12/08/2026
ကမ္ဘာ့ဖလားရဲ့ အနိုင်ဂိုးရှင် ဖာရန်တောရက်စ်ကတော့ ပီအက်စ်ဂျီကို ပြောင်းတော့မှာပါ။ သူ့အတွက် ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့အကြား နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပါပြီ။
အသေးစိတ်အချက်အလက်တွေကိုတော့ ဒီရက်ပိုင်းအတွင်း အပြီးသတ်မှာပါ။ ဖာရန်တောရက်စ်ကတော့ ဘာစီလိုနာရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်မလာတော့ပါဘူး။
သူနဲ့ ပီအက်စ်ဂျီအကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေလည်း ရရှိထားပြီး ပီအက်စ်ဂျီကတော့ ဥရောပစူပါဖလားအပြီးမှာ ဖာရန်တောရက်စ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
12/08/2026
ဘောလုံးဘုရင်ကြီးရဲ့ ဘဝမှာ အကြီးမားဆုံး အောင်ပွဲတစ်ခု ထပ်တိုးလာပြီ! 💍
ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ရဲ့ နှစ်ရှည်အချစ်ဇာတ်လမ်းဟာ အခုတော့ လက်ထပ်ခြင်းဆိုတဲ့ အရေးကြီးဆုံးအဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။ ရော်နယ်ဒိုက သူ့ရဲ့ လူမှုကွန်ယက်မှာ လက်ထပ်လက်စွပ်နဲ့အတူ ပုံတင်ခဲ့ပြီး သူတို့နှစ်ဦး ဇနီးမောင်နှံဘဝကို စတင်လိုက်ပြီဆိုတဲ့ သတင်းကို ပရိသတ်တွေထံ မျှဝေလိုက်ပါတယ်။
ကွင်းထဲမှာ ဆုဖလားတွေ တစ်လုံးပြီးတစ်လုံး သိမ်းပိုက်ခဲ့တဲ့ CR7 အတွက် ဒီတစ်ကြိမ်ရတဲ့ “ဆုဖလား” ကတော့ ဘောလုံးနဲ့ လုံးဝမသက်ဆိုင်တဲ့ ဘဝတစ်လျှောက် အတူလက်တွဲသွားမယ့် အဖော်ကောင်းတစ်ယောက်ပါပဲ။
မင်္ဂလာပွဲအကြောင်းကို အများကြီး ကြိုတင်မဖော်ပြဘဲ အခုလို ရုတ်တရက်နီးပါး အသိပေးလိုက်တာကလည်း ရော်နယ်ဒိုရဲ့ ကိုယ်ပိုင်ဘဝကို ဘယ်လောက်အထိ လျှို့ဝှက်ထားချင်လဲဆိုတာ ပြသနေပါတယ်။
11/08/2026
ဖခင်ဖြစ်သူရဲ့ နာရေးကိစ္စရပ်တွေ ပြီးစီးသွားခဲ့ပေမယ့် မက်ဆီ ကတော့ အာဂျင်တီးနား မြေပေါ်မှာပဲ အနားယူရင်း သောင်တင်ကျန်ရစ်ခဲ့ပါတယ် ဘယ်နေ့ အသင်းဆီ ပြန်လာမလဲဆိုတဲ့ အချိန်အတိုင်းအတာကို လုံးဝ သတ်မှတ်မထားဘဲ မွန်းကြပ်နေတဲ့ စိတ်ဒဏ်ရာတွေ ပြေပျောက်ပြီး စိတ်ရောကိုယ်ပါ အဆင်သင့်ဖြစ်တဲ့ အချိန်ကျမှသာ မိုင်ယာမီဆီ ပြန်လည် ခြေချတော့မှာပါ
ရင်ဘတ်ထဲက ဝမ်းနည်းပူဆွေးမှုတွေ လှိုင်းလုံးလို ရိုက်ခတ်နေတဲ့ အခုလို အမှောင်ထု ကာလမှာ စိတ်ဓာတ်ကျနေကြတဲ့ မိသားစုဝင်တွေ ဘေးနားမှာ အနီးကပ် ရှိပေးဖို့ကိုပဲ မက်ဆီက မြတ်မြတ်နိုးနိုး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ် ဖလားဆုတွေထက် မိသားစုရဲ့ ကြေကွဲမှုကို ဖေးမပေးဖို့က ပိုမို အရေးကြီးကြောင်း မက်ဆီဟာ နှလုံးသားနဲ့ရင်းပြီး ကောင်းကောင်းကြီး နားလည်ထားတာပါ
မိုင်ယာမီ ဘက်ကလည်း မက်ဆီရဲ့ နာကျင်မှုကို စာနာပေးခဲ့ပြီး ရက်ရွှေ့ဆိုင်း ခွင့်ပြုမိန့် အပြည့်အဝ ထုတ်ပေးထားပါတယ် စိတ်ရောကိုယ်ပါ အဆင်သင့် ဖြစ်တဲ့နေ့ကျမှ အေးအေးဆေးဆေး ပြန်လာဖို့ အကြောင်းကြားထားတာကြောင့် မက်ဆီ အနေနဲ့ မိသားစုဝင်တွေနဲ့အတူ ဝေဒနာတွေကို မျှဝေရင်း အချိန်ယူ ဖြေသိမ့်ခွင့် ရရှိနေတာပဲ ဖြစ်ပါတယ်
09/08/2026
မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော်ဂျေး မက်ဆီဟာ အသက် ၆၈ နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ် ဂျော်ဂျေးဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ကျန်းမာရေး ဝေဒနာတွေကြောင့် ဆေးကုသမှု ခံယူနေခဲ့ရတာပါ သားဖြစ်သူရဲ့ ဘောလုံးဘဝ အစကနေ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် ရောက်ရှိလာချိန်အထိ အဓိက အေးဂျင့်အဖြစ်ရော အမာခံ နောက်ခံအဖြစ်ပါ ရပ်တည်ပေးခဲ့သူ ဖြစ်ပါတယ်
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲစဉ်တွေအတွင်း မက်ဆီ စိတ်လှုပ်ရှား စိတ်မကောင်း ဖြစ်ခဲ့ရတာဟာ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ် ဖခင်ဖြစ်သူဟာ အဝေးကနေသာ သားဖြစ်သူရဲ့ အောင်ပွဲတွေကို ကြည့်ရှု အားပေးခဲ့ရတာပါ
ဒီသတင်း ထွက်ပေါ်လာပြီးနောက်မှာတော့ ဘာစီလိုနာ အပါအဝင် အသင်းကြီးတွေနဲ့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်တို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများ ထုတ်ပြန်ခဲ့ကြပါတယ် အာဂျင်တီးနားမှာဆိုရင် ဘောလုံးပွဲစဉ်တွေမစမီ ၁ မိနစ် ငြိမ်သက်ခြင်း ပြုလုပ်ဖို့နဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် လက်ပတ်တွေ ဝတ်ဆင်သွားဖို့ပါ စီစဉ်လိုက်ကြပါတယ်
08/08/2026
🚨 ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မက်ဆီကို ပစ်မှတ်ထားကာ လူတစ်ဦးက ကိုယ်မှာဗုံးလေးလုံးချိတ်ဆွဲပြီး အသေခံဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သံသယရှိသူဟာ အာဂျင်တီးနားနဲ့ အီဂျစ်ပွဲစဉ်မတိုင်မီ X လူမှုကွန်ရက်ပေါ်မှာ သူ့ရဲ့ ကြံစည်မှုတွေကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ သတင်းဌာနရဲ့ ဖော်ပြချက်အရ အခြားလူတစ်ဦးကလည်း ဒါလတ်စ် လေဆိပ်ဆီ ဖုန်းဆက်သွယ်ခဲ့ပြီး အာဂျင်တီးနားနှင့် ဂျော်ဒန်ပွဲစဉ်အတွင်း လက်ပစ်ဗုံးများနှင့် AR-15 ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ကာ အခြားလူနှစ်ဦးနှင့်အတူ အားကစားကွင်းထဲသို့ အဓမ္မ ဝင်ရောက်စီးနင်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ အသင်းနှစ်သင်းစလုံးက ကစားသမားတွေကို တိုက်ခိုက်မယ်လို့ သတိပေးခဲ့ပြီး မက်ဆီကိုတော့ လုပ်ကြံသတ်ဖြတ်မယ့် ပစ်မှတ်အဖြစ် သီးသန့်သတ်မှတ်ခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ အီဂျစ်ပွဲစဉ်အတွင်းမှာလည်း ပွဲကြည့်စင်တွေမှာရှိတဲ့ အမှိုက်ပုံးတွေအတွင်း ဗုံးသုံးလုံး ရှိနေတယ်လို့ ဖုန်းဆက်အကြောင်းကြားမှုတစ်ခုကိုလည်း ရဲတပ်ဖွဲ့က ထပ်မံလက်ခံရရှိခဲ့ပါတယ်။
ဒီနောက် စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ဒါဟာ ခြိမ်းခြောက်မှုတခုသာဖြစ်ပြီး အန္တရာယ်ရှိတဲ့အရာတွေကို မတွေ့ရှိခဲ့ဘူးလို့ အမေရိကန်ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
08/08/2026
ရိုဒရီကို ရီးရဲလ်မက်ဒရစ်ထက် ဘာစီလိုနာကိုသာ ပြောင်းရွှေ့ဖို့ ဂွါဒီယိုလာက အကြံပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါပြီ။
မန်စီးတီးနဲ့ ကစားပုံဆင်တူတဲ့ ဘာစီလိုနာကို ရွေးချယ်ဖို့ ဂွါဒီယိုလာက ရိုဒရီကို လမ်းညွှန်ခဲ့ပြီးနောက် စပိန်ကွင်းလယ်လူကလည်း ဘာစီလိုနာကိုသာ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။
ရိုဒရီဟာ ဂွါဒီယိုလာလက်အောက်မှာ နှစ်အတန်ကြာ ကစားခဲ့တာမို့ ဘာစီလိုနာရဲ့ ကစားဟန်တွေနဲ့လည်း ရင်းနှီးကျွမ်းဝင်ပြီးသားလို့ ပြောနိုင်ပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ နူးကမ့်ဆီ ခြေချမယ့် ခရီးစဉ်သစ်က အချိန်အနည်းငယ်အတွင်းမှာပဲ အံဝင်ဂွင်ကျဖြစ်သွားမှာ အသေအချာပါပဲ။
07/08/2026
"ဒီနွေရာသီမှာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး ကျွန်တော် သဘောကျမိတဲ့ အရာ တခုက သူတို့ဟာ နာမည်ကြီး ကစားသမား ရူးသွပ်တာမျိုး မရှိတော့ပါဘူး။ သူတို့ဟာ အရင်က ဒါမျိုးတွေ ခေါ်ခဲ့ပေမယ့်၊ အခုတော့ ထူးထူးခြားခြားပဲ မခေါ်တော့ပါဘူး။
အခု ဒီလို နာမည်ကြီး ကစားသမားတွေကို လိုက်နေတာက ကျွန်တော့ကလပ် ( လီဗာပူး ) ဖြစ်နေလို့ အနည်းငယ် စိတ်ပူမိပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းကဆို ကျွန်တော်တို့ဟာ ရီးရဲလ်မက်ဒရစ်လို လှုပ်ရှားခဲ့တယ်လို့ ခံစားမိပါတယ်။ ဝဲ့ဇ်၊ အစ်ဆက်ခ်၊ အီကီတီကီတို့လို ကစားသမားတွေကို စျေးကြီးပေးခေါ်ခဲ့တာပါ။
အခုလည်း ကျွန်တော်တို့ဟာ ဘာကိုလာကို စျေးကြီးပေးလိုက်နေပါတယ်။ ဒါတောင် ကျွန်တော်တို့မှာ တောင်ပံကစားသမား ၄ယောက်လောက် ရှိထားပြီးသားပါ"
ဂျေမီ ကာရေဂါ
06/08/2026
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ ဇူလိုင်လ ၁၅ ရက်နေ့ကို ‘နိုင်ငံတော်လက်ရွေးစင်အသင်းများနေ့’ အဖြစ် ကြေညာလိုက်ပါတယ် ။ အဆိုပါနေ့ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားအသင်းက အင်္ဂလန်အသင်းကို အနိုင်ရရှိခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်နေ့ဖြစ်ပြီး အာဂျင်တီးနားအသင်းရဲ့ အောင်မြင်မှုကို ဂုဏ်ပြုလိုက်တဲ့သဘောပဲဖြစ်ပါတယ် ။
06/08/2026
အင်တာမိုင်ယာမီအသင်းရဲ့ လိဂ်ဖလားပွဲစဉ်မှာ မက်ဆီ ပွဲထွက်ပါဝင်လာခဲ့ပြီး ၂ ဂိုးသွင်းကာ ၁ ဂိုးဖန်တီးပေးသွားခဲ့ပါတယ် ။ ဒီပွဲကို ကက်စမဲရိုး ၊ ဒီပေါလ်တို့လည်း ပွဲထွက်ကစားခဲ့ပြီး ဆန်လူးဝစ်အသင်းကို ဂိုးပြတ်အနိုင်ရရှိကာ နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။
05/08/2026
ရော်နယ်ဒိုကတော့ သူကိုယ်တိုင် လက်ရှိ ပါဝင်ကစားနေတဲ့ ဆော်ဒီကလပ် အယ်နာဆာ အသင်းနဲ့ စပိန်ကလပ် အယ်လ်မာရီယာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ရာသီကြို ခြေစမ်းပွဲစဉ်ဆီ လူကိုယ်တိုင် လာရောက် ကြည့်ရှု အားပေးခဲ့ပါတယ် ဒီပွဲမှာ ပါဝင်ခဲ့တဲ့ စပိန်ကလပ် အယ်လ်မာရီယာ အသင်းဟာ ရော်နယ်ဒို ရှယ်ယာအချို့ ဝယ်ယူ ပိုင်ဆိုင်ထားပြီး ပူးတွဲပိုင်ရှင်အဖြစ် ရင်းနှီးမြှုပ်နှံထားတဲ့ အသင်းလည်း ဖြစ်ပါတယ်
ဒီခြေစမ်းပွဲစဉ်အတွင်းမှာတော့ ရော်နယ်ဒိုရဲ့ ကလပ်အသင်း နှစ်ခု အပြိုင်အဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး အယ်လ်မာရီယာက အယ်နာဆာကို ၂ ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ် ကွင်းအတွင်း အားပေးနေတဲ့ ရော်နယ်ဒိုရဲ့ ပုံရိပ်တွေကြောင့်လည်း ဒီပွဲစဉ်ဟာ ပရိသတ်တွေကြား ရေပန်းစား လူကြိုက်များခဲ့ရတာပါ
အခုလို ရော်နယ်ဒို ကိုယ်တိုင် ပိုင်ဆိုင်ထားတဲ့ အသင်းနဲ့ လက်ရှိ ကစားပေးနေတဲ့ အသင်းတို့ ထာဝရ အမှတ်တရ တွေ့ဆုံခဲ့ကြတာဟာ ရော်နယ်ဒိုရဲ့ ဘောလုံးစီးပွားရေးဆိုင်ရာ လှုပ်ရှားမှုတွေအတွက် ထူးခြားတဲ့ သမိုင်းဝင် အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်