28/07/2026
မနက်ဖြန် ဝါဆိုလပြည့်နေ့
HAPPY GYM တရက်ပိတ်ပါတယ် ခင်မျ....
Road to the heathy lifestyle.
28/07/2026
မနက်ဖြန် ဝါဆိုလပြည့်နေ့
HAPPY GYM တရက်ပိတ်ပါတယ် ခင်မျ....
19/07/2026
ဘယ်သူတွေဘာအားပေးကြလဲ😃
မင်မင်ကတော့ အာဂျင်နော့်☺️
စပိန်ကို တော့ ကြေးလောင်းထားတယ်
အာဂျင်ကတော့ မက်ဆီပါလို့အားပေးမယ်
ယူတို့ကောဘယ်နိုင်ငံအသင်းလဲ မန့်ခဲ့ကြအုံး😁😊
01/07/2026
ဒီနေ့တော့ Gym မှာတွေ့ရတဲ့ ထူးခြားဆန်းပြား Member အမျိုးအစားများကို ခွဲပြပေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ် 🥲🩷
📍ယိုးဒယား အထောင်းစုံလို ဆော့တဲ့ Member
ဘာလို့လဲဆိုတော့ တစ်gym လုံးမှာ ရှိတဲ့ စက်အကုန် တစ်နေ့ထဲအပြီးဆော့တာ ယိုးဒယားအထောင်းသုပ်လိုပဲ စုံပလုံ🥲
📍တစ်လစာသွင်းပြီး တစ်ရက်ပဲလာဆော့တဲ့ member
လစာသွင်းတဲ့တစ်ရက်ကို သူတို့ဆော့ပြီးရင် တစ်လလုံးလှပြီထင်နေတာ သူတို့ကျ တစ်ရက်ဆော့ တစ်လလှတာ (ဒါကျ ယူတို့ အားကျသင့်တဲ့ ရပ်ကွက်)🥹🤌
📍နောက်တစ်ဖွဲ့ကျ တစ်ပါတ်လုံးတစ်ရက်မှမပျက်ဘူးလာတာ အရမ်းကြိုးစားတာဘဲလို့မေးမိလိုက်တာ Gym မှာ နေ့စဉ် Information တွေလွတ်သွားရင် နောက်ကျကျန်ခဲ့မှာစိုးလို့တဲ့ (ဒါက ဆက်သွယ်ရေးနဲ့ လူမှုပြန်ကြားရေးအဖွဲ့က)🥲🤌
📍နောက်တစ်ဖွဲ့ကတော့ စည်းလုံးညီညွတ်ရေး ကော်မတီဝင်တွေ စားဖို့သောက်ဖို့ဆို တကူးတကပြောစရာမလိုဘူး သူတို့ဘာသာသူတို့ Gym မှာလူစုပြီး သွားကြတာ ညီချက်🥴
📍နောက်တစ်ဖွဲ့ကတော့ စိတ်မနာတတ်ဆုံးထဲမှာ ကိုယ်ပြီးရင် သူတို့ကပထမ လှန်လိုက်တဲ့ပြက္ခဒိန် ရှာလိုက်တဲ့ ပိတ်ရက် မပိတ်မှန်းလည်းသူတို့သိတယ် ဒါပေမဲ့ သူတို့စိတ်မနာဘူး (စိတ်မနာတတ်တဲ့ ရည်းစားမျိုး လိုချင်တယ်ဆိုရင် ဒီအဖွဲ့ထဲက နည်းနည်းစဉ်းစားသင့်)🥲
📍ဒီအဖွဲ့ကတော့ နည်းနည်းထူးခြားတယ် Gym ကိုလာကတည်းက အိပ်ငိုက်တာ Gymက ပြန်လည်းငိုက်တယ် (မသိရင် Gym မှာ Overtime လာဆင်းနေရသလိုပဲ)🥱
📍နောက်ဆုံးတစ်ဖွဲ့ကတော့ ယဉ်ကျေးမှုဝန်ကြီးဌာန က အဖွဲ့ဝင်တွေ ၊ ရယ်လိုက်ရင်အသံက ကုန််းဘောင်ခေတ်ကဓါးပြလေသံနဲ့ Gym ကိုစဝင်ထဲက ရယ်ပြီးဝင်တာ တစ်ယောက်ထဲရယ်တာအားမရရင် လူစုပြီးရယ်ကြတာ🥲
ထပ်တိုး
စားချင်တာစားပီး
ဝိတ်မကျဘူးဇွတ်အော်နေတဲ့သူတွေကတစ်ဖွဲ့
ဘာစားရမလဲမေးမေးပီး
စားချင်တာစားနေတာကတစ်ဖွဲ့
ယူတို့က ဘယ်အဖွဲ့ကပါလဲဆိုတာ ပြောခဲ့ပါအုံး😅
25/06/2026
မိုးရာသီ Promotions
15/06/2026
🏆 ကြိုးစားမှုတိုင်းမှာ ရလဒ်ရှိတယ်…
ပုံထဲက>> Happy Gym မှာ စခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်နီးပါး ချွေး၊ စည်းကမ်း၊ ဇွဲနဲ့ တည်ဆောက်ခဲ့တဲ့
Body Transformation တစ်ခု။
[Bulking//Cutting အလုပ်နိုင်ဆုံး လူသား]😅
အားနည်းချက်တွေ၊ လုပ်နိုင်ပါ့မလားဆိုတဲ့အ တွေးတွေ ရှိခဲ့ပေမယ့် နေ့တိုင်း ကိုယ့်ကိုယ်ကို အနည်းငယ်စီ တိုးတက်အောင် ကြိုးစားလာခဲ့တဲ့ ရလဒ် က ဒီနေ့မြင်နေရတဲ့ ပြောင်းလဲမှု ဖြစ်ပါတယ်။
ဒါဟာ လူတစ်ယောက်တည်းရဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ Gym/ Trainers တွေရဲ့ အောင်မြင်မှုပဲဖြစ်ပါတယ်..
Gym တခုရဲ့အောင်မြင်မှုက members တွေရဲ့
Body Transformation နဲ့ ထပ်တူကျပါတယ်။
Happy Gym members တွေထဲမှာ ကျစ်ကျစ်လစ်လစ်နဲ့weightကျလာသူတွေ၊ Body Shape ပြောင်းလဲလာသူတွေ၊ ကြံ့ခိုင်သန်မာလာသူတွေ အများကြီးရှိနေပါတယ်။
အရေးကြီးတာက စတင်ဖို့ပါပဲ။
💪 Happy Gym က Personal Trainer မရှိလည်း စိတ်မပူရပါဘူး။
ထားဝယ်မြို့ထဲရှိပီး သွားရလာရလွယ်ကူစွာလာရောက်လေ့ကျင့်နိုင်ပြီး ကိုယ်တိုင်စနစ်တကျ ကြိုးစားလေ့ကျင့်လို့ ရလဒ်ကောင်းတွေ ရယူနိုင်တဲ့ Gym တစ်ခု ပါ။
ကျွန်တော်တို့ရဲ့ Gym က စိတ်ဓာတ်၊ ကြိုးစားမှုနဲ့ ပြောင်းလဲချင်တဲ့ ဆန္ဒရှိသူတွေကို ကြိုဆိုနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
မနက်ဖြန်ကောင်းဖို့ ဒီနေ့စတင်ပါ။
Your Body. Your Discipline. Your Transformation.
📍 HAPPY GYM Dawei
အလယ်လမ်း ဘုရားရှစ်မြှောင့်အနီး ထားဝယ်မြို့
18/04/2026
GYM စဖွင့်ကတည်းကအခုထိချိန်
ဆော့ဖူးတဲ့ Member အဟောင်း
မည်သူမဆို promotions ရယူနိုင်ပါသည်...
May လ ၁ရက်နေ့မတိုင်ခင်အချိန်အတွင်း
Member အဟောင်း မည်သူမဆို
၂ဦးနှင့်အထက် ပေါင်းသွင်းပီး
၁၇%သက်သာခွင့်ရယူလိုက်ပါ....
14/04/2026
ယနေ့၁၄ရက်နေ့
သင်္ကြန်အကျနေ့
မုန့်လုံးရေပေါ်လှူပါသည်
HappyGymဘက်ရောက်ပါက
မုန့်လုံးရေပေါ်လေးတွေ
ဝင်ရောက်သုံးဆောင်နိုင်ပါတယ်ခင်ဗျာ
ပျော်ရွင်စရာနှစ်သစ်အခါသမယလေး
ဖြစ်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းရင်းဖြင့်
12/04/2026
💦HAPPY GYM မြန်မာ့နှစ်သစ်ကူး
ပိတ်ရက်💦 & New Year Special Promotion ✨️
💦13/4/2026(အကြိုနေ့) မှ
💦16//4/2026(အတက်နေ့) အထိ 4ရက်တိတိ ပိတ်ပါတယ်...
🧏♂️17/4/2026(နှစ်ဆန်း၁ရက်နေ့) ပြန်ဖွင့်ပါမယ်...
🧏♀️မြန်မာ့နှစ်ဆန်း၁ရက်နေ့မှာ Gym members fee သွင်းသူများ အတွက် 10 persons only limited promotions >>>>
💥New Member only >> 10 persons only 💥
💥💥Pay One Get One( 1ယောက်လာ1ယောက်free) 2 ယောက်လုံး new members ဖြစ်ရပါမယ်...
ကဲ...နှစ်သစ်မှာအမြန်လာပီး Special Promotion ယူလိုက်ပါ...
Old members များအတွက်က နှစ်သစ် Promotion သက်သက်ရှိပါမယ်...Coming soon>>🫡
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်ကြပါစေ... # #
HappyGym
12/04/2026
Myanmar National Selection...🫡
10/04/2026
ကဲ...
💦🏃♂️ Thingyan Fun Run 2026 by Happy Gym
Thingyan အကြတ်နေ့မှာ
Happy Gym က စီစဉ်ပေးထားတဲ့
ပျော်ရွှင်စရာ 6KM Fun Run ကို
အတူတူ လာပြေးကြရအောင် 👟
Running form/အသက်ရှူနည်း တွေကိုလည်း sharing လုပ်ပေးသွားပါမယ်...
Leader & Sweepers တွေလည်း ပါမှာမို့ မပြေးနိူင်မှာ
မပူရဘူးနော်( အားပေးမဲ့သူတွေပါပါပါတယ်)
🏃♀️ Distance – 6KM
👥 လူဦးရေ – 30 ဦး (Limited Slots)
💯 Register Fee – FREE RUN (အခမဲ့)
📍 Meeting Point – Happy Gym ရှေ့ (Dawei)
📅 Date – Thingyan အကြတ်နေ့ (15/4/2026)
⏰ Schedule
• 5:50 AM – စုရပ် (Happy Gym ရှေ့)
• 6:00 AM – Warm Up
• 6:30 AM – Start Run
• 8:00 AM – Finish Time
🌈 Run Outfit – Thingyan Theme
Thingyan ဆိုတော့ colourful outfit လေးတွေ
လွတ်လပ်စွာ ဝတ်လာလို့ရပါတယ် 💦
Bright colors, fun vibes, happy run!
🎟 Registration....
မည်သူမဆို လာရောက်ပြေးနိုင်ပါသည်
Register လုပ်ရန် —
Happy Gym Page Messenger မှာ
SMS send ပေးပြီး Run Number ထုတ်ယူပါ...
ပြေးပြီးတဲ့အပြန်မှာတော့…
Happy Gym မှ 😄 Thingyan vibe အပြည့်နဲ့
💦 ထားဝယ်ရိုးရာ ရေးစီမှန်းကျွေးပါမယ်...
🤝 မိတ်ဆွေအသစ်တွေ တွေ့နိုင်မယ်
ကျန်းမာရေးအတွက် ပြေးမယ်
Thingyan အတွက် ပျော်မယ်
Happy Gym နဲ့အတူ
အမှတ်တရ မနက်ခင်းတစ်ခု ဖန်တီးကြရအောင် ✨
First 30 Runners Only — Free Run!
See you at Thingyan Fun Run by Happy Gym 🏃♂️💦
| Monday | 06:00 - 20:00 |
| Tuesday | 06:00 - 20:00 |
| Wednesday | 06:00 - 20:00 |
| Thursday | 06:00 - 20:00 |
| Friday | 06:00 - 20:00 |
| Saturday | 06:00 - 20:00 |