𝗙𝗼𝗰𝘂𝘀 𝗕𝗼𝗱𝘆

𝗙𝗼𝗰𝘂𝘀 𝗕𝗼𝗱𝘆

Share

𝘌𝘷𝘦𝘳𝘺𝘣𝘰𝘥𝘺 𝘕𝘦𝘦𝘥 𝘍𝘪𝘵𝘯𝘦𝘴𝘴 𝘓𝘪𝘧𝘦𝘴𝘵𝘺𝘭𝘦

21/01/2024

လမ်းလျှောက်ခြင်း...
သင့်အနေနဲ့ တစ်နေကုန် အိမ်ထဲမှာပဲ အချိန်ဖြုန်းနေမိပါသလား

ခုခေတ်လူငယ်အများစုက အိမ်ထဲမှာပဲ ဂိမ်းဆော့လိုက်၊social သုံးလိုက်၊anime or drama ကြည့်လိုက်ပဲ အချိန်ဖြန်းကြတာများပါတယ်

အပြင်ထွက်ရမှာထက် အိမ်ထဲမှာ တစ်နေကုန်အချိန်ဖြုန်းကြတာများလာကြတယ်

လူတစ်ယောက်က ‌တစ်နေ့ကို နည်း"‌တော့လမ်းလျှောက်ပေးသင့်ပါတယ်

ကျန်းမာရေးကိုလဲ အထောက်အကူအများကြီးပြုသလို ကိုယ်လက်လှုပ်ရှားပေးခြင်ကြောင့် စိတ်ကိုလန်းဆန်းစေပါလိမ့်မယ်

ဝိတ်ကျချင်သောသူများအတွက်ဆိုရင်တော့ လမ်းများ"လျှောက်ပေးခြင်းကလဲ အဆီကိုလျော့ကျစေနိုင်ပါတယ်

ဒါကြောင်အိမ်ထဲမှာပဲ internet သုံးခြင်းကို နစ်မွန်းနေမယ့်အစားလမ်းလျှောက်ကြပါစို့

20/01/2024

ဒီညတော့ စာ‌လေ့လာတာနဲ့ ပတ်သက်ပြီး နည်း"မျှဝေမယ်ဗျာ 💁💁

English vocab တွေကိုကျက်တဲ့အခါမှာ တစ်နေ့ကို ၁၀လုံး အလုံး၂၀လောက်‌လေ့လာရုံနဲ့ တစ်လမှာ အလုံး၃၀၀၀/၆၀၀၀ လောက်သိနိုင်ပါတယ် 🧐🧐

ဒါပေမဲ့ အကုန်လုံးကို မမှတ်မိနိုင်ပါဘူး အဲ့လိုနဲ့ စာ‌လေ့လာတာက သံသရာလည်နေတတ်ပါတယ် 🥹🥹

ဒါကြောင့် အကြံလေးပေးမယ်ဗျ သင့်အနေနဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို စပြီး လေ့လာကြည့်ပါ 🤏🤏

ဥပမာ မနက်အိပ်ယာထမျက်နှာသစ်စသည်ဖြင့် အိပ်ချိန်ထိပေါ့ မသိတဲ့ စကားလုံးကို dictionary မှာသွားရှာပြီး sentencesတွေဖန်တီးခြင်းအားဖြင့် vocab လဲကြွယ်လာသလို tenses တွေလဲ သုံးရင်းနဲ့ရင်းနှီးပြီး တိုးတက်လာပါလိမ့်မယ် 📌📌📌

YouTube ကတော့ လေ့လာလို့အကောင်းဆုံး platform လို့အကြံပေးချင်တယ်ဗျ daily routine လို့ရိုက်ရှာပြီး ဘယ်လိုပြောတယ် ဘယ်လိုသုံးတယ်ကစလို့ လေ့လာလိုက်ကြပါစို
🏃🏃

20/01/2024

စိတ်ကိုအလိုလိုက်ခြင်း
လူတစ်ဦးရဲ့ ခေါင်းထဲက အတွေးစိတ်က အရာအများကြီးကို ဖြစ်ပျက်စေတယ် 🤏

စိတ်ကိုအလိုလိုက်ခြင်းကနေ အမှားတွေကို ပြုလုပ်တတ်ကြတယ် 🤡🤡

စိတ်ကို ထိန်းချုပ်သင့်တဲ့နေရာမှာ ထိန်းချုပ်ထားဖို့လိုပါတယ် မိတ်ဆွေတို့ စိတ်ရဲ့အလိုအတိုင်းနေထိုင်တာက လွတ်လပ်တယ်ဆိုပေမဲ့ အဆိုးအကောင်း အကျိုးအကြောင်းတွေးပြီး ဆင်ခြင်မှသာ အောင်မြင်ခြင်းကိုရရှိမှာပါ 📌📌📌

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာဆိုသလိုပဲ စိတ်ရဲ့အလိုကိုမလိုက်ပဲ ‌အခြေအနေကိုလိုက်ပြီး ကိုယ့်ဘ၀တိုးတက်ရေးလမ်းကြောင်းတွေကို ရှာဖွေနိုင်ကြပါစေ 🙏🙏

19/01/2024

သင့်အနေနဲ့စိတ်ပင်ပန်းမှုတွေများနေပါသလား???

‌ကျွန်တော့အနေနဲ့ စိတ်ပင်ပန်းရင် ဘယ်လိုဖြေဖျောက်လဲဆိုတာကို မျှဝေပေးသွားပါမယ် 💁💁

ပထမအချက်ကတော့ လူတိုင်းသိတဲ့တရားထိုင်ခြင်းပါပဲ 🧘🧘

တရားထိုင်တဲ့အချိန်မှာ တစ်ခုခုကိုအာရုံစူးစိုက်ပြီး စိတ်ကိုငြိမ်အောင် လုပ်တာက ခေါင်းကြည်စေပါတယ်(၀င်လေထွက်လေမှတ်ခြင်း) ☝️☝️

ပြီးတော့ တရားထိုင်ရင် ခန္ဓာကိုယ်ကို သက်သောင့်သက်သာထိုင်တာက အသင့်လျော်ဆုံးပါပဲ(ခန္ဓာမတ်"ကြီးနေမယ့်အစား)✌️✌️

ဒုတိယအချက်ကတော့ အိပ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ချောက်ထဲကို အရှိန်နဲ့ပြုတ်ကျတယ်ဆိုပြီးတွေးပြီး လွင့်မျောကြည့်လိုက်ပါ ခန္ဓာကိုယ်တစ်ခုလုံးရဲ့အကြော‌တွေကို စိတ်နဲ့တခုချင်းဖြေလျော့ကြည့်ပါ စစလုပ်ချင်းတော့ မလွယ်ပေမဲ့နောက်တဖြည်း" အဆင်ပြေလာပါလိမ့်မယ် 🧖🧖

အဲ့လိုလုပ်ခြင်းဖြင့်မနက်နိုးလာတဲ့အချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးနေပြီး နေ့တစ်နေ့ကို ကြည်"လင်"နဲ့ဖြတ်သန်းနိုင်ပါလိမ့်မယ် 📌📌

19/01/2024

သင့်ဟာတစ်နေ့တာရဲ့အချိန်တွေကို အကျိုးမဲ့ဖြုန်းလိုက်မိတာကို သတိထားမိလား???

သတိမထားမိဘူးဆိုရင်တော့ ကျွန်တော်‌ပြောမယ့်အချက်လေးတွေကို လိုက်လုပ်ကြည့်လိုက်ပါ 💁💁

အများကြီးမဟုတ်ပါဘူး ညဘက်အိပ်ခါနီးအချိန်လေးပဲ တစ်နေ့တာလုံးရဲ့ လှုပ်ရှားမှုတွေကို ပြန်တွေးရုံပဲ 🧘🧘

အဲ့လိုလုပ်ချင်းကနေ သတိထားပြီး အချိန်ကိုတန်ဖိုးရှိ"သုံးမယ်ဆို သင်ဟာတစ်နေ့ထက်တစ်နေ့ပိုပြီး တိုးတက်လာမှာပါ 📌📌📌

အချိန်ကပြန်လည်ပြီး ၀ယ်ယူလို့ မရတဲ့အရာမို့လို့ သင်ရဲ့နေ့ရက်တွေကို တန်ဖိုးရှိ"ဖြတ်သန်းလိုက်ပါ မိတ်ဆွေ 🫵🫵

17/01/2024

ဒီနေ့ညတော့ home workout နဲ့ ပတ်သက်တာလေးရယ် လေ့ကျင့်ခန်းနည်း" လုပ်ပြီး ငါတော့တော်"ဟုတ်နေပြီလို့ တွေးတဲ့စိတ်အကြောင်းကိုပြောမယ်ဗျ 🙋🙋

ကျွန်တော်တို့အနေနဲ့ အိမ်တွင်းလေ့ကျင်ခန်းလုပ်ပြီး သုံးလေးရက်လောက်နေတာနဲ့ မှန်ရှေ့မှာ six pack ထွက်ပြီလို့တွေးပြီး ပျော်နေတဲ့သူတွေရှိကြပါတယ်🥹🥹

တကယ်တော့ အဲ့လောက်လွယ်နေရင် လူတိုင်းကြည့်ကောင်းတဲ့ body structure ရနေကြပါပြီ🤏

နေ့စဉ်အချိန်ဇယားလေးချပြီး လနဲ့ချီ နှစ်နဲ့ချီ အမြဲမပျက်လေ့ကျင့်ခန်းလုပ်နေမှသာ မိမိုက်တဲ့ body ကိုထိန်းထားနိုင်မှာပဲဖြစ်ပါတယ်📌📌📌

ဒါကြောင့်သင်တို့လဲမိမိုက်တဲ့bodyနဲ့နေရတဲ့ feeling ကိုအမြဲခံစားချင်ရင် အမြဲမပျက်လေ့ကျင့်ခန်းကို စနစ်တကျလုပ်ဖို့လိုပါတယ်‌နော် 😉😉

17/01/2024

သင့်အနေနဲ့ self-study လုပ်မယ်လို့တွေးပြီး လက်တွေ့လုပ်ဆောင်တော့ ဘယ်ကစလေ့လာရမှန်းမသိဖြစ်နေပါသလား???

ဘာကြောင့်လဲရောအဖြေရှာလို့မရဘူးလား???

အဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်နဲ့အတွေ့အကြုံကို share ပေးသွားမယ်‌ဗျ🙋

ကျွန်တော်ကတော့ Englishကိုပဲနမူနာယူပြီးပြောမယ်ဗျ💁

စာလေ့လာတော့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ စာအုပ်ကိုင်လိုက်ပြီဆိုတာနဲ့ကို ပျင်းရိစိတ်ဖြစ်ပေါ်တာပဲ🥲🥲

များသောအားဖြင့်ကျက်ဖို့ပဲတွေးနေကြတာ🫠

ကျက်ဖို့မလိုဘူးလို့ပြောတာမဟုတ်ပါဘူး ဒါပေမဲ့ ကျက်တာထက် မှတ်တာနဲ့ ထပ်တလဲ" စာဖတ်ချင်းက အကျိုးပိုရှိပါတယ်📌📌📌

ကျွန်တော်ကတော့ manga,manhwa,comic နဲ့ Youtube vlog တွေကနေ လေ့လာလေ့ရှိပါတယ်🧐🧐

အင်တာနက်ခေတ်ကြီးမှာ လေ့လာစရာ website တွေကအများကြီးပါပဲ🕵️🕵️

လေ့လာချင်တဲ့စိတ်ရှိဖို့လဲလိုသလို လိုက်လုပ်ချင်တဲ့စိတ်လည်းရှိဖို့လိုပါတယ် 🏃🏃

စိတ်ထဲမှာပဲ ‌လေ့လာမယ်တွေးပြီး လက်တွေ့မှာ မလုပ်ဆောင်ရင် အချည်းနှီးပါပဲ📌📌📌

15/01/2024

လူငယ်အများစုက ရှက်တတ်လာကြတယ်ဗျ🙎

ဘာကိုရှက်တတ်လာကြတာလဲ???

စီးပွားရေးတစ်ခုလုပ်ဖို့ ပညာရပ်တစ်ခုလေ့လာဖို့ မေးမြန်းစူးစမ်းဖို့ ရှက်တတ်လာကြတာပါ🤏

‌ကိုယ်ကအကုန်လုံးတတ်နေသလို ပုံစံမျိုးဖမ်းပြီး နေထိုင်ရတာကိုနှစ်သက်လာကြတယ် မသိဘူးဆိုတာကို မပြောချင်ကြဘူး ရှက်ကြတယ် 💁💁

Public area မှာဈေးရောင်းဖို့ရှက်ကြတယ် 🤷🤷

တကယ်တော့ အဲ့အရာတွေက ရှက်စရာကိစ္စ တစ်ခုမှမဟုတ်ပါဘူး 🙅🙅

သမာအာဇီ၀နည်းလမ်းနဲ့ ပိုက်ဆံရှာဖွေချင်းဖြစ်ပြီး မသိတာကို ၀န်ခံပြီး သိအောင်လေ့လာလိုက်ခြင်းက သင့်ကိုပိုပြီး အကျိုးရှိစေမှာပါ 📌📌📌

15/01/2024

Hello Buddy!
Welcome to Chest Day⏰

ဒီနေ့ Gym မှာ Chest အတွက် ရှယ်ပြုတ်မယ့် bro
တို့အတွက် Chest နဲ့ပတ်သက်တဲ့ ကစားနည်းလေးတွေကို ကူးယူမျှဝေပေးလိုက်ပါတယ် ခင်ဗျာ

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
Dumbball Flyes 3 × 10-12
Narrow Dumball Press 3 × 10-12
Alternating Chest Press 3 × 16-20
Incline Chest Press 3 × 15
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

အားလုံး Focus အပြည့်ထည့်ပီး Muscle ကို Damage 🚨 ပေးနိုင်ကြပါစေဗျာ

📸
ရှယ်ဖြုတ်!🏋️‍♀️🏋

14/01/2024

လက်ရှိ‌ခေတ်ရေစီးကြောင်းအရ ကျွန်တော်တို့တွေရဲ့ အချိန်တွေက အလုပ်ထဲမှာပဲ ကုန်ဆုံးနေကြရတယ်

လုပ်ငန်းခွင်ဖိအားတွေကြားထဲ လစာကောင်းဖို့နဲ့ ရာထူးတိုးဖို့ပဲ ရုန်းကန်နေကြရတယ်

ခေတ်ကိုက ဝင်ငွေထက် ထွက်ငွေက ပိုများစေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် သောကများစေတယ်

အဲ့လိုနဲ့ မွန်းကြပ်မှုတွေနဲ့ ဘ၀ကြီးကို ကုန်ဆုံးသွားတော့မှာလား???

ကျွန်တော်ကတော့ ကျွန်တော့မွန်းကြပ်မှုတွေ ဖိအားတွေကို တစ်နေ့တာလေ့ကျင့်ခန်းလုပ်ရင်း ကျော်ဖြတ်‌တယ်

ကျန်းမာရေးလည်းကောင်းစေပြီး ခန္ဓာကိုယ်ကိုလည်း ပိုပြီးစတိုင်ကျ"ပုံပေါ်လာစေတာမို့ ယုံကြည်မှုပိုတိုးလာပြီး စိတ်ကိုလန်းဆန်းစေတယ်

ဒါကြောင့် သူငယ်ချင်းတို့ကိုလည်း နေ့စဉ် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သပ်"ဖယ်ပြီး မွန်းကြပ်မှုတွေကို လျော့ချဖို့ တိုက်တွန်းပါရစေ...

Want your business to be the top-listed Gym/sports Facility in Insein?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Bayint Naung Road
Insein
11011

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00