Ibet789 Agent Myanmar

Ibet789 Agent Myanmar

Share

အိုင် ဘတ် 789 (10000ks) မှ စတင် အကောင့်ဖွင့်နိုင်ပါတယ်။မန်ဘာသစ်များ 10% ဘောနပ်

30/08/2026

စပါးကတော့ နွေရာသီ အပြောင်းအရွှေ့မှာ ယူရိုသန်း (၄၀၀) လောက် သုံးထားပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲ နှစ်ပွဲစလုံး မနိုင်ပြန်ပါဘူး။ မနိုင်ရုံတင်မဟုတ်၊ နှစ်ပွဲစလုံး ရှုံးထားတာပါ။

ရာသီအဖွင့်ပွဲမှာ ဘရန့်ဖို့ဒ်ကို သုံးဂိုးပြတ်ရှုံးခဲ့သလို မနေ့က နယူးကာဆယ်နဲ့ အိမ်ကွင်းပွဲမှာလည်း နှစ်ဂိုးပြတ် ရှုံးခဲ့ပါတယ်။ ဒီဇာဘီအတွက်တော့ တကယ်ကို ဖိအားများတဲ့ အချိန်တွေပါပဲ။

ဆာဗီယို၊ တိုနာလီတို့အပါအဝင် ကစားသမားသစ်တွေအတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးတွေ သုံးပြီး ခေါ်ထားသည့်တိုင် စပါးကတော့ ပရီးမီးယားလိဂ် နှစ်ပွဲ ကစားပြီးချိန်အထိ သွင်းဂိုး မရရှိသေးပါဘူး။

30/08/2026

မက်ဆီကတော့ ဒီမနက် အင်တာမိုင်ယာမီရဲ့ တစ်ကျော့ပြန်နိုင်ပွဲမှာ တစ်ယောက်တည်း လေးဂိုးသွင်းပြီး အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ ဒီပွဲမှာ မက်ဆီက ဖရီးကစ်ကနေ နှစ်ဂိုး၊ တစ်ကိုယ်တော်အရည်အချင်းနဲ့ တစ်ဂိုး၊ သူသွင်းနေကျ ဂိုးသမားကို အသာလေးကျော်ပြီး သွင်းတဲ့ပုံစံနဲ့ တစ်ဂိုး သွင်းယူခဲ့ပါတယ်။

အင်တာမိုင်ယာမီကလည်း မွန့်ရီရဲလ်ကို ၇-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ကာလရှည် နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မက်ဆီကလည်း တကယ်ကို မှော်ဝင်ခြေစွမ်းကို ပြသခဲ့တာပါ။

မက်ဆီက အသင်းအတွက်လည်း တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး အသင်းရဲ့ နိုင်ပွဲအတွက် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပြီး အကောင်းဆုံး ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။

30/08/2026

"တနင်္ဂနွေည ပရီးမီးယားလိဂ် တစ်ပွဲကောင်း"

မန်ယူ - အပ်ဆွစ်ချ်
==============
ယူနိုက်တက်ရဲ့ ရာသီကြိုကာလ နောက်ပိုင်းပွဲစဉ်အချို့နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကတော့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ ခြေစမ်းပွဲမှာ အက်သလက်တီကို ကို အနိုင်ရပြီးနောက်ပိုင်း ၄ ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ယူနိုက်တက်ရဲ့ အနေအထားက အကျဘက်ရောက်နေတာတော့ သေချာပါတယ်။ သူတို့ရဲ့ နည်းပြဟောင်း အမိုရင် တာဝန်ယူနေတဲ့ အေစီမီလန်ကို ၂-၄ နဲ့ အရေးနိမ့်ပြီးနောက်ပိုင်းမှာ ဟူးလ်စီးတီးကို ထပ်ရှုံးခဲ့တာက သံသယဖြစ်စရာတွေနဲ့ပါ။ ဟူးလ်စီးတီးကို ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ အသာစီးယူပြီး ကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးမရခဲ့တာက စိတ်ပျက်စရာပါပဲ။ အခု အိုးလ်ထရက်ဖို့ဒ်မှာ နောက်ထပ် တန်းတက်ဖြစ်တဲ့ အပ်ဆွစ်ချ်ကို ဘယ်လိုဧည့်ခံမလဲ စောင့်ကြည့်ရမှာဖြစ်တယ်။

တန်းတက်ဖြစ်တဲ့ အပ်ဆွစ်ချ်ကတော့ လူကစ်၊ ဒီအော့ပ်၊ မာအီဒါ၊ အန်စီဆို တို့လို ကစားသမားတွေနဲ့ အားဖြည့်ထားတာ တွေ့ရတယ်။ ဂယ်ရီအိုလ်နေးလ်ရဲ့အသင်းဟာ ရာသီကြိုမှာကတည်းက ရလဒ်ကောင်းတွေဆက်တိုက်ပိုင်ဆိုင်ခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားတာကြောင့် ရစ်သမ်မှန်နေတယ်လို့ ပြောရမှာပါ။ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဆန်းဒါးလန်းကို ၂-၁ နဲ့ အနိုင်ရခဲ့သလို ကြားရက်မှာကစားခဲ့တဲ့ ကာရာဘောင်းဖလားမှာလည်း လက်စတာကို ၃-၁ နဲ့ အနိုင်ယူခဲ့ပါတယ်။ နောက်ဆုံး ၄ ပွဲဆက်မှာ တစ်ပွဲအနိမ့်ဆုံး ၂ ဂိုး ရအောင်ကစားထားနိုင်တဲ့ အပ်ဆွစ်ချ်ရဲ့ တိုက်စစ်က သဘောကျစရာဖြစ်နေတယ်။

တစ်ဂိုးကွာနဲ့နိုင်ရင်တောင် ယူနိုက်တက်က ထက်ဝက်ကျော်ကျော်လေး နစ်နာမယ်လို့ စတင်ခဲ့တယ်။ နှစ်သင်းပေါင်း ၃ ဂိုးဆိုရင် ပြန်ခွာအနေအထားလောက်မှာရှိခဲ့ပါတယ်။ လောလောဆယ်မှာ နိုင်ပွဲပျောက်တာကြာပြီဖြစ်တဲ့ ယူနိုက်တက်က အိုးလ်ထရက်ဖို့ဒ်မှာ ရဲရဲတင်းတင်း အကျောပေးလာပါတယ်။ သေချာတာကတော့ ကာရစ်ဟာ အခုလို အိမ်ကွင်းပွဲမှာ တိုက်စစ်ကိုပိုပြီး အားပြုပါလိမ့်မယ်။ ရက်ရှ်ဖို့ဒ်လည်း ပြန်ရောက်နေပြီဖြစ်လို့ ပွဲထွက်အခင်းအကျင်းက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ရစ်သမ်မှန်နေတဲ့ အပ်ဆွစ်ချ်ကတော့ ပုံမှန်အတိုင်းကစားလာဦးမှာပါ။ အိမ်ကွင်းဖြစ်သလို ကြေးပေးလှတဲ့ ယူနိုက်တက်ကို ရွေးချယ်ရမှာပါ။

ခန့်မှန်းချက် - မန်ယူ

29/08/2026

မန်စီးတီးကတော့ ချန်ပီယံလိဂ်မှာ သူတို့ရဲ့ ကစားသမားဟောင်းတွေနဲ့ ရင်ဆိုင်ရတော့မှာပါ။ အထူးသဖြင့် ဘာစီလိုနာနဲ့ ပြန်တွေ့လိုက်တာကြောင့် ကစားသမားဟောင်း (၃) ယောက်လောက်နဲ့ အဲ့ဒီပွဲမှာ တွေ့ရပါလိမ့်မယ်။

လက်ရှိ ဘာစီလိုနာမှာ ရိုဒရီ၊ ကန်ဆယ်လို၊ အဲရစ်ဂါစီယာတို့ ကစားနေပြီး ဒီကစားသမားတွေက မန်စီးတီး ကစားသမားဟောင်းတွေပါ။ နောက်ပြီး ပီအက်စ်ဂျီမှာလည်း ဖာရန်တောရက်စ်ရောက်နေပြီး ဖာရန်တောရက်စ်ကလည်း ဒီရာသီမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီကိုပြောင်းသွားခဲ့တာပါ။

နောက်ထပ် မန်စီးတီးရဲ့ ဂန္တဝင်ကစားသမားဟောင်း ဒီဘရိုင်း ကစားနေတဲ့ နာပိုလီနဲ့လည်း မန်စီးတီးတို့ အုပ်စုအဆင့်မှာ ထိပ်တိုက်တွေ့ရဦးမှာဖြစ်ပါတယ်။

29/08/2026

ဆာဘားဆိုတဲ့ အဇာဘိုင်ဂျန်အသင်းလေးက ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ သူတို့အတွက် သမိုင်းတစ်လျှောက် ပထမဆုံး အမှတ်ပေးချန်ပီယံဆုကို ရယူခဲ့ပါတယ်။

ဒါ့အပြင် လိဂ်ဖလားကိုလည်း အရယူနိုင်ခဲ့ပြီး အဇာဘိုင်ဂျန်မှာ ကာရာဘတ်ရဲ့ လွှမ်းမိုးမှုကို ချေဖျက်နိုင်ခဲ့ပါတယ်။ အခုဆိုရင် သူတို့က သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဝင်ကစားရတော့မှာပါ။

ခြေစစ်ပွဲ အောင်ခဲ့တဲ့နောက် ဆာဘားက အုပ်စုအဆင့်ပွဲစဉ်တွေကို ရင်ဆိုင်ရမှာပါ။ ဒီပွဲတွေမှာ ဘာစီလိုနာ၊ ဒေါ့မွန်၊ အာဆင်နယ်၊ ယူနိုက်တက်တို့လို အသင်းတွေနဲ့ ထိပ်တိုက်တွေ့ရမှာဖြစ်ပြီး သူတို့အတွက်တော့ ဂုဏ်ယူစရာ အခိုက်အတန့်တွေ ဖြစ်လာပါလိမ့်မယ်။

29/08/2026

ချာကီကတော့ မန်စီးတီးအတွက် အရေးပါတဲ့ ကစားသမားဆိုတာကို ဆက်တိုက် သက်သေပြနေပါတယ်။ ဒီအတိုင်းဆိုရင် မာရက်စ်ကာရဲ့ အသင်းမှာ သူက မရှိမဖြစ် အရေးပါတဲ့ ကစားသမားဖြစ်လာတော့မှာပါ။

မနေ့က ပဲလေ့စ်ကို ၁-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ချာကီတစ်ယောက် အသင်းအတွက် နှစ်ဂိုးသွင်းပေးခဲ့ပါတယ်။ သူနဲ့ ဟာလန်းက တစ်ယောက် နှစ်ဂိုးစီ သွင်းယူပေးခဲ့တာပါ။

ချာကီက ရာသီအဖွင့်ပွဲမှာလည်း လူစားဝင်လာပြီးနောက် အသင်းအတွက် နှစ်ဂိုးဖန်တီးပေးခဲ့ပြီး အဲ့ဒီပွဲတုန်းကလည်း မန်စီးတီးတို့ ဘုန်းမောက်ကို ၂-၁ ဂိုးနဲ့ ကပ်ပြီး အနိုင်ရရှိခဲ့ပါတယ်။

29/08/2026

ဟာလန်းတစ်ယောက် ပရီးမီးယားလိဂ်မှာ ဂိုးပေါက်စတွေ့သွားခဲ့ပါပြီ။ မနေ့က ပဲလေ့စ်ကို ၁-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟာလန်းက အသင်းအတွက် နှစ်ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြခဲ့တာပါ။

ဒီပွဲမှာ ဟာလန်းက ဆီမင်ညိုရဲ့ ဖြတ်တင်ဘောကတစ်ဆင့် သပ်သပ်ရပ်ရပ် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ဆံပင်ပုံစံအသစ်ကို ကိုင်တွယ် ပွတ်သပ်ပြီး အောင်ပွဲခံခဲ့ပါတယ်။

ဒါကတော့ ဟာလန်းအနေနဲ့ သူ့ရဲ့ သွင်းဂိုးအတွက် သူ့ရဲ့ ဆံပင်ပုံစံကို ဂုဏ်ပြု အောင်ပွဲခံခဲ့တာလို့ ဆိုနေကြပါတယ်။ မန်စီးတီးကတော့ နှစ်ပွဲဆက် နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ်မှာ အဖွင့်လှနေဆဲပါ။

28/08/2026

မော်ရင်ဟိုရဲ့ တစ်ကျော့ပြန် ရီးရဲလ်မက်ဒရစ်နည်းပြဘဝအတွက် ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းတွေက အသင့်စောင့်ကြိုနေပါပြီ။ ဒါပေမယ့် ရီးရဲလ်အတွက်ဆိုရင်တော့ လွယ်သေးတဲ့ အုပ်စုပွဲ၊ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ဖို့ မခက်တဲ့ အုပ်စုပွဲတွေလို့ ပြောနိုင်ပါတယ်။

ရီးရဲလ်က အင်တာမီလန်၊ အာဆင်နယ်၊ ပီအက်စ်ဗွီ၊ ရိုးမား၊ လိုက်ပ်ဇစ်၊ ရှက်တာဒိုးနက်၊ လက်စ်၊ အေသင်စ်တို့နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့မယ့်ပွဲပါ။

ရီးရဲလ်က ဥရောပမှာ အာဆင်နယ်ကို မနိုင်ဖူးသေးပါဘူး။ ဒါပေမယ့် တစ်ဖက်မှာလည်း မော်ရင်ဟိုက အာဆင်နယ်ကို ငယ်နိုင်လို ဖြစ်ထားတာကြောင့် သူတို့တွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုက တကယ်ကို ပွဲကြီးပွဲကောင်းဖြစ်လာဖို့ ရှိပါတယ်။

28/08/2026

ဘာစီလိုနာရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်တွေကတော့ သမိုင်းကြောင်း အစဉ်အလာတွေ၊ ကျောင်းတော်က မကျေပွဲတွေနဲ့ ပြန်လည်ရင်ဆိုင်ရမှာပါ။ ပရီးမီးယားလိဂ်က မန်စီးတီး၊ ဗီလာတို့နဲ့လည်း ထိပ်တိုက်တွေ့ရမှာပါ။

ဒါ့အပြင် ပီအက်စ်ဂျီနဲ့လည်း ရင်ဆိုင်ကစားရမှာဖြစ်ပြီး နောက်ပိုင်း ဖာဘရီဂတ်စ်လက်ထက်မှာ တက်ရိပ်ပြနေတဲ့ ကိုမိုနဲ့လည်း ရင်ဆိုင်ရမှာပါ။ စပို့တင်းလစ္စဘွန်း၊ ဖီယင်နု၊ ဆာဘားတို့နဲ့လည်း ကစားရမှာဖြစ်ပါတယ်။

ဘာစီလိုနာအနေနဲ့ ပီအက်စ်ဂျီ၊ မန်စီးတီးတို့နဲ့ ထိပ်တိုက်တွေ့တဲ့ပွဲတွေက တကယ်ကို ပွဲကြီးပွဲကောင်းဖြစ်လာဖို့ ရှိပြီး ပရိသတ်တွေလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။

28/08/2026

အယ်လ်ဗာရက်ဇ်ကိစ္စနဲ့ တိုင်ပတ်နေတဲ့ အက်သလက်တီကိုတို့ ချန်ပီယံလိဂ်အုပ်စုပွဲတွေမှာလည်း ပွဲမချောင်ပြန်ပါဘူး။ သူတို့က ထိပ်တန်းအသင်းတွေနဲ့ ဆက်တိုက်တွေ့ဆုံရမှာပါ။

ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်း၊ လီဗာပူးကို အဝေးကွင်း၊ ယူနိုက်တက်ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး တူရကီဘက်က ဖီနာဘာချီ၊ ဂျာမန်ကလပ် စတုဂတ်နဲ့လည်း တွေ့နေပါတယ်။

ကျန်တဲ့ ပီအက်စ်ဗွီ၊ ဘိုဒိုဂလင့်၊ ဗိုက်ကင်းတို့ကတော့ အက်သလက်တီကိုရဲ့ စွမ်းဆောင်ရည်ကိုပဲ ကြည့်ရမှာဖြစ်ပြီး ဘိုင်ယန်၊ လီဗာပူး၊ ယူနိုက်တက်တို့ကို ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ရင်တော့ အခြေအနေကောင်းသွားမှာပါ။

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Aungmyaythazan
Mandalay
05015