01/09/2026
❝ ပထမ ထင်မြင်ချက်က အရေးကြီးတယ်။ ❞
စာအုပ်ဆိုင်ထဲဝင်သွားတဲ့အခါ လူတစ်ယောက် အတွင်းမှာရှိတဲ့စာကို အရင်မကြည့်ဘူး။ အဖုံးကို အရင်ကြည့်တယ်။ အဖုံးလှရင်၊ စိတ်ဝင်စားစရာ ဖြစ်ရင် စာအုပ်ကို လက်ထဲယူတယ်။ မဟုတ်ရင် အနားကနေ တစ်ချက်ကြည့်ပြီး ဆက်သွားတယ်။ စီးပွားရေး လောကမှာလည်း ဒီလိုပဲ။ ဝယ်သူ တစ်ယောက် ဆိုင်ထဲ ဝင်လာတဲ့အချိန်၊ Website တစ်ခု ဖွင့်တဲ့အချိန်၊ သို့မဟုတ် အရောင်းသမား တစ်ယောက်နဲ့ ပထမဆုံးတွေ့တဲ့အချိန်က မိနစ်ပိုင်းတောင်မရှိဘူး။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ စိတ်ထဲမှာ အမြင်တစ်ခု ဖြစ်ပေါ်လာတတ်တယ်။
ဆိုင်တစ်ဆိုင်မှာ ပိုင်ရှင်က အရေးကြီးတဲ့အရာတစ်ခု သတိထားမိတယ်။ ဝယ်သူ ဝင်လာတဲ့အချိန် ဝန်ထမ်းတွေက မကြည့်ဘူး။ မနှုတ်ဆက်ဘူး။ ဝယ်သူက မကြာခင်ပြန်ထွက်သွားတတ်တယ်။ အဲ့ဒါကြောင့် စည်ကမ်းတစ်ခု ပြောင်းလိုက်တယ်။ ဝယ်သူ ဝင်လာတဲ့ 5 စက္ကန့်အတွင်း “မင်္ဂလာပါ” လို့ နှုတ်ဆက်ရမယ်ဆိုပြီး။ တစ်လအတွင်း အရောင်း တက်လာတယ်။ ပစ္စည်းမပြောင်းဘူး။ နှုတ်ဆက်ပုံပဲ ပြောင်းသွားတယ်။
Dale Carnegie (1936) က How to Win Friends and Influence People ထဲမှာ လူတစ်ယောက်ကို ပထမဆုံးတွေ့တဲ့အချိန် ပြုမူပုံ၊ အပြုံး၊ နှုတ်ဆက်ပုံတွေက ယုံကြည်မှုတည်ဆောက်ဖို့ အလွန်အရေးကြီးတယ်လို့ ရှင်းထားတယ်။ လူတွေက ပထမဆုံးတွေ့တဲ့ အချိန်မှာပဲ စိတ်ထဲမှာ အမြင်တစ်ခု ဖန်တီးတတ်ကြတယ်။ အရောင်းနဲ့ စျေးကွက်ချဲ့ထွင်ရေး (Sales and Marketing) လောကမှာ ဒီအချက်က ပိုတောင် အရေးကြီးတယ်။ ပထမဆုံးဖန်တီးလိုက်တဲ့ အမြင်ပေါ်မူတည်ပြီး ဆက်နားထောင်မလား၊ ဆက်မကြည့်တော့ဘူးလား ဆိုတာ ဆုံးဖြတ်ကြတယ်။ အဲ့ဒါကြောင့် ပထမ ထင်မြင်ချက်က အရေးကြီးတယ် - First Impressions Matter။
ပထမ ထင်မြင်ချက် (First impression) ဆိုတာ နှုတ်ဆက်လိုက်တာ တစ်ခုပဲမဟုတ်ဘူး။ အမြင် ပုံစံ၊ အရောင်၊ ဆိုင်သန့်ရှင်းမှု၊ ဝန်ထမ်းစကားပြောပုံ၊ ဝယ်သူကို ကြည့်ပုံ အားလုံးပါဝင်တယ်။ ဝယ်သူတစ်ယောက် ဝင်လာတဲ့ ပထမ 30 စက္ကန့်မှာ “ဒီဆိုင်ကို ယုံကြည်လို့ရမလား” ဆိုတာ စိတ်ထဲမှာ ခန့်မှန်းပြီးသား ဖြစ်တတ်တယ်။
Coaching Question အနေနဲ့ …..
✅ Customer တစ်ယောက် ကိုယ့်လုပ်ငန်းနဲ့ ပထမဆုံးတွေ့တဲ့ 30 စက္ကန့်အတွင်း ဘာတွေမြင်လဲ?
✅ အဲ့ဒီအချိန်မှာ သူ့စိတ်ထဲမှာ ဘယ်လိုအမြင်ဖြစ်သွားမလဲ အကုန်ချရေးပါ။
#နိုင်လိုမွန်
01/09/2026
❝ စီးပွားရေးလောကမှာ (First Impression) က အရေးကြီးတယ်။ အဲဒါက ဝယ်သူရဲ့ ယုံကြည်မှုကို ရယူဖို့နဲ့ အရောင်း အောင်မြင်ဖို့အတွက် သော့ချက်လည်း ဖြစ်တယ်။ ❞
#နိုင်လိုမွန်
31/08/2026
✈️ MAI ရောက်တဲ့ ပြည်တွင်း၊ ပြည်ပ လေဆိပ်တွေထဲက ကိုယ်တက်ဆင်းဖူးတဲ့မြို့တွေ
ကျနော့်ထက် များတဲ့သူရှိလား? 😄
ဒီနေ့ Strategic Planning လုပ်ပေးဖို့ Kawthaung ကို ဒုတိယအကြိမ် သွားရင်း MAI လေယာဉ်ပေါ်က Magazine ကို ဖတ်ပြီး ကိုယ်မြို့တော်တော်များများရောက်ဘူးတာ သတိထားမိတယ်။
🇲🇲 ပြည်တွင်း — တက်ဆင်းဖူး ၁၀ မြို့
✅ Yangon
✅ Mandalay
✅ Kalay
✅ Myitkyina
✅ Nay Pyi Taw
✅ Myeik
✅ Kawthaung
✅ Dawei
✅ Tachileik
✅ Nyaung U
❌ အောက်ကဟာကတော့ မတက်ဆင်းဖူးသေးဘူး သွားချင်သေးတယ်။
⬜ Sittwe
⬜ Heho
⬜ Kyaing Tong
⬜ Homalin
⬜ Kyaukphyu
⬜ Magway
⬜ Puta-O
⬜ Mawlamyine
⬜ Anisakan - Pyin Oo Lwin
🌏 ပြည်ပမှာ — တက်ဆင်းဖူးတဲ့နေရာတွေ ၁၁ ကွင်း
🇹🇭 Thailand
✅ Bangkok - Suvarnabhumi
✅ Bangkok - Don Mueang
✅ Chiang Mai
🇲🇾 Malaysia
✅ Kuala Lumpur
🇸🇬 Singapore
✅ Singapore
🇮🇳 India
✅ Kolkata
✅ Delhi
🇻🇳 Vietnam
✅ Hanoi
✅ Ho Chi Minh
🇦🇪 UAE
✅ Dubai International
🇨🇳 China
✅ Guangzhou
❌ မတက်ဆင်းဖူးသေးတဲ့နေရာတွေ
🇮🇳 India
⬜ Chennai
⬜ Gaya
🇲🇾 Malaysia
⬜ Penang
🇻🇳 Vietnam
⬜ Da Nang
🇰🇭 Cambodia
⬜ Phnom Penh - Techo
🇰🇷 South Korea
⬜ Seoul - Incheon
🇨🇳 China
⬜ Kunming
⬜ Nanning
🇱🇦 Laos
⬜ Vientiane
🇹🇭 Thailand
⬜ Phuket
စာရင်းကြည့်လိုက်တော့ ကျနော်ရောက်ဖူးတဲ့ နေရာတော်တော်များများကို MAI က ရွေးပြီး ချိတ်ဆက်ထားတာ တွေ့ရတယ်။ 😎
တော်တော်များများလည်း အလုပ်၊ စီးပွားရေး၊ ခရီးသွား၊ မိသားစုကိစ္စတွေအတွက် ဒီ Destination တွေကိုပဲ မကြာခဏ သွားလာကြမယ်လို့ထင်တယ်။
MAI ရဲ့ Destination ရွေးချယ်မှုတွေက ကိုယ့် Customer တွေ အများဆုံးသွားချင်တဲ့နေရာကို ရွေးပြီး ချိတ်ဆက်ပေးတဲ့ Strategy တစ်ခုလို့ မြင်မိတယ်။
ဒီစာရင်းထဲက ဘယ်လေဆိပ်တွေ တက်ဆင်းဖူးကြလဲ? ✈️
ကျနော့်ထက် များတဲ့သူရှိလား? 😄
#နိုင်လိုမွန်
31/08/2026
❝ Story နဲ့ Brand တည်ဆောက်ပါ။ ❞
ကျောင်းမှာ သမိုင်းရက်စွဲတွေကို မှတ်ရတာ ခက်တတ်တယ်။ ဒါပေမယ့် ပုံပြင်တစ်ပုဒ်ကို ကြားလိုက်ရင် နှစ်ပေါင်းများစွာ အပြီးတိုင် မှတ်မိနေတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ဇာတ်လမ်းက စိတ်ထဲမှာ ပုံရိပ်ဖန်တီးပေးတယ်။ ခံစားချက် ထည့်ပေးတယ်။ စျေးကွက်ချဲ့ထွင်ရေး (Marketing) လောကမှာလည်း ဒီအခြေခံ တူတယ်။ “အရည်အသွေး ကောင်းတယ်” “စျေးသက်သာတယ်” “ဝန်ဆောင်မှု မြန်တယ်” လို့ပြောတာနဲ့ လူတွေ မမှတ်မိနိုင်ဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အတွေ့အကြုံကို ဇာတ်လမ်းလိုပြောလိုက်ရင် စိတ်ထဲမှာ ကပ်နေတယ်။
Gym တစ်ခုရှိတယ်။ အရင်က “လစဉ်ကြေး” “ပစ္စည်းအသစ်” “ဆရာကောင်း” စတာတွေနဲ့ ကြော်ငြာတယ်။ တုံ့ပြန်မှု နည်းတယ်။ နောက်ပိုင်းမှာ အဖွဲ့ဝင် (member) တစ်ယောက်ရဲ့ ပြောင်းလဲမှုကို ဇာတ်လမ်းလိုပြောတယ်။ “၆ လအတွင်း ၁၅ ပေါင် လျော့သွားတယ်” “ကိုယ့်ကိုယ်ကို ယုံကြည်လာတယ်” လို့။ လူတွေ စိတ်ထဲမှာ “ဒါ ငါရော ဖြစ်နိုင်မလား” လို့ စဉ်းစားလာတယ်။ စားရင်းသွင်းတဲ့သူ တက်လာတယ်။
John C. Maxwell (2007) က The 21 Irrefutable Laws of Leadership ထဲမှာ လူတွေအပေါ် သက်ရောက်မှုရှိအောင် လုပ်ချင်တယ်ဆိုရင် သတင်းအချက်အလက်ပေးတာထက် အတွေ့အကြုံနဲ့ ချိတ်ဆက်ရမယ်လို့ ပြောထားတယ်။ ပုံပြင်က လူတွေကို စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်ပေးနိုင်တယ်။ စီးပွားရေးမှာလည်း ပုံပြင်က စျေးကွက်ချဲ့ထွင်တဲ့နေရာမှာ အသက်ဝင်စေတယ်။ စျေးကွက်ချဲ့ထွင်ရေး (Marketing) မှာ အဖြစ်အပျက်တွေ၊ ဇာတ်လမ်းတွေ၊ ဘဝဇာတ်ကြောင်းတွေ အကုန်လုံးကို ပုံပြင်သဖွယ်ဖြစ်အောင် ပြောဆိုနိုင်ဖို့လိုတယ်။ စျေးကွက်ချဲ့ထွင်ရေး (Marketing) မှာ ပုံပြောတက်ဖို့လိုတယ်။
ပုံပြောတယ် ဆိုတာ ရိုးရိုးရှင်းရှင်းပဲ။ ဝယ်သူ တစ်ယောက် ဘာပြဿနာရှိခဲ့လဲ။ ကိုယ့် ထုတ်ကုန်ကို သုံးပြီး ဘာပြောင်းလဲသွားလဲ။ အဆုံးမှာ ဘာအကျိုးရလဲ။ ဒါကိုပြောတာက ပုံပြောတာပဲ။ ပုံပြောတယ် ဆိုတာ အလှဆင်တာ မဟုတ်ဘူး။ အမှန်တရားကို လူနားလည်အောင် ပြောတာ။ ဝယ်သူကို ဇာတ်လိုက်နေရာထားပြီး ကိုယ့်ထုတ်ကုန်ကို ဇာတ်လိုက်ရဲ့ အကူလုပ်တာ။ အဲ့ဒီလိုပြောနိုင်ရင် လူတွေ ကိုယ်ပြောတာကို မကြားဘဲ မနေနိုင်တော့ဘူး။
Coaching Question အနေနဲ့ ...
✅ကိုယ့် ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှု ကြောင့် ပြောင်းလဲသွားတဲ့ ဝယ်သူတစ်ယောက်ရဲ့ ဇာတ်လမ်းက ဘာလဲ?
✅ဒီအပတ် အဲ့ဒီအကြောင်းကို ဘယ်လို မျှဝေမလဲ?
#နိုင်လိုမွန်
31/08/2026
💇 Strategic Planning - Stylist Beauty Mall
🗓️ Dates: 26-28 August 2026
ယုံကြည်မှုဖြင့် လှပပျော်ရွှင်သော ဘ၀များဖန်တီးပေးနိုင်ရန် ကျွမ်းကျင်ပညာရှင်များမှ ခေတ်မီနည်းပညာများကို အသုံးပြု၍ တစ်နေရာထဲတွင် ပြီးပြည့်စုံသော အလှအပရေးရာ ၀န်ဆောင်မှုများ ပေးနေသည့် “Stylist Beauty Mall” လုပ်ငန်းရဲ့ ခေါင်းဆောင်များနဲ့ BREAKTHROUGH ရဲ့ လက်တွေ့ကျပြီး ထိရောက်လို့ နာမည်ကြီးတဲ့Business Results Coaching - BRC "Corporate Package " ထဲက Strategic Plan ကို (3) ရက်ရေးဆွဲခဲ့ကြပါတယ်။
ဒီရက်မှာဆိုရင်တော့ လုပ်ငန်းရဲ့ ထောက်တိုင်များဖြစ်တဲ့
👉 Mission Statement
ယုံကြည်မှုဖြင့် လှပပျော်ရွှင်သော ဘ၀များဖန်တီးပေးနိုင်ရန် ကျွမ်းကျင်ပညာရှင်များမှ ခေတ်မီနည်းပညာများကို အသုံးပြု၍ တစ်နေရာထဲတွင် ပြီးပြည့်စုံသော အလှအပရေးရာ ၀န်ဆောင်မှုများ ပေးနေပါသည်။
👉 Vision Statement
ဆိုင်ခွဲပေါင်းများစွာဖြင့် အဆင့်မြင့် အလှအပရေးရာ အတွေ့အကြုံများပေးနေသော နံပါတ် (၁) လုပ်ငန်းစုဖြစ်ရမည်။
👉 Core Values
1. လုပ်ငန်းကျွမ်းကျင်မှု (Professional Expertise)
2. တာ၀န်ယူမှု၊ တာ၀န်ခံမှု (Responsibility & Accountability)
3. ဖန်တီးနိုင်စွမ်း (Creative)
4. အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု (Teamwork)
5. အကောင်းဆုံး၀န်ဆောင်မှု (Service Excellence)
🥅 မဟာဗျူဟာကာလအတွက် ရှင်းလင်းတိကျတဲ့ပန်းတိုင်များကို ချမှတ်နိုင်ခဲ့ကြပါတယ်။
ပြီးတော့..
🔍 Target Market Analysis၊
🔍 Competitor Analysis၊
🔍 Product Analysis
များပြုလုပ်ခဲ့ကြပြီး တစ်ခုစီအတွက် ခိုင်မာတဲ့ ဗျူဟာတွေသတ်မှတ်နိုင်ခဲ့ကြပါတယ်။
📊 Trend Analysis နဲ့
💡 SWOT ခွဲခြမ်းစိတ်ဖြာခြင်းများလုပ်ခဲဲ့ကြပြီး အနာဂတ်အောင်မြင်မှုအတွက် လမ်းခင်းနိုင်ခဲ့ပါတယ်။
Strategic Plan ကာလအတွင်း ရှေ့ဆက်အာရုံစိုက်ရမယ့် မဟာဗျူဟာများ၊ နည်းဗျူဟာများနှင့် လုပ်ဆောင်ရမည့်အရာများကို ဆွဲထုတ်ခဲ့ကြပြီး စတင်လုပ်ဆောင်ဖို့ လိုအပ်တာတွေကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။
မိတ်ဆွေများအနေနဲ့ လုပ်ငန်းကိုနောက်တစ်ဆင့်တက်ဖို့ စိတ်အားထက်သန်တယ်ဆိုရင် ကိုယ့်ကိုယ်ပိုင် ဗျူဟာတွေအတွက် ကျနော်တို့ရဲ့BREAKTHROUGH Team ကို အချိန်မရွေးဆက်သွယ်လိုက်ပါ။
#နိုင်လိုမွန်
31/08/2026
❝ Marketing က ဘာရောင်းလဲဆိုတာ ပြောတာမဟုတ်ဘူး။ဘယ်လို အကျိုးရှိသွားလဲဆိုတာ ပြောတာပါ။ ❞
#နိုင်လိုမွန်
30/08/2026
❝ ၀န်ထမ်းမလုပ်တာလား ခေါင်းဆောင်က မရှင်းပြထားတာလား။ ❞
“ဒီဟာလုပ်ထားနော်” လို့ Manager ကပြောတယ်။ ဝန်ထမ်းက “ဟုတ်ကဲ့” လို့ပြန်ပြောတယ်။ နှစ်ရက်ကြာတော့ မပြီးသေးဘူး။ Manager က ထပ်မေးတယ်။ “ပြောထားတာ မလုပ်သေးဘူးလား” ဒီလိုအခြေအနေ မကြာမကြာရှိလာရင် ဝန်ထမ်းတွေက ပြောတာနားမထောင်ဘူး လို့ သတ်မှတ်မိတတ်ပါတယ်။
ဒါပေမဲ့ တစ်ခါတလေ ပြဿနာက Motivation မဟုတ်ပါဘူး။ Communication နဲ့ Follow-up System အားနည်းနေတာပါ။ အလုပ်ပေးတဲ့အခါ “ဒီဟာလုပ်ထားနော်” ဆိုတာနဲ့ မလုံလောက်ပါဘူး။
ဒီ ၅ ခု ရှင်းဖို့လိုပါတယ်။
1️⃣ ဘာလုပ်ရမလဲ။
2️⃣ ဘာ Result လိုချင်လဲ။
3️⃣ ဘယ်နေ့ပြီးရမလဲ။
4️⃣ မသိတာရှိရင် ဘယ်သူ့ကိုမေးရမလဲ။
5️⃣ ဘယ်နေ့မှာ ပြန်စစ်မလဲ။
Follow-up လုပ်တာ Micromanagement မဟုတ်ပါဘူး။ ဘယ်အဆင့်မှာ ဘယ် Result ရောက်နေပြီလဲ စနစ်တကျ သိအောင်လုပ်တာပါ။ ခေါင်းဆောင်တစ်ယောက်က “ပြောပြီးပြီ” ဆိုတာနဲ့ သူ့တာဝန်ပြီးသွားတာ မဟုတ်ပါဘူး။ Result မရမချင်း Ex*****on ကို မြင်နိုင်ဖို့လိုပါတယ်။
🎯 လက်တွေ့လုပ်ရန်
ဒီနေ့ Team ကိုအလုပ်ပေးတဲ့အခါ “ပြီးရင် ပြောနော်” လို့ မပြောပါနဲ့။ ဒီလိုပြောကြည့်ပါ။ ဒီအလုပ်ကို Thursday ညနေ ၄ နာရီမတိုင်ခင် ပြီးစေချင်တယ်။ ပြီးရင် ဒီ Result သုံးခု ရှိရမယ်။ Wednesday မွန်းလွဲပိုင်းမှာ Progress တစ်ကြိမ်ပြန်တင်ပါ။ ဒါဆို Expectations ရှင်းသွားပါတယ်။
Follow-up မရှိတဲ့ Action က မကြာခဏ မေ့သွားတတ်ပါတယ်။ Follow-up ရှိတဲ့ Action ကတော့ Result ဖြစ်လာဖို့ အခွင့်အလမ်းပိုများပါတယ်။ သင့် Team မှာ အလုပ်မပြီးတာများနေရင် ဝန်ထမ်းတွေကိုပဲ ပြန်စစ်မလား။ ဒါမှမဟုတ် အလုပ်ပေးပုံနဲ့ Follow-up System ကိုပါ ပြန်စစ်မလား။
#နိုင်လိုမွန်
#လုပ်ငန်းထဲကတကယ့်ပြဿနာများ