွက် Growth မရှိတော့ဘူးလို့ ခံစားလာတာ
ဒီမှာ ၂ နှစ်၊ ၃ နှစ်လုပ်ပြီးရင်
ငါ ဘာတွေတိုးတက်လာမလဲ?
ဒီမေးခွန်းကို ကိုယ့်ကိုယ်ကို မေးလာတဲ့အချိန်မှာ
အဖြေမရှိဘူးဆိုရင်…
ဝန်ထမ်းတစ်ယောက်အနေနဲ့
ဒီမှာဆက်နေရင် ငါ့ Career အတွက် ဘာအကျိုးရှိတော့မလဲ?ဆိုပြီး စဉ်းစားလာတတ်ပါတယ်။
လစာတစ်ခုတည်းမဟုတ်ဘဲ
Learning + Growth + Career Pathတွေကိုလည်း လူတွေက ကြည့်လာကြပါတယ်။
5️⃣ Company ထက် ကိုယ့်ကိုယ်ကို ပိုတန်ဖိုးထားတော့တာ
ဒီအချက်က အရေးကြီးဆုံးလို့တော့ထင်တယ်။
ဝန်ထမ်းတစ်ယောက်က
ဒီ Company ကို မချစ်တော့ဘူးဆိုပြီး ချက်ချင်းအလုပ်ထွက်တာ မဟုတ်ပါဘူး။
တစ်နေ့ပြီးတစ်နေ့
စိတ်ပျက်တယ်…😞
တစ်နေ့ပြီးတစ်နေ့
မပြောတော့ဘူး…😟
တစ်နေ့ပြီးတစ်နေ့
မျှော်လင့်ချက်လျော့လာတယ်…😑
နောက်ဆုံးမှာတော့—
ဒီနေရာမှာ ဆက်နေရင် ငါ့အတွက် ပိုကောင်းလာမှာမဟုတ်ဘူးဆိုပြီး ဆုံးဖြတ်လိုက်တာပါ။
ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့လည်း
ဝန်ထမ်းတစ်ယောက် အလုပ်ထွက်တဲ့အချိန်မှ
ဘာဖြစ်လို့လဲ?လို့ မေးတာထက်
မထွက်ခင်ကတည်းက....
အဆင်ပြေရဲ့လား?
ဘာအခက်အခဲရှိလဲ?
ငါတို့ဘက်က ဘာတွေပြင်ပေးရမလဲ?
ဆိုပြီး မေးပေးနိုင်ရင် ပိုကောင်းပါတယ်။
ဝန်ထမ်းကောင်းတစ်ယောက် ဆုံးရှုံးသွားပြီးမှ
သူကောင်းမှန်း အခုမှသိတယ်ဆိုတာထက်…
ရှိနေတုန်းမှာ တန်ဖိုးထားပေးတာက ပိုတန်ဖိုးရှိပါတယ်။❤️
ဒီလိုအချက်တွေနဲ့ကြုံနေရပြီလားဆိုတာ......
Comment မှာ ပြောခဲ့ကြပါဦးနော် 👇🏻
13/08/2026
မင်းတို့ထက် သာတဲ့သူတွေ အပြင်မှာ အများကြီးပဲ ဆိုတဲ့ စကားစုဟာ ခေတ်သစ် လုပ်ငန်းခွင်မှာ အဓိပ္ပာယ်မဲ့ မာန်ထောင်မှုတစ်ခု ဖြစ်လာသလို၊ ဝန်ထမ်းတွေကို အလုပ်ကနေ ထွက်သွားဖို့ တိုက်ရိုက် စိန်ခေါ်လိုက်တာနဲ့ တူတူပါပဲ။ 🗣⚠️
အလုပ်ရှင် သို့မဟုတ် မန်နေဂျာအချို့ဟာ ဝန်ထမ်းတွေကို ထိန်းချုပ်ဖို့၊ လစာတိုး/ရာထူးတိုး မပေးချင်တာကို အကြောင်းပြဖို့ ဒီစကားကို သုံးတတ်ကြပါတယ်။
ဒါပေမဲ့ ဒီလိုပြောလိုက်တာကြောင့် ရလာမယ့်
အကျိုးဆက်ကတော့ သူတို့ထင်ထားတာထက် အများကြီး ပိုကြီးမားပါတယ်။ 📉💥
ဒီလိုစကားမျိုး ကြားရတဲ့အခါ ဝန်ထမ်းတွေ ဘာဆက်လုပ်ကြသလဲ? 🤔👇
၁။ ဒါဆိုလည်း အပြင်မှာ သာတဲ့သူနဲ့ပဲ အလုပ်လုပ်ကြည့်ပါဆိုပြီး စိန်ခေါ်မှုကို လက်ခံလိုက်ကြတယ် 🏃💨
ကျွမ်းကျင်မှုနဲ့ တန်ဖိုးရှိတဲ့ ဝန်ထမ်းကောင်းတွေ (Top Performers) ဟာ ဒီလို စကားမျိုးကို မခံနိုင်ပါဘူး။
သူတို့ရဲ့ အရည်အချင်းကို တန်ဖိုးထားတဲ့၊ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေကို ချက်ချင်း ရှာဖွေပြီး ထွက်ခွာသွားကြပါတော့တယ်။
၂။ လုပ်ငန်းခွင်အပေါ် သစ္စာစောင့်သိမှု လုံးဝပျက်စီးသွားမယ် 💔
ငါ ဘာပဲလုပ်လုပ် အစားထိုးလို့ ရတာပဲဆိုတဲ့ အတွေးဝင်သွားတဲ့အခါ ဝန်ထမ်းတွေဟာ ကုမ္ပဏီအတွက် ပိုမိုကြိုးစားချင်စိတ် မရှိတော့ပါဘူး။ ပေးထားတဲ့ တာဝန်လောက်ပဲ ခေါင်းငုံ့လုပ်တော့ခြင်းကို စတင်ကျင့်သုံးလာကြပါတယ်။
၃။ အသစ်ရောက်လာတဲ့သူက ပိုကောင်းမယ်လို့ အာမခံချက်မရှိဘူး 💸
အပြင်မှာ လူတွေ အများကြီးဆိုတာ မှန်ပေမဲ့ အဖွဲ့အစည်းနဲ့ ယဉ်ပါးပြီးသား၊ လုပ်ငန်းကျွမ်းကျင်ပြီးသား ဝန်ထမ်းတစ်ယောက်ရဲ့ နေရာမှာ လူသစ်တစ်ယောက် အစားထိုးဖို့ ရင်းနှီးရတဲ့ စရိတ်နဲ့ အချိန်ဟာ မူလဝန်ထမ်းကို တန်ဖိုးထား ထိန်းသိမ်းရတာထက် အဆပေါင်းများစွာ ပိုကုန်ကျပါတယ်။
ဝန်ထမ်းတွေကို ကြောက်ရွံ့မှုနဲ့ ထိန်းချုပ်တဲ့ ခေတ်က ကုန်လွန်သွားပါပြီ။ အောင်မြင်တဲ့ ခေါင်းဆောင်ကောင်းတွေဟာ ဝန်ထမ်းတွေကို ခြိမ်းခြောက်တာမဟုတ်ဘဲ မင်းတို့က ဒီကုမ္ပဏီအတွက် အစားထိုးလို့မရတဲ့ တန်ဖိုးရှိသူတွေပါဆိုတဲ့ ယုံကြည်မှုကို ပေးစွမ်းနိုင်သူတွေ ဖြစ်ပါတယ်။ 🤝🌟
အပြင်မှာ တကယ်ကောင်းတဲ့ ဝန်ထမ်းတွေ အများကြီးရှိသလို၊ အပြင်မှာလည်း တကယ်ကောင်းတဲ့ အလုပ်ရှင်တွေ အများကြီးရှိနေတာကို မမေ့ပါနဲ့.... ✨
31/07/2026
📌 တန်ဖိုးရှိတဲ့ ဝန်ထမ်းကို မဆုံးရှုံးချင်ရင် သူတို့ကို တန်ဖိုးမဲ့စွာ မဆက်ဆံပါနဲ့
လုပ်ငန်းတစ်ခုမှာ အရာရာကို တာဝန်ယူမှုရှိရှိ လုပ်ပေးတတ်တဲ့ ဝန်ထမ်းဆိုတာ ရှာရအလွန်ခက်ခဲတဲ့ ရတနာတစ်ပါးပါ။
ဒါပေမဲ့ ဒီလို ဝန်ထမ်းကောင်းတွေဟာ အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ထွက်သွားကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ နုတ်ထွက်စာ မထွက်လာခင်မှာ "ငါ ဒီမှာ တန်ဖိုးမရှိတော့ဘူး" ဆိုတဲ့ ခံစားချက်ကို ကြာရှည်စွာ ခံစားခဲ့ရပြီးမှ ထွက်ခွာသွားကြတာပါ။
ဆာဗာတွေ၊ စက်ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ ငွေသုံးကြသလိုပဲ… လုပ်ငန်းကို လည်ပတ်ပေးနေတဲ့ ဝန်ထမ်းကောင်းတွေရဲ့ စိတ်ဓာတ်နဲ့ တန်ဖိုးကိုလည်း စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
⚠️ ဝန်ထမ်းကောင်းတွေကို တန်ဖိုးမဲ့စေတဲ့ အပြုအမူများ
🏋️♂️ လုပ်နိုင်လေ ပိုခိုင်းလေ ဖြစ်နေခြင်း (Overworked)
တာဝန်ကျေလို့၊ တော်လို့ ဆိုပြီး စနစ်တကျ မဟုတ်ဘဲ အလုပ်တွေ ပိုပေးပေမဲ့ ထိုက်တန်တဲ့ တန်ဖိုး၊ နေရာနဲ့ အသိအမှတ်ပြုမှု မပေးခြင်း။
🫣 ကြိုးစားမှုကို လစ်လျူရှုခြင်း (Unappreciated)
သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုတွေကို Normal သဘောမျိုး သဘောထားပြီး သေးငယ်တဲ့ အမှားတစ်ခုခုကိုမှ ပုံကြီးချဲ့ ဝေဖန်ခြင်း။
🔍 Micro-Management အလွန်အကျွံ လုပ်ခြင်း
ဝန်ထမ်းရဲ့ ကျွမ်းကျင်မှုကို မယုံကြည်ဘဲ သေးငယ်တဲ့ အသေးစိတ်ကအစ ဝင်ရောက်စွက်ဖက်ခြင်းက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းနဲ့ တန်ဖိုးကို လျှော့ချရာရောက်ပါတယ်။
📉 တိုးတက်လမ်း (Growth Path) မရှိခြင်း
လုပ်ငန်းခွင်မှာ ကြိုးစားပေမဲ့ ကိုယ့်အတွက် သင်ယူစရာ၊ တိုးတက်စရာ လမ်းကြောင်း မမြင်ရတဲ့အခါ ဝန်ထမ်းကောင်းတွေရဲ့ စိတ်ဓာတ်ဟာ သေဆုံးသွားတတ်ပါတယ်။
🌟 ဝန်ထမ်းတွေဟာ ကုမ္ပဏီကို စွန့်ခွာတာထက်...
သူတို့ကို မလေးစား၊ မတန်ဖိုးထားတဲ့ ခေါင်းဆောင်မှုနဲ့ ပတ်ဝန်းကျင်ကိုပဲ စွန့်ခွာကြတာဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခုမှာ ငွေကြေးနဲ့ ဆုလာဘ် ပေးနိုင်တာထက် ပိုမိုခိုင်မာတဲ့ ထိန်းသိမ်းနည်းကတော့ လေးစားမှု (Respect) နဲ့ အသိအမှတ်ပြုမှု (Recognition) ပေးခြင်းပဲ ဖြစ်ပါတယ်။
သင့်လုပ်ငန်းရဲ့ ထောက်တိုင်ဖြစ်တဲ့ တန်ဖိုးရှိ ဝန်ထမ်းတွေကို စကားတစ်ခွန်း၊ အပြုအမူတစ်ခုကအစ လေးစားစွာ တန်ဖိုးထားပေးပါ။ သူတို့ရဲ့ တန်ဖိုးကို ခံစားရအောင် ဖန်တီးပေးထားတဲ့ ပတ်ဝန်းကျင်မှာ ဝန်ထမ်းကောင်းတွေဟာ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူး။
24/07/2026
🤫 အလုပ်ထွက်စာ မတင်ဘဲ စိတ်ထွက်သွားကြတဲ့အခါ…
အလုပ်ကနေ ထွက်စာလည်း မတင်ဘူး…
ဒါပေမဲ့ စိတ်ကတော့ အလုပ်ထဲမှာ မရှိတော့ဘူး…💭
သင့်ရုံးမှာရော ဒါမျိုး ဖြစ်နေတဲ့သူတွေ ရှိနေပြီလား 🤔
ဒါမှမဟုတ် မိမိကိုယ်တိုင်များ ဒီလို ဖြစ်နေပြီလား…
ဒါကို ခေတ်စကားနဲ့ Quiet Quitting (တိတ်ဆိတ်စွာ နှုတ်ထွက်ခြင်း) လို့ ခေါ်ကြပါတယ်။ 🙋♂️🙋♀️
အင်း… အိတ်ထဲ ရောက်နေတဲ့ အလုပ်ထွက်စာကို ထုတ်မပေးသေးဘဲ ပေးထားတဲ့ တာဝန်လောက်ပဲ ကွက်တိလုပ်မယ်၊ ပိုလည်း မလုပ်ဘူး၊ လျှော့လည်း မလုပ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ခပ်ခွာခွာ လိုင်းခုတ်လိုက်တဲ့ သဘောမျိုးပေါ့........ ⏳
📢 တကယ်တော့ ဒါဟာ ဝန်ထမ်းတွေ ပျင်းရိလာလို့ မဟုတ်ပါဘူး…
🥀 ငါ ဘာပဲလုပ်လုပ် ဘာမှ အသိအမှတ်ပြု မခံရပါလားလို့ ခံစားရတာ…
🔋 ရုံးချိန်ပြင်ပထိ အလုပ်တွေ စိမ့်ဝင်လာပြီး စိတ်ရောခန္ဓာပါ အရမ်း Burnout ဖြစ်လာတာ…
🚧 ဘာပဲလုပ်လုပ် ဒီနေရာမှာတင် သောင်တင်နေတယ်လို့ ခံစားရတာ…
ဒါတွေကြောင့် ဝန်ထမ်းတစ်ယောက်ဟာ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် သတ်မှတ်တာဝန်ပဲ လုပ်တော့မယ်
ဆိုပြီး စိတ်တံခါးကို ပိတ်လိုက်တာပါ။ 🚪⚡️
💼 ရှုထောင့်နှစ်ခုကကြည့်ရင်တော့…
👉 လုပ်ငန်းရှင်ဘက်ကကြည့်ရင် — တာဝန်မကျေဘူး၊ စိတ်မပါဘူးလို့ မြင်နိုင်သလို…
👉 ဝန်ထမ်းဘက်ကကြည့်ရင်လည်း — ဒါ ငါ့ရဲ့ စိတ်ငြိမ်းချမ်းရေးကို ငါကာကွယ်တာလို့ တွေးမိကြမှာပါ။
ဒါပေမဲ့ တကယ်တော့ Quiet Quitting ဆိုတာ.....
ဒီလုပ်ငန်းခွင် စနစ်တစ်ခုခုတော့ လိုအပ်နေပြီနော်လို့ တိတ်တဆိတ် သတိပေးနေတဲ့ အချက်ပေးခေါင်းလောင်းသံတစ်ခုပါပဲ 🔔✨
အလုပ်ဆိုတာ လစာတစ်ခုတည်းတင် မဟုတ်ဘဲ အပြန်အလှန် လေးစားမှု၊ အသိအမှတ်ပြုမှုနဲ့ အနာဂတ်မျှော်လင့်ချက်တွေ ရှိနေမှ ရေရှည်လက်တွဲလို့ ကောင်းတာမဟုတ်လား...... ❤️
💬 သင့်လုပ်ငန်းခွင်မှာရော Quiet Quitting ဖြစ်နေတဲ့ လက္ခဏာတွေ စတွေ့နေရပြီလား... comment မှာ ဆွေးနွေးသွားခဲ့ကြပါဦး။ 👇