30/08/2026
မန်ယူ vs အစ်စွပ်တောင်း
တိုက်ရိုက် Live
https://t.me/jokerlive77
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Joker Football Show, Sports, Mandalay.
ibet789၊ 555Mix အကောင့်ဖွင့်ကစားလိုပါက👇
Viber ⏩ 09444448004
Messenger ⏩ https://m.me/JokerIbet789.SuperAgent
Telegram ⏩ t.me/jokersuperagent
Facebook Account ⏩https://www.facebook.com/share/1AB8Fy3PUJ/
30/08/2026
မန်ယူ vs အစ်စွပ်တောင်း
တိုက်ရိုက် Live
https://t.me/jokerlive77
30/08/2026
ပွဲစဥ် ၁ မှာတုန်းက ၁ မိနစ် မပြည့်ခင် ဂိုးရတယ် ၊ဒီပွဲလည်း ၃ မိနစ်ကျော်မှာပဲ ဦးဆောင်ဂိုး စ ရတယ် ။
အလွန်ဆို ရောက်လာမှ ချဲလ်ဆီးဟာ လျင်မြန်မှုကို အသားပေးပြီး ပြိုင်ဘက် သွေးမပူခင် အငိုက်ဖမ်း တိုက်စစ်ကစားတတ်တဲ့ system တစ်ခုဟာ အလုပ်ဖြစ်နေတယ်လို့ ဆိုရပါမယ် ။
30/08/2026
ပေါင် ၅၂ သန်းနဲ့ နယူးကာဆယ်ကို ပြောင်းရွှေ့ခဲ့တဲ့ အီလန်ဂါဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ဘဲဥမကွဲခဲ့သလို ပြိုင်ပွဲစုံမှာလည်း ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တယ်။ ဖောရက်စ်မှာ ကြမ်းခဲ့ပေမဲ့ ဆွီဒင်သား နယူးကာဆယ်မှာ Flop သွားပြီလို့ပဲ အများကသတ်မှတ်ခဲ့ကြတယ်။
ဒီသတ်မှတ်ချက်တွေ မှားယွင်းနေကြောင်းကို အီလန်ဂါဟာ ရာသီအသစ်မှာ အလုပ်နဲ့သက်သေပြနေပြီ။
လီဗာပူးလ်နဲ့ပွဲမှာ ချိန်သားကိုက် Counter Run နဲ့ ဗွေဆော်ဦးဂိုးအလှလေး သွင်းယူပေးခဲ့တဲ့ အီလန်ဂါက စပါးကို ၂ ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ နယူးကာဆယ်အတွက် ပထမဦးဆုံးသော ဂိုးပေါက်တည်ကန်ချက်နဲ့အတူ ဗွေဆော်ဦးဂိုးကို တစ်ပတ်လှည့်ပြီးတော့ လှလှပပသွင်းပြခဲ့တယ်။
သွင်းဂိုးတင်မဟုတ်ဘဲနဲ့ နယူးကာဆယ်ရဲ့ ညာြခမ်းဟာလည်း အီလန်ဂါရဲ့ အတိုးအလှုပ်တွေနဲ့ ပြိုင်ဘက် စပါးအသင်းကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့တယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ၂ ပွဲကစားထားပြီး ၂ ဂိုးသွင်းယူပေးနိုင်ပါတယ်။
ပေးခဲ့ရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ အကျိုးသက်ရောက်မှု အပြည့်အဝ မရသေးပေမဲ့လည်း အီလန်ဂါဟာ ဒီ ဘောလုံးရာသီမှာ နယူးကာဆယ်အတွက် အထူးအားကိုးရမယ့် Key Player ဆိုတဲ့ အရိပ်အယောင်တွေ စတင်မြင်လာရပြီ ဖြစ်ပါတယ်။
30/08/2026
အိမ်ကွင်းမှာ 7-1 နဲ့ မွန်ထရီရယ်ကို တီးထုတ်ပြီးတော့ နိုင်ပွဲပြန်ရှာဖွေနိုင်ခဲ့တဲ့ အင်တာမိုင်ယာမီအတွက် မက်ဆီဟာ ၄ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပြီး ငယ်မူပြန်ခြေစွမ်းနဲ့ မှော်ဝင်ဆန်ပေးခဲ့သလို တိတ်တဆိတ်လေးနဲ့ သူရဲကောင်းဖြစ်ခဲ့သူက Tank ကြီး ကပ်စ်မဲရိုး ဖြစ်ပါတယ်။
အင်တာမိုင်ယာမီ ရှုံးနိမ့်ရခြင်းရဲ့ အဓိကပြဿနာက ဖားကောက်နိုင်ပေမဲ့ ပလိုင်းပေါက်နေခြင်း ဖြစ်ခဲ့ပြီး အဲ့ဒီအပေါက်ကို ကပ်စ်မဲရိုးက ဗဟိုခံစစ်မှူးအဖြစ် တစ်ပွဲလုံး အတိုင်းအတာနဲ့ ပွဲထွက်ပြီး အကောင်းဆုံး ဖြေရှင်းပြသွားခဲ့တာ ဖြစ်ပါတယ်။
ခံစစ်ကိုလည်း လုံခြုံသွားစေခဲ့သလို ခေါင်းတိုက်သွင်းဂိုးနဲ့ အင်တာမိုင်ယာမီကစားသမားဘဝ ပထမဆုံး အဖွင့်ဂိုးကိုပါ ဒီနေ့ပွဲစဉ်မှာ သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီကတော့ အသင်းရဲ့ အားနည်းချက်ကို Tank ကြီး ကပ်စ်မဲရိုးရဲ့ Defending ကောင်းလှတဲ့ အားသာချက်ကို အသုံးချပြီးတော့ လှလှပပလေး ဖြေရှင်းနိုင်ခဲ့တဲ့အပြင် 7-1 ဂိုးပြတ်နဲ့ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုကိုပါ ရပ်တန့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
29/08/2026
လီဗာပူး တော်တော်ညံ့ပါတယ် ၊ အိမ်ကွင်းမှာ ကစားရတာတောင် ဖောရက်စ် ရဲ့ ၂ ကြိမ်တိုင်တိုင် ဦးဆောင်မှုကို လိုက်ချေပ နေခဲ့ရတာပါ ။
လူငယ်လေး ဗစ်တာ မူးနော့ မကယ်ရင် အန်ဖီးလ် မှာပဲ အရှက်ကွဲမယ့် ကိန်း ဖြစ်ပြီး ခံစစ်က ဂစ်ဝှိုက်တို့အဖွဲ့ကိုတောင် ဖရိုဖရဲ ကာကွယ်နေရတာ မဖြစ်သင့်ပါဘူး ။
ဒီတိုင်ဆို နည်းပြသစ် အီရာအိုလာ အနေနဲ့ သူလိုချင်တဲ့ system ထဲ ကစားသမား တွေ အရောက်သွင်းနိုင်ဖို့ ကြိုးစားရအုံးမှာ ဖြစ်ပြီး လိဂ် ၂ ပွဲ ကစားပြီး ရာမှာ မရှုံးပေမယ့် ၂ ပွဲလုံးက ရှုံးမလိုကနေ သရေယူခဲ့ရတာပါ ။
ဒါကြောင့် Big 6 နဲ့ တွေ့တဲ့အခါ မျိုး ချန်ပီယံလိဂ် လို ပြိုင်ပွဲမျိုးမှာ ဒီလိုပဲ နောက်လိုက်ကစားရရင်တော့ အရှုံးရလဒ်နဲ့သာ ကြုံရဖို့ ရှိပါတော့တယ် ။
29/08/2026
မော်ရင်ဟိုရဲ့ ရီးရဲလ်မက်ဒရစ် 2.0 က အဖွင့် ၂ ပွဲ အနိုင်ရထားပြီး ၆ မှတ်အပြည့်နဲ့ အဆင်ပြေနေတယ်။ သူ့ရဲ့ ခင်းကျင်းပုံတွေက မတူကွဲပြားမှုတွေနဲ့ အလုပ်ဖြစ်နေတယ်။ တစ်ဖက်မှာလည်း အလုပ်တော့ဖြစ် နေပါရဲ့...ဒါပေမဲ့ အပြည့်အဝ အလုပ်မဖြစ်ဘူးဆိုတဲ့ မမဆောင်း အခြေအနေတစ်ခု ရှိတယ်။
အဲ့ဒါက ကွင်းလယ်တိုက်စစ်က ဘယ်လင်ဟမ်နဲ့ ညာတောင်ပံက အာဒါဂူလာတို့ နှစ်ယောက်ပါ။
ရီးရဲလ်မက်ဒရစ်ပွဲ ကြည့်တဲ့သူတွေဆိုရင် ကောင်းကောင်းသိတယ်။ ဘယ်လင်ဟမ်နဲ့ ဂူလာက Rating ကောင်းတွေ၊ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ ကိုယ်စီခြေစွမ်းပြထားပေမဲ့ သူတို့နှစ်ဦးကြားမှာ ဘယ်လိုမှကို အချိတ်အဆက် မမိနေဘူး။
ဘယ်လင်ဟမ်က တစ်ကိုယ်တော်အစွမ်းသုံးပြီး ကိုယ့်ခြေကိုယ့်လက် ဖန်တီးချင်တယ်။ ဂိုးပေါက်နားကို ရောက်လာရင် Team work ကို စိတ်မဝင်စားဘူး။ အများက ဇီဒန်း Wanna be လို့ ပြောကြပေမဲ့ ဒါဟာ ဘယ်လင်ဟမ်ရဲ့ ပုံစံဖြစ်သလို သူ့မှာလည်း ဒီလိုအရည်အချင်း အပြည့်ရှိနေပြီးသားပါ။
ဂူလာကတော့ လုံးဝ Team Player ဖြစ်တယ်။ သူကိုယ်တိုင် တွဲကစားသလို နေရာလွတ်ဆို ပြေးဝင်ပြီး အခွင့်အရေးရှာတတ်တယ်။ အခွင့်အရေးရပေမဲ့ ဘယ်လင်ဟမ်က ဘောလုံးထိုးမပေးဘူး။ ရှာထားတဲ့ အခွင့်အရေးက အလဟာသ ဖြစ်ဖြစ်သွားတယ်။ အရမ်းနှမြောဖို့ကောင်းတယ်။
နိုင်နေချိန် မသိသာပေမဲ့ ရှုံးနေရင် ဒါတွေက ပြောစရာ ဖြစ်လာမှာပါ။ လက်ရှိမှာ ဘယ်လင်ဟမ်က ၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးထားလို့ ၁ ဂိုးသာ ဖန်တီးထားနိုင်တဲ့ ဂူလာထက် ပို ကောင်းတယ်ထင်နိုင်ပေမဲ့ မဟုတ်ဘူးဗျ။ မော်ရင်ဟိုအတွက် နှစ်ယောက်လုံးက အရေးကြီးပါတယ်။
သူတို့နှစ်ယောက် အချိတ်အဆက်မိလာရင် ပိုကောင်းမှာပါ။ ဒီလိုဖြစ်လာနိုင်မလားဆိုတာ မော်ရင်ဟို အပေါ်ပဲ မူတည်တယ်။ မော်ရင်ဟိုအတွက် ဒါဟာ ပြဿနာတစ်ခုမဟုတ်ဘဲ အလုပ်ဖြစ်နေသည့်တိုင် ဂရုတစိုက်နဲ့ ကိုင်တွယ် ဖြေရှင်းရမယ့် ပဟေဠိတစ်ခု ဖြစ်နေပါတယ်။
29/08/2026
နာကျင်အချိန်ပို ရောက်တဲ့အချိန်မှ ၂ ဂိုးပြတ်အရှုံးကနေ ဗီတင်ညာ၊ မာကွင်ဟို့စ်တို့ရဲ့ ချေပဂိုးတွေနဲ့အတူ သရေပြန်ကစားခဲ့တဲ့ ပီအက်ဂျီအသင်းရဲ့ Comeback ဟာ တကယ်ကို ကြီးကျယ်ခမ်းနားတယ်။ သို့ပေမဲ့ ပီအက်ဂျီလိုအသင်းက ၂ ပွဲဆက်တိုက် အခုလိုဖြစ်နေတာတော့ မဟုတ်သေးဘူး။
ရာသီအဖွင့်ပွဲစဉ်မှာ ရန်းနက်စ်ရဲ့ ၂ ဂိုးပြတ် ဦးဆောင်ခြင်းကို ခံခဲ့ရပြီးတော့ ဖာရန်တောရက်စ်ရဲ့ ဂိုးတွေနဲ့ သရေတစ်မှတ်ကို ရယူခဲ့တယ်။ ပွဲစဉ် ၂ မှာလည်း အလားတူဖြစ်ပြန်ပြီ။
နာကျင်အချိန်ပိုမှာ Comeback နိုင်ခဲ့တာဖြစ်လို့ ခမ်းနားပါတယ်ဆိုတာကလွဲရင် ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် သိမ်းပိုက်နိုင်ဖို့ ရည်မှန်းထားတဲ့ ပီအက်ဂျီလိုအသင်းမျိုးအတွက် ဒီလို ရလဒ်မျိုးက လုံးဝ မဖြစ်သင့်ပါဘူး။
တစ်ခုရှိတာက လူးဝစ်အင်နရီကေးရဲ့ လက်ထက် ပီအက်ဂျီအသင်းဟာ ရာသီအစတွေမှာ အမြဲတမ်းပဲ ရစ်သမ်ဖမ်းရခက်ပြီးတော့ ရုန်းကန်ရလေ့ရှိပါတယ်။ ဒီလို ရုန်းကန်ရတိုင်း ရာသီအကုန်မှာ ကြီးကျယ် ခမ်းနားတဲ့ အောင်ပွဲတွေကို ရယူသိမ်းပိုက်ပြခဲ့တာ ဘောလုံးရာသီ ၂ ခု ရှိခဲ့ပါပြီ။
ဒီရာသီအစမှာလည်း ထုံးစံအတိုင်း ပီအက်ဂျီဟာ ရစ်သမ်ဖမ်းရ ခက်နေခဲ့ပြန်ပါပြီ။
29/08/2026
ခြေစမ်းပွဲရလဒ်ကို ကြည့်ပြီးတော့ ရူဘင်အမိုရင်တော့ အထုပ်ဆွဲရတော့မယ် ပြောခဲ့ကြပေမဲ့ လက်တွေ့ အနေအထားမှာ Suit အပြည့်နဲ့ အထာကျနေခဲ့တဲ့ ဖေမိုလေးကတော့ အဖွင့်ပွဲမှာ နိုင်ပွဲတွေနဲ့ အမှတ်ပြည့် ရယူပြီးတော့ ပြုံးပျော်ရွှင်စွာ အောင်လံထူနေခဲ့တာပါ။
အိမ်ကွင်းပွဲဦးထွက်မှာ ဗန်နီဇီယာအသင်းနဲ့ ဒီနေ့မနက်ကစားခဲ့ရပြီးတော့ ရူဘင်အမိုရင်ရဲ့ 3 Backs ကြီးနဲ့ အသားတကျရှိနေတဲ့ အေစီမီလန်အသင်းက အဖက်ဖက်ကနေ အသာစီးယူပြီးတော့ အိမ်ကွင်းမှာ 2-0 ဂိုးပြတ်နဲ့ အနိုင်ပိုင်းသွားခဲ့တာ ဖြစ်ပါတယ်။
ရူဘင်အမိုရင်ရဲ့ အေစီမီလန်ဟာ ဈေးကြီးပေးပြီးတော့ အသစ်ခေါ်ထားတဲ့ ဂွန်ဇာလိုရာမို့စ်ရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးတော့ ပွဲပြီးခါနီး ပြိုင်ဘက်က OG သွင်းမိပြီး ၂ ဂိုးပြတ် Clean Sheet နဲ့ ရမှတ် ၃ မှတ် အပြည့်သိမ်းပိုက်နိုင်ခဲ့တာပါ။
လက်ရှိမှာတော့ အားလုံးထက် တစ်ပွဲပိုကစားထားပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
28/08/2026
၂၀၂၄-၂၅ ခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဂန်းနားတို့တွေဟာ ဒက်ကလန်ရိုက်စ်ရဲ့ မှော်ဆန်လှတဲ့ Free-kick တွေနဲ့ အဲ့ဒီနှစ်ရဲ့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ဖြုတ်ချခဲ့တဲ့ သမိုင်းဝင်အခိုက်အတန့် အမှတ်တရကောင်းတွေဟာ အခုထိတိုင် ပရိသတ်ရင်ထဲ ထင်ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။
ဒီအမှတ်တရကောင်းတွေဟာ ဒီနေ့ဒီအချိန်မှာတော့ ပြန်လည်နိုးထလာခဲ့ပါပြီ။ မော်ရင်ဟို 2.0 နဲ့ အတူ ချန်ပီယံလိဂ် ပစ်မှတ်ထားနေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ အမ်းမရိတ်ကွင်းကြီးဆီ လာရောက်ပြီးတော့ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ် League Phase ပွဲ ဆင်နွှဲရတော့မှာ ဖြစ်ပါတယ်။
နှစ်နှစ်အကြာ လက်ရှိအချိန်မှာတော့ အမ်ဘာပေ၊ ဗင်နီစီးယပ်စ်နဲ့ ဂျုဒ်ဘယ်လင်ဟမ် တို့လို ကမ္ဘာကျော် စူပါစတား ၃ ယောက်ကို ပိုင်ထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ အာဆင်နယ်လက်ထဲမှာ ဥရောပ ရာဇပလ္လင် ဆုံးရှုံးခဲ့ရတဲ့ အဲဒီတုန်းက နာကျင်စရာ ရှုံးနိမ့်မှုကြီးအတွက် ကလဲ့စားချေဖို့ ကြိုးပမ်းတော့မယ်။
ဒါဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းနဲ့ ဒီဆုဖလားကို တစ်ကြိမ်တစ်ခါမျှ မကိုင်မြှောက်ဖူးသေးတဲ့ အသင်းကြီးနှစ်သင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။
လက်ရှိ အာတေတာရဲ့ အာဆင်နယ်အသင်းဟာ ဒီလိုမျိုး ဥရောပပွဲကြီးပွဲကောင်းတွေ ဆင်နွှဲဖို့အတွက် စည်းစနစ်တကျနဲ့ တည်ဆောက်ထားတာဖြစ်ပြီးတော့ လက်စားချေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဒီတစ်ကြိမ် အတွေ့မှာ ဘယ်လိုမှော်ဆန်တာတွေ ဖြစ်လာမလဲ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပီအက်ဂျီ vs ဘာစီလိုနာ ပွဲပြီးရင် ဒါက ဒီနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့ အကောင်းဆုံးနဲ့အမိုက်ဆုံးဆိုတဲ့ ပွဲတစ်ပွဲ သေချာပေါက် ဖြစ်လာတော့မှာပါ။
28/08/2026
ဖူလ်ဟမ်အသင်းရဲ့ ပေါင် ၃၄ သန်းတန်တဲ့ စပိန်တိုက်စစ်မှူးလေး ဂွန်ဇာလိုဂါစီယာကတော့ အခွင့်အရေး ရနေတဲ့အချိန်မှာ သွင်းဂိုးတွေနဲ့ ခြေစွမ်းပြသနေခဲ့ပါပြီ။ ဖူလ်ဟမ်နဲ့ ရာသီအသစ် အဖွင့်ပွဲ ၂ ပွဲမှာ ၂ ဂိုးထိ ဂါစီယာက သွင်းယူထားခဲ့ပါတယ်။
⚽️vs ချဲလ်ဆီး
⚽️vs ဝင်ဘယ်တန်
ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာဆိုရင် ပြိုင်ဘက်ဂိုးသမားရဲ့ အမှားကနေ ရလာတဲ့အခွင့်အရေးကို လှလှပပ အသုံးချပြီး တရားဝင်ပွဲဦးထွက်ဂိုး သွင်းယူနိုင်ခဲ့သလို ဒီနေ့မနက်မှာလည်း အတော်လှပတဲ့ Build up ကနေ ဖူလ်ဟမ်ကစားသမားဘဝ ဒုတိယမြောက်သွင်းဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြအာဘီလိုအာရဲ့ ယုံကြည်မှုကိုရထားတဲ့ ဂွန်ဇာလိုဂါစီယာက ပရီးမီးယားလိဂ် ပရိသတ်တွေကို ဒီရာသီမှာ သွင်းဂိုးတွေနဲ့ ဖျော်ဖြေပေးမယ့် တိုက်စစ်မှူးလေး ဖြစ်လာမယ်ဆိုတာကို သံသယဖြစ်စရာ မလိုပါဘူး။
ရီးရဲလ်မက်ဒရစ်မှာ အခွင့်အရေးမရခဲ့တဲ့ စပိန်သားလေးဟာ ဖူလ်ဟမ်မှာတော့ အစွမ်းကုန် တောက်ပ ထွန်းလင်းတော့မှာ သေချာပါတယ်။