Tottenham Tactical View MM

Tottenham Tactical View MM

Share

Independent Tottenham Tactical Analyst & Football Enthusiast

20/08/2026

🚨 Update News 🗞️

▫️ Galatasaray အနေနဲ့ Tottenham ရဲ့ Box to Box Midfielder တစ်ဦးဖြစ်တဲ့ Sarr ကိုခေါ်ယူဖို့ပထမအကြိမ် £15M နဲ့ Offer လုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် Tottenham ဘက်က Reject လုပ်ခဲ့ပြီး £21M အလိုရှိတယ်လို့တောင်းဆိုထားပါတယ်။ Sarr အနေနဲ့ Tottenham နဲ့ 2030 အထိ 4 နှစ် Contract ကျန်ရှိနေပြီး Market Value က £25.8M ရှိပါတယ်။ ဒီရာသီမှာအသင်းရဲ့ Academy Players တွေ၊ Youths တွေနဲ့ Backup Players တွေကိုဈေးရအောင်ရောင်းနိုင်ခဲ့လို့သဘောကျပေမယ့် Senior Players တွေကိုရောင်းချရာမှာအခုအထိလိုအပ်ချက်အများကြီးရှိနေသေးတယ်လို့ဆိုရပါတယ်။ Contract အသာစီး၊ အသက်အရွယ်ငယ်သေးတဲ့ Midfielder တစ်ဦးကို £45M - £50M အထိ‌ Price Tag လုပ်သင့်တာ၊ လုပ်လို့ရတာကိုကနဦး Rumors 🗞️ အရက £21M အထိပဲတောင်းထားတယ်ဆိုတာကတကယ်လက်မခံနိုင်စရာပါ။

▫️Tier 2 Level တွေမှာ Tottenham အနေနဲ့ Savinho နဲ့ Marmoush နှစ်ယောက်လုံးအတွက်သဘောတူညီမှုရခဲ့ပြီလို့လည်းဖော်ပြမှုတွေရှိပါတယ်။ Savinho အတွက် £80M + £4.8M Add-Ons ဖြစ်ပြီး Marmoush အတွက် £43M နဲ့ Total Package £128M ( € အရ €150M ) နဲ့လို့သိရပါတယ်။ Details ကျကျစဉ်းစားကြည့်ရင်တော့ Marmoush ကိုအဲ့ဈေးနဲ့ရတာကတကယ်တန်တယ်လို့သတ်မှတ်လို့ရပြီး Savinho သာအခုထွက်နေတဲ့သတင်း 🗞️ အတိုင်းတကယ်မှန်နေရင်လုံး၀ကိုမတန်တဲ့ Transfer တစ်ခုဖြစ်သွားမှာအသေအချာပါပဲ။

20/08/2026

£150M အသုံးပြုမှုကဘယ်လိုဖြစ်နိုင်လဲ ... 💰💱

▫️ Savinho + Marmoush ကို Total £150M Package နဲ့ခေါ်ယူဖို့ဆွေးနွေးတယ် ... ဆွေးနွေးတာလည်းအတော်အဆင်ပြေပြီးအပြုသဘောဆောင်နေတယ်ဆိုတော့တစ်ခုစဉ်းစားမိတာက Man City က Players 2 ယောက်လုံးကို Transfer Market တစ်ခုအတွင်းမှာ၊ အထူးသဖြင့် EPL စတော့မယ့်အချိန်၊ Transfer Market ပိတ်ဖို့ 12 ရက်ပဲလိုတဲ့အချိန်မှာလက်လွတ်ပေးမလား၊ ရောင်းချပါ့မလားဆိုတဲ့မေးခွန်းမေးစရာရှိလာတယ်။ ဒီနေရာမှာကိုယ်တွေအသင်း Tottenham ဘက်ကအားသာချက်ကိုရှာကြည့်ရင် Leverage တစ်ခုတော့ရှိတယ်။ Leverage ဆိုတာ Transfer Case တွေမှာ Players တွေကကိုယ့်အသင်းပဲပြောင်းချင်တာ ( သို့ ) လက်ရှိအသင်းကနေထွက်ကိုထွက်ချင်နေတာမျိုးဆိုတဲ့အားသာချက်မျိုးကိုခေါ်တာပါ ( မသိသူတွေအတွက်ပါ ) ... Savinho ကကိုယ်တွေ Tottenham မှ Tottenham လာချင်တဲ့ဆန္ဒရှိသလို၊ Marmoush ကလည်းကစားအချိန်နည်းလို့နေရာရမယ့်၊ ကစားခွင့်အချိန်ပိုရမယ့်အသင်းကိုပြောင်းကိုပြောင်းချင်တဲ့ဆန္ဒဖြစ်နေတယ်။ ဒီအားသာချက်တစ်ခုတော့ရှိတယ်။

▫️ Marmoush က 3 နှစ် Contract ပဲကျန်တဲ့အပြင် Man City ဘက်ကလည်း Haaland ထက်ကျော်ပြီးနေရာနဲ့ကစားခွင့်ပိုပေးနိုင်မယ်ဆိုတဲ့ Guarantee မပေးနိုင်ဘူး။ Marmoush အတွက်က £55M ကစပြီး Offer ခဲ့ရင်သူတို့ဘက်ကစားပွဲတင်ဆွေးနွေးဖို့ရှိတယ်။ အဲ့တော့လက်ကျန် Contract ကိုထည့်ပေါင်းအုံး ... £70M ကသူတို့ဈေးအမြင့်ဆုံးတောင်းဆိုနိုင်တဲ့ပမာဏပဲမလို့ Marmoush ကိုရကောင်းရနိုင်တယ်။ ပြဿနာက Savinho ... Player ကိုယ်တိုင်ကကိုယ့်အသင်းတော့ပြောင်းချင်တဲ့ပြင်းပြတဲ့ဆန္ဒရှိတယ် ... အသင်းဘက်ကရောင်းဖို့တွန့်ဆုတ်နေတယ်။ Man City ရဲ့ BoD အတွင်းပိုင်းကတစ်ယောက်က Savinho ကိုရောင်းချချင်တဲ့ဆန္ဒမရှိဘူး။ ဒါကနဦးကြားရတဲ့ Rumor ... အဲ့မရောင်းစေချင်တဲ့ပုဂ္ဂိုလ်ကလည်း Permission တစ်ခုရှိနေတဲ့သူ၊ CEO ( သို့ ) Owner ကိုယ်တိုင်ဖြစ်နေနိုင်တယ်လို့ဖော်ပြမှုတွေရှိတယ်။

▫️ ဒါကို Maresca ရဲ့ Interview 🎙️ မှာသိသိသာသာမြင်တွေ့နိုင်တယ်။ Maresca က 🗣️ အသင်းကနေ ထွက်ခွာဖို့ စိတ်ဆုံးဖြတ်ပြီးသား Players တွေကို အသင်းမှာ ဆက်နေဖို့ စည်းရုံးဆွဲဆောင်ဖို့ဆိုတာ နည်းနည်း ခက်ခဲပါတယ်။ Tijjani Reijnders ရဲ့ အခြေအနေ၊ James Trafford ရဲ့ အခြေအနေနဲ့ တခြား Players အချို့ရဲ့ အခြေအနေတွေလိုပေါ့။ အသင်း၊ Players နဲ့ နည်းပြ သုံးဦးလုံးက အမြင်တူညီကြပြီး Players တချို့အတွက် ထွက်ခွာတာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ထင်မြင်လာကြတဲ့အခါ ခင်ဗျားအနေနဲ့ ထွက်ခွာခွင့် ပေးရမှာပါပဲ ... လို့ပြောခဲ့တယ်။ ဒါ့ကြောင့်တကယ်သာညှိနှိုင်းပြီးဆွေးနွေးနေတယ်ဆိုရင် Savinho ထက်တောင် Marmoush ကအရင်ရောက်လာနိုင်ပါတယ်။ အခုထွက်နေတဲ့သတင်းအရလည်း £150M ဆိုတာကိုတွက်ကြည့်ရင် Marmoush ကို £65M နဲ့ Savinho က £85M ဖြစ်နိုင်နေပါတယ်။

▫️ နည်းပြ De Zerbi ရဲ့ POV ဘက်ကကြည့်ရင် Marmoush ရဲ့ကစားပုံ၊ Tactical Adoption ဖြစ်မှုနဲ့ Versatility ဖြစ်မှုတွေကတော့နည်းပြ De Zerbi ရဲ့လိုအပ်တဲ့ Profile နဲ့ 80% Chemistry ဖြစ်ပါတယ်။ Savinho ကို RW Position အတွက်ပဲ Analyst ရရင်လည်းနည်းပြ De Zerbi ရဲ့ System နဲ့ Chemistry မိပါတယ်။ LW မှာထားကစားရင်သာအနည်းငယ်ချို့ယွင်းချက်ထောက်ပြစရာရှိမှာပါ။ အခုက Advanced Talking ဖြစ်နေပြီဆိုတော့ Details Analysis တော့မလုပ်သေးပဲအသင်းဆီ Official ရောက်လာပြီဆိုမှဘယ်အချက်တွေအံ၀င်မလဲတင်ပေးပါမယ်ဗျာ ... 💪🏼 အဲ့တော့ £150M အသုံးပြုမယ့် Idea ကမှန်ရဲ့လား၊ သင့်ရဲ့လားဆိုတာတော့ဆက်လက်စောင့်ကြည့်ကြတာပေါ့။

19/08/2026

LW Position အတွက်ကျွန်တော်တစ်ဦးတည်းရဲ့ Alternative Solution ⚡🇸🇳

▫️ Tottenham အနေနဲ့ Cody Gakpo လို Target ကို EPL Adoption ဖြစ်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ Priority အနေနဲ့သတ်မှတ်ပြီးခေါ်ယူနေပေမယ့် Substitute မလုပ်နိုင်သ၍မရောင်းချသေးတာမို့ခေါ်ယူဖို့အခက်အခဲရှိနေတဲ့အချိန်မှာကျွန်တော့်အနေနဲ့ Everton ရဲ့ အသက် ၂၆ နှစ်အရွယ် Senegal 🇸🇳 ကြယ်ပွင့် Iliman Ndiaye ဟာ LW နေရာအတွက် အလွန်စိတ်ဝင်စားစရာကောင်းတဲ့ Alternative Solution တစ်ခုလို့ Personally အရမြင်မိတယ်။ ပြီးတော့ကျွန်တော့်အနေနဲ့ LW Position မှာ Wide Forward ကိုခေါ်တာထပ်အခုလို Winger စင်စစ်ဖြစ်တဲ့ Ndiaye ကိုပိုခေါ်ယူစေချင်မိတဲ့ဆန္ဒဖြစ်မိတာတော့အမှန်ပါပဲ။ Ndiaye ရဲ့ ပင်ကိုယ် အဓိက အားသာချက်ကိုကြည့်ရင် Tight Spaces တွေမှာ Close Control ကောင်းကောင်းနဲ့ပြိုင်ဘက် CBs တွေကို တစ်ယောက်ချင်း ကျော်လွှားနိုင်တဲ့ Elite Dribbling၊ Spatial Awareness ကောင်းတဲ့အပြင်ပြိုင်ဘက် CBs တွေကိုကျောပေးဘောလုံးလက်ခံပြီးပြန်လည်လှည့်ထွက်နိုင်တဲ့ Ball Carry တွေအထူးကောင်းမွန်တာကိုသတိထားမိတယ်။ ဒါ့အပြင် Ndiaye လို့ပြောတာနဲ့မပါမဖြစ်ထည့်ပြောရမှာကသူ့ရဲ့ Agility ပါပဲ။ သူ့ရဲ့ Agility နဲ့ Low Center of Gravity ကြောင့် ပြိုင်ဘက်ရဲ့ Between the Lines တွေမှာ ဘောလုံးလက်ခံပြီး ချက်ချင်း တိုက်စစ်အဟုန် မြှင့်တင်ပေးနိုင်သလို၊ ခံစစ်ဆင်းရာမှာလည်း Work-Rate မြင့်မားစွာနဲ့ Pressing လိုက်ပေးနိုင်တဲ့ Winger တစ်ဦး ဖြစ်ပါတယ်။

▫️ အဲ့တော့ကျွန်တော့်အနေနဲ့နည်းပြ De Zerbi ရဲ့ Bait the Press Tactics နဲ့ အဓိကချိန်ဆပြီး‌ကြည့်ရရင် Ndiaye ရဲ့ Dribbling နဲ့ Press-Resistance တွေဟာအလွန်အံဝင်ခွင်ကျဖြစ်‌စေမှာအသေအချာပါပဲ။ နည်းပြ De Zerbi ရဲ့ System မှာ Wingers တွေဟာဘောလုံးကို ခြေထဲမပြတ် Control ထားရပြီး‌တော့ ပြိုင်ဘက်ကို ဆွဲထုတ်ဖို့လိုတတ်တာကြောင့် Ndiaye လို 1v1 Isolation Situation တွေမှာ ပြိုင်ဘက် ခံစစ်မှူးတွေကို ကျော်ဖြတ်နိုင်စွမ်းရှိသူ‌အနေနဲ့ Phase 3 Final Third တိုက်စစ်အဆင့်မှာ အဓိက သေကွင်းသေကွက် ဖန်တီးပေးတဲ့ Primary Creator ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့လည်းလုံး၀ကောင်းကွက်ပဲရှိတာတော့မဟုတ်ပါဘူး။ သူ့မှာ စိုးရိမ်စရာ အားနည်းချက်တွေအနေနဲ့ EPL ရဲ့ Physicality ပိုင်းမှာ အနည်းငယ် အားနည်းတာ၊ High-Speed Counter-Attack တွေမှာ End Product လို့ခေါ်နိုင်တဲ့ Clinical Finishing မဖြစ်တာနဲ့ Final Pass Accurate ဖြစ်ရမယ့်အပိုင်းမှာ Inconsistency ဖြစ်တာတွေကို တွေ့ရပြီး ဒါတွေဟာနည်းပြ De Zerbi ရဲ့ တိုက်ရိုက် တိုက်စစ်ဆင်မှု Vertical Progression တွေမှာ အားနည်းချက် ဖြစ်သွားနိုင်ပါတယ်။

▫️ ဒါ့အပြင်နည်းပြ De Zerbi ရဲ့ 4-2-3-1 Formation ထဲမှာ Ndiaye အတွက် Tactical အရ Fit မဖြစ်နိုင်တဲ့ အချက်တစ်ခုကတော့ Ndiaye ဟာကွင်းရဲ့အနားသတ် Touch-Line မှာနေပြီး Flank တလျှောက် Position ယူကစားတာမျိုးထက်‌ဘောလုံးလက်ခံရရှိတိုင်းမှာ Cut Inside လုပ်ပြီး Half-Space ထဲမှာ ကစားရတာပိုသဘောကျနေတာကြောင့် LB ရဲ့ Overlapping Runs တွေနဲ့ Positions Changes အပိုင်းတွေမှာနားလည်မှုရှိရှိထိန်းညှိဖို့လိုအပ်‌နေပါလိမ့်မယ်။ သို့ပေမယ့်ဒါဟာအဓိကပြဿနာကြီးတစ်ခုတော့မဟုတ်ပဲ Training မှာသေချာ‌‌လေ့ကျင့်ရင်ရနိုင်တဲ့အချက်ပါ။ ဒါ့အပြင် Maddison လို Creativity မြင့်ပြီး Formation Fluidity ဖြစ်တဲ့သူနဲ့ Udogie လို Touch-Line တလျှောက်ကစားရတာကျွမ်းကျင်တဲ့ Traditional Wingback တို့ရဲ့ထောက်ပံ့မှုတွေ ရရှိမယ်ဆိုရင် Ndiaye ရဲ့ ကစားကွက် ဖန်တီးနိုင်စွမ်းဟာ ပိုမို တောက်ပလာနိုင်ပြီး Tottenham ရဲ့တိုက်စစ်အတွက်ထိရောက်မှုရှိတဲ့ အရံလက်နက်ဆန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ အချုပ်အားဖြင့် သုံးသပ်ရရင် Ndiaye ဟာ နာမည်ကြီး ကြယ်ပွင့်ကြီး မဟုတ်ပေမဲ့ နည်းပြ De Zerbi ရဲ့ နည်းဗျူဟာမြောက် ပုံသွင်းယူမှုအောက်မှာ အသင်းရဲ့ တိုက်စစ်ကို ကွဲပြားတဲ့ ရွေ့လျားမှုတွေ ပေးစွမ်းနိုင်မယ့် Tactical Option တစ်ခုဖြစ်နိုင်မယ်လို့ Personally အရထင်မိတယ်။ ဒါ့အပြင် Gakpo ကိုခေါ်ယူဖို့သုံးရမယ့် Price Tag ဟာ £70M ဖြစ်သလို Ndiaye ကိုလည်း £75M သတ်မှတ်ထားတာမို့အရမ်းတော့မကွာနေပါဘူး။

📌 အခု Analysis ဟာ Personally အရ Analyst တာဖြစ်ပြီးအမှားအယွင်းတွေ၊ လိုအပ်ချက်တွေနဲ့အံမ၀င်မှုတွေရှိနိုင်ပါတယ်။ ဒါ့အပြင်ကျွန်တော်အခုသုံးသပ်ခဲ့တာကနည်းပြ De Zerbi ရဲ့အသုံးများတဲ့ Tactics တွေဖြစ်တဲ့ Positional Play, Bait the Press နဲ့ High Pressing တို့အထဲမှာမှ Signature တစ်ခုဖြစ်တဲ့ Bait the Press or Bait & Switch တစ်ခုတည်းအပေါ်ပဲကျွန်တော်က Analyst ထားတာဖြစ်တာပါတယ်။ ဒါ့ကြောင့်တစ်စုံတစ်ရာအမှားအယွင်းပါရင်ဖြည့်စွက်ဖတ်ပေးဖို့ Request လုပ်ချင်ပါတယ်။

17/08/2026

🚨 Breaking News 🗞️

▫️ Savinho ရဲ့ Transfer ဟာဒီနေ့မှာပဲ Here We Go! ဆိုတာကြားရနိုင်ပါတယ်။ ရဲ့‌ Report အရ Savinho နဲ့ Tottenham ရဲ့ကာလကြာရှည် Transfer ကိစ္စဟာအားလုံးသဘောတူပြီးစီးခဲ့ပြီလို့သိရပြီးတော့ £65M လို့ဖော်ပြထားပါတယ်။ ယနေ့မှာပဲသက်ဆိုင်ရာ Documentary 📃 တွေကိုတင်ပြပြင်ဆင်တော့မှာဖြစ်ပြီးလက်မှတ်ရေးထိုးသွားမှာဖြစ်တယ်လို့ရေးသားထားပါတယ်။ Savinho နဲ့ 2031 အထိရှိမယ့် 5 နှစ် Contract နဲ့သဘောတူညီမှုရရှိထားပြီး 1 Year Extended Option လည်းပါ၀င်ပါတယ်။

▫️ Liverpool အနေနဲ့ PSG ရဲ့ RW Player ဖြစ်တဲ့ Mbaye ရဲ့ Personal Terms Agreement ရယူနိုင်ခဲ့ပြီလို့ဖော်ပြထားပါတယ်။ Clubs အသင်းအကြားမှာပြောင်းရွှေ့‌ကြေးကိစ္စကိုပဲထပ်မံညှိနှိုင်းဖို့ကျန်ရှိတော့တယ်လို့သိရပါတယ်။ ဒါ့ကြောင့်မို့ Gakpo ကို‌လက်လွတ်ပေးတော့မယ့်ညှိနှိုင်းဆွေးနွေးမှုဟာလည်းမကြာခင်မှာဖြစ်လာတော့မှာဖြစ်ပါတယ်။

17/08/2026

Tottenham သတင်းများ 🗞️

▫️ SZY ရဲ့ Report အရ Tottenham ဟာ Richarlison အတွက် Everton ရဲ့ Offer တစ်ခုကိုပယ်ချလိုက်တယ်လို့သိရပါတယ်။ အဓိကအကြောင်းကတော့ Tottenham အနေနဲ့ Richarlison အပေါ်သတ်မှတ်ထားတဲ့ Price Tag ထက်အရမ်းလျော့နည်းနေလို့ဆိုပြီးသိရပါတယ်။ ကနဦးသိရှိရတာက Everton ဘက်က Loan + Option to Buy နဲ့ Offer လုပ်ခဲ့တာလို့လည်းသိရပါတယ်။ Richarlison ဘက်ကတော့အသင်းအဟောင်း Everton ဆီပြောင်းရွေ့ဖို့လမ်းဖွင့်ထားပြီး Tottenham က £30M အလိုရှိတယ်လို့သိရပါတယ်။

▫️ #𝗙𝗮𝗯𝗿𝗶𝘇𝗶𝗼𝗥𝗼𝗺𝗮𝗻𝗼 ရဲ့ Report အရ Tottenham ဟာ Transfer Market မပိတ်ခင် Gakpo, Savinho အပြင် CF တစ်ဦးပါထပ်မံခေါ်ယူသွားမှာလို့ဖော်ပြထားပါတယ်။ သို့ပေမယ့် Striker စင်စစ်မဟုတ်ပဲ CF အသွင်ကစားနိုင်တဲ့တိုက်စစ်မှုးမျိုးလို့ပဲဖော်ပြထားတာကြောင့် Osimhen လိုမျိုး Striker စင်စစ်‌တွေမဟုတ်တာသေချာသွားပါပြီ။ လက်ရှိအချိန်မှာဖြစ်နိုင်ချေအရှိဆုံးက Balogun ဖြစ်နေပါတယ်။
( မသိသူတွေအတွက်ဖြည့်ပြောရရင် Striker နဲ့ CF ဆိုတာအခေါ်အဝေါ်အရသာတိုက်စစ်မှူးလို့ထင်ရပေမယ့်တကယ်တန်းကစားပုံမတူညီကြပါဘူး ... အခုက CF လို့ရေးသားဖော်ပြထားတာပါ )

▫️ Tottenham ရဲ့ Box to Box Player တစ်ဦးဖြစ်တဲ့ Sarr ကို Al Hilal ကအဓိကခေါ်ယူဖို့ပြင်ဆင်နေပြီး Aston Villa နဲ့ Brentford တို့ကလည်းခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။

▫️ Bergvall ဟာလည်း Newcastle ရဲ့ Shortlist ထဲပါ၀င်နေတဲ့အပြင် Nottingham အနေနဲ့ Man City ရဲ့ Reijnders ကို‌မခေါ်ယူနိုင်ခဲ့တဲ့အတွက် Bergvall ကိုပြန်လည်ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ Tottenham ဘက်ကတော့ £55M သတ်မှတ်ထားပါတယ်။

▫️ Galatasaray အနေနဲ့ Martinelli ကိုခေါ်ယူမှု‌အဆင်မပြေခဲ့ရင် Tel ကိုခေါ်ယူဖို့စီစဥ်ထားပြီး £2.5M Loan + Option to Buy £21M နဲ့ Offer လုပ်ဖို့ပြင်ဆင်ထားတယ်လို့ Tier 2 သတင်းဌာနတွေကဖော်ပြထားပါတယ်။

14/08/2026

Gakpo ရဲ့အခြေအနေ ... 🗞️

▫️ SZY ရဲ့ Report အရ Gakpo ဟာ Tottenham ဘက်က Personal Contract မှာပါ၀င်တဲ့ Offer တွေကိုသဘောကျပြီး Green Light ပြထားတယ်လို့ဆိုပါတယ်။ Personal Terms Agreement ရတယ်လို့တော့မပြောထားပဲ Personal Agreement ရယူဖို့ကလုံး၀ခက်ခဲတော့မှာမဟုတ်ဘူးလို့ရေးသားထားပါတယ်။ Liverpool ဘက်က £70M ဈေးသတ်မှတ်ထားတယ်လို့ဖော်ပြထားပါတယ်။

▫️ ဒါပေမယ့် Tottenham ဘက်က £70M နဲ့ Offer ခဲ့ရင်တောင် Liverpool ဘက်က Winger တစ်ယောက်ကိုခေါ်ယူနိုင်ဖို့သေချာပြီဆိုမှလက်လွတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့်အဆိုပါခေါ်ယူမှုဟာလည်းလာမယ့်အပတ်မှာဖြစ်လာတော့မှာမို့ Gakpo ကိုကမ်းလှမ်းမှုဟာလည်းလာမယ့်အပတ်မှာဖြစ်လာနိုင်တယ်လို့ဖော်ပြထားပါတယ်။ Liverpool ‌အနေနဲ့ PSG ရဲ့ RW ဖြစ်သူ Mbaye နဲ့ LW ဖြစ်သူ Barcola တို့ 2 ဦးလုံးကိုစိတ်၀င်စားပြီးလာမယ့်အပတ်မှာခေါ်ယူဖို့စတင်ဆွေးနွေးမယ်လို့သတင်းထွက်နေပါတယ်။

13/08/2026

Source ပြောတဲ့ Savinho အတွက်အာမခံချက်

▫️ Report တစ်ခုမှာ Tottenham အနေနဲ့ Wingers 2 ဦးခေါ်မယ်ဆိုပေမယ့် Savinho အနေနဲ့ပွဲထွက်ခွင့်မရမှာစိတ်ပူနေတာမျိုးမရှိပဲ Tottenham ဆီပဲပြောင်းရွေ့ချင်နေတယ်ဆိုတာနည်းပြ De Zerbi အနေနဲ့ Kudus သာ Fitness Recovery ဖြစ်လာခဲ့ရင်ပိုပြီး Flexible ဖြစ်မယ်လို့ယူဆတဲ့ AM မှာထားဆော့မှာဖြစ်ပြီး Savinho ကို RW နဲ့ LW မှာ Gakpo (or) ထပ်ခေါ်ယူမယ့် Winger ကိုနေရာချခင်းကျင်းသွားမှာဖြစ်တယ်လို့ဖော်ပြထားတယ်။

▫️ ဒါ့ကြောင့် Kulusveski က Recovery ဖြစ်ခါစမို့ Savinho ဟာလက်ရှိရာသီတော့ RW မှာဖိအားတွေမရှိပဲဆော့ကစားနိုင်မှာတော့အသေအချာပါပဲ။ SZY ရဲ့ Report မှာ Savinho အတွက် £70M နဲ့သဘောတူညီမှာဖြစ်တယ်လို့ရေးထားတော့ရုတ်တရက်ကြည့်ရင် £70M ဆိုတာများတယ်ဆိုပေမယ့်သူကျွမ်းကျင်တဲ့ RW မှာသာတကယ်ခင်းကျင်းမယ်ဆိုရင် Girona မှာခြေစွမ်းပြခဲ့တဲ့ Savinho ကိုပြန်မြင်ရနိုင်တာမို့လက်ခံလို့ရတယ်ဆိုတဲ့စိတ်လုံခြုံမှုမျိုးရနိုင်ပါတယ်။

▫️ ဒါပေမယ့်ကျွန်တော့် Content ကိုဖတ်လာသူတိုင်းကျွန်တော့်အကြောင်းသိတယ်‌ဆိုသလို ... AM စစ်စစ်မဟုတ်သူကို AM မှာနေရာချမှာမျိုးကိုလည်းကျွန်တော်ကမကြိုက်ပြန်ဘူး။ Maddison အနေနဲ့ Instagram မှာသူ့အနေနဲ့ဘာ Injury မှမဖြစ်ဘူးလို့ရေးလာတာမို့ AM စစ်စစ်ရှိရင်တော့ AM စစ်စစ်ကိုပဲနေရာပေးစေချင်မိတယ်။ တကယ်လို့ Maddison က Full-Time မကစားပေးနိုင်ရင်တောင် Donley (or) Williams-Bernet ကိုနေရာပေးပြီးစင်တင်တာကိုပိုဖြစ်စေချင်မိတဲ့စိတ်ကြောင့်လည်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် Kudus ဟာ RW စစ်စစ်ဆိုသော်ငြားလည်း Advanced Winger Type မျိုးဖြစ်တာမို့ AM မှာကစားလည်း Creativity အပိုင်းတော့လျော့မှာမဟုတ်ပြန်ဘူး။

📌 ဆိုတာလည်းကိုယ်တွေရဲ့ Tier1 ဖြစ်နေတော့ဒီသတင်း 🗞️ ကမှားတယ်မဖြစ်နိုင်ဘူး၊ နည်းပြရဲ့အကြံအတွေးသူသိတာမှမဟုတ်တာလို့ငြင်းမရပြန်ဘူး။ တကယ်ဟုတ်ခဲ့ရင်တော့ကျွန်တော့်အနေနဲ့ 50\50 ကြိုက်နှစ်သက်လက်ခံမိမှာလို့၀န်ခံပါတယ်။ တကယ်ဟုတ်မဟုတ်မသေချာသေးတာမို့ Analysis ‌သေသေချာချာမရေးသေးပါဘူး။ သေချာတာက‌တော့ ဒီလိုသာပွဲထုတ်ခဲ့ရင် Kudus က Hybrid 10 ပုံစံမျိုးနဲ့ Second Striker ပုံစံမျိုးကိုပေါင်းပြီးတာ၀န်ယူရမှာမို့ Attacking အပိုင်းမှာ Directness နဲ့ Dynamism ကိုအမြင့်ဆုံးမြင့်တင်ပေးလိုက်သလိုတော့ဖြစ်သွားနိုင်မှာအသေအချာပါပဲ။

13/08/2026

RB အတွက် Backup Option ... 💬

▫️ Spence ကိုရောင်းချအပြီးမှာ Tottenham ရဲ့တာ၀န်ရှိသူတွေအနေနဲ့ Gray ဟာ RB အတွက်မသင့်တော်ကြောင်းဆုံးဖြတ်ခဲ့ပြီးနည်းပြ De Zerbi အတွက် RB တစ်ယောက်ပြန်ဖြည့်တင်းဖို့စီစဉ်ခဲ့ပြီး Tottenham အနေနဲ့ Crystal Palace အသင်းရဲ့အသက် 30 အရွယ်ရှိတဲ့ Wingback ဖြစ်သူ Muñoz ကိုခေါ်ယူဖို့စဉ်းစားနေတယ်လို့သိရပါတယ်။

▫️ Muñoz အနေနဲ့ Crystal Palace အသင်းနဲ့ 2028 အထိ 2 နှစ် Contract ကျန်ရှိနေသေးပြီး 1 Year Extended Option လည်းရှိနေပါသေးတယ်။ လက်ရှိ Market Value ကတော့ £19M ဖြစ်ပြီး ပြီးခဲ့သည့် ရာသီက Palace အတွက် ၄၆ ပွဲတွင် ၅ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးပေးခဲ့ပြီး Premier League ရဲ့အကောင်းဆုံး RB ထဲမှ တစ်ဦးအဖြစ် ခြေစွမ်းပြသထားပါတယ်။ Crystal Palace အသင်းကတော့ £25M ဈေးသတ်မှတ်ထားပြီး Man City, Everton နဲ့ Nottingham တို့ကလည်းခေါ်ယူဖို့စိတ်၀င်စားနေကြပါတယ်။

▫️ သတင်းနောက်တစ်ခုအနေနဲ့ SZY ရဲ့ဖော်ပြချက်အရ Tottenham နဲ့ Savinho ရဲ့ကာလကြာရှည်သတင်းထွက်နေမှုနဲ့ခေါ်ယူမှုတို့ဟာလာမယ့်အပတ်မှာအဆုံးသတ်ပြီဖြစ်ကြောင်းဖော်ပြထားပြီး £70M ပတ်၀န်းကျင်ရှိတဲ့ဈေးတန်းတစ်ခုနဲ့သဘောတူထားတယ်လို့လည်းသိရှိရပါတယ်။ Savinho ကိုယ်တိုင်လည်းယနေ့မနက်မှာတင် Instagram က Man City နဲ့ပက်သက်သမျှအရာအားလုံးကို Remove လုပ်ခဲ့ပြီဖြစ်ပါတယ်။

12/08/2026

တိုက်စစ်မှူးခေါ်ယူမှုအပေါ်ကျွန်တော့်အမြင် ... 💬

▫️ Social Media မှာသတင်းရှာဖွေမွေနှောက်ရင်း Solanke Minor Injury ရသွားတယ်ဆိုတဲ့ Rumors 🗞️ ကြားအပြီးမှာကျွန်တော့်အနေနဲ့စဉ်းစားမိတယ်။ လက်ရှိအသင်းရဲ့ Shortlists ကိုကြည့်ရရင် Balogun, Marmoush, Osimhen နဲ့ Mikautadze တို့ကိုတွေ့ရလိမ့်မယ်။ တိုက်စစ်အပိုင်းမှာ LW လုံး၀မရှိတဲ့အချိန်၊ LW အတွက်ငွေကိုသေချာစီစစ်အသုံးပြုသင့်တဲ့အချိန်မျိုးမှာ Striker အပိုင်းအတွက်ငွေကိုအလုံးအထည်နဲ့မသုံးသင့်ဘူးလို့မြင်တယ် ... ကျွန်တော့်အမြင်အရဖြစ်သင့်တာက Dortmund ရဲ့တိုက်စစ်မှူး Guirassy ကိုခေါ်ယူသင့်တယ်။ Target Man စစ်စစ်ဖြစ်တယ်၊ Injury Prone တာမျိုးမရှိဘူး၊ Target Man တစ်ယောက်ရဲ့ Abilities အကုန်ရှိတယ်။ အသက်အရွယ်ကိုကြည့်ရင် 30 ဆိုတာ Prime Time ဖြစ်တယ်၊ Target Man တစ်ယောက်ရဲ့ Prime Time ကိုကြည့်ရင် 28 to 32 လို့သတ်မှတ်လို့ရတယ်။ ဒီကာလ၊ ဒီအချိန်တွေဟာ Target Man တွေရဲ့ Milestone တွေကိုစိုက်ထူနိုင်တဲ့အချိန်တွေဆိုငြင်းနိုင်မယ်မထင်ဘူး။ Long Term မဖြစ်နိုင်ပေမယ့်နည်းပြ De Zerbi ရဲ့ Attacking Philosophy နဲ့နောက်ထပ် 2 နှစ်လောက်အတွင်း Short Term Project အတွက် Output ကောင်းကောင်းထုတ်ပေးဖို့လုံလောက်တဲ့ Quality ရှိတယ်။

▫️ Solanke ရဲ့ Injury အခြေအနေကတစ်ပတ်တစ်ပွဲပဲကစားရတဲ့အခြေအနေမျိုးမှာတောင်ဘယ်အချိန် Injury ရသွားမလဲဆိုတာရင်တမမနဲ့ကြည့်နေရတဲ့အခြေအနေ ... Solanke ကိုကြိုက်တဲ့သူဖြစ်စေ၊ မကြိုက်သူဖြစ်စေအခုအချိန်အထိသူ့ဆီကနေ Target Man ရဲ့ Identity မျိုးမခံစားရတာတော့ရှိကြမှာအမှန်ပဲ။ ဒီနေရာမှာ Guirassy ကချက်ချင်း Tactics ထဲထည့်၊ ချက်ချင်း Output ထုတ်ပေးနိုင်မယ့်အနေအထားမျိုးမှာရှိတယ်၊ Goals ⚽ ရဖို့၊ မရဖို့ဆိုတာထက် Target Man တစ်ယောက်ရဲ့ Abilities တွေနဲ့အသင်းရဲ့ Playstyle တစ်ခုကိုတော့ထုဆစ်နိုင်မှာအသေအချာပဲ။ Price Tag ကိုကြည့်ရင်လည်း Release Clause £35M ပါနေတယ် ... ဒီလောက်ပမာဏပဲရှိမယ်၊ ချက်ချင်းလည်း Output ထုတ်ပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ LW Position အတွက်ငွေကိုပိုပြီးသုံးခွင့်ရှိလာလိမ့်မယ်။

📌 Osimhen ဟာလည်း Target Man ဖြစ်သလို Price Tag အရလည်း £65M ... အသက်ကလည်း 27 မို့ငွေအနည်းငယ်ထပ်စိုက်ပြီး Osimhen ပဲခေါ်မှာပေါ့လို့ပြောစရာရှိတယ်။ ကျွန်တော့် Personal အမြင်အရဒီ Market မှာ Striker ထက် LW အတွက်ပိုပြီးငွေသုံးသင့်တယ်လို့ယူဆမိလို့ပါ။ ဒါ့အပြင်ချက်ချင်း Results ထွက်တာမျိုးလိုချင်တယ်ဆိုရင်ပွဲတိုင်းကစားနိုင်ဖို့အဓိကကျပါတယ် ... Injury Lists ကိုကြည့်ရင် Osimhen ကတစ်ရာသီမှာပျှမ်းမျှလွှဲချော်မှုဟာ 16 ပွဲရှိတယ်လို့ Stats တွေအရဖော်ပြထားတယ်။ သတိထားရမှာကသူဒီလိုလွှဲချော်ခဲ့မှုကပွဲကြပ်များတဲ့၊ Work Rate ပိုသုံးရတဲ့ EPL မဟုတ်နေပါဘူး။ ညီအကိုတို့အမြင်လည်း၀င်ရောက်ဆွေးနွေးခဲ့လို့ရပါတယ်။

11/08/2026

နည်းပြ De Zerbi ရဲ့ Sky Sport နဲ့ Interview 🎙️

🗣️ Transfer Market ထဲမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေ မပြီးသေးပါဘူး။ နောက်ထပ် ရောက်ရှိလာမယ့် Players တွေ ရောက်လာမှပဲ ကျွန်တော်တို့ စတင်မှာပါ။ မတူညီတဲ့ ရလဒ်ကောင်းတွေနဲ့အတူ နောက်ထပ် ရာသီသစ်တစ်ခုကို စတင်ဖို့ ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။
အသင်းဘက်ကလည်း အရမ်း အရေးပါတဲ့ Players တွေကို ခေါ်ယူ ပေးထားနိုင်ခဲ့တာ ကြောင့် တကယ်ကိုကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုတွေ မပြီးသေးဘူးလို့ ထင်ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ ငွေကြေး သုံးစွဲခဲ့ပေမဲ့ တခြား အသင်းတွေလည်း အတိတ်တုန်းက ဒီလို သို့မဟုတ် ဒီထက်မက သုံးစွဲခဲ့ကြတာပါပဲ။ Premier League မှာ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် ပထမဦးစွာ Players တွေရဲ့ အဆင့်အတန်းနဲ့ ရည်မှန်းချက်တွေ လိုအပ်သလို၊ ကျွန်တော် ပြောခဲ့သလိုပါပဲ အသင်းပိုင်ရှင်၊ ဘုတ်အဖွဲ့နဲ့ ကျွန်တော့်နောက်ကနေ ဆုံးဖြတ်ချက် ပေးနေသူတွေရဲ့ ရည်မှန်းချက်နဲ့ ထက်သန်မှုဟာလည်း အရမ်းကို အရေးပါပြီး မြင့်မားလှပါတယ်။ ဒါကြောင့် Premier League ရဲ့ ထိပ်ဆုံးနေရာတွေအတွက် ပြန်လည် ယှဉ်ပြိုင်နိုင်ဖို့ ပြီးခဲ့တဲ့ ရာသီကထက် ပိုမို တောင့်တင်းတဲ့ အသင်းကောင်းတစ်သင်း တည်ဆောက်နိုင်မယ့် အခြေအနေကောင်းတစ်ခုကို ကျွန်တော်တို့ ဖန်တီးယူရပါမယ်။

Want your business to be the top-listed Gym/sports Facility in Hlaing?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon
Hlaing
11041