Sandar’s LifeLab

Sandar’s LifeLab

Share

Where curiosity meets wisdom. Dive into insights on life and career, and let’s grow together!

14/06/2026

🌿 Peaceful Mindset 🌿

🌿 စိတ်အေးချမ်းသာယာမှု (Peaceful Mindset) ဆိုတာ ကိုယ့်စိတ်ဝိညာဉ်ရဲ့ ငြိမ်းအေးရာ လိပ်ပြာသန့်သန့်နေရာလေးတစ်ခုကို ရှာဖွေတွေ့ရှိခြင်းပါ 🌿

ညီကိုမောင်နှမတို့ရဲ့ ဘဝမှာ အရာအားလုံးကို ထိန်းချုပ်နိုင်မယ်လို့ မထင်ပါနဲ့။
တစ်ခါတလေကျရင် လောကကြီးက အရမ်းမြန်လွန်းတယ်။ အလုပ်တွေ၊ တာဝန်တွေ၊ မျှော်လင့်ချက်တွေရဲ့ နောက်ကို အမောတကော ပြေးလိုက်ရင်း... ကိုယ့်ရဲ့ အတွင်းစိတ်ဆန္ဒလေးတွေကို မျက်ကွယ်ပြုမိတတ်ကြတယ်မဟုတ်လား။

🌿တကယ်တော့ Peaceful Mindset (ငြိမ်းချမ်းတဲ့ စိတ်အခြေအနေ) ဆိုတာ...
ဘာပြဿနာမှမရှိတဲ့ ကမ္ဘာကြီး မှာ နေထိုင်ရတာမျိုး မဟုတ်ပါဘူး။ ဘယ်လို အခက်ခဲတွေပဲ တွေ့နေပါစေ၊ ကိုယ့်ရဲ့ ရင်ဘတ်ထဲမှာတော့ တည်ငြိမ်နေနိုင်တဲ့ သမာဓိမျိုးကို ပြောတာပါ...🌿

🌟 စိတ်အေးချမ်းခြင်းကို ဒီအဆင့် (၃) ဆင့် နဲ့ လေ့ကျင်ပြီး ရယူလိုက်ပါ...
(၁) လက်ခံခြင်း (Acceptance):
ကိုယ့်အင်အားနဲ့ ပြောင်းလဲလို့မရတဲ့ အရာတွေကို လက်လွှတ်လိုက်ပါ။
အတိတ်က အမှားတွေ၊ သူတပါးရဲ့ အမြင်တွေကို လိုက်ပြင်နေမယ့်အစား "ဒါဟာ လောကဓံပဲ" လို့ သဘောပေါက်လိုက်တာဟာ စိတ်ချမ်းသာဖို့ ပထမဆုံးခြေလှမ်းပါပဲ။

(၂) ပစ္စုပ္ပန်မှာ ရှင်သန်ခြင်း (Living in the Present):
မနက်ဖြန်အတွက် ကြိုပြီး မပူပါနဲ့သေးဦး။
အခုလက်ရှိ သောက်နေတဲ့ ကော်ဖီတစ်ခွက်ရဲ့ အနံ့၊
ပြတင်းပေါက်က တိုက်ခတ်လာတဲ့ လေပြေ... ဒါတွေကို အပြည့်အဝ ခံစားကြည့်ပါ။ အေးချမ်းမှုဆိုတာ အဝေးကြီးမှာ မဟုတ်ဘဲ "အခု၊ ဒီနေရာ" မှာပဲ ရှိနေတာပါ။

(၃) မျှော်လင့်ချက်ကို လျှော့ချခြင်း (Low Expectations):
လူတိုင်းဆီက၊ အခြေအနေတိုင်းဆီက အကောင်းဆုံးတွေချည်းပဲ မျှော်လင့်မထားတဲ့အခါ စိတ်ပျက်ရတာမျိုး နည်းသွားလိမ့်မယ်။
ကိုယ့်ဘက်က စိတ်စေတနာအပြည့်နဲ့ အကောင်းဆုံးတွေ ပေးခဲ့ပြီး မျှော်လင့်ချက်တွေအစား ကိုယ့်ရဲ့စိတ်စေတနာ၊ အားထုတ်မှုမှာပဲ ကျေနပ်ပီတိဖြစ်နေရခြင်ရဟာ အေးချမ်းရခြင်းအကြောင်းတစ်ခုပါ။

ဒါဆိုရင်တော့ "အပြင်လောကကြီးမှာ ဘယ်လောက်ပဲ ရှုပ်ထွေးပါစေ... အခက်အခဲတွေ ဘယ်လောက်ပဲ ရင်ဆိုင်ရပါစေ...ကိုယ့်ရဲ့ အတွင်းစိတ်ကမ္ဘာလေးကတော့ အမြဲတမ်း ပန်းတွေပွင့်ပြီး အေးချမ်းနေမှာပါ"

ရုန်းကန်လှုပ်ရှားနေရတဲ့ နေ့ရက်တွေထဲမှာ ကိုယ့်ကိုကိုယ် ကြင်နာပါ။ ကိုယ့်စိတ်ကလေးကို ပွေ့ဖက်ပေးပါ။ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးအရာဟာ မင်းရဲ့ "စိတ်အေးချမ်းမှု" ကလွဲလို့ အခြားမရှိပါဘူး ညီကိုမောင်နှမတို့ရေ...။ ✨

14/06/2026

🩸❤️ World Blood Donor Day ❤️🩸

"သွေးလှူခြင်း" ဆိုတာ အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်တဲ့ အလွန်တန်ဖိုးရှိတဲ့ မေတ္တာလက်ဆောင်တစ်ခု ဖြစ်ပါတယ်။

ဒီနေ့ World Blood Donor Day မှာ လူနာများရဲ့ အသက်ကို ကယ်တင်ပေးနေကြတဲ့ သွေးလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်။ 🙏

❤️ တစ်ကြိမ်သွေးလှူခြင်းက လူတစ်ယောက်ရဲ့ မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်စေနိုင်ပါတယ်။
❤️ကိုယ့်ရဲ့ သွေးတစ်စက်က အခြားသူတစ်ယောက်အတွက် ဘဝတစ်ခုလုံး ဖြစ်နိုင်ပါတယ်။

"Give Blood, Give Hope – Together We Save Lives."

ကျန်းမာချမ်းသာပြီး ကုသိုလ်ကောင်းမှုများ ဆထက်တပိုး ပြုလုပ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🩸

14/06/2026

🩸❤️ World Blood Donor Day ❤️🩸

"သွေးလှူခြင်း" ဆိုတာ အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်တဲ့ အလွန်တန်ဖိုးရှိတဲ့ မေတ္တာလက်ဆောင်တစ်ခု ဖြစ်ပါတယ်။

ဒီနေ့ World Blood Donor Day မှာ လူနာများရဲ့ အသက်ကို ကယ်တင်ပေးနေကြတဲ့ သွေးလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်။ 🙏

❤️ တစ်ကြိမ်သွေးလှူခြင်းက လူတစ်ယောက်ရဲ့ မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်စေနိုင်ပါတယ်။
❤️ကိုယ့်ရဲ့ သွေးတစ်စက်က အခြားသူတစ်ယောက်အတွက် ဘဝတစ်ခုလုံး ဖြစ်နိုင်ပါတယ်။

"Give Blood, Give Hope – Together We Save Lives."

ကျန်းမာချမ်းသာပြီး ကုသိုလ်ကောင်းမှုများ ဆထက်တပိုး ပြုလုပ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🩸

06/06/2026

🧠 အသက်ကြီးလာသလို ဦးနှောက်နဲ့ နှလုံးသား "ကြီး" ပြီလား ❓

တစ်နေ့က မှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတယ်။
မျက်နှာပေါ်မှာ အရင်က မရှိခဲ့တဲ့ အရေးအကြောင်းလေးတွေ ပေါ်လာတယ်...
အရင်ကလို မနက်မိုးလင်းတာနဲ့ အားအပြည့် မဟုတ်တော့ဘူး..
နှစ်တွေ တဖြည်းဖြည်း တိုးလာတာကို ခန္ဓာကိုယ်က သက်သေပြနေတယ်...

ဒါပေမယ့်...
အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့ ဦးနှောက်ရော ပိုကျယ်ပြန့်လာပြီလား ( အတွေးအခေါ်တွေ ပိုရင့်ကျက်လာပြီလား?) ...
နှလုံးသားရော ပိုနူးညံ့လာပြီလား( ကိုယ်ချင်းစာတတ်လာပြီလား) ... ဆိုတာကို ကိုယ်တိုင် စဉ်းစားမိတယ်...

ငယ်ငယ်တုန်းက- ကိုယ်နဲ့ အမြင်မတူတဲ့သူကို မှားတယ်လို့ပဲ တယူသန် ထင်ခဲ့ဖူး၊ ငြင်းခဲ့ဖူးတယ်၊ တစ်ဖက်သပ်အမြင်တွေနဲ့ ကောက်ချက်ချ အကြံတွေပေးခဲ့ဖူးတယ်။

အခုတော့
"လူတစ်ယောက်စီမှာ သူ့ဘဝနဲ့သူ၊
သူ့အတွေ့အကြုံနဲ့သူ၊
သူ့အကြောင်းပြချက်နဲ့သူ ရှိတယ်ဆိုတာ နားလည်လာနိုင်တယ်.."

ငယ်ငယ်တုန်းက - ကိုယ် အခက်အခဲ နစ်နာမှုကြုံရင် personally ခံယူပြီး စိတ်ထိခိုက် နာကျင်ဖူးတယ်။
"အခုတော့
ကိစ္စ အဝဝဟာ တစ်ဦးတစ်ယောက်ချင်းစီက ကိုယ်ယုံကြည်ရာပေါ် လျောက်လှမ်းကျရင်း အမှတ်မထင် အချင်းချင်း ပွတ်တိုက်မှုလေးတွေ ၊ အကြောင်းတရားလေးတွေပဲ ဆိုတာ သိမြင်လာနိုင်ပြီး နားလည်လက်ခံ မေတ္တာမပျက် နေနိုင်လာခဲ့တယ်…
အဲ့ဒီ အကြောင်းသိခြင််းကပဲ အမှန်မြင်စေပြီး ဦးနှောက်နဲ့ နှလုံးသားကို drama တွေ၊ victim တွေထဲက ဆွဲခေါ်ပြီး ကြည်လင်၊ သန်မာ လာစေခဲ့တယ်..."

တကယ်တော့...
အသက်ကြီးလာတာဟာ အချိန်ရဲ့ အလုပ်ပါ။
အသက်ကြီးလာတာနဲ့ လူတစ်ယောက် ရင့်ကျက်လာတယ်လို့ မဆိုလိုပါဘူး။
📌 ကိုယ့်ကို နာကျင်စေခဲ့သူတွေကို ခွင့်လွှတ်ပေးနိုင်တဲ့ နှလုံးသားရော ပိုကြီးလာပြီလား?
📌 မတူညီတဲ့ အမြင်တွေကို လက်ခံနိုင်တဲ့ စိတ်ဓာတ်ရော ပိုရင့်ကျက်လာပြီလား?

တစ်ချို့လူတွေက အသက် ၅၀ ရှိပေမယ့်- အမြင်က ၂၀ အရွယ်မှာပဲ ရပ်နေတတ်တယ်။
တစ်ချို့လူတွေက အသက် ၃၀ ပဲ ရှိသေးပေမယ့် - လူတွေကို နားလည်ပေးနိုင်တဲ့ နှလုံးသားက အရမ်းကြီးမားနေတတ်တယ်။

ဒါကြောင့်...
✨"နှစ်တွေ ဘယ်လောက်ကုန်သွားလဲဆိုတာထက်
ကိုယ် ဘယ်လောက် သင်ယူခဲ့လဲ။
အသက် ဘယ်လောက်ကြီးလာပြီလဲဆိုတာထက်
ကိုယ့်စိတ်က ဘယ်လောက် ကျယ်ပြန့်၊ ရင့်ကျက် လာပြီလဲ? ဆိုတာက ပိုအရေးကြီးပါတယ်...

✨ရင့်ကျက်မှုဆိုတာ
ဘဝအတွေ့အကြုံတွေကနေ သင်ယူနိုင်ခြင်း၊
အမှားတွေကနေ ပြင်ဆင်နိုင်ခြင်း၊
ကိုယ့်ထက် မတူတဲ့သူတွေကို နားလည်ပေးနိုင်ခြင်းတွေကနေ ဖြစ်လာတာပါ။

✨ဦးနှောက် ပိုကျယ်ပြန့်လာတာ( ပိုပြီး သဘောထားကြီး တတ်လာတာ) က သင်ယူခြင်းရဲ့ ရလဒ်ပါ...
✨နှလုံးသား ပိုကြီးမားလာတာ( ပိုပြီး ကိုယ်ချင်းစာစိတ်ထားပြီး တွေးပေးတတ်လာတာ) က နားလည်ပေးခြင်းရဲ့ ရလဒ်ပါ...
✨ရင့်ကျက်လာတာကတော့ ဘဝရဲ့ သင်ခန်းစာတွေကို လက်ခံသင်ယူနိုင်ခြင်းရဲ့ ရလဒ်ပါ...

✨ ဒီနေ့...
ကိုယ့်ကိုယ်ကို မေးကြည့်ပါ။
"ငါ့ရဲ့ အသက်ပဲ ကြီးလာတာလား?" ဒါမှမဟုတ်...
" ငါ့ရဲ့ ဦးနှောက်နဲ့ နှလုံးသားပါ ပိုကြီးမား၊ ပိုကျယ်ပြန့်၊ ပိုနွေးထွေးလာပြီလား?" ဆိုတာ ကို တွေးမိသွားရင် ကောမန့်မှာ တစ်ခုခု ရေးခဲ့ပါနော်...
#






#ရင့်ကျက်မှု #ဘဝသင်ခန်းစာ #တွေးကြည့်ပါ

05/06/2026

🌍💚 World Environment Day 💚🌍

ကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ တစ်ခုတည်းသော အိမ်ပါ...
🌱 သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့
ကျွန်မတို့ တစ်ယောက်ချင်းစီရဲ့ နေ့စဉ် အပြုအမူသေးသေးလေးတွေကနေလည်း ကမ္ဘာကြီးကို ပိုကောင်းလာစေနိုင်ပါတယ်။

✨ ပလတ်စတစ်အသုံးပြုမှုကို လျှော့ချတာမျိုး၊
✨ ရေ၊ မီးကို ချွေတာသုံးစွဲတာမျိုး၊
✨ သစ်ပင်များ စိုက်ပျိုးတာမျိုး၊
✨ အမှိုက်များကို စနစ်တကျ စွန့်ပစ်တာမျိုး စတဲ့ အမူအကျင့်များဖြင့်၊
✨ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် အလေ့အကျင့်များကို ပြောင်းလဲလိုက်ပါနော်။

"သေးငယ်တဲ့ အပြောင်းအလဲတစ်ခုက အနာဂတ်ကြီးတစ်ခုကို ပြောင်းလဲနိုင်ပါတယ်။"

ဒီ "World Environment Day" မှာ ကျွန်မတို့အားလုံး ပိုမိုစိမ်းလန်းပြီး ရေရှည်တည်တံ့တဲ့ ကမ္ဘာကြီးတစ်ခု ဖန်တီးဖို့ အတူတကွ ကြိုးစားကြပါစို့နော်။ 🌍💚







01/06/2026

🌸 Hello June! 🌸

ကလေးတွေလည်း ကျောင်းစဖွင့်တဲ့ရက်၊
လူကြီးတွေလည်း အလုပ်ဖွင့်ရက် ဖြစ်တဲ့အပြင်၊
"ကမ္ဘာ့မိဘများနေ့" တစ်နေ့လည်းဖြစ်တဲ့

🌸June လရဲ့ အစမှာ...
အိပ်မက်အသစ်တွေ၊
အခွင့်အရေးအသစ်တွေ၊
ပျော်ရွှင်စရာ အမှတ်တရအသစ်တွေ
ကံကောင်းခြင်းတွေ ရောက်ရှိလာပါစေ...

🌸June လတစ်လလုံး
ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်းတွေနဲ့
ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

✨ New Month, New Goals, New Opportunities! ✨






Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay
05041