22/07/2026
ဒီနေ့လုပ်နိုင်တဲ့အရာတွေကို နောက်ရက်မရွှေ့ပါနဲ့
ဒီနေ့တော့ စားလိုက်တော့မယ် မနက်ဖြန်မှ လမ်းပိုလျှောက်တော့မယ်
ဒီနေ့ အပြင်ဆိုင်မှာ ပဲဆိုတော့ healthy ဖြစ်တာ မရွေးတော့ဘူး နောက်ရက်မှပဲ အိမ်ကပြင်ဆင်ခဲ့မယ်
မနက်ဖြန် ရုံးပိတ်ရက်မှ လမ်းလျှောက်တော့မယ်
ဒီနေ့တော့ အေးဆေးနားလိုက်မယ် ။
နောက်တစ်ပတ်ကစပီး ပိုကောင်းတဲ့ အလေ့အကျင့်တွေ ပ်ိုကောင်းတဲ့ အစားသောက်မှုပုံစံတွေ နဲ့ စမယ်လို့ တွေးလိုက်တာနဲ့ လက်ရှိအခြေနေတွေကို လွှတ်ချလိုက်တာဟာ တော်တော်ဆိုးပါတယ် ။
ဥပမာ ကျွန်တော့လိုပေါ့ ဒီရက်ပိုင်း ပို့စ်တင်တာတွေ ခပ်ကျဲကျဲဖြစ်နေတာ knowledge video တွေရိုက်မယ်
movement video တွေရိုက်တင်မယ်ဆိုပီး
Script ရေးနေပီး ပြည့်စုံအောင် လုပ်မယ်တွေးရင်းနဲ့
လုပ်နေကျအရာတွေကို ပြစ်ချထားသလိုဖြစ်နေတယ်။
ပြည့်စုံဖို့မလိုပါဘူး စည်းကမ်းကောင်းတွေရှိဖို့နဲ့
consistency ရှိဖို့ပဲ လိုပါတယ် ။
ဒီနေ့လုပ်နိုင်တဲ့အရာတွေကို ဒီနေ့ပဲစလိုက်ပါ ။
17/07/2026
"၁ လအတွင်း 3 ကီလို ကျသွားတာ... နည်းလမ်းမှန်လို့လား? ဒါမှမဟုတ် ရေတိုနည်းလမ်းတွေ သုံးလိုက်တာလား?"
ကျွန်တော် အမြဲပြောလေ့ရှိပါတယ်။ ရုတ်တရက် အစားဖြတ်ပြီး ရေတို ဝိတ်ချတဲ့နည်းလမ်းတွေကို ကျွန်တော် လုံးဝအားမပေးပါဘူး။
ဒါပေမဲ့ အခု Client ကတော့ ကျွန်တော့်လမ်းညွှန်မှုအတိုင်း စနစ်တကျ စားသောက်ပြီး "မှန်ကန်တဲ့ နည်းလမ်း" နဲ့ ကျသွားတာမို့ သူ့ရဲ့ ကြိုးစားမှုကို တကယ် Appreciate ဖြစ်လို့ မျှဝေပေးလိုက်တာပါ။
မစခင် Weight: 72 kg
၁ လအကြာ လက်ရှိ: 68 kg ကျော်ကျော် (ဗိုက်နဲ့ ခါး အဆီကျသွားပါတယ်)
သူ့ရဲ့ Start Weight က 70 kg ကျော် ဖြစ်တာကြောင့်ရော၊ စဆော့ခါစမို့ ရလဒ်မြန်တာဖြစ်ပေမဲ့ အဓိကကတော့ ချပေးထားတဲ့ Plan ကို သေချာ ဂရုစိုက်ပြီး လိုက်နာခဲ့လို့ပါပဲ။ ( comment မှာ ဝိတ်ချိန်ကို နေ့စွဲနဲ့ ဖေါ်ပြပေးထားပါတယ် )
ဆော့နေပေမဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံ မရသေးလို့ စိတ်ဓာတ်မကျပါနဲ့။
အားနည်းချက်ကို ဖြည့်၊ အားသာချက်ကို ဆက်ထိန်းပြီး လမ်းကြောင်းမှန်ပေါ်ရောက်အောင် လုပ်ယူလို့ရပါတယ်။
ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ Diet Plan, Workout Plan တွေနဲ့ စနစ်တကျ တစ်ယောက်ချင်းစီ (1-on-1) သေချာ ထိန်းကျောင်းပြီး အကောင်းဆုံး ပြောင်းလဲမှုတွေ ဖန်တီးချင်တယ်ဆိုရင်တော့...
ယခု post ရဲ့ comment မှာ ( သိုမဟုတ် ) messenger ကနေတစ်ဆင့် "1-on-1 Coaching" လို့ Message ပို့ပြီး အသေးစိတ် ဆွေးနွေးမေးမြန်းနိုင်ပါပြီဗျာ။ 📩
17/07/2026
အဆီချ ဖို့ diet မလုပ်ခင် ဒီ ၄ ချက်ကို အရင်ဂရုစိုက်ပါ
၁။Protein တိုးစားပါ
ကြွက်သားကို ထိန်းပေးပြီး ဗိုက်ပြည့်စေလို့ မုန့်ပဲသရည်စာ ထပ်စားချင်စိတ်ကို ချက်ချင်း လျှော့ချပေးတယ်။
၂။ အရည်ကယ်လိုရီ (Liquid Calories) ဖြတ်ပါ
အချိုရည်၊ ကော်ဖီအချိုနဲ့ အယ်လ်ကိုဟောတွေက ဗိုက်အဆီတက်စေတဲ့ အဓိကတရားခံမို့ အရင်ဆုံး ရှောင်ကြည့်ပါ။
၃။ တစ်နေ့ ရေ ၂ လီတာ အထက် သောက်ပါ
အစာခြေစနစ်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ထဲက မလိုအပ်ဘဲ ရေဓာတ်အောင်းနေတာတွေကို လျော့ကျစေတယ်။
၄။ ကိုယ်တိုင်ချက်စားဖို့ ကြိုးစားပါ
အပြင်စာတွေမှာ sodium တွေ
ပြည့်ဝဆီတွေနဲ့ ကယ်လိုရီပမာဏ အဆမတန်များတာကို ရှောင်ရှားဖို့ ကိုယ်တိုင် ပြင်ဆင်စားတာက အကောင်းဆုံးပဲ။
“ဝိတ်ကျဖို့ဆိုတာ အစာငတ်ခံရမှာ မဟုတ်ဘဲ... ခန္ဓာကိုယ်အတွက် တကယ်လိုအပ်တဲ့ အာဟာရကို ရွေးချယ်စားတတ်ဖို့ပဲ ဆိုတာကိုတော့ မမေ့ပါနဲ့။
ကိုယ့် Lifestyle နဲ့ ကိုက်ညီပြီး အငတ်ခံစရာမလိုဘဲ အဆီကျစေမယ့် Diet Plan ကို လိုချင်ရင်... အခုပဲ Page Messenger မှာ "Diet Plan" လို့ စာပို့ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ။
16/07/2026
ဝိတ်ချရခက်နေတာ … မင်းရဲ့ Metabolism ကအိပ်ပျော်နေလို့ပဲ
လေ့ကျင့်ခန်းလည်းလုပ် စားတာလည်း နည်းပြီး၊ 1 ကီလိုလောက်ကျဖို့တောင် ဘာလို့ခက်နေတယ် ထင်လဲ
မင်းရဲ့ ရှေ့က လုပ်ခဲ့တဲ့ အမှားတွေကြောင့် အဆီလောင်ကျွမ်းတဲ့စက်ရုံ (Metabolism) က အိပ်ပျော်နေလို့ ပါ။
တန့်နေတဲ့ ဝိတ်နဲ့ အဆီ ထပ်ကျဖို့ အလေ့အကျင့် ၄ ခုနဲ့ metabolism ကို အမြန်နှိုးလိုက်ပါ 👇
၁။ တစ်ပတ် ၁ ရက် ပြေးပါ
အပြင်းထန်လုပ်စရာမလိုပါဘူး။ ကိုယ်လုပ်နိုင်တဲ့ limit ကို စံချိန်ချိုးဖို့ ကိုယ့်ကိုကိုယ် challenge လုပ်ပီး တစ်ရက်လောက်ပြေးကြည့်ပါ ။
၂။ နေ့တိုင်း လမ်းလျှောက်ပါ
တနေကုန် အထိုင်များနေရင် Gym မှာ ၁ နာရီဆော့ရုံနဲ့ မလုံလောက်ပါဘူး။ နေ့စဉ်ခြေလှမ်းတွေ (NEAT) ကလည်း Fat loss မှာ အရေးကြီးပါတယ်။
၃။ တစ်ပတ် ၃ ရက် အလေးမပါ (Resistance Training)
အလေးမပီး ကြွက်သားကို ထိန်းထားနိုင်မှ Body shape လည်း ကောင်းပြီး calorie burn capacity ကို ထောက်ပံ့ပေးနိုင်ပါတယ်။တစ်ပတ် 2 ကနေ 3 ရက်တော့ ဖြစ်အောင် ဆော့ပါ။
၄။ ညစောစောအိပ် + မနက်စာ Protein စားပါ 😴🍳
Recovery ကောင်းဖို့ အိပ်ရေးလိုတယ်။ Protein ပါတဲ့ မနက်စာက ကြွက်သားထိန်းဖို့ ကူညီပေးတယ်။
ဝိတ်ချတာဟာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ဖို့ မဟုတ်ပါဘူး။ ဒီအလေ့အကျင့် ၄ ခုကိုပဲ "ဖြစ်အောင်လုပ်ကြည့်ပါ ။
အခုပဲ... စလိုက်ရအောင် 👊⚡
မှန်ကန်တဲ့ လမ်းညွှန်မှုနဲ့ ကိုယ့်ခန္ဓာကိုယ်အတွက် တိကျတဲ့ ဂရုစိုက်မှုရချင်ရင် Follow လုပ်ထားပါ
16/07/2026
"တစ်ပတ် 6 ရက် 7 ရက် အပြင်းအထန် ဆော့စရာမလိုဘူး၊ လိုတာက ကတိတည်ဖို့ပဲ"
လူအများစုက ခန္ဓာကိုယ် ပြောင်းလဲချင်တဲ့အခါ တစ်ခါတည်း အစီအစဉ်အကြီးကြီးတွေ ဆွဲတတ်ကြတယ်။ ပြီးရင် ရေရှည်မလုပ်နိုင်ဘဲ လက်လျှော့သွားကြတာများတယ်။
တကယ်တော့ ကျန်းမာကြံ့ခိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပေးထားတဲ့ ကတိသေးသေးလေးတွေကို "ဖြစ်အောင်လုပ်တဲ့ အလေ့အကျင့် (Habit)" တည်ဆောက်တာကနေ စတာပါ။
တစ်ပတ် ၁ ရက် ပြေးမယ်လို့ ဆုံးဖြတ်ထားလား?
အကြောင်းပြချက်မရှိ အဲဒီ ၁ ရက်ကို ဖြစ်အောင် ပြေးလိုက်ပါ။
နေ့စဉ် လမ်းလျှောက်မယ်လို့ စိတ်ကူးထားလား?
ဘယ်လောက်ပဲ ပျင်းနေပါစေ နေ့တိုင်း ခြေလှမ်းလေးတွေ တိုးအောင် ဖြစ်အောင် လျှောက်လိုက်ပါ။
တစ်ပတ် ၂ ရက်ပဲ Workout လုပ်ဖို့ ရှိလား?
တစ်ပတ်လုံး မဆော့နိုင်ရင်တောင် ဒီ ၂ ရက်ကိုတော့ ပျက်ကွက်မှုမရှိစေနဲ့။
ညစောစောအိပ်ပြီး မနက်စာမှာ Protein ပါအောင် စားဖို့ကော?
ဖုန်းပွတ်ချင်စိတ်ကို ထိန်းပြီး စောစောအိပ်ပါ၊ မနက်ခင်းမှာ ကိုယ့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကို ဖြစ်အောင် ဖြည့်တင်းပေးလိုက်ပါ။
အဓိကက ပြီးပြည့်စုံနေဖို့ မဟုတ်ပါဘူး။ ကိုယ်လုပ်မယ်လို့ သတ်မှတ်ထားတဲ့ အလေ့အကျင့်လေးတွေကို ဖြစ်အောင်လုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်သွားဖို့ပါ။
မင်းရဲ့ အလေ့အကျင့်လေးတွေကပဲ တစ်နေ့မှာ မင်းဖြစ်ချင်တဲ့ ပုံရိပ်ကို ဖန်တီးပေးသွားလိမ့်မယ်။ အခုပဲ စတင်လိုက်ရအောင်။ 👊⚡
15/07/2026
တစ်ညကို အိပ်ချိန် ၇ နာရီအောက်ရောက်နေပီး…
ဗိုက်အဆီမကျဘူးလို့ အော်မနေပါနဲ့ 😴
အစားလျှော့တယ်…
Workout အပြင်းလုပ်တယ်…
ဒါပေမယ့် ညဖက် ဖုန်းကြည့်ရင်း ၁၂ ကျော်သွားတယ်မလား 📱
အိပ်ရေးပျက်တဲ့အခါ Cortisol (Stress hormone) တက်လာပြီး ခန္ဓာကိုယ်က အဆီကျဖို့ ခက်လာစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်ရေးမဝရင် နောက်ရက်မှာ အချိုနဲ့ အဆီများတဲ့အစားအစာတွေ ပိုစားချင်စိတ် ဖြစ်လာတတ်ပါတယ်။
အခြေခံအကျဆုံးဖြစ်တဲ့ အိပ်ချိန် ၇ နာရီပြည့်ဖို့တောင် ဂရုမစိုက်ဘဲ “ဘာလို့ ဗိုက်မကျတာလဲ” လို့ တွေးမနေပါနဲ့ ။အဆီချတာဟာ Gym ထဲမှာပဲ ဖြစ်တာမဟုတ်ပါဘူး… အိပ်ရာပေါ်မှာ Recovery လုပ်တဲ့အချိန်ကလည်း Result အတွက် အရေးကြီးပါတယ် 😴
မှန်ကန်တဲ့ လမ်းညွှန်မှုနဲ့ ကိုယ့်ခန္ဓာကိုယ်အတွက် တိကျတဲ့ ဂရုစိုက်မှုရချင်ရင် Follow လုပ်ထားပါ ✅