CK Sports News

CK Sports News

Share

ဘောလုံးသတင်းများ ဖတ်ရှုနိုင်ပါတယ်ခင်ဗျ

telegram channel👇👇

https://t.me/chankoibet789

05/10/2025

အမ်းမရိတ်မှာ ရှုံးပွဲမရှိသေးတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီ ကစပြီး ယခုအချိန်ထိ Champions League Phase ဂိမ်းတွေကို Emirates တွင် အနိုင်အမြဲယူနိုင်ခဲ့ပြီး လုံးဝ ဂိုးမပေးရသေးပါဘူး! 👏🔥

🏟 Emirates ကွင်း မှာ ဂိုးမပေးခဲ့တဲ့ စွမ်းဆောင်ရည် –
◉ 2-0 ⚡ PSG
◉ 1-0 💥 Shakhtar
◉ 3-0 🚀 Monaco
◉ 3-0 🔒 Dinamo Zagreb
◉ 2-0 🔴 Olympiakos

ဒီအနေအထားကို အာဆင်နယ် ဆက်ထိန်းထားမလား⁉️

05/10/2025

🔴 ရူဘင် အမိုရင်က “ယူနိုက်တက်ဟာ ကောင်းပေမဲ့ မပြည့်စုံသေးဘူး” လို့ ပြောကြား

မန်ချက်စတာယူနိုက်တက်က အိုလ်ထရပ်ဖို့ဒ်မှာ Sunderland ကို ၂–၀ နဲ့ အနိုင်ရပြီး နည်းပြ ရုဘင် အမိုရင်အပေါ်ရှိ ဖိအားကို သက်သာစေခဲ့ပါတယ်။✨

🔸ပထမပိုင်းမှာ Mason Mount နဲ့ Benjamin Sesko တို့ရဲ့ ဂိုး ၂ ဂိုးက အနိုင်အတွက် အခြေခံဖြစ်ခဲ့ပါတယ်။ အမိုရင်က “အဖွဲ့က ကောင်းတယ်၊ မပြည့်စုံသေးဘူး။ ဒါပေမဲ့ ဂိုးမပေးဘဲ အနိုင်ရတာက အရေးကြီးတယ်” လို့ ပြောပါတယ်

🔸Sesko ဟာ Premier League ပွဲ ၅ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တဲ့နောက် ပွဲနှစ်ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး RB Leipzig နဲ့ ကစားစဉ်ကတည်းက ပထမဆုံး ဂိုးစီးရီး ဖြစ်လာပါတယ်။

🔸နည်းပြ အမိုရင်ကလည်း “အဲ့ဒီကောင်မှာ ပိုကောင်းနိုင်သေးတဲ့ Potentials များပါတယ်။ ဂိုးသွင်းတာကသာ မဟုတ်ဘူး၊ ပိုမိုတိုးတက်ဖို့ လိုနေသေးတယ်” လို့ ထပ်မံပြောကြားခဲ့ပါတယ်။

🔸Sunderland ဖက်မှာတော့ လာမယ့်ပွဲတွေအတွက် သတိပေးသလို သင်ခန်းစာကောင်းတစ်ခုပဲဖြစ်တယ်လို့ နည်းပြ Regis Le Bris က ပြောခဲ့ပါတယ်။

04/10/2025

၄ ပွဲကစား ၃ ဂိုးသွင်းပေးခဲ့တဲ့ ဂါဘရီရယ်
ဒီရာသီ ထဲမှာ ဂါဘရီရယ်ရဲ့ ပုံစံ က တကယ့် ထူးခြားစွာ အောင်မြင်နေပြီ!

⚽ vs. Athletic Club → 1 ဂိုး + 1 Assist
⚡ vs. Manchester City → နောက်ဆုံးမိနစ် သွင်းဂိုး
💣 vs. Olympiacos → အဖွင့်ဂိုး

အာဆင်နယ် အတွက် လိုအပ်တဲ့အချိန်တိုင်း Heroic Moment ကို ပေးနိုင်နေတဲ့ ဂါဘရီရယ်ရဲ့ performance က တကယ့်အတိုင်း Game Changer ဖြစ်နေပါပြီ 👏

👉 ဒီ ရာသီ ကတော့ ဂါဘရီရယ်ရဲ့အောင်မြင်နိုင်တဲ့ Breakthrough Season ဖြစ်နေတယ်လို့ပဲ ပြောရမှာပါပဲ 🏆

04/10/2025

🚨 FIFA က ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အသစ်ထုတ်ပြန်ထားတဲ့ ဘောလုံးကို မိတ်ဆက်လိုက်ပြီ 🏆⚽️
ဒီဘောလုံးကို Trionda (ထရီအွန်ဒါ) လို့ အမည်ပေးထားပါတယ်။
“ဘောလုံးဒီဇိုင်းကို ကနေဒါ၊ မက်ဆီကိုနဲ့ အမေရိကန် ပြည်ထောင်စု အရောင်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပြီး ဘောလုံးရဲ့ လှုပ်ရှားမှုအားလုံးကို မှန်ကန်စွာ တိုင်းတာနိုင်မယ့် 500Hz motion sensor chip လည်း ပါဝင်တယ်လို့သိရပါတယ်"

04/10/2025

ရီးရဲလ် ကစားသမား ဂျုနီယာ ဗင်နီဆီးယက်စ် ဘာလို့ စိတ်ဆိုးသွားတာလဲ ⁉️

Real Madrid က Kairat Almaty ကို ၅–၀ နဲ့ အလွယ်တကူအနိုင်ရခဲ့တဲ့ပွဲမှာ Vini Jr. က နောက်ဆုံး ၂၀ မိနစ်မှာ အစားထိုးဝင်ခဲ့ပြီး သူ့ရဲ့ အပြုံးမဲ့ အမူအရာတွေက ပရိသတ်တွေ စိတ်ဝင်စားစေခဲ့ပါတယ် 👀🙂

❗️အစောပိုင်းကတော့ နည်းပြ အလွန်ဆိုနဲ့ ကတောက်ကဆ ဖြစ်တယ်လို့ ယူဆခဲ့ကြပေမယ့် တကယ်တမ်းတော့ အသင်းသားတွေကြောင့်လို့ သိရပါတယ်။

📌ကစားပွဲအတွင်း အကောင်းဆုံး အနေအထားနဲ့ အချိန်မှာရှိခဲ့ပေမယ့် အသင်းသားတွေက သူ့ကို ဘောလုံး မပေးခဲ့ဘူးလို့ ဆိုပါတယ်။

ဗင်နီဆီးယက်စ်က အခုအချိန်မှာ အကောင်းဆုံး ကြိုးစားနေပေမယ့် အမ်ဘာပေ၊ အာဒါ တို့နဲ့ ယှဉ်လိုက်ရင်တော့ သူ့အတွက် အခွင့်အလမ်းနည်းနေတယ်လို့ ခံစားရတာတွေကြောင့် တင်းမာမှုတွေဖြစ်လာစေတယ်လို့ထင်ပါတယ် 🥺🤷‍♀️

👉🏻 အခုဖြစ်ရပ်က ဗင်နီဆီးယက်စ်ကိုယ်တိုင်ကပဲ စန်းစန်းတင့်ဖြစ်နေတာလား?
👉🏻 အသင်းသားတွေကပဲ မဟုတ်တာလား?

03/10/2025

စိတ်ဒုက္ခ ပေးမယ့် နောက်ထပ်ပွဲစဥ်👇👀

👉🏻မန်ယူနိုက်တက်ရဲ့ နောက်လာမည့်ပွဲစဉ်ကတော့ စနေနေ့ မြန်မာစံတော်ချိန် ည၈နာရီခွဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၇)အဖြစ် လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့်၅နေရာမှာ ရပ်တည်နေတဲ့ တန်းတက်ဆန်းဒါးလန်းအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။

ဒီပွဲမှာရော စိတ်ဒုက္ခပဲ ပေးမလား ? တစ်လှည့် အနားပေးမလား? ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူးဗျို့ 🥹

03/10/2025

📌 အောင်လအန်ဆန်ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲ
👉🏻 အောက်တိုဘာ ၄ ရက် စနေနေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ MMA ဖိုက်တာ မြန်မာ့စပါးအုံး အောင်လအန်ဆန် ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် သူချင်းလည်းဖြစ်တဲ့ ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒက်စတမ်နဲ့ ယဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

❗️ကာဒက်စတမ်က One Championship မှာ ၁၁ ပွဲကစား ၇ ပွဲနိုင် ၄ ပွဲရှုံးထားပါတယ်။ အောင်လအန်ဆန်က ၁၉ ပွဲကစား ၁၄ ပွဲနိုင်ထားပါတယ်။

ဖိုက်တာ ကစားသမားဘဝရဲ့ နောက်ဆုံး ပွဲစဥ်နဲ့ ပက်သက်ပြီး အောင်လက 👇
❝ ကျွန်တော်က ခင်ဗျားတို့ပြောသလို နောက်နှစ် အနည်းငယ်ကစားလို့ ရနေပါသေးတယ်။ ဒါပေမယ့် ကစားသမားဘဝကို ရပ်တန့်ပြီး နည်းပြအဖြစ် ကူးပြောင်းဖို့ အချိန်တန်ပြီမလား ။ မိသားစုကိုလည်း အချိန်ပေးရအုံးမယ်လေ ဒါကြောင့်ပဲ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ❞ ဆိုပြီး ပြောခဲ့ပါတယ်။

နောက်ဆုံးတော့ ကျွန်တော်တို့ရဲ့ ဖိုက်တာကြီးရဲ့ နောက်ဆုံးပွဲကို ကြည့်ရတော့မှာဆိုတော့ ဘာပဲပြောပြော ရင်ခုန်တယ်ဗျာ🥺✨

01/10/2025

🔴 မန်ယူ ဂန္တဝင်တိုက်စစ်မှုးဟောင်း ဝန်းရွန်းနီက

👉🏻 သူ့ရဲ့အသင်းဟောင်းဟာ ပင်ကိုစရိုက်လက္ခဏာတွေလည်း ပျောက်ဆုံးခဲ့ပြီလို့လည်း သုံးသပ်ခဲ့ပြီး
👉🏻 အသင်းရဲ့ လက်ရှိအခြေအနေကို နည်းပြ ရူဘင် အမိုရင်က ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

''ဘာတွေဖြစ်လာမလဲ ကျွန်တော် မသိပါဘူး။ ရူဘင်အာမိုရင်မ်က ကျွန်တော့်အရွယ်ပါပဲ။ သူဟာ လူငယ်မန်နေဂျာတစ်ယောက်ပါ။ သူ့မှာ ကြီးမားတဲ့အနာဂတ်ရှိမယ်ဆိုတာ သေချာပါတယ်။
ဒါပေမဲ့
မန်ယူနိုက်တက်မှာတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ အသင်းကို ပြောင်းလဲနိုင်မယ်လို့ ကျွန်တော် ရိုးသားစွာ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ အရာအားလုံးမြင်ခဲ့ပြီးနောက် သူ လုပ်နိုင်မယ်လို့ မယုံတော့ပါဘူး''လို့ ရွန်းနီက ပြောခဲ့ပါတယ်။🥺

27/09/2025

📌 ဂျိုတာရဲ့ လက်ကျန်စာချုပ်သက်တမ်းကို လစာငွေအပြည့်ပေးချေမယ်လို့ အာနယ်ဆလော့ အတည်ပြုလိုက်ပါပြီ 🥰

👉🏻 လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ကွယ်လွန်သွားတဲ့ တိုက်စစ်ကစားသမား ဂျိုတာရဲ့ လက်ကျန်စာချုပ်သက်တမ်းကို လစာငွေအပြည့်ပေးချေမယ်လို့ အတည်ပြုခဲ့ပါတယ်။

လီဗာပူးလ်အသင်းပိုင်ရှင်တွေဟာ လက်ကျန်စာချုပ်သက်တမ်း နှစ်နှစ်ကို လစာငွေအပြည့်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။💰💸

❗️ပေါ်တူဂီကစားသမား ဂျိုတာ(၂၈ နှစ်)ဟာ ညီဖြစ်သူ အန်ဒရေဆေးလ်ဗားနဲ့အတူ ဇူလိုင်လ ၃ ရက်က
စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ကွယ်လွန်ခဲ့စဥ်က ဇနီးဖြစ်သူ ရူတေကာဒိုဆိုနဲ့အတူ သားသမီးသုံးဦး ကျန်ရစ်ခဲ့ပါတယ်။

ဂျိုတာရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၆-၂၇ ရာသီကုန်အထိဖြစ်ပြီး မိသားစုကို လစာအပြည့်ပေးဖို့ အသင်းပိုင်ရှင် Fenway Sports Group က ဆုံးဖြတ်ခဲ့တယ်လို့ ပေါ်တူဂီသတင်းတွေက ဖော်ပြပြီးနောက် အာနယ်ဆလော့က အတည်ပြုပြောကြားခဲ့ပါတယ်။

25/09/2025

👉 ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ဂါဗီ (၅)လဝန်းကျင် အနားယူရမယ်လို့ ဘာစီလိုနာ အတည်ပြု

ဘာစီလိုနာအသင်းက ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ကွင်းလယ်ကစားသမား ဂါဗီအနေနဲ့ (၄)လကနေ (၅)လဝန်းကျင်အထိ အနားယူရမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတဲ့ စပိန်ကစားသမား ဂါဗီဟာ ၂၀၂၃ နိုဝင်ဘာတုန်းက ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာရရှိတာကြောင့် (၁၁)လဝန်းကျင် အနားယူခဲ့ရဖူးပါတယ်။

အခု ညာဘက်ဒူးမှာပဲ ဒဏ်ရာထပ်ရခဲ့တာဖြစ်ပြီး ပထမအကြိမ်ကထက် ပြင်းထန်တယ်လို့ သိရပါတယ်။

ဂါဗီအနေနဲ့ အစောဆုံးအဖြစ် ဇန်နဝါရီမှ ပြန်ကစားနိုင်တော့မှာဖြစ်တာကြောင့် ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်အများအပြားကို လွဲချော်ရမှာဖြစ်သလို၊ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖို့လည်း ခက်ခက်ခဲခဲကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရပါတယ်။

ဂါဗီဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Kamayut?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Kamayut