OSC, Hakha Diocese

OSC, Hakha Diocese

Share

ဟားခါးကက်သလစ်သာသနာ့ လူထုဆက်သွယ်ရေးရုံး

Photos from OSC, Hakha Diocese's post 15/08/2026

ဟားခါးဇုံနယ်အဆင့်ဖြင့် Synodal Church အစည်းအဝေးကြီး ကျင်းပခြင်း ⛪🤝 💒
*******************************

15/8/2026
Hakha OSC

ဩဂုတ်လ (၁၅) ရက်နေ့၊ မယ်တော်သခင်မမိုးကောင်းကင်သို့ပင့်ဆောင်ခံရခြင်းပွဲနေ့တွင် ဟားခါးကက်သလစ်သာသနာတော်၊ ဟားခါးဇုံနယ်အဆင့်ဖြင့် Synodal Church Meeting ကို ဟားခါးမြို့၊ Pastoral Centre ခန်းမ၌ ကျင်းပခဲ့ပါသည်။

မနက် (၉) နာရီတွင် အစီအစဉ်ကို စတင်ခဲ့သည်။ Sign of the Cross ပြုလုပ်ပြီးနောက် ဧဝံဂေလိကျမ်းပုဒ်ကို ဟားခါးဘာသာနှင့်မြန်မာဘာသာဖြင့် ဖတ်ရှုကြားနာခဲ့ကြသည်။ (၂) မိနစ်ခန့် ဆိတ်ငြိမ်ခြင်းဖြင့် ထောက်ရှုပြီး ဆရာ တော်ကြီး Msgr. Lucius Hre Kung မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

🌀 ဆရာတော်ကြီး၏အမှာစကား

ဆရာတော်ကြီး၏အမှာစကားတွင် ကက်သလစ်သာသနာတော်သည် အတူ တကွခရီးသွားသူ၊ ကောင်းကင်ခရီးသည်များဖြစ်ကြောင်း၊ ပေါင်းစည်းခြင်း (Communion)၊ အားလုံးပါဝင်ခြင်း (Participation) နှင့် သာသနာပြုခြင်း (Mission) ဖြစ်ကြောင်းနှင့် ခေါင်း ဆောင်မှုပညာ (Leadership) အလွန်ကောင်းသော်လည်း ဝိညာဉ်တော်မပါလျှင် အပြင်လောက Organization အဖွဲ့အစည်းတစ်ခုကဲ့သို့သာဖြစ်ကြောင်း၊
သန့်ရှင်းသော ဝိညာဉ်တော်မပါသော စုဝေးခြင်းသည် ဧဝံဂေလိတရားမပါသော စုဝေးခြင်းသာဖြစ်ကြောင်း မှတ် ချက်ပြု ပြောကြားခဲ့ပါသည်။

🌀 Participants (ပါဝင်သူများ)

(၁) Pastoral Center
ဆရာတော်နှင့်ဘုန်းကြီး - (၅) ပါး
စစ္စတာရ် (စိန့်ထရေဇား) - (၁) ပါး

(၂) St. Joseph's Cathedral
ဘုန်းတော်ကြီး - (၁) ပါး
စစ္စတာရ် (စိန့်ဂျိုးဇက်) - (၂) ပါး
ဓမ္မဆရာ - (၁) ဦး
ဘာသာဝင် (ဖခင်၊မိခင်) - (၃) ဦး

(၃) St. Charbel's Parish
ဘုန်းတော်ကြီး - (၁) ပါး
စစ္စတာရ် (စိန့်ထရေဇား) - (၁) ပါး
ဓမ္မဆရာ - (၂) ဦး
ဘာသာဝင် (မိခင်၊ဖခင်) - (၃) ဦး

(၄) Sacred Heart's Parish (Cawbuk)
ဘုန်းတော်ကြီး - (၁) ပါး
စစ္စတာရ် (စိန့်ဂျိုးဇက်) - (၁) ပါး
ဓမ္မဆရာ - (၁) ဦး
ဘာသာဝင် (ဖခင်မိခင်) - (၂) ဦး

(၅) St.Paul's Parish (Chuncung)
ဘုန်းတော်ကြီး - (၁) ပါး
ဓမ္မဆရာ - (၁) ဦး
ဘာသာဝင် (မိခင်၊ဖခင်) - (၂) ဦး

(၆) St. John Paul II's Parish (KanGaw)
ဘုန်းတော်ကြီး - (၁) ပါး

(၇) Our Lady of Loudes' Parish (Sakta)
ဘုန်းတော်ကြီး - (၁) ပါး
စစ္စတာရ် (စိန့်ထရေဇား) - (၁) ပါး
ဓမ္မဆရာ - (၁) ဦး
ဘာသာဝင် (ဖခင်) - (၁) ဦး
လူငယ် - (၁) ဦး

(၈) Our Lady of the Rosary (Sukhua)
စစ္စတာရ် (စိန့်ထရေဇား) - (၁) ပါး
ဓမ္မဆရာ - (၁) ဦး

(၉) Tiphul
ဓမ္မဆရာ - (၁) ဦး
ဘာသာဝင် (ဂေါပက) - (၁) ဦး

Bishop & Priest: 11
St. Therese Sister: 4
St. Joseph Sister: 2
The Faithful : 22
Total : 39

🌀 Synodal Journey အကြောင်း Fr. Lucas မှ ဝေမျှခြင်း

ထို့နောက် ဘုန်းတော်ကြီး Rev. Fr. Lucas Tha Ling Sum မှ Synodal Journey အကြောင်းကို ပြန်လည်သုံးသပ်ပြီး တင်ပြပေးခဲ့ပါသည်။ ပထမဦးစွာ Synodal Church ၏ Logo အကြောင်းကို တက်ရောက်လာသူများအား (၂) ဦးစီ ဆွေးနွေးစေခဲ့ပြီး အားလုံးကိုယ်စား (၄) ဦးက ပြန်လည်တင်ပြခဲ့ကြသည်။ တင်ပြချက်တွင် ကလေး၊ လူငယ်၊ လူကြီး၊ အဖိုးအဖွား၊ နာမကျန်းသူများ၊ ဓမ္မဆရာ၊ သီလရှင်၊ ကိုရင်၊ ရဟန်း၊ ဆရာတော်၊ ရဟန်းမင်း ကြီး အားလုံးပါဝင်သော လူမျိုးမရွေး၊ သက်ငယ် သက်လတ် သက်ကြီးမရွေး သာသနာခရီးပြုခြင်း၊ ကောင်းကင်သို့ခရီးနှင်ခြင်းဖြစ်ပြီး ဝိညာဉ်တော်က နောက်မှ တွန်းပို့ပေးခြင်း၊ အရပ်မျက်နှာ တစ်ခုတည်းဘက်သာ အတူတကွခရီးနှင်ကြခြင်းဖြစ်ကြောင်း တွေ့ရှိချက်ကို ယခုကဲ့သို့ တင်ပြကြသည်။

(၁) Communion
ပေါင်းစည်းခြင်း (Communion) ဆိုသော စကားလုံးနှင့်ရှင်သန်ခြင်းအဓိပ္ပာယ်ကို ဆွေးနွေးရာတွင် မည်သူတစ်ဦးမျှမချန်ဘဲ အတူတကွ ခရီးသွားခြင်းဖြစ်ကြောင်း ဝေမျှခဲ့ကြသည်။ ဥပမာ လူတစ်ဦး ဒုက္ခရောက်လျှင်၊ ဖျား နာလျှင် အားလုံးနှင့်သက်ဆိုင်ကြောင်း ကူညီပေးရမည်ဖြစ်ကြောင်း ဖြစ်သည်။

(၂) Participation
ပါဝင်ခြင်း (Participation) နှင့်ပတ် သက်၍ ဆေးကြောခြင်းခံယူသူ အားလုံးသည် သာသနာပြုလုပ်ငန်း၌ ပါဝင်သူများ၊ တာဝန်ရှိသူများဖြစ်ကြောင်း ဆွေးနွေးတင်ပြကြသည်။

(၃) Mission
သာသနာပြုခြင်း (Mission) နှင့်ပတ်သက်၍ သာသနာတော်အတွင်းသာမက ကက်သလစ်သာသနာတော်ပြင်ပအထိ ဧဝံဂေလိတရားရောက်ရှိစေခြင်းဖြစ်ကြောင်း၊ Communion နှင့် Participation တို့သည် သာသနာတော်အတွင်းဖြစ်ပြီး Mission သည် out- side the Church အထိ ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။

🌀 Synodal Journey အဆင့် (၃)ဆင့်

(၂၀၂၁) ခုနှစ်က စတင်ခဲ့သော Synodal Journey သည် ယခုချိန်အထိ ဆက်လက်ခရီးပြုနေဆဲဖြစ်ပါသည်။ Synodal Journey ကို အဆင့် (၃) ဆင့်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။

🌀Phase One (2021-2023)

ပထမအဆင့်သည် "Consultation of the People of God" (ဘုရားလူမျိုးတော်အား တိုင်ပင်ဆွေးနွေးခြင်း) ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ (၉-၁၀) နေ့များတွင် ကမ္ဘာလုံးဆိုင်ရာ Synodal ဖွင့်လှစ်ခြင်းပြုလုပ်ခဲ့သည်။ အောက်တိုဘာ (၁၇) ရက်နေ့တွင် ဒေသအသီးသီးရှိ သာသနာများတွင် Synodal Process ဖွင့်လှစ်ခြင်းပြုလုပ်ပါသည်။ ထို့ကြောင့် (၂၀၂၁) ခုနှစ် အောက်တိုဘာမှ (၂၀၂၃) ခုနှစ် အောက်တိုဘာအထိ ဒေသအဆင့်၊ နိုင်ငံအဆင့်၊ တိုက်ကြီးများအဆင့်ဖြင့် အသီးသီး ဖော်ဆောင်လာခဲ့ကြသည်။

🌀 Phase Two (2023-2024)

ဒုတိယအဆင့်သည် "Discernment of the Pastors" (ရဟန်းတော်များ၏ ချင့်ချိန်မြော်မြင်တွက်ဆခြင်း) ဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ (၄) ရက်မှ (၂၉) ရက်အထိ ဆရာတော်ကြီးများ၏ Synod အထွေထွေအစည်းအဝေး ပထပအပိုင်း (First Session) ကို ပြုလုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂) ရက်မှ (၂၇) အထိ ဆရာတော်ကြီးများ၏ Synod အထွေ ထွေအစည်းအဝေး ဒုတိယအပိုင်း (Second Session) ကိုပြုလုပ်ခဲ့ပါသည်။

🌀 Phase Three (2025-2028)

တတိယအဆင့်သည် "The implementation for a Synodal Church" (အတူတကွ ခရီးသွားသော သာသနာတော်ကို အကောင်အထည်ဖော်ခြင်း) ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇွန်လမှ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ ဒေသသာသနာများနှင့် အုပ်စုများအတွင်း အကောင်အထည်ဖော်ခြင်းလမ်းစဉ်များ လုပ်နေဆဲဖြစ်သည်။

နောင်လာမည့်နှစ်များတွင် အကောင် အထည်ဖော်ခြင်းကို ဆက်လက်လုပ် ဆောင်မည်ဖြစ်သည်။ ၂၀၂၇ ခုနှစ် ဇန္ဇာဝါရီလမှ ဇွန်လအထိ သာသနာများနှင့်စီရင်စုများတွင် ပြန်လည်သုံးသပ်သော အစည်းအဝေးများ ပြုလုပ်ခြင်း၊ ၂၀၂၇ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ နိုင်ငံနှင့်နိုင်ငံတကာ ဆရာတော်ကြီးများအစည်းအဝေးများ၊ အရှေ့တိုင်း အုပ် ချုပ်မှုအဆင့်အလိုက် ဖွဲ့စည်းပုံများ၊ သာသနာတော်၏အခြားသော အုပ်စုများအကြောင်းတို့ကို ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးများ၊ ၂၀၂၈ ခုနှစ် ဇန္နဝါရီလမှ ဩဂုတ်လအထိ တိုက်ကြီးများအဆင့် ပြန်လည်သုံးသပ်ခြင်းအစည်း အဝေးများနှင့် ၂၀၂၈ ခုနှစ် အောက်တို ဘာလတွင် ဗာတီကန်၌ သာသနာတော်ဆိုင်ရာအစည်းအဝေးကျင်းပခြင်း စသည်တို့ကို ဆက်လက်အကောင် အထည်ဖော်ရန် ဖြစ်ပါသည်။

Pastoral Centre ၌ကျင်းပသော Synodal Church Meeting ပြီးနောက် မှတ်တမ်းဓာတ်ပုံကို ဟောခန်းမနှင့် အပြင်ဘက်တွင် ရိုက်ကူးခဲ့ကြပါသည်။ နေ့လည်စာသုံးဆောင်ကြပြီးနောက် မိမိနေရပ်သို့ အသီးသီးပြန်လည်ထွက်ခွါခဲ့ကြပါသည်။

🖋️ OSC Hakha Diocese
📸 GKS (15/8/2026)

fans



Photos from OSC, Hakha Diocese's post 08/08/2026

Congratulations to Bishop Bernardino Ne Ne, Bishop of Taungoo Diocese!
********************************

၈ ရက်၊ ၈ လ၊ ၂၀၂၆ ခုနှစ်
သာသနာ့လူထုဆက်သွယ်ရေးရုံး

တောင်ငူကက်သလစ်ဂိုဏ်းအုပ်သာသနာ၊ ဆရာတော်အရိုက်အရာကိုဆက်ခံမည့် ဆရာ တော်ဘယ်နာဒီနိုနဲနယ်၏ ဆရာတော်ဘိသိက်မင်္ဂလာခံယူခြင်းပွဲတော်ကို တောင်ငူကက်သ လစ်သာသနာ၊ တောင်ငူမြို့၊ သခင်ယေဇူးရွှေနှလုံးတော်ကာသီဒြယ် ဘုရားကျောင်း၌ (၆) ရက်၊ (၈) လ၊ (၂၀၂၆) ခုနှစ် သခင်ယေဇူးအဆင်းသဏ္ဌာန်ပြောင်းလဲခြင်းပွဲနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ယင်းဆရာ‌တော် ဘိသိက်ပေးခြင်းအစီအစဉ်နှင့်မစ္ဆားပူဇော်ခြင်းကို ကာဒီနယ်ချားလ်စ်ဘိုမှ ဦးဆောင်ခဲ့ပြီး ရဟန်းမင်းကြီးကိုယ်စားလှယ် Msgr. Andrea Ferrante နှင့် ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် ဆရာတော်ကြီးများ၊သာသနာအသီးသီးမှ ရဟန်းတော်များ ခြံရံလျက် မစ္ဆားတရားတော်မြတ်ကို ပူဇော်ခဲ့ကြသည်။ ထို့အတူ ဂိုဏ်းအသီးသီးမှ ကိုရင်များ၊ သီလရှင်များ ရပ်နီးရပ်‌ဝေးမှ ဘာသာသူများ စည်ကားသိုက်မြိုက်စွာပါဝင်ခဲ့ကြကြောင်း သိရပါသည်။

ဆရာတော်ကြီး၏သာသနာပြုလုပ်ငန်း အဆင်ပြေရန်နှင့် တောင်ငူ ကက်သလစ်သာသနာ၏တိုးတက်ရာတိုးတက်ကြောင်း ဖော်ဆောင်နိုင်ကြဖို့ ဘာသာဝင်များအနေဖြင့် သတိရဆုတောင်းပေးကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။

🖋️ OSC Hakha Diocese (Edited)
Photo: OSCPathein




Photos from OSC, Hakha Diocese's post 08/08/2026

Bimonthly Recollection နှစ်လတစ်ကြိမ် ဟားခါးဇုံနယ်ဝတ်စောင့်ခြင်း
****************************

၈ ရက်၊ ၈ လ၊ ၂၀၂၆ ခုနှစ်
သာသနာ့လူထုဆက်သွယ်ရေးရုံး

ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာရှိ ဟားခါးဇုံအနေဖြင့် နှစ်လတစ်ကြိမ်ဝတ်စောင့်ခြင်း (Bimonthly Recollection) ကို ယနေ့မနက်ပိုင်းတွင် ကျောဘုတ်ရပ်ကွက်ရှိ Sacred Heart's Church တွင် ပြုလုပ်ခဲ့ကြပါသည်။

ရဟန္တာကြီး St. Dominic နာမည်ကိုခံယူထားသော စီရင်စုကျောင်းထိုင်ဘုန်းတော်ကြီး Fr. Dominic Kung Teal ၏ပွဲနေ့ဖြစ်ပါသည်။ သူ၏ပွဲနေ့နှင့်အတူ ရဟန်းတော်များ စုပေါင်းဆုတောင်းပြီး ဝတ်စောင့်ခြင်းဖြစ်ပါသည်။

ယင်းဝတ်စောင့်ခြင်းတွင် Pastoral Centre၊ Minor Seminary နှင့် ဟားခါးဇုံနယ်အတွင်းရှိ စီရင်စုအသီးသီးမှ ဘုန်းတော်ကြီး (၁၇) ပါး၊ ဒီကင် (၃) ပါး စုစုပေါင်း အပါး (၂၀) ပါဝင်ဝတ်စောင့်ခဲ့ကြပါသည်။

ဆရာတော်ကြီးကိုယ်တိုင်က Talk ပေးခဲ့ပြီး မုန့်ညှင်းစေ့လောက်သာ ယုံကြည်ခြင်းရှိလျှင် ပြဿနာများ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျော်လွှားရန် လုံလောက်ကြောင်း၊ သာသနာပြုခြင်း၏အောင်မြင်မှု၊ အသီးအပွင့်များ တွေ့မြင်ရန်မှာ ဘုရားရှင်၏ကဏ္ဍသာဖြစ်ကြောင်း၊ ယင်းကဲ့သို့အောင်မြင်မှုရရှိရန် (၃) နှစ်၊ (၄) နှစ်၊ (၅) နှစ်နှင့် ဂျူဘီလီနှစ် ကျင်းပသည့်တိုင် အချိန်ယူတတ်ကြောင်း ဝေငှပေးခဲ့ပါသည်။

P.s နောက်လအတွက် ဝတ်စောင့်ခြင်းကို Fr. William Ling Ghung ၏ပွဲနေ့ကျရောက်သော စက်တင်ဘာလ (၅) ရက်၊ စနေနေ့တွင် ဆတ်သား၌ ပြုလုပ်မည်ဖြစ်ပါသည်။

📸🖋️ OSC, Hakha Diocese




Photos from OSC, Hakha Diocese's post 06/08/2026

Mindat Community မိသားစုမှ ဦးပဉ္ဇင်းကြီး (၄) ပါးအား ဂုဏ်ပြုခြင်းအစီအစဉ်
******************************

၆ ရက်၊ ၈ လ၊ ၂၀၂၆ ခုနှစ်
သာသနာ့လူထုဆက်သွယ်ရေးရုံး

ဩဂုတ်လ (၄) ရက်နေ့တွင် ဦးပဉ္ဇင်းကြီးသိက္ခာကို ခံယူခဲ့ကြသော ဦးပဉ္ဇင်းကြီးသစ် (၄) ပါးအား ဟားခါးမြို့ရှိ Mindat Community မိသားစုမှ Lunch Party သဘောဖြင့် ဂုဏ်ပြုနှုတ်ဆက်ပေးခဲ့ကြပါသည်။

ထိုအစီအစဉ်တွင် Mindat Community မှ လူကြီးမင်းများ၊ ခရစ်ယာန်၊ ဗုဒ္ဓ တက်ညီ လက်ညီ တက်ရောက်အားပေးခဲ့ကြပါသည်။ Pastoral Centre သို့ မနက်စောစောစီးစီးရောက်ရှိလာပြီး ပြင်ဆင်ပေးခဲ့ကြပါသည်။

Lunch Party ထက်ပိုသော၊ ဂုဏ်ပြုပွဲထက်ပိုသော တွေ့ဆုံမှုမျိုးဖြစ်သည်ဟု ဟားခါးဆရာတော်ကြီး Msgr. Lucius Hre Kung မှ မှတ်ချက်ပြုခဲ့ပါသည်။ Mindat Community ၏ပါဝင်လှုပ်ရှားမှုကို ဝမ်းသာစွာလက်ခံကြောင်း၊ ဂုဏ်ပြုကြောင်းကိုလည်း ဆရာတော်ကြီးမှ ချီးမွမ်းစကားဆိုခဲ့ပါသည်။

Mindat Community က ဦးပဉ္ဇင်းကြီး (၄) ပါးအား မင်းတပ်ရိုးရာ ချင်းစောင်များ မေတ္တာလက်ဆောင်ပေးအပ်ခဲ့ကြပြီး မင်းတပ်ရိုးရာ ကြက်သားသုတ်နှင့်ခေါင်ရည်ဖြင့် ခွံ့ကျွေးပြီး ဂုဏ်ပြုပေးခဲ့ကြပါသည်။

မနေ့ နေ့လည်က Little Way အသင်းဂိုဏ်းအနေဖြင့်လည်း ဦးပဉ္ဇင်းကြီးသစ်များအား ဂုဏ်ပြုနေ့လည်စာ တည်ခင်းပေးခဲ့ပါသည်။ သာသနာ့အမှုတော်ထမ်းဆောင်ရန် ခွန်အား ပေးသောအမှတ်သညာအနေဖြင့် ပြုလုပ်ခြင်းပင် ဖြစ်သည်။

🖋️📸 OSC, Hakha Diocese



Photos from OSC, Hakha Diocese's post 04/08/2026

ဦးပဉ္ဇင်းကြီး (၄) ပါး၏ Diaconate Ordination သိက္ခာတင်ခြင်းပုံရိပ်များ
*****************************

၄ ရက်၊ ၈ လ၊ ၂၀၂၆ ခုနှစ်
သာသနာ့လူထုဆက်သွယ်ရေးရုံး

သာသနာ့ ရဟန်းတော်များကို ကြည့်ရှုစောင်မသော St. John Mary Vianney ပွဲနေ့ ကျရောက်သော ဩဂုတ်လ (၄) ရက်နေ့တွင် ကိုရင်ကြီး (၄) ပါးအား ဦးပဉ္ဇင်းကြီးသိက္ခာကို ဟားခါးကက်သလစ်ဆရာတော်ကြီး Lucius Hre Kung က တင်ပေးခဲ့ပါသည်။

Diaconate Ordination ပွဲမစ္ဆားပူဇော်ခြင်းတွင် ဆရာတော်ကြီးနှင့် ဘုန်းတော်ကြီး (၂၅) ပါး၊ ဂိုဏ်းအသီးသီးမှ စစ္စတာရ် (၂၄) ပါး၊ ဘာသာဝင်ဦးရေ (၄၀၀) ခန့် ပါဝင်ဆုတောင်းခဲ့ကြပါသည်။

Little Way အသင်းဂိုဏ်းမှ Moderator ဖြစ်သော အသင်းဂိုဏ်းအကြီးအကဲ့ Fr. Thomas Mazio နှင့် Emeritus Bishop Nicholas Mang Thang ၏ Secretary ဖြစ်သော Fr. Anthony Ling Khui Shing တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Diaconate Ordination ခံယူကြသော Deacon (၄) ပါးတွင် ဟားခါးကက်သ လစ်သာသနာမှ (၂) ပါးနှင့် စိန့်ထရေဇားအသင်းဂိုဏ်းမှ (၂) ပါးတို့ ဖြစ်ကြသည်။

မစ္ဆားတရားပူဇော်ခြင်းတွင် ကက်သလစ်ဘာသာဝင်များသာမက ဗုဒ္ဓဘာသာမှ လူကြီးမင်းများပါ ပါဝင်တက်ရောက် အားပေးခဲ့ကြပါသည်။

MC နှင့် Liturgy ကဏ္ဍကို Fr. Paulinus Khui Shing မှ ဦးဆောင်ခဲ့ပြီး Fr. Dominic Thawm Hlei Hnin က commentator အဖြစ် ဦးဆောင်ခဲ့ပါသည်။ Choir အဖွဲ့နှင့် Decoration ကို Sr. Gabriella Om Pai က ဦးဆောင်ပေးခဲ့ပြီး ဟားခါးမြို့ရှိ St. Padre Pio's Intermediate Minor Seminary မှ ရဟန်းဖြစ် မိုင်နာကျောင်းသားများက လှလှပပ သီဆိုဧကျူးခဲ့ကြပါသည်။

သာသနာအတွက် အမှောင်ဖြိုခွင်းပြီး အလင်းသယ်ဆောင်သွားကြမယ့် ဦးပဉ္ဇင်းကြီးများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

🖋️ OSC, Hakha Diocese
📸 RVA Falam Service
RVA Hakha Chin & GKS



Photos from OSC, Hakha Diocese's post 03/08/2026

Admission to Diaconate Ordination
~~~~~~~~~~~~~~~~~~~~~~~~

3/8/2026
Hakha OSC

မနက်ဖြန် ဦးပဉ္ဇင်းကြီးသိက္ခာကို ခံယူမည့် ဦးပဉ္ဇင်းကြီးလောင်းများအား ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာ တော်ကြီး Msgr. Lucius Hre Kung မှ Diaconate Ordination ခံယူနိုင်ရန် Admission (ခွင့်ပြုခြင်း) ပေးလိုက်ပါသည်။

ယင်း Admission ကို မစ္ဆားတရားပူဇော်ခြင်းအတွင်း ရဟန်းတော်များ၊ စစ္စတာရ်များနှင့် ဘာသာတူအနည်းငယ်ရှေ့တွင် ပေးအပ်ခဲ့ပါသည်။

ထို့နောက် မစ္ဆားအတွင်းပေးသော ဝိနည်းတော်အတိုင်း ဦးပဉ္ဇင်းကြီးလောင်းများ၏ Alb နှင့် Stole ကို ဆရာတော်ကြီးမှ ကောင်းချီး ပေး ခဲ့ပါသည်။

🖋️ OSC, Hakha Diocese
📸 RVA Hakha Chin & GKS



Photos from OSC, Hakha Diocese's post 02/08/2026

ဖလမ်းမြို့ရှိ ဘာသာဝင်သိုးစုများအတွက် ဟားခါးဆရာတော်ကြီးမှ မစ္ဆားပူဇော်ပေးခြင်း
*********************************

2/8/2026
Hakha OSC

ဟားခါးကက်သလစ်သာသနာပိုင် ဆရာတော်ကြီး Msgr. Lucius Hre Kung သည် စစ်ဘေးရှောင်ပြီး ဖလမ်းမြို့သို့ ပြန် လည်ရောက်ရှိလာကြသော ဘာသာဝင်သိုးစုများအား ယနေ့တွင် သွားရောက်ပြီး မစ္ဆားပူဇော်ပေးခဲ့ပါသည်။

ဆရာတော်ကြီးနှင့်အတူ ရဟန်းတော် (၃) ပါးက သွားရောက်ကာ မစ္ဆားပူဇော်ပေးခဲ့ပါသည်။ ကက်သလစ်ဘာသာတူဦးရေ (၁၅၀) ကျော်ခန့် မစ္ဆားတရားပူဇော်ခြင်းတွင် ပါဝင်ဆုတောင်းခဲ့ကြပါသည်။

ဖလမ်းမြို့ရှိ ဘာသာဝင်များကို ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Dominic Thawm Hlei Hnin မှ ကြည့်ရှုခြင်းဖြစ်ပါသည်။

🖋️📸 OSC, Hakha Diocese



Photos from OSC, Hakha Diocese's post 02/08/2026

ဖလမ်းမြို့သို့ ဟားခါးကက်သလစ်ဆရာတော်ကြီး ကြွရောက်ကာ သိုးစုများကြည့်ရှုခြင်း
******************************

2/8/2026
Hakha OSC

ဟားခါးကက်သလစ်ဆရာတော်ကြီး Msgr. Lucius Hre Kung သည် ယနေ့မနက် (၇) နာရီခွဲတွင်ဈာပနသို့သွားရောက်ဆုတောင်း ပေးပြီးနောက် (၈) နာရီတွင် ဖလမ်းမြို့သို့ ဆက်လက်ခရီးနှင်ခဲ့ပါသည်။

ဖလမ်းမြို့သို့ ပြန်ရောက်လာကြသော ဘာသာဝင်သိုးစုများအား သွားရောက်ကြည့်ရှုခြင်းဖြစ်ပါသည်။

ဘာသာဝင်များမှ ကြွရောက်လာသော ဆရာတော်ကြီးနှင့် ဘုန်းတော်ကြီး (၃) ပါးအား အပြန်အလှန် နှုတ်ဆက်သောမြင်ကွင်းဖြစ်ကါသည်။

📸 🖋️ OSC, Hakha Diocese



02/08/2026

Rest In Peace Daw Christina!
***************************

2/8/2026
Hakha OSC

ယနေ့မနက်တွင် ကွယ်လွန်သွားခဲ့သော
အသက် (၅၂) နှစ်အရွယ် Daw Christina Thla Meng (Hanah nu) ၏ဈာပနသို့သွား ရောက်ပြီး ဟားခါးကက်သလစ်ဆရာတော်ကြီးက ဆုတောင်းပေးကာ မိသားစုဝင်များအား အားပေးနှစ်သိမ့်ခဲ့ပါသည်။

ဆရာတော်ကြီး Msgr. Lucius Hre Kung မှ စိပ်ပုတီးယူသွားပြီး ရုပ်ကလတ်ပေါ်၌ တင်ပေးပြီး ဆုတောင်းပေးခဲ့ပါသည်။ အသက်ရှင်စဉ်အခါက မယ်တော်အပေါ် ယုံကြည်အားထားခြင်းကြောင့် ရရှိသောဆုတစ်ခုဟု မှတ်ယူမိပါသည်။

Daw Christina သည် St. Joseph's Cathedral ဘုရားကျောင်း၌ ဘုရားဝတ်ပြုပြီး မိခင်အဖွဲ့၌ လှုပ်ရှားတက်ကြွတတ်သူတစ်ဦးဖြစ်ပါသည်။ လွန်ခဲ့သော Parents' Day ပွဲနေ့၌ တက်တက်ကြွကြွ ပါဝင်ခဲ့ပါသေးသည်။

သူမ၏ယုံကြည်ခြင်းနှင့် မိခင်လှုပ်ရှားမှု သာသနာပြုမှုတို့ကြောင့် ဘုရားရှင်၏ရင်ခွင်တော်၌ ခိုနားနိုင်ပါစေကြောင်း ဆုတောင်း ပေးလိုက်ပါသည်။

မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေသား။ ပြည်သူအပေါင်း ဘေးရန်ခပ်သိမ်းမှ ငြိမ်းအေးကြပါစေသား။

🖋️📸 OSC, Hakha Diocese



Photos from OSC, Hakha Diocese's post 02/08/2026

ဦးပဉ္ဇင်းကြီးသိက္ခာခံယူခြင်း ဖိတ်ကြားလွှာ
*******************************

2/8/2026
Hakha OSC

ဇူလိုင်လ (၄) ရက်နေ့၊ St. John Mary Vianney ပွဲနေ့တွင် ဟားခါးကက်သလစ်သာသနာ၊ St. Joseph's Cathedral ဘုရားကျောင်းတော်၌ ကိုရင်ကြီး (၄) ပါးသည် ဦးပဉ္ဇင်းကြီးသိက္ခာကို ဟားခါးဆရာတော်ကြီးလက်တော်မှ ခံယူကြမည်ဖြစ်ပါသည်။

ကိုရင်ကြီးနာမည်များ

(၁) Bro. Francisco Khu Kar Ci (LWMT)
(၂) Bro. John Bosco Ram Cung Thang
(၃) Bro. Martin Ral Lian Thang
(၄) Bro. Stephen Phey Ling (LWMT)

သိက္ခာတင်ပွဲသို့ ရောက်မလာနိုင်သူများအနေဖြင့် ဆုတောင်းပေးခြင်းဖြင့် ပါဝင်ကြရန် ဖိတ်‌ခေါ်အပ်ပါသည်။

🖋️ OSC, Hakha Diocese



Want your business to be the top-listed Gym/sports Facility in Haka?

Click here to claim your Sponsored Listing.

Location

Website

Address


Myothit Quater, Hakha City, Chin State
Haka