A&A fitness centre

A&A fitness centre

Share

A&A(Gym)+Dermatique(asthetic&laser)+Sparkle(Dental Clinic)+Vision 23( eyes wear)+ SayGabar(Eyes,ENT)

25/08/2026

Hello A&A Fitness Center မှာ member ဝင်ပြီး Gym ဆော့မယ်ဆိုရင် တလကို 48000 ကျပ်ပါရှင် ၊ fees လေးသွင်းပြီး စဆော့တဲ့ရက်ကနေ ရက် ၃၀ ကို တလလို့ သတ်မှတ်လို့ မိမိအဆင်ပြေတဲ့ရက်ကနေ စလို့ရပါတယ်။ တနင်္လာ မှ စနေ နေ့အထိ မနက် ၇ မှ နေ့လည် ၁၂ ၊ ညနေ ၃ နာရီမှ ည ၈ နာရီ ဖွင့်တာမလို့ နေ့တိုင်းလာကစားလို့ရပါတယ် ၊ တနင်္ဂနွေ ပိတ်ရက်လေး နှုတ်လိုက်ရင် တရက်မှ 1800 လောက်ပဲ ကျပါတယ်ရှင် 🤗 Gym မှာ Floor trainer တွေ အချိန်ပြည့်ရှိပြီး မကစားဖူးတဲ့ သူတွေကိုလည်း ကစားပုံကစားနည်း ၊ အကြိမ်အကျော့ နဲ့ စက်တွေ အသုံးပြုပုံကို စကစားတာနဲ့ သေချာပြပေးပါတယ် ၊ ဆော့နေရင်းနဲ့ မရှင်းတာ ၊ လိုအပ်တာရှိရင်လည်း အားမနာတမ်းမေးလိူ့ရပါတယ် ၊ PT မယူလို့ မေးလို့မရတာ ၊ မပြပေးတာမျိုး လုံးဝ မရှိပါဘူးရှင် ၊ 3 လစာ တခါထည်း သွင်းမယ်ဆိုရင် သို့မဟုတ် 3 ယောက်တခါထည်း အပ်မယ်ဆိုရင်တော့ 10% လျှော့ပေးပါတယ် ** Weight gain / Weight loss နဲ့ ကစားနည်း form သေချာပြင်ပေးစေချင်သူများ၊ Gym တခုထည်းမဟုတ်ပဲ Boxing Class ပါတွဲဆော့ချင်သူများအတွက်ကတော့ Body Goal package လေးရှိပါတယ် သူကတော့ 120000 ကျပ်ပါရှင်(ရိုးရိုး Gym ဆော့တာနဲ့ ဘာကွာလဲဆိုတော့ Body Goal package လေးကတော့ ဆရာတွေက ကစားနည်း ၊ ကိုယ်အနေအထား Form မှန်အောင် အမြဲကြည့်ပေးပြီး လိုအပ်ရင် Boxing Class ပါ မိမိအဆင်ပြေတဲ့ အချိန် ဝင်သင်နိုင်ပါတယ် ) ** Personal Trainer ယူမယ်ဆိုရင်တော့ တပတ် ၄ ရက်ကို တလ 3 သိန်းကျပ် နဲ့ တပတ် ၆ ရက်ကို တလ 350000 ကျပ်ပါရှင်၊ (PT မှာတော့ တဦးချင်းစီအလိုက် Diet plan တွေ ၊ ကစားနည်း program တွေ အသေးစိတ် ဆွဲပေးပြီး one by one အမြဲတမ်း စောင့်ကြည့်ပေးတဲ့ အပြင် လိုအပ်ရင် Cardio တွေရော Boxing class တွေပါ အသေးစိတ် ပြပေးပါတယ် ) Boxing ကတော့ တပတ်ကို သုံးချိန်ပါ ၊ တလကို 85000 ကျပ်ဖြစ်ပြီး Boxing Class မှာ လက်သီးထိုး အပြင် မြန်မာ့လက်ဝှေ့ပါ သေချာ သင်ပေးတာမလို့ အပျော်တမ်းအတွက်ရော ကိုယ်ခံပညာအနေနဲ့ တကယ်ထိုးတတ်ချင်သူတွေ အတွက်ပါ သင်ပေးပါတယ် နှစ်သစ်မှာ စိတ်သစ် ၊ လူသစ် ၊ Body အသစ်နဲ့ လှပနိုင်ကြဖို့ A&A Fitness Center မှ ဖိတ်ခေါ်လိုက်ပါတယ်နော် 🤗🤗 Welcome to change your body with Us Be active and alive (A&A) အမှတ် (၂၃) လမ်းသစ်လမ်း ၊ နံ့သာကုန်း ရပ်ကွက် ၊ အင်းစိန်မြို့နယ် 09780072071

19/08/2026

အောက်ပိုင်းတောင့်ရင် ဘာလုပ်လုပ်တင့်တယ်တယ်ဆိုတဲ့ Facebook status များတွေ့အပြီး member များ အခြေအနေ 😜😜😁😁

30/07/2026

အရင်နေ့တွေ့ ညနေဘက် ဖြုတ်ကြတာလေး …
ဒီနေ့တော့ ရေနည်းနည်းကြီးနေတယ် 😅

28/07/2026

မနက်ဖြန် လပြည့်နေ့မှာ A&A Fitness Center တရက်ပိတ်ပါတယ်နော်
သဘက်ခါပြန်ဖွင့်ပါမယ်
See you 🤗🤗

23/07/2026

Gym ဆော့မလား
Boxing ဆော့မလား
A&A ကိုသာ join ထား
09780072071

19/07/2026

ဗိုက်ရွှဲရွှဲ ထိပ်ပြောင်ပြောင် နဲ့ သားသမီးရှေ့က ကာကွယ်ပေးနေတဲ့ အဖေကြီးလည်း ယောင်္ကျားပီသတာပါပဲ 👴🏻🫄
ကျစ်ကျစ်လစ်လစ် ၊ smart ကျကျ နေပြီး သားသမီးလေးစားအားကျရတဲ့ အဖေလည်း ယောင်္ကျားပီသတာပါပဲ 👨🏻‍💼💪🏻…
ကျွန်တော်စဉ်းစားမိတာက Why not both??( ဘာလို့ ၂ ခုလုံး မဖြစ်နိုင်ရမှာလည်း???)
You can be smart , masculine , healthy and be a good father too … I am trying to become one too..
ဘာလို့ ကျွန်တော်တို့ A&A fitness centre မှာ ဒေါနသွေး Lethwei and Fitness Club နဲ့ collaborate လုပ်ပြီး လက်ဝှေ့ သင်တန်း ဖွင့်ထားတာလည်းဆိုတော့ ဒေါနသွေးက ဆရာ ကျော်ကိုကိုက အတွေးအခေါ် နဲ့ စာရေးတာ ကောင်းလို့ … I am proud to collaborate with such person 👏🏻👏🏻

13/07/2026

အင်းစိန်မြို့မှာ မြန်မာ့လက်ဝှေ့ကို သေသေချာချာလေး သင်ပေးချင်စိတ် ၊ဝိတ်ချရင်း ပျော်ပျော်ပါးပါး ဆော့စေချင်တဲ့ စိတ်လေးကို အကောင်အထည်ဖေါ်ပေးတဲ့ ဒေါနသွေး Lethwei and Fitness Club က ဆရာ ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်
အချိန်အကြာကြီး ထပ်ပြီး လက်တွဲသွားချင်ပါတယ် ✌️✌️

ကျနော်တို့ ဒီ လေးနှစ်အတွင်းမှာ Gym ဆယ်ခုလောက်နဲ့ Collab လုပ်ဖြစ်ပါတယ်။ အဆင်ပြေတာတွေလဲ ရှိသလို သဘောထားချင်း၊ အလုပ်လုပ်ပုံချင်း မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြတာတွေလဲ အများသား။ ဒီလိုတွေဖြစ်လာရင် ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ရတာပါပဲ။

၂၅ ဝန်းကျင်တုန်းက Shark Tank series တွေကြည့်ရတာ အတော်ကြိုက်ပါတယ်။ Mark Cuban ပြောတဲ့ "I invest in People, not business" ဆိုတဲ့စကားဟာ လက်တွေ့ဘဝမှာလဲ အတော်အသုံးဝင်တော့ အခုထိ အမှတ်ရ​နေဆဲပါ။

Collaboration တွေလုပ်တော့ ပိုပြီး အမှတ်ရပါတယ်။

အကြီးကြီးတွေပြောပြီး တခွန်းမှ စကားမတည်တာတွေ၊ ရှေ့တစ်မျိုး၊ နောက်တစ်မျိုးလုပ်တာတွေ၊ ဗျူရိုကရေစီပုံစံတည်ထားပြီး တကယ်လုပ်တော့မှ Autocracy ဖြစ်နေတာတွေ၊ စသဖြင့်ပေါ့။

ကိုယ့်အမှားကိုယ်စစ်တော့လဲ မရင့်ကျက်တာတွေ၊ နားမလည်တာတွေအများကြီးပဲ။

ဘဝဟာ အမြဲသင်ယူနေရတာပဲ မဟုတ်လား။

လက်တွဲလို့အဆင်ပြေတဲ့ Gym တွေထဲမှာ FMI က Trinity, 34 VIP က Gym Boss, အင်းစိန်က A&A တို့ပါ။

မကေတို့ ညီအစ်မတွေ၊ မမို့မို့သက်၊ ဆရာမျိူးမင်း၊ ဆရာငြိမ်းထက်တို့ အကုန်လုံးက ပြည့်ဝကြသူတွေပါ။

အင်းစိန်က ဆရာမျိုးမင်းဆို အတော့်ကို Emotional Intelligence ပြည့်ဝတဲ့ မန်နေဂျာပါ။

ဒီလတွေထဲ ကျနော့်မှာ Personal ကိစ္စတစ်ချို့ကြောင့် အလုပ်ကိစ္စတွေမှာ အာရုံနှောင့်နှေးပြီး Foul တစ်ချို့ဖြစ်ခဲ့တာတွေရှိတယ်။ ကိုယ်တစ်ယောက်တည်းလုပ်တဲ့အလုပ်ဆို မသိသာပေမယ့် Collaborate လုပ်ထားတဲ့အခါ အသိပေးရမှာတွေ၊ မလုပ်ခင်တိုင်ပင်ရမှာတွေ စသဖြင့် Procedure တွေ တခါတလေကျနော်အာရုံများနေတာနဲ့ မေ့ပြီး စည်းကျော်မိတာတွေ ရှိတယ်။ သတိရမှ ပြန်တောင်းပန်ရတာမျိုးတွေပေါ့။ ဆရာမျိုးက နားလည်တယ်။ ရင့်ကျက်တယ်။ အနေသာကြီး နေလို့ရရဲ့သားနဲ့ ကျနော့်ကို အမြဲတမ်းကူညီတယ်။ လေးစားရပါတယ်။ အလုပ်သဘောအရလို့ ဘယ်တော့မှမရှိပဲ စေတနာ၊ လေးစားမှုကို အမြဲမြင်ရတယ်။

ပိုင်ရှင်ဆရာငြိမ်းထက်ဆိုရင်လဲ မာန်မာနကင်း၊ အေးအေးဆေးဆေး ပညာတတ်လူယဥ်ကျေးပဲ။
မမို့မို့သက်တို့၊ မကေတို့ညီအစ်မတွေဆိုရင်လဲ ပညာတတ်လူယဥ်ကျေးတွေပါပဲ။

သူတို့တွေမှာ တူညီတဲ့တစ်ချက်က သူတို့လျှောက်ခဲ့တဲ့ခရီးကို အားကြိုးမာန်တက် ကိုယ်လျှောက်နေတာ တွေ့တဲ့အခါ လက်လှမ်းတွဲကူဖေးမချင်စိတ်ရှိကြတာပါပဲ။

တချို့အရာတွေက စကားနဲ့ပြောစရာမလို၊ အပြုအမူ၊အနေအထားအကဲခတ်တတ်ရင် မြင်ရတာပါပဲ။

ပညာတတ်လူယဥ်ကျေးတွေအကြောင်း စကားစပ်မိလို့ လွန်ခဲ့တဲ့ သုံးနှစ်က ရယ်စရာပြောရဦးမယ်။ ပညာတတ်တိုင်း၊ ယဥ်ကျေးတိုင်း ဒီပုဂ္ဂိုလ်တွေလို ပြည့်ဝမယ်လို့တော့ ပြောမရဘူးပေါ့။

ဒီလိုပါ။

မြို့ထဲက Gym အကြီးတစ်ခုနဲ့ Collab လုပ်ထားတယ်။ လတိုင်း Payment နောက်ကျတယ်။ နောက်ကျမယ်ဆိုတာလဲ ဘယ်တော့မှ Notice မပို့ဘူး။ အကြိမ်ကြိမ်တောင်းရတယ်။

ကြာတော့ ကျနော်က အီးမေးပို့ပြီး ဆော်ပါတယ်။ မြန်မာလို၊ အဂ်လိပ်လို ရုံးစာကျကျနနရေးပြီး ယဥ်ယဥ်ကျေးကျေးကို တီးတာပါ။

Gym ပိုင်ရှင်ကလဲ ပညာတတ်လူယဥ်ကျေးပါပဲ။ အဂ်လန်မှာ ကျောင်းပြီးခဲ့တဲ့ပုဂ္ဂိုလ်။ ကျနော်တင်းတာသူသိပါတယ်။ သူ့ဘက်က Foul တာလဲ သူသိတယ်။ သို့သော် သူတို့က လူအင်အား၊ ငွေအင်အားတောင့်တဲ့ Gym အကြီးကြီး၊ ကိုယ်တို့က ပုစိညှောင့်တောက် မဟုတ်လား။

ဒီတော့ သူကလဲ မြန်မာတစ်တန်၊ အဂ်လိပ်တစ်သွယ် ကျကျနနပြန်ရေးပြီး ကျနော့်ပြန်ဆော်တာပါပဲ။ ဒီအတိုင်းဆော်တာအားမရလို့ သူ့မန်နေဂျာလေးယောက်ကိုပါ CC တွဲလိုက်ပါသေးတယ်။ "မင်းတို့လဲ ဝိုင်းဆော်"ဆိုတဲ့သဘောပေါ့။

ကျနော်ကလဲ သူတို့ပြန်ဆော်တဲ့အီးမေးဝင်တိုင်း ကားပေါ်ဆို ကားပေါ်အလျှောက်၊ စက်ဘီးနင်းနေရင် စက်ဘီးရပ်ပြီးတော့ကို ချက်ချင်း ကြက်ခေါင်းဆိတ်မခံ ပြန်ရေးပို့တယ်။

နောက်ဆုံးတော့ Payment ရပါတယ်။ အခုအချိန် အပြန်အလှန်ပို့ထားတဲ့အီး​မေးလ်တွေ ပြန်ဖတ်ရင် ရယ်နေရတာပါပဲ။ နှစ်ယောက်လုံးက နှာတင်းနေတာပါ။ သို့သော် ရိုင်းစိုင်းတာ တစ်လုံးမှမပါ၊ ယဥ်ယဥ်ကျေးကျေးကို အပြန်အလှန်ဆော်ကြတာပါ။

ဆိုတော့ ပညာတတ်လူယဥ်ကျေးတွေနဲ့ ဆက်ဆံရတာ များသောအားဖြင့် ကောင်းပါတယ်။ ရန်ဖြစ်ရင်တောင် ယဥ်ယဥ်ကျေးကျေးဆိုတော့ ရုပ်မပေါက်ဘူးပေါ့။ ရိုင်းတာကျ ကျနော်တို့လဲ မကြိုက်ဘူး။ လမ်းဘေးစရိုက် နင်ပဲငဆ လုပ်တာတွေက အတော်စိတ်ပျက်စရာကောင်းလို့ပါပဲ။

စကားတွေလဲ ရှည်ကုန်ပါပြီ။ ကြံရွယ်ချက်က
ဒေါန​သွေးရဲ့ မိတ်ဖက်တွေဖြစ်တဲ့ ဒီလူ၊ ဒီပုဂ္ဂိုလ်တွေကို ကျေးဇူးတင်စကားပြောလိုရင်းပါ။

လူဆိုးလူညံ့တွေနဲ့ ဆုံတဲ့အခါ စိတ်ပျက်ငြီးငြူရသလို လူကောင်း၊ လူတော်တွေနဲ့ဆုံတဲ့အခါ ဝမ်းသာချီးကျူးစကားပြောရမယ် မဟုတ်လား။

25/06/2026

လက်ဝှေ့ class မှ ကြမ်းကုန်ကြတဲ့ A&A ရဲ့ member တွေ
Boxing booking 09767297971

29/05/2026

အကွက်လေးတွေ လှ လို့ ကျင့်ကြပါစို့ 😁

Want your business to be the top-listed Gym/sports Facility in Insein?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No 23, Lanthit Road
Insein
YANGON,

Opening Hours

Monday 07:00 - 12:00
15:00 - 20:00
Tuesday 07:00 - 12:00
15:00 - 20:00
Wednesday 07:00 - 12:00
15:00 - 20:00
Thursday 07:00 - 12:00
15:00 - 20:00
Friday 07:00 - 12:00
15:00 - 20:00
Saturday 07:00 - 12:00
15:00 - 20:00