Myanmar Liver Birds

Myanmar Liver Birds

Share

အလတ်ဆတ်ဆုံး လီဗာပူးသတင်းတွေအတွက် အ?

29/08/2026

ဒီကနေ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲအတွက် line up ထွက်ပါပြီ။

29/08/2026

BARCOLA လာနေပြီ! ✈️

Liverpool အသင်းက Bradley Barcola အတွက် တနင်္ဂနွေနေ့မှာ ဆေးစစ်မှု (medical) ပြုလုပ်ဖို့ အတည်ပြုလိုက်ပြီဖြစ်ပြီး၊ ထို့နောက် ၂၀၃၁ ခုနှစ် ဇွန်လအထိ ၅ နှစ်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

စာရွက်စာတမ်းတွေကို ကြာသပတေးနေ့က PSG အသင်းနဲ့အပြန်အလှန်လဲေဆာင် ရွက် ခဲ့ပြီး အတည်ပြုပြီးစီးခဲ့ပါတယ်။ Bradley Barcola က ခရီးမထွက်ခင် မိမိအသင်းဟောင်းကို နှုတ်ဆက်ချင်တာကြောင့် အချိန်အနည်းငယ်စောင့်ဆိုင်းခဲ့ရတာပါ‌။ ကလပ်နှစ်သင်း ကြား ပြောင်းရွှေ့ကြေး စုစုပေါင်းပြောင်းရွှေ့ကြေး ပေါင် 106 သန်းဆိုထားပေမယ့် ထပ်ဆောင်းကြေး (Add-ons) နဲ့ဆိုရင်စုစုပေါင်း ပေါင် 170 သန်းနဲ့အပြီးသတ်ဆောင်ရွက်ပြီးခေါ်ယူနိုင်ခဲ့ပါပြီ။သိပ်မကြာခင် ကလပ်အသင်းဘက်နေတရားဝင်ကြေငြာသွားပါမယ်။


15/04/2026

Hugo Ekitike တစ်ယောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်တော့မှာဖြစ်ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ အနားယူရတော့မယ်လို့ ခန့်မှန်းရပါတယ်။ ​ဒီနေ့မှာ စစ်ဆေးမှုအားလုံး ပြုလုပ်ပြီးနောက် လီဗာပူးတိုက်စစ်မှူးဟာ ခြေဖနောင့်ကြော (Achilles tendon) ဒဏ်ရာ ရရှိသွားတာကို အတည်ပြုနိုင်ခဲ့တာကြောင့် စောစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေဟာ အခုအခါမှာ တရားဝင်ဖြစ်သွားပြီပဲ ဖြစ်ပါတယ်။
​လီဗာပူးအသင်း တာဝန်ရှိသူတွေရဲ့ အဆိုအရ Hugo ဟာ အနည်းဆုံး ၉ လခန့် အနားယူရမယ်လို့ မျှော်လင့်ရပါတယ်။ ​တကယ်ကို ဆိုးရွားတဲ့ သတင်းပါပဲ... ဒါပေမဲ့ မင်း အရင်ထက်ပိုပြီး သန်မာစွာနဲ့ ပြန်လာနိုင်မှာပါ။ Hugo! ❤️👊🏻​တိုက်စစ်မှာ အရေးပါတဲ့ ကစားသမားတစ်ယောက် အခုလို အချိန်အကြာကြီး နားလိုက်ရတာဟာ အသင်းအတွက်ရော ပရိသတ်တွေအတွက်ပါ တကယ့်ကို ထိုးနှက်ချက်တစ်ခုပါပဲ။


25/05/2025

ချန်ပီယံဆုဖလား ကိုင်မြှောက်မယ့်ပွဲ ပွဲထွက် လူစာရင်းပါ

25/05/2025

အန်းဖီးဒ်ကွင်းမှာ ရောက်ရှိနေပြီဖြစ်တဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကြီး ♥️

Photos from Myanmar Liver Birds's post 25/05/2025

ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များသည်အကြိမ် 20 မြောက် အင်္ဂလိပ် ပရီးမီးယားလိဂ်ဖလား အောင်ပွဲနေ့ဆင်နွှဲနေကြတဲ့ မြင်ကွင်းပုံရိပ်များ🇹🇭♥

25/05/2025

" အာဆင်နယ်က ပြီးကတည့် ရာသီ၂ ရာသီဆက် ငါတို့ထက် ရမှတ်သာတယ်လို့ အာတီတာက ပြောတာလား။ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အမြင်ရှိပါလိမ့်မယ်။ ငါတို့က ရာသီမသိမ်းခင် ၄ ပွဲအလိုတည်းက ချန်ပီယံဖြစ်နေတာပါ။ အာဆင်နယ်ထက် ရမှတ်ပိုများလို့ ချန်ပီယံဖြစ်နေတာလေ။

ဆင်ခြေဆိုတာဟာ ဖလားမရတဲ့သူတွေ သုံးတာပါ။ လီဗာပူးအသင်း ချန်ပီယံမဖြစ်ရင် လူမခေါ်ပေးလို့၊ လိုချင်တဲ့ကစားသမား မရလို့ဆိုပြီး ငါလည်း ဆင်ခြေတွေ ပေးမှာပါပဲ။ "

အာနယ် ဆလော့

24/05/2025

2024-2025ဘောလုံးရာသီ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ဂရာဗင်ဘတ်ချ် က ရရှိသွားပါတယ်

24/05/2025

လီဗာပူးအသင်းအနေနဲ့ Florian Wirtz အတွက် Bayer Leverkusen ထံသို့ တရားဝင်အကြောင်းကြားမှု ပြုလုပ်ခဲ့ပါပြီ။ Wirtz ဘက်ကလည်း ပြောင်းရွေ့မှုအတွက် ခေါင်းညိမ့်ထားပြီး လီဗာပူးအသင်းနဲ့ လီဗာကူဆင် တို့သည် အဆိုပါပြောင်းရွှေ့ကြေး နှင့် စာချုပ်ပါအသေးစိတ်အချက်အလက်များကိုပင် ဆွေးနွေးနေပါတယ်။ လီဗာပူးဘက်ကလည်း ဒီအပြောင်းအရွှေ့ကို မကြာခင်အတွင်း ပြီးစီးချင်နေတာဖြစ်ပါတယ်။Wirtz အနေနဲ့ ဘိုင်ယန်နည်းပြ ကွန်ပနီနဲ့ စကားပြောတဲ့အခါမှာ ဘိုင်ယန်အသင်းရဲ့ အနာဂါတ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ ခိုင်မာမူ ပလန်မရှိလို့ ငြင်းခဲ့တယ်လို့ သတင်းထွက်လာပါတယ်။

ဒါ့အပြင် Bayern ရဲ့ လေ့ကျင့်ရေးစခန်းက နှစ်၃၀ ကျော်ဖြစ်လာပြီဖြစ်ပြီး ပြင်ဆင်မွမ်းမံမှုမရှိတာကြောင့် ပိုပြီးစိတ်ညစ်သွားစေခဲ့တာ လို့လည်း သိရပါတယ်။

တဖက်မှာလည်း လီဗာပူးရဲ့ သစ်လွင်ပြီးခေတ်မီတဲ့ လေ့ကျင့်ရေးစခန်းကတော့ ပိုမိုကွဲပြားတဲ့အထင်ကြီးမှုတစ်ခုကို ကစားသမားဆီ ပေးနိူင်ခဲ့ပြီး အနာဂတ်အတွက် တည်ဆောက်ထားတဲ့ ကလပ်တစ်ခုလိုပဲ ကစားသမားဆီမှ အမြင်ရလာခဲ့တာလဲဖြစ်ပါတယ်။ ဘိုင်ယန်ဟာ Wirtz ကို သူတို့ကလပ်နှင့်ပူးပေါင်းရန်ယူံကြည်ထားခဲ့သော်လည်း Wirtz က သူ့အနေနဲ့ အသင်းထံသို့ ပူးပေါင်းချင်ကြောင်း ဘိုင်ယန်ကို အသိပေးခဲ့ပြီးဖြစ်ပါတယ်။

Wirtz ကို လာရောက်ဝင်ရောက်စေဖို့အတွက် Michael Edwards၊ Richard Hughes နဲ့ Arne Slot တို့က မျက်နောက်မှ ကြီးကြပ်တင်ဆက်မှုတွေ များစွာ လုပ်ဆောင်နပါတယ်။

Liverpool ကတော့ Bayer Leverkusen ကို ပေးချရမည့် ပေါက်စျေးနှုန်းအားဖြင့် €130 သန်းလောက်ရှိ အပြည့်အစုံပါဝင်တဲ့ offer ကိုတင်ပြထားပြီး ဂျာမန်စတားကိုဆေးစစ်နိုင်ဖို့လုပ်ဆောင်နေတယ်လို့သိရပါတယ်။

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Between 54*55 TheikPan Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00