Pageမှာ ဘာမှမတင်တာလည်းကြာပါပြီ။ မနေ့ကရိုက်လာတာလေး ဒီမှာတင်ဦးမယ်ဗျာ။ ပါဆင်နယ်အကောင့်မှာ တင်တာတွေများနေလို့။
Let's focus and beat the Bookies
ဘောလုံးပွဲရှိတဲ့ညတိုင်းမှာ အကြိုက်
29/09/2024
Cole Palmer appreciation post
ဘောပွဲတွေနဲ့လည်းဝေးနေတာ၊မကြည့်ဖြစ်တာကြာပြီ။ အခုအလုပ်ကအပြန် ဟိုက်လိုက်ကြည့်ပြီး Palmerကို appreciate လုပ်ချင်လွန်းလို့ပါ။ Finishing, Free Kick, Vision အကုန်ကိုကောင်းတာဗျာ။
03/09/2024
အခက်အခဲတွေကြားထဲက ဆက်လျှောက်နေတဲ့ quality content creator တွေကို တတ်နိုင်သလောက် support လုပ်စေချင်တယ်။ ကျနော်ကတော့ ဒီလမ်းကိုဆက်မလျှောက်နိုင်လို့ pageကိုပစ်ထားမိတာကြာပြီဗျာ။
◾Football Vlogger (or) Analyst တစ်ယောက်အကြောင်းပြောပြမယ်
ကျွန်တော် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတစိချို့ကိုပြောပြချင်ပါတယ်။ ကျွန်တော် ဒီ pageကိုလုပ်လာခဲ့တာ 2 နှစ်ကျော်ပါပြီ။ 2 နှစ်ကျော်မှာ ကျွန်တော်ရတဲ့ဟာလေးတွေပြောပြပါမယ်။ ပထမဆုံးနှစ်မှာ ဝင်ငွေမရှိပါဘူး။ အမေတို့ အဖေတို့ကျေးဇူးနဲ့ဘဲ ထမင်းစားနိုင်ခဲ့ပါတယ်။
ဒုတိယနှစ်မှာတော့ ကျွန်တော် ဝင်ငွေရနိုင်ဖို့ subscription ဆိုပြီး Arsenal နဲ့ Man United အတွက် လုပ်ခဲ့ပါသေးတယ်။တစ်လကို 1000 နဲ့ပါာ။ တစ်ကယ်က 2023မှာ တစ်လ 1000ဆိုတာ အင်မတန်နည်းတဲ့ပမာဏပါဘဲ။ကျွန်တော်က အဲ့တုန်းက လူ1000လောက်ဝင်ရင်ကိုတော်ပါပြီဆိုပြီး အဲ့လောက်ဈေးနဲ့လုပ်လိုက်တာပါ။ ဖြစ်ချင်တော့ လူ2သင်းပေါင်းမှ လူ300မပြည့်ပါဘူး။ နောက်ပိုင်း ဈေးတွေထပ်လျှော့ပေးပါသေးတယ်။ဒါလဲ သိပ်မဝင်ကြပါဘူး။တိုင်းပြည်အ ခြေအနေ ဆိုးနေတော့ ဒီလို entertainment ဘက်မှာ ငွေမသုံးချင်တာ နားလည်ပြီးသားပါ။ဒီေတာ့ အဲ့ဒီကနေ တစ်ရာသီစာ 25သိန်းလောက်တော့ရတယ်ပေါ့ဗျာ။ ဒါက After Gameweek ကနေ ပထမဆုံးရတဲ့ income ပါ။ ဒါပေမဲ့ ကျွန်တော် အဲ့ဒါလုပ်လိုက်တာ အရှုံးကြီးရှုံးပါတယ်။ content တွေက အများကြီးလုပ်ရပေမဲ့ grotထဲမှာဘဲတင်ရတော့ page engagement တွေကျသွားခဲ့တယ်။ follower 37k ကို တစ်နှစ်ဖြတ်သန်းရပါတယ်။ follower 1000လေးပြည့်ဖို့ကို 1 နှစ်ကြာပါတယ်။btw ကျွန်တော် subscription မှာ နောက်ပိုင်း ပွဲတွေအကုန်မလုပ်နိုင်ခဲ့လိုက်ပါဘူး။အဲ့ဒိအတွက်လဲ တော်တော်လေးအားနာမိပါတယ်။ မီးတွေပျက်တာရယ် ကိုယ်ရေးကိုယ်တာအခက်အခဲတွေနဲ့ တစ်ရာသီ 38ပွဲမှာ 25ပွဲလောက်တော့ လုပ်ခဲ့တယ်ထင်ပါတယ်။ဒီတော့ တစ်ရာသီလုံး လုပ်မှ 25သိန်းဆိုတော့ တစ်လကို 2သိန်းနှုန်းရတယ်ဘဲဆိုရမှာပေါ့။အဲ့တော့ ဘာမှမရတာထက်စာရင်တော်သေးတယ်ပေါ့လေ။
ဒီကြားထဲမှာ ကျွန်တော့ကို ကျွန်တော်တက်ခဲ့တဲ့ကျောင်းက senior အစ်ကိုတစ်ယောက်က သူ့လုပ်ငန်းကြော်ငြာလေး ထည့်ထည့်ပေးပါတယ်။အစ်ကို့ကိုလဲ ကျေးဇူးတင်ရပါတယ်။ခက်ခဲနေတဲ့အချိနှ်ာ သူ့ကြော်ငြာလေးတွေနဲ့ ထမင်းစားနိုင်ခဲ့ပါတယ်။ပြီးတော့ ကြိုကြားကြိုကြား small business လေးတွေကြော်ငြာရပါတယ်။ small business ဆိုတဲ့အတိုင်းကျွန်တော့ဘက်ကလဲ small amount နဲ့ပါဘဲ။ ကြော်ငြာလေးတွေထည့်ခဲ့တဲ့သူတွေအကုန်လုံးကိုကျေးဇူးတင်ရပါတယ်။
ကျွန်တော် ထိုင်းကိုရောက်လာတော့ ဘယ်လိုမှ income မရှိဘဲရပ်တည်လို့မရတော့တာကြောင့် ကြော်ငြာယူခဲ့ပါတယ်။ဒါလဲ တစ်လဘဲ လက်တွဲလိုက်ရပြီး ထပ်မထည့်တော့တာနဲ့ တစ်လတော့ အဲ့ဒီကြော်ငြာက ပိုက်ဆံရလိုက်တယ်ပေါ့လေ။ ဒီတော့ ဘော့လုံး vlogger တစ်ယောက်ရဲ့ 2 နှစ်စာဝင်ငွေကိုချုပ်ရင် သိနိး50 အလွန်ဆူံးပါဘဲ။ဒါက ကျွန်တော့အတွက်ပြောတာပါ။တခြားသူတွေတော့ဘယ်လိုရကြလဲမသိပါဘူး။
ဒီနေရာမှာ ကျွန်တော့ရဲ့ အားနည်းချက်ရယ် ကျွန်တော်လုပ်တဲ့ content type ကြောင့်လဲပါပါတယ်။ ကျွန်တော့ အားနည်းချက်က တော်တော်နဲ့ video မထုတ်နိုင်တာပါ။ အချိန်သေချာပေးပြီးမှ ကောင်းကောင်းလေးထုတ်မယ်တွေးနေတာနဲ့ဘဲ တစိပတ်ကို 1 ပုဒ်လောက်ပဲထုတ်နိုင်ခဲ့ပါတယ်။ content type ဆိုတာက ကျွန်တော်က analysis လုပ်ရတာကို နှစ်သက်တဲ့သူဖြစ်လို့ analysis သီးသန့်ဘဲတင်ဖြစ်တာများပါတယ်။ ကိုယ်ပိုင် analysis တစ်ခုဟာ အင်မတန်ကြာပါတယ်။ နိုင်ငံတကာက analyst တွေလဲ ပွဲတစိပွဲကို 2ခေါက်3ခေါက်သေချာကြည့်ကြရပါတယ်။ကျွန်တော်လဲ ထိုနည်းလည်းကောင်းပါဘဲ။ပွဲကို 2ခေါက်3ခေါက်ကြည့်ပြီးမှဘဲ analyze လုပ်ပါတယ်။ ပွဲတစ်ပွဲကို မိနစ်100နီးပါးကြာပါတယ်။ ပွဲကြည့်ရင်း note ထုတ်ရင်းစဉ်းစားရင်းဆိုရင် တစ်ပွဲကို တစ်ခါကြည့်ရင် 150 မိနစ်လောက်ကြာပါတယ်။ 3ခါကြည့်ရင် 450 မိနစ်ကြာပါတယ်။ ထားပါ မိနစ် 300နဲ့ 450ကြားတော့ရှိတယ်ဘဲအကြမ်းဖျင်းပြောလို့ရပါတယ်။ဒီလိုလုပ်ပြီးပြီဆိုမှ နားထောင်နေတဲ့သူသဘောပေါက်အောင် ဘယ်ကနေစပြောရမလဲ စသည်ဖြင့်စဉ်းစားပြီးတော့မှ video ရိုက်နိုင်ပါတယ်။ကျွန်တော်က video clip လေးတွေနဲ့ပြရတာကိုကြိုက်တဲ့သူပါ။အမြဲတမ်း clipလေးတွေထည့်လေ့ရှိပါတယ်။ ဒီ clip အတိုလေးတွေဖြတ်ရတာကိုက တော်တော် လက်ပေါက်ကပ်တာပါ။ဖြတ်ပြီးရင် visualize လုပ်ဖို့ ထပ် edit ရပါတယ်။ software ဝယ်သုံးရင်မြန်ပေမဲ့ အပေါ်မှာပြောထားတဲ့ ကျွန်တော့ ဝင်ငွေနဲ့ဆိုရင် ဘယ်လိုမှဝယ်လို့မရပါဘူး။ဒီတော့ ကိုယ်တိုင်ပဲအချိန်ကုန်ခံပြီး vector လေးတွေဆွဲပြီး keyframe တစ်ခုချင်းစီ လုပ်ရတာပါဘဲ။ဒါပြီးမှ video တစ်ခုလုံးစာ ပြန် editပေါ့။ပြီးရင် thumbnail ဘာညာဆွဲနဲ့ တော်တော်ကြာပါတယ်။ဒါက ကျွန်တော့ flowကို ဗဟုသုတအနေနဲ့ ပြန်မျှဝေတာပါ။ Arsenal ပရိသတ်မို့ Arsenal ပွဲတွေဆို တခြားပွဲတွေလောက် effort မထုတ်ရပေမဲ့ တခြားအသင်းပွဲတွေဆို 2 ဆeffort ထုတ်ရပါတယ်။တစ်ပွဲထဲကို analyze လုပ်ပေမဲ့ တခြားအရင်ပွဲတွေပါ ပြန်ကြည့်ရင်ကြည့်နေရသေးတာပါ။ဒီတော့ ကျွန်တော်ပြောချင်တဲ့ point က analysis video တစ်ပုဒ်က တစ်ယောက်ထဲ အစအဆုံးလုပ်မယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ တစ်နေ့တစ်ပုဒ်မထွက်ပါဘူး။သေချာပါတယ်။အဲ့တော့ ယှဉ်ပြိုင်မှုများတဲ့ fb မှာ နေရာပျောက်ပြီး engagement တွေကျတယ်၊ ဒီကနေဘဲ follower ကမတက် စသည်ဖြင့် တိုင်ပတ်ကုန်တော့တာပါဘဲ။ဒါက ကျွန်တော့ အားနည်းချက်နဲ့ content type ကိုပြောပြတာပါ။
ဒီတော့ Facebook တို့ YT တို့ကနေ ငွေမရဘူးလားလို့မေးစရာရှိပါတယ်။ကျွန်တော် အခုချိန်ထိ သက်ဆိုင်ရာ social media ကနေ ငွေမရဖူးပါဘူးာဒါကလဲ ဘော့လုံး content ကိုမှ video clip တွေပါယူသုံးရတဲ့အခါ ကော်ပီရိုက်ထိတတ်လို့ပါ။ အတတ်နိုင်ဆုံး ကော်ပီရိုက်ကို သတိထားပြီး edit လုပ်ပေမဲ့ ထိတော့ထိတာပါဘဲ။ဒီလိုနဲ့ ISA တို့ဘာတို့ မရဘူးပေါ့ဗျာ။ကံကောင်းထောက်မစွာနဲ့ လွန်ခဲ့တဲ့ 6လလောက်က ISA setup ပေါ်လာပါသေးတယ်။မြန်မာမှာဘဲရှိနေတုန်းမို့ လျှောက်ရခက်တာရယ်၊လျှောက်လို့ရရင်လဲ ကျော်ရခွရနဲ့အလုပ်ရှုပ်တာနဲ့ မလျှောက်လိုက်ရဘူး။ဒီကနေ တစ်နေ့ကထိ ISAနဲ့ဝေးသွားတာပါဘဲ။YTလဲထိုနည်းလည်းကောင်းပေါ့။
အဲ့ဒိတော့ ကျွန်တော်က ခဏခဏညည်းလေ့ရှိပါတယ်။ငါဘာလို့ ဒါတွေလုပ်နေရတာလဲေပါ့၊ ဝင်ငွေမရှိဘဲဘာလို့ဆက်လျှောက်ဖြစ်နေသေးလဲ ပြန်စဉ်းစားမိတဲ့နေ့တွေလဲအများကြီးဘဲ။fbကိုတော့ ISA မပေးတာရယ် ကော်ပီရိုက်ကိစ္စကြောင်နေတာရယ်ကြောင့် ခဏခဏ ဆ-ဲ ဖြစ်ပါတယ်။ကျွန်တော်ဆ-ဲ တာတွေ၊ညည်းတာတေွကြားလို့များလားမသိပါဘူး ဒီနေ့တော့ ဇူကာဘတိက surprise တိုက်ပါတယ်။ကျွန်တော့ကို ISA setup ရော bonus program ရောပေးပါတယ်။ဒီတော့ လျှောက်လိုက်တယ်ပေါ့ဗျာ။ကံထပ်ကောင်းရင်တော့ အဲ့ဒီကနေ ပထမဆုံး ဝင်ငွေလေးရပါတော့မယ်။ဒီတော့ ဒါလေးပြောချင်တာပါ။ကျွန်တော့ကို အားပေးခဲ့တဲ့လူတွေရှိလို့သာဒီလိုလေး ဖေးမခံရတာဖြစ်တဲ့အတွကိ ကျေးဇူးတင်ရပါတယ်။ပြီးတော့ ဘောနပ်စ်လေးလဲ တစ်လရတာမို့ ဒီရက်ပိုင်းတင်တာလေးတွေ လိုက်တို့ရှဲတို့လဲ လုပ်လို့အဆင်ပြေရင်လဲ ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျာ။ဒီတော့ ဘော့လုံး vlogger တစိယောက်အတွက် တစခခြားသိချင်တာတွေ ရှိရငိလဲ CB မှာလာမေးလို့ရပါတယ်။အားလုံးကို ကျေးဇူးအထူးပါ။
ယူရိုပွဲတိုင်းကို Correct Score 1-1 ထိုင်ရိုက်နေခဲ့ရင်ကို တော်တော်မြတ်နေလောက်ပြီ။
19/06/2024
(၇၂)မိနစ်မှ လူစားလဲဝင်လာပြီး ကွင်းထဲမှာ(၁၈)မိနစ်ပဲ ကစားတယ်။ အဝါကဒ်တကဒ်၊ ခရိုအေးရှားအတွက်own goal (၁)ဂိုးနဲ့ မိနစ်(၉၀+၅)မှာ အယ်ဘေးနီးယားအတွက် သရေရလဒ်ရစေမဲ့ အဖိုးတန်ချေပဂိုးသွင်းပေးခဲ့တယ်။
Be like Gjasula 🫡
3ပွဲ 4ကွက် 4ကွက်လုံးလွဲပါတယ်။ 🫡
Italy vs Albania (အသံဖြင့်ဖတ်ပြခြင်း)
အပြည့်အစုံကို YouTube နဲ့ Tiktok မှာ နားထောင်လို့ရပါပြီ။ Commentမှာ Linkတွေတင်ထားပါတယ်။
15/06/2024
Hungary vs Switzerland =-65(2-10)
လီဗာပူးလ်ကွင်းလယ်လူ ဆူဘိုစလိုင်းရဲ့မောင်းနှင်မှုနဲ့ ဟန်ဂေရီတို့အမြင့်ပျံနေပါတယ်။ ခြေစစ်ပွဲအဆင့်မှာလည်း (၅)ပွဲနိုင်၊ (၃)ပွဲသရေနဲ့ ရှုံးပွဲမရှိဘဲ ယူရိုပြိုင်ပွဲဆီကို ချီတက်လာခဲ့တာပါ။
ရှာကာ၊ ရှာကွီရီ၊ ဆိုးမားတို့လို ဝါရင့်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဆွစ်ဇာလန်အသင်းကတော့ အုပ်စု(A)မှာ ဂျာမနီပြီးရင် သဘာအရှိ၊ ဝါအရှိဆုံးအသင်းဖြစ်ပါတယ်။
ကမ္ဘာ့အဆင့်(၁၉)ဆွစ်ဇာလန်က ကမ္ဘာ့အဆင့်(၂၆)ဟန်ဂေရီကို (=-65)သာ အကျောပေးထားမှုက ဒီနေ့ညကစားမယ့် ယူရိုပွဲတွေထဲမှာ အပျော့ဆုံးလို့ ပြောလို့ရပါတယ်။ အဆင့်(၂)ဆင့်သာကွာကြတဲ့ စပိန်နဲ့ခရိုအေးရှားပွဲမှာတောင် စပိန်က(=-100)လောက်အထိ အကျော ပေးထားတာပါ။
ဘွတ်ကီတွေအနေနဲ့ ဟန်ဂေရီရဲ့စုစည်းမှုနဲ့ နုပျိုမှုကိုလျှော့တွက်မထားသလို ဆွစ်တွေရဲ့ သဘာကိုလည်း အလေးထားပြီး ကြေးလှအောင်ဖွင့်ထားတာဖြစ်ပါတယ်။ ဂိုးပေါင်းကြေး (2-10)က (၂)ဂိုးထက်ပိုနိုင်ချေမရှိတဲ့ကြေးဖြစ်သလို ဘော်ဒီကြေး(=-65)ကြောင့်လည်း (1-1)ရလဒ်ထွက်ပေါ်နိုင်ချေများပါတယ်။
ဟန်ဂေရီအနေနဲ့ ခြေစစ်ပွဲက ခြေစွမ်းကိုသာ ဆက်လက်ပြသနိုင်မယ်ဆိုရင် ရှုံးစရာမရှိတာကြောင့် အနိမ့်ဆုံးသရေမှန်းပြီး ဟန်ဂေရီကိုသာ ရွေးချယ်ချင်ပါတယ်။
ရွေးချယ်မှု🎁 ဟန်ဂေရီဘော်ဒီ
1-70 Italy vs Albania (2-70)
စပိန်၊ခရိုအေးရှားတို့ပါဝင်နေတဲ့အုပ်စုဖြစ်လို့ လက်ရှိချန်ပီယံ အဇူရီတို့အတွက် ခက်ခဲတဲ့အုပ်စုဖြစ်နေပါတယ်။ အုပ်စုကတက်နိုင်ဖို့အတွက် အခုပွဲက အရေးအပါဆုံးဖြစ်နေပြီး (၃)မှတ်အပြင် ရဂိုးကိုလည်း ရသလောက်ယူရမယ့် အနေအထားပါ။ လက်ရှိလူအင်အားက အားရစရာမရှိပေမဲ့ ပြိုင်ပွဲကြီးဆိုရင် အီတလီဟာ အီတလီပါပဲ။ ချီယေဆာဦးဆောင်တဲ့ တိုက်စစ်က (၂၀၂၀)ယူရိုတုန်းကလောက် အစွမ်းမထက်တော့ပေမဲ့ ဂိုးသွင်းခြေတော့ ရှိနေဆဲပါ။
အယ်ဘေးနီးယားကတော့ ချက်၊ ပိုလန်တို့ပါဝင်တဲ့ အုပ်စုမှာ ပထမနေရာကနေ ခြေစစ်ပွဲအောင်လာတာဖြစ်တယ်။ ခြေစစ်ပွဲတလျှောက် (၄)ဂိုးသာပေးရတဲ့ ခံစစ်က ချီးကျူးချင်စရာပါ။ (၈)ပွဲကစား (၄)ပွဲ clean sheetရပြီး ဂိုးပေးရတဲ့(၄)ပွဲကလည်း (၁)ပွဲကို (၁)ဂိုးနူန်းသာ ခွင့်ပြုထားခဲ့ရတာပါ။
1-70(2-70)ဆိုတဲ့ ပေါက်ကြေးက အီတလီဘက်မှာ တဖက်သက်ဆန်ပါတယ်။ လက်တွေ့မှာလည်း ဒီပွဲအနိုင်ရမှ အခြေအနေကောင်းမယ့် အဇူရီတို့အတွက် မျှတတဲ့ ဖွင့်လှစ်မှုပါ။ ဥရောပပေါက်ကြေးတွေမှာလည်း အဖက်ဖက်က အီတလီဘက်မှာ ရှိနေပြီး အယ်ဘေးနီးယားတို့ (၁)ဂိုးရဖို့တောင် မလွယ်ကူပါဘူး။ မနေ့ကလည်း အချက်အလက်တွေအရ ဒီလိုညွှန်ပြခဲ့ပေမဲ့ ဂျာမနီတို့ တိုက်စစ်အစွမ်းပြခဲ့သလို အနီကတ်+ပင်နယ်တီက (5-1)ရလဒ်ဆီ ပိုမိုခေါ်ဆောင်သွားခဲ့ပါတယ်။
လက်တွေ့ကျကျစဉ်းစားကြည့်ရင် နိုင်ဖို့၊ ဂိုးပြတ်ဖို့လိုအပ်နေတဲ့ အီတလီဘော်ဒီက ပစ်ပယ်လို့မရပါဘူး။ အချက်အလက်တွေအရ စဉ်းစားကြည့်ရင် အယ်ဘေးနီးယားရဲ့ ခံစစ်စွမ်းဆောင်ရည်၊ အီတလီရဲ့ သမိုင်းတလျှောက်နာမည်ကျော်ခံစစ်၊ (1-70)ဆိုတဲ့ဘော်ဒီကြေးမှာ (2-70)ဆိုတဲ့ဂိုးပေါင်းကြေး စတာတွေကြောင့် ဂိုးအောက်ကလည်း အကြိုက်တွေ့ချင်စရာဖြစ်နေပြန်ပါတယ်။
ရွေးချယ်မှု🎁 အီတလီဘော်ဒီ၊ ဂိုးအောက်
အကြိုက်တူမှ ကစားကြပါ။ အဆင်ပြေကြပါစေခင်ဗျာ။
စာအရှည်ကြီးဖတ်ရမှာပျင်းတဲ့သူတွေအတွက် နားထောင်လို့ရအောင် ဖတ်ပြပေးလိုက်ပါပြီ။
ပထမဆုံး video ဖြစ်တာကြောင့် narrative ပိုင်းမှာ အားနည်းချက်အများကြီးဖြစ်ခဲ့ပါတယ်။ ပေါက်ကြေးအဆတွေကို ရွတ်ရမှာ အချိန်ကွာဟချက်ကြောင့် လွဲခဲ့တာတွေလည်းရှိပါတယ်။
Video အပြည့်အစုံကို YouTube မှာကြည့်ရင်း Channel လေးကိုလည်း Subscribe လုပ်ပေးကြပါဦးခင်ဗျာ။
YouTube link - https://youtu.be/l_e3a-yCuQo?si=avoLq83vQdZf8dmS
14/06/2024
2+80 Germany vs Scotland (3+35)
အိမ်ရှင်ဂျာမနီတို့က ဒီပြိုင်ပွဲမှာ အသွေးသစ်၊ ပုံစံသစ်နဲ့ ချီတက်လာခဲ့တာပါ။ လူငယ်နည်းပြ နာဂယ်စမန်းရဲ့ဦးဆောင်မှုအောက်မှာ ဖလော်ရီရန်ဗစ်ဇ်၊ မူဆီယာလာတို့လို လူငယ်တွေနဲ့ တိုနီခရူးစ်၊ ကင်မစ်ခ်ျ၊ နော်ယာတို့လို ဝါရင့်တွေပေါင်းစပ်ထားပါတယ်။ ဂျာမန်တွေရဲ့လူစာရင်းက ပေါ်တူဂီ၊ ပြင်သစ်တို့နဲ့ ယှဉ်ရင် အနည်းငယ်အားပျော့နေပေမဲ့ ဒီလူစာရင်းဟာ နာဂယ်စမန်းသေချာပျိုးထောင်တည်ဆောက်ထားတဲ့ လူစာရင်း၊ ကစားကွက်ဖြစ်ပါတယ်။ စုစည်းမှုအပိုင်းမှာ အားကောင်းနေပြီး အိမ်ရှင်ဖြစ်တာကြောင့် ဂျာမန်မြေ အဖွင့်ပွဲမှာ ဂျာမန်ပရိသတ်တွေ စိတ်မပျက်ရစေဖို့ နာဂယ်စမန်းတို့အုပ်စု ကြိုးစားသွားပါလိမ့်မယ်။
စကော့တလန်ကလည်း စုဖွဲ့မှုကောင်းကောင်း၊ ပေါက်ကွဲအားကောင်းကောင်းနဲ့ ယူရိုပြိုင်ပွဲကို ရောက်ရှိခဲ့တာပါ။ ခြေစစ်ပွဲအဆင့်မှာ အင်အားကြီးစပိန်ကို စပိန်မြေမှာသာ ရှုံးခဲ့ပြီး အိမ်ကွင်းမှာ အနိုင်ရခဲ့ဖူးပါတယ်။ (၅)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲရှုံး၊ ရမှတ်(၁၇)မှတ်နဲ့ အော်ဒီဂတ်၊ ဟာလန်းတို့ရဲ့ နော်ဝေလ်ကို နောက်ကောက်ချခဲ့တာပါ။ ယူနိုက်တက်ကွင်းလယ်လူ မက်တော်မီနေးလ်ရဲ့ နိုင်ငံအသင်းစန်းထမှုက လျှော့တွက်လို့မရသလို မက်ဂင်း၊ ရော်ဘက်ဆန်၊ ချီအဒမ်တို့လို့ ပရီမီးယားလိဂ်ကစားသမားတွေနဲ့စုဖွဲ့ထားတာပါ။
ဖွင့်လှစ်မှုအနေနဲ့ အိမ်ရှင် ဂျာမန်တို့က ဘော်ဒီကြေး(2+80)ဖွင့်လှစ်ထားပြီး ဂိုးပေါင်းကြေးကတော့(3+35)ဖြစ်ပါတယ်။ အိမ်ရှင်တို့အတွက် ဒီပေါက်ကြေးကမျှတမှုရှိပါတယ်။ ပထမဆုံးပွဲစဉ်ဖြစ်တာကြောင့် ခြေစစ်ပွဲ၊ ခြေစမ်းပွဲက ဒေတာအချက်အလက်တွေသာရှိနေပြီး နှိုင်းယှဉ်စရာ အချက်တွေလည်း နည်းပါးနေပါသေးတယ်။ ဘော်ဒီကြေး(2+80)က ကြေးမြင့်ပြီး ဂိုးပေါင်းကြေး(3+35)ကတော့ ဘော်ဒီကြေးနဲ့ယှဉ်ရင် နိမ့်နေတာကိုတွေ့ရပါတယ်။ တနည်းအားဖြင့် အောက်အသင်းဖြစ်တဲ့ စကော့တလန်ရဲ့ဂိုးသွင်းနိုင်ချေ နည်းနေတာပါ။
ဥရောပပေါက်ကြေးတွေကို လေ့လာတဲ့အခါမှာတော့ BTTSဈေးကွက်မှာ yesအတွက်(2.18) noအတွက်(1.65) အဆတွေပေးထားတာပါ။ (၂)သင်းလုံးဂိုးရနိုင်ချေ အတော်နည်းပါတယ်။ ဂျာမနီရဲ့ဂိုးတွေကိုရေတွက်တဲ့ Total 1 ဈေးကွက်မှာ over 2ကို (1.66)ဆ သာပေးထားပါတယ်။ စကော့တလန်အတွက် Total 2မှာတော့ over 0.5ကို (2)ဆအထိ ပေးထားတာကြောင့် စကော့တလန်တို့ (၁)ဂိုးရနိုင်ချေက ဂျာမနီတို့(၂)ဂိုးရနိုင်ချေထက်တောင် ဖြစ်နိုင်ချေ နည်းပါးနေပါသေးတယ်။
ကစားပုံကိုလေ့လာကြည့်ရင်လည်း ဂျာမနီအနေနဲ့ ပြင်သစ်၊ နယ်သာလန်တို့လိုအသင်းကြီးတွေအပါအဝင် ယူကရိန်း၊ ဂရိအသင်းတွေနဲ့ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု 60ဝန်းကျင်နဲ့ 70ဝန်းကျင်တွေအထိ ရှိခဲ့ပါတယ်။ နာဂယ်စမန်းရဲ့ ဘောလုံးဝိသေသဖြစ်တဲ့ ဘောလုံးမဆုံးရှုံးရေးကို အဓိက ဦးစားပေးပြီး အပိုင်အခွင့်အရေးတွေ စိတ်ရှည်ရှည်နဲ့ဖန်တီးကာ ဂိုးရယူလေ့ရှိပါတယ်။ ကွင်းလယ်မှာ တိုနီခရူးပြန်ပါဝင်လာမှုကြောင့် ဂျာမန်တို့ဘောလုံးကိုင်ကစားနိုင်ပြီး အချိန်တန်ရင် ဂိုးရမှာပဲဆိုတဲ့ ကစားပုံမျိုးကိုတွေ့ရပါတယ်။ ဒါ့ကြောင့် စကော့တလန်တို့အနေနဲ့ တန်ပြန်ကိုသာ အားကိုးစရာရှိပါတယ်။
အသင်း(၂)သင်းရဲ့အခြေအနေ၊ ပေါက်ကြေးအမျိုးမျိုးဖွင့်လှစ်မှု၊ ဂျာမနီရဲ့လက်ရှိကစားပုံ စတဲ့အဖက်ဖက်က လေ့လာသုံးသပ်မှုတွေအရ ဂျာမနီဂိုးအောက်ကိုသာ ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု🎁 Germany Goal Under
ဖြစ်နိုင်ချေဂိုးရလဒ်🎯 1-0, 2-0
အကြိုက်တူမှ ကစားပါ။ အဆင်ပြေကြပါစေ။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Mandalay