Salai 10

Salai 10

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Salai 10, Sports, Lashio.

21/05/2024

Lashio Youth Fc ❤️⚽❤️

07/05/2024

Goat 🐐 ???🤔

07/07/2023

မြန်မာ ယူ၁၂ အသင်းအတွက် ကစားသမားရွေးချယ်ပွဲ မည်သူမဆို လာရောက်ရွေးချယ်ခံနိုင်
=============================
ဂျပန်နိုင်ငံ ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမားရွေးချယ်ပွဲအား ရန်ကုန် အမျိူသား ဘောလုံးအကယ်ဒမီတွင် ဇူလိုင်လ ၁၄၊ ၁၅ ရက်နှင့် မန္တလေး မြန်မာဘောလုံးအကယ်ဒမီတွင် ဇူလိုင်လ ၁၆၊ ၁၇ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ယူ၁၂ ကစားသမား ရွေးချယ်ပွဲအား နိုင်ငံတဝန်းမှ အသက်မီသည့် မည်သည့် လူငယ် ကစားသမားမဆို လာရောက်ရွေးချယ်ခံနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာရေး အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)အကူအညီဖြင့် FIFA-MFF TDS Scouting Tour 2023 လူငယ်ကစားသမားများ ရွေးချယ်ပွဲကို ပြီးခဲ့သည့် ဧပြီနှင့်မေ လများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် နိုင်ငံတဝန်းကျင်းပခဲ့ပြီး အကယ်ဒမီကျောင်းများအတွက် ယူ-၁၁/၁၂၊ ယူ ၁၃၊ ယူ၁၄၊ ယူ-၁၅ ကစားသမားများအား ရွေးချယ်ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် မြန်မာ ယူ၁၂ အသင်းရွေးချယ်ရန် အတွက် အထက်ပါ ကစားသမားများအပြင် နေရာဒေသ အသီးသီးရှိ ကစားသမားများ ပါဝင်နိုင်ရေး အတွက် ယူ-၁၂ ကစားသမား ရွေးချယ်ပွဲကို ထပ်မံပြုလုပ်ရန် စီစဉ်ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား အပြီးသတ်(၁၈)ဦး ရွေးချယ်ပြီးပါက ဂျပန်နိုင်ငံသို့ သွားရောက်၍ U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအား ဉရောပကလပ်များဖြစ်သည့် ဘာစီလိုနာလူငယ်၊ ဂျူဗင်တပ်လူငယ်၊ ဘိုင်ယန်မြူးနစ်လူငယ်၊ ဂျေလိဂ်လူငယ်ကလပ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာဆီယံဒေသတွင် လက်ရှိအချိန်ထိ မြန်မာယူ၁၂ အသင်းသာ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းသွင်းခံထားရပြီး မကြာမီ ပြိုင်ပွဲဝင် အသင်း ၃၂ သင်းစာရင်းအား ထုတ်ပြန်သွားမည်ဖြစ်သည်။ မြန်မာ ယူ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမားရွေးချယ်ပွဲသို့ လာရောက်ရွေးချယ်ခံမည့် လူငယ်ကစားသမားများ အနေဖြင့် အောက်ဖော်ပြပါ Link တွင် Download ရယူ စာရင်းသွင်း၍ ဇူလိုင်လ ၁၂ ရက် (ရုံးချိန်အတွင်း)နောက်ဆုံးထားကာ ပူးတွဲပါ E-mail သို့ပေးပို့ရမည်ဖြစ်သည်။ ရွေးချယ်ခံမည့် ကစားသမားသည် ၂၀၁၁၊ ဇန်နဝါရီ ၁ ရက်နေ့ နောက်ပိုင်းမွေးဖွားသူဖြစ်ရန် လိုအပ်ပြီး ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းတို့အား ယူဆောင်လာရမည်ဖြစ်သည်။ (အသက်မှန်ကန်မှု အတွက် စနစ်တကျစစ်ဆေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးအဖွဲ့၏ စစ်ဆေးအတည်ပြုချက်ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်သည်။)
Download -
https://www.mediafire.com/file/0f8ro8r4hay8al1/U12_Application_Form_2023.docx/file

ဆက်သွယ်ရန် ဖုန်း- 09769900600
Email- [email protected]

04/07/2023

ဘောလုံးကွင်းထဲ ခြေချရုံနဲ့တင်
ပြီးပြည့်စုံတဲ့ ခံစားမှုကို
ရရှိလိုက်တာ ဘာကြောင့်များလဲ..
ဘောလုံးမှာ
အဆင့်အတန်း မခွဲဘူး
အသားရောင်မခွဲဘူး
ငါတို့ဟာ
တရားသောယှဉ်ပြိုင်ခြင်းတွေနဲ့
သူနိုင် ကိုယ်နိုင် အပြိုင်နွဲ
အားနွဲ့သူတော့ မရှိဘူးပေါ့
ငါတို့ရပ်နေတဲ့ မြက်ခင်းစိမ်းပေါ်မှာ
လူကိုလူလိုပဲ ဆက်ဆံကြတယ်
မင်းဟာ ပိုက်ဆံမရှိလို့
မင်းဟာ ပညာမတတ်လို့
မင်းဟာ ဘာသာခြားဖြစ်နေလို့
ဘယ်သူမှ မကဲ့ရဲ့ဘူး
မင်းကိုယ်က ထွက်တဲ့ချွေး
ငါကိုယ်က ထွက်တဲ့ချွေး
အတူတူပါပဲ
ဒါကြောင့်ထင်ပါရဲ့
မြက်ခင်းစိမ်းပေါ် ခြေချလိုက်ရုံနဲ့တင်
ဘဝက ပြီးပြည့်စုံခဲ့ပြီ
Crd အလင်းဖြူ ✍️

03/07/2023

🥺🥺🥺♥️⚽🏆🎉

28/06/2023

Never give up 👏👏👏🏆
Leo Messi 🐐

26/06/2023

Skill ကြမ်း 🥺😂
Just for fun.

Want your business to be the top-listed Gym/sports Facility in Lashio?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Lashio