30/08/2026
အန်ဒီရေးရီ တော့တင်ဟမ်နဲ့ Here We Go သွားပါပြီ
ဘယ်တောင်ပံအတွက် ဇိုးလစ်အပြင် နောက်ထပ် ကစားသမားသစ်ခေါ်ယူဖို့ စျေးကွက်ထဲမှာ ရွေးချယ်စရာ အတော်လေးနည်းပါးနေပါတယ်
အပြောင်းအရွေ့စျေးကွက်ပိတ်ဖို့ (၄၈) နာရီကျော်ပဲကျန်ပါတော့တယ်
အသင်းမှာ တစ်ခြားပစ်မှတ်တွေရှိနေသလား
မာတင်နယ်လီကို ဆက်ထိန်းထားမလား စောင့်ကြည့်ရပါမယ်
Sports by La Arsenal
29/08/2026
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ (၂၄) နာရီအတွင်း ပရီးမီးယားလိဂ်တိုက်စစ်ကစားသမားတစ်ဦးရဲ့ အခြေအနေနှင့်ပက်သက်ပြီး သက်ဆိုင်ရာကလပ်အသင်းထံ လေးလေးနက်နက်စုံစမ်းမေးမြန်းမူပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
[ Source _ AFCAMDEN ]
29/08/2026
အဲဗာရက်ဟာ အာဆင်နယ်အသင်းဆီကို ပြောင်းရွေ့ဖို့ စဥ်းစားမထားကြောင်း မီခယ်အာတီတာကို အသိပေးထားပါတယ်။
အက်သလက်တီကို နှင့် အာဆင်နယ် နှစ်သင်းစလုံးက အပြောင်းအရွေ့ဖြစ်မြောက်ဖို့ ဆန္ဒရှိနေပေမယ့် အရာအားလုံးက အဲဗာရက်ရဲ့ ဆန္ဒအပေါ်မူတည်နေတာဖြစ်ပါတယ်။
အချိန်နှင့်အမျှ အခြေအနေတွေ ပြောင်းလဲသွားနိုင်သေးပေမယ့်လည်း လက်ရှိမှာတော့ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ခြေ လျော့နည်းနေပြီး သဘောတူညီမှု ရရှိဖို့ ရှေ့ဆက်မတိုးနိုင်ဖြစ်နေပါတယ်။
Source _ David Ornstein
29/08/2026
ရာသီကြိုခြေစမ်းပွဲစဥ်တွေမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ အကယ်ဒမီထွက် ဗဟိုခံစစ် ကစားသမားလေး ဆယ်မွန်ဟာ သူ့ရဲ့ အသက် (၁၇) နှစ်ပြည့်မွေးနေ့ ဒီကနေ့မှာပဲ အာဆင်နယ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။
Sports by La Arsenal
28/08/2026
ဒီကနေ့ ထရိန်နင်မှာ ဆံပင်ပုံစံအသစ်နှင့်မြင်တွေ့ရပြန်တဲ့ ဆာကာ
Sports by La
28/08/2026
ဗီလာနှင့်အဝေးကွင်းပွဲစဥ်မတိုင်မီ ဂန်းနားတို့ရဲ့ ထရိန်နင်ပြင်ဆင်မူပုံရိပ့်များ
Sports by La Arsenal
28/08/2026
အာဆင်နယ်အသင်းဟာ အန်းဒရစ်အတွက် ရီးရဲလ်အသင်းနဲ့ ကနဦး ဆွေးနွေးမူတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
Source - [ TalkSport ]
27/08/2026
အဘဝင်း era ရဲ့ နောက်ဆုံးလက်ကျန်ကစားသမားဖြစ်တဲ့ ရီးစ်နယ်ဆင် အသင်းနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်။
Sports by La Arsenal
27/08/2026
ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အာဆင်နယ်အသင်းရင်ဆိုင်သွားရမယ့် ပြိုင်ဘက်အသင်း (၈) သင်း
ပွဲစဥ် (၁) နှင့် ပွဲစဥ် (၂) တို့မှာ ရီးရဲလ် ၊ ဘိုင်ယန်တို့နှင့် ဆက်တိုက်ကစားရဖို့ရှိပြီး
ရာသီကြိုမှာ ကိုယ့်ကိုတီးထားတဲ့ ဒေါ့မွန် ဘက်တစ်တို့နှင့်လည်း ချန်ပီယံလိဂ်မှာ မကြေပွဲ နွဲရပါအုံးမယ်
Sports by La Arsenal