Myanmar Football Online Agent=MFOA

Myanmar Football Online Agent=MFOA

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Football Online Agent=MFOA, Sport & recreation, Dagon.

Photos from Myanmar Football Online Agent=MFOA's post 25/07/2026

🇲🇲 ⚔️ 🇲🇾 💔 မြန်မာ ၁ - ၂ မလေးရှား (AFF Hyundai Cup 2026 - Group B အဖွင့်ပွဲစဉ်)

● ပထမပိုင်း ပွဲချိန် ၁၀ မိနစ်မှာ ကျောနံပါတ် (၁၀) မြတ်ကောင်းခန့် ရဲ့ အဖွင့်ဂိုးကြောင့် မြန်မာတို့ ၁ - ၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး နော်ဝေနည်းပြကြီး ရဲ့ ကစားကွက် အချိတ်အဆက်ကောင်းတွေနဲ့ အာရှကျားကြီး ပြန်နိုးထလာခဲ့ပါတယ်၊၊ သို့သော်လည်း ဒုတိယပိုင်း ပွဲပြန်စချိန် ၅၂ မိနစ်မှာ မလေးရှားရဲ့ ထောင့်ကန်ဘောကတစ်ဆင့် ချေပဂိုး ပေးလိုက်ရသလို၊ ၅၇ မိနစ်မှာ အသင်းခေါင်းဆောင် နန္ဒကျော် ရဲ့ ပင်နယ်တီဧရိယာအတွင်း ဖျက်ထုတ်မှု ကြမ်းခဲ့တာကြောင့် ပင်နယ်တီပါ ပေးလိုက်ရပြီး ၁ - ၂ ဖြစ်သွားခဲ့ရပါတယ်၊၊

● မြန်မာဘက်က ချေပဂိုး ပြန်ရဖို့အတွက် မောင်မောင်လွင်နဲ့ ဝင်းနိုင်ထွန်းတို့ တောင်ပန်ကနေ ဖိအားပေး ချပေးခဲ့သလို ဂိုးကန်သွင်းခွင့် ၁၄ ကြိမ်ကျော်အထိ ရခဲ့ပေမဲ့ အဆုံးသတ် ပိတ်သွင်းသူ မရှိတာကြောင့် ဟာလန်းလည်း ဝင်မပူးနိုင်ခဲ့ဘဲ ပထမပိုင်းက နိုးလာခဲ့တဲ့ အာရှကျားကြီးလည်း ဒုတိယပိုင်းမှာ ပြန်အိပ်သွားခဲ့ရပါတယ်၊၊ မလေးရှားအသင်းကတော့ ၃ မှတ် အပြည့် ရရှိသွားပြီး မြန်မာအသင်းကတော့ အိမ်ကွင်းမှာတင် အရေးနိမ့်ခဲ့ရပါတယ်၊၊

● မြန်မာအသင်းဟာ အုပ်စုကနေ မထွက်ရဖို့အတွက် လာမည့် ဇူလိုင်လ ၂၈ ရက် (အင်္ဂါနေ့) မှာ ဖိလစ်ပိုင်အသင်း နဲ့ ဒုတိယမြောက် အုပ်စုပွဲစဉ်အဖြစ် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဩဂုတ်လ ၄ ရက်နေ့မှာ လာအို၊ ၈ရက်နေ့မှာ ထိုင်းနဲ့ အုပ်စုပွဲတွေ ဆက်ကန်ရမှာဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ရှုံးသွားပြီဆိုတော့ နောက်ပွဲတွေမှာ ဖိအားတွေနဲ့ ရုန်းရတော့မှာဖြစ်ပါတယ်။ ဒီနေ့ပွဲက ရှုံးပေမယ့် အရင်ပွဲတွေထက် အချိတ်အဆက်မိမိ အပေးအယူတွေပိုကောင်းလာတာကို တွေ့ရပါတယ်။ ပွဲထွက်လူစာရင်း ပြင်ဖို့လိုပြီး ဒီနေ့အရှုံးကနေ သင်ခန်းစာယူမယ်ဆို အာရှကျားကြီးတို့ တဖန်နိုးထနိုင်ပါလိမ့်မယ်။💪🇲🇲

22/07/2026

🚩 ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် အင်တာမိုင်ယာမီအသင်းသို့ပြောင်းသွားပြီး မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ လက်တွဲကစားရတော့မယ့် ကက်စီမီရို

● မန်ချက်စတာ ယူနိုက်တက်အသင်းတွင် ၂၀၂၂ ခုနှစ်မှစတင်ကာ ၄ ရာသီကြာ ကစားခဲ့ပြီး အသင်းနှင့်အတူ Carabao Cup နှင့် FA Cup ဖလားများ ဆွတ်ခူးပေးခဲ့သည့် ဘရာဇီးလ် ဝါရင့် ခံစစ်ကွင်းလယ်လူ ကက်စီမီရို သည် အိုးထရက်ဖို့ဒ်ကို တရားဝင် နှုတ်ဆက်ခွဲခွာခဲ့ပြီ ဖြစ်ပါတယ်၊၊ ရီးရဲလ်မက်ဒရစ်အသင်းတွင် ချန်ပီယံလိဂ် ဖလား ၅ ကြိမ်အပါအဝင် ဆုဖလားပေါင်းများစွာ ဆွတ်ခူးခဲ့ဖူးသည့် အသက် ၃၄ နှစ်အရွယ် ဝါရင့် ကွင်းလယ်ဖျက်ကစားသမားကြီးသည် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ အခမဲ့ ပြောင်းရွှေ့ကြေး (Free Transfer) ဖြင့် တရားဝင် ပူးပေါင်းသွားခဲ့ပြီ ဖြစ်ပါတယ်၊၊

● ယခု အပြောင်းအရွှေ့ကြောင့် "The Tank" (တင့်ကားကြီး) ဟု တင်စားခံရသူ ကက်စီမီရိုသည် အင်္ဂလန် ဘောလုံးမင်းသားကြီး ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းတွင် ကမ္ဘာ့အကောင်းဆုံး ကစားသမား မက်ဆီ အပါအဝင် တိုက်စစ်မှူးအဖြစ် ကစားနေသည့် အသက် (၃၉) နှစ်အရွယ် ဥရုဂွေးလက်ရွေးစင် ကစားသမား ဆွာရက်ဇ်တို့နှင့် ပြန်လည် ဆုံစည်းခွင့် ရရှိတော့မည် ဖြစ်ပါတယ်၊၊ ကက်စီမီရိုသည် အင်တာမိုင်ယာမီအသင်းနှင့် ၂၀၂၇ MLS ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၉ အထိ စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်နိုင်သည့် အခွင့်အရေးလည်း ပါဝင်လာခဲ့ပါတယ်၊၊

● ၎င်း၏ မိခင်မျိုးရိုးအမည် အမှန်မှာ "Casimiro" (i ဖြင့် စာလုံးပေါင်း) ဖြစ်သော်လည်း ဆောပိုလိုအသင်းတွင် စတင်ကစားစဉ်က ဂျာစီပေါ်၌ "Casemiro" (e ဖြင့်) မှားယွင်းရိုက်နှိပ်ခံခဲ့ရရာမှ ကံကောင်းခြင်းများ ဆက်တိုက် ရရှိခဲ့၍ ထိုနာမည်အတိုင်း ဆက်လက် အသုံးပြုခဲ့သည့် ဖြစ်စဉ်မှာလည်း ၎င်း၏ ထူးခြားသည့် သမိုင်းတစ်ခု ဖြစ်ပါတယ်၊၊ ဘရာဇီးလ် လက်ရွေးစင်အသင်းနှင့်အတူ ၂၀၁၉ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့သလို မန်ယူအသင်းတွင် ၁၁၁ ပွဲကစား၊ ၁၅ ဂိုးအထိ သွင်းယူကာ အခက်ခဲဆုံးအချိန်များ၌ အသင်းကို ကယ်တင်ပေးခဲ့သည့် ကက်စီမီရို၏ အမေရိကန် မြေပေါ်မှ စိန်ခေါ်မှုသစ်နှင့် မက်ဆီတို့၏ တွဲဘက်ခြေစွမ်းကို အင်တာမိုင်ယာမီတွင် မည်သို့မြင်တွေ့ရမည်နည်းဆိုသည်မှာ စောင့်ကြည့်ချင်စရာကောင်းသည့် အချက် ဖြစ်ပါတယ်၊၊

Photos from Myanmar Football Online Agent=MFOA's post 21/07/2026

● ဒီနေ့ စပိန်ကို ၁-၀နဲ့ရှုံးတဲ့ ပွဲအပြီး ခရာသံထွက်ပေါ်လာချိန်မှာတော့ ဂန္ထဝင်ကြီး မက်ဆီဟာ မျက်ရည်မကျခဲ့ပါဘူး။ သူဟာ ရလဒ်ကို ဝေခွဲမရဘဲ မယုံနိုင်အောင် ဖြစ်နေလို့လား၊ ဒါမှမဟုတ် စိတ်ကို အစွမ်းကုန် တင်းထားလို့လား မသိရအောင် တည်ငြိမ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယဆု (ငွေတံဆိပ်) ကို လက်ခံရယူပြီးချိန်မှာတော့ သူ့ကို အားပေးနေတဲ့ ပရိသတ်တွေဘက်ကို လှည့်ကြည့်ရင်း မက်ဆီတစ်ယောက် စိတ်ကို လုံးဝ မထိန်းနိုင်တော့ဘဲ မျက်ရည်တွေ စီးကျတဲ့အထိ ငိုကြွေးခဲ့ရတာကတော့ ပရိသတ်တွေရဲ့ ရင်ကို တကယ့်ကို ကွဲကြေစေခဲ့ပါတယ်။

● ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ နောက်ဆုံးဗိုလ်လုပွဲကြီးဟာ လက်မှတ်ဈေးနှုန်းတွေ သမိုင်းတစ်လျှောက် စံချိန်တင် မြင့်မားခဲ့တဲ့အထိ တစ်ကမ္ဘာလုံးက စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ကွင်းအတွင်း လာရောက်အားပေးကြတဲ့ ပရိသတ်တွေရော၊ ကမ္ဘာတစ်ဝန်းက ဘောလုံးဝါသနာအိုးတွေပါ ဂန္ထဝင်ကြီး လီယွန်နယ် မက်ဆီ ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ခြေစွမ်းတွေကို မြင်တွေ့ချင်လို့ စောင့်မျှော်ခဲ့ကြပေမဲ့လည်း အင်မတန် အကွက်စေ့လွန်းတဲ့ စပိန်အသင်းရဲ့ ဗျူဟာအောက်မှာတော့ ဂုတ်ကြီး မက်ဆီတစ်ယောက် လုံးဝ လှုပ်ရှားလို့မရအောင် အခြေအနေ ပိတ်ဆို့သွားခဲ့ရပါတယ်။

● ဒီနေ့ပွဲမှာ အာဂျင်တီးနား ဘာကြောင့် ရှုံးနိမ့်ခဲ့ရသလဲဆိုရင် စပိန်အသင်းရဲ့ သွေးအေးအေးနဲ့ အမှားအယွင်းမရှိ တည်ငြိမ်လွန်းတဲ့ ခြေစွမ်းကြောင့်ပဲ ဖြစ်ပါတယ်။ စပိန်အသင်းဟာ ပြာယာခတ်မသွားဘဲ အကွက်စေ့စေ့နဲ့ ခံစစ်ရော တိုက်စစ်ကိုပါ မျှမျှတတ ကစားသွားခဲ့တာပါ။ မက်ဆီတို့ အာဂျင်တီးနားရဲ့ အကြိုက်က ပြိုင်ဘက်က ခံစစ်ပိတ်ဆော့တာမျိုး ဖြစ်ပြီး၊ ခံစစ်ပိတ်တာနဲ့ ၅ မိနစ်ပဲ လိုတော့ရင်တောင် အာဂျင်တီးနားက ဂိုးရအောင် အကွက်ဖော်နိုင်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ပွဲတုန်းကဆိုရင် အင်္ဂလန်က ၁-၀ နဲ့ နိုင်ပြီဆိုပြီး ခံစစ်ဆော့လိုက်လို့ ၈၅ မိနစ်မှာ တစ်ဂိုး၊ ၉၂ မိနစ်မှာ တစ်ဂိုးနဲ့ ပွဲပြီးခါနီး အနိုင်ပိုင်းသွားခဲ့တာ တစ်ပွဲတည်း မဟုတ်ပါဘူး။ သူတို့သာ တိုက်စစ်ဆင်ခွင့်ရရင် ပွဲပြီးခါနီးအထိ ဂိုးဖန်တီးနိုင်စွမ်း ရှိကြတာ ဖြစ်ပါတယ်။ ဒီနေ့တောင် စပိန်က နောက်ဆုတ်လိုက်တာနဲ့ ချေပဂိုးရလုနီးပါးအခြေအနေဖြစ်ခဲ့တယ်။

● ဒီနေ့ စပိန်အသင်းက ခံစစ်၊ တိုက်စစ် မျှနေအောင် လုပ်သွားပြီး အပေးအယူ တည်တည်ငြိမ်ငြိမ်နဲ့ ဘောလုံးကို ထိန်းထားတာကြောင့် အာဂျင်တီးနားတို့ ဂိုးဖန်တီးတာ၊ ဂိုးသွင်းတာတွေ လုံးဝ မလုပ်နိုင်ခဲ့ဘဲ ခံစစ်သက်သက်နဲ့ပဲ အချိန်တွေ ကုန်ဆုံးခဲ့ရပါတယ်။ စပိန်က အကြိမ် ၂၀ ကန်သွင်းခွင့်ရပြီး ၁၁ ဂိုးတောင် ဂိုးပေါက်တည့်တယ်။ ဒီကြားထဲ ရှုံးချင်လာတဲ့ အာဂျင်တီးနားတို့ သွေးဆူလာပြီး အဝါကဒ် ၅ ကဒ်အထိ အပြခံရသလို၊ ကစားသမား တစ်ယောက် ထုတ်ပယ်ခံရကာ နည်းပြပါ အဝါကဒ်ပြသတိပေးခံရတဲ့အထိ စိတ်မထိန်းနိုင် ဖြစ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ တစ်ယောက်လျော့သွားတာကနေတစ်ဆင့် ခံစစ်ပါ အားလျော့လာပြီး တိုက်စစ်ကလည်း လုံးဝမရှိတော့သလို ဖြစ်ကာ ဝမ်းနည်းစရာ အရှုံးနဲ့ ဇာတ်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

#မက်ဆီ

19/07/2026

ရုပ်တည်ကြီးနဲ့...နောက်ဆုံးကအသက်😁😊

03/06/2026

ငဆိုက်တို့တော့ပျော်လွန်းလို့ငိုပါနေပီထင်တယ် 😂😂😂

30/05/2026

ကြုံတဲ့ဘုရား...ကယ်တော်မူပါ😂😂😂

28/05/2026

PSG....မင်းတို့အနိုင်ယူမှဖြစ်မယ်😁

01/05/2026

⭐European competition ၃ ခုစလုံးမှာ ပရီးမီးယားလိဂ်အသင်းတွေ ချန်ပီယံဖြစ်လာနိုင်မလား⭐
✅✅✅✅✅✅✅✅✅✅✅✅✅✅
ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရင့်စ်လိဂ် ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွေ ကစားပြီးချိန်မှာတော့ ပရီးမီးယားလိဂ်ကလပ်တွေ အခြေအနေကောင်းခဲ့ကြပါတယ် ။ ယူရိုပါလိဂ်မှာ ပရီးမီးယားလိဂ် ၂ သင်းတွေ့ကြတာကြောင့် တသင်းကတော့ ဖိုင်နယ်ပွဲစဉ်ကိုရောက်ရှိလာတော့မှာပါ ။ နော်တင်ဟမ်ဖောရက်စ်ရော အက်စတွန်ဗီလာပါ တဘက်ပွဲစဉ်ကအသင်းတွေ ( ဘရာဂါ သို့မဟုတ် ဖရိုင်းဘတ် ) ကိုအနိုင်ကစားနိုင်စွမ်းရှိပါတယ် ။ ကွန်းဖရင့်စ်လိဂ်မှာလည်း ရှက်တာဒိုးညက်ကိုတောင် အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ကစားခဲ့တဲ့ ပဲလေ့စ်ရဲ့ အနေအထားကို ဘယ်အသင်းမှာ ယှဉ်နိုင်ဖွယ်မရှိပါဘူး ။

ချန်ပီယံလိဂ်ကိုတော့ တချက်စောင့်ကြည့်ရပါမယ် ။ အာဆင်နယ်က ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ရပြီး ဗိုလ်လုပွဲတက်ဖို့ အလားအလာကောင်းနေပေမယ့် ချန်ပီယံဖြစ်ဖို့ကတော့ ပီအက်စ်ဂျီ ၊ ဘိုင်ယန်တို့လောက် အလေးပေးမခံထားရဘူးဖြစ်နေပါတယ် ။ ဒါပေမယ့် အာဆင်နယ်ရဲ့ နောက်တန်းနဲ့ဂိုးသမားတွေက ပီအက်စ်ဂျီ ၊ ဘိုင်ယန်တို့ထက် ပိုကောင်းတာကြောင့် ဒီအားသာချက်ကိုအကောင်းဆုံးအသုံးချနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ ။

ပရီးမီးယားလိဂ်ကလပ်တွေသာ ဒီပြိုင်ပွဲ ၃ ခုစလုံးမှာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်ထူးခြားတဲ့နှစ်တနှစ်ဖြစ်လာမလဲဗျာ ။

28/04/2026

🥇🎯PSG ဟာ ဘိုင်ယန်ကို အိမ်
ကွင်းကနေ ဒဲ့ ဆိုပြီး ကြေးကြောပေး
လာပါတယ်။ချန်ပီယံလိဂ်မှာ ဒီနှစ်
သင်းရဲ့ စျေးတန်းက တွေ့ဆုံဖူးတဲ့
အသင်းတွေ မတူတာကြောင့် စျေး
တန်းအရ ခန့်မှန်းရခက်ပါတယ်။
ဒါမယ့် ရအောင် ဆွဲထုတ်ကြတာပေါ့။
PSG ဟာ ပရီးမီးယားလိဂ်အသင်း
တွေ ဖြစ်တဲ့ နယူး၊စပါး၊ချဲလ်ဆီး၊လီဗာ
ပူး တို့လို အသင်းတွေ နဲ့ တွေ့ဆုံခဲ့ဖူး
တာကို အခြေ ခံရရင် လီဗာပူးကို အိမ်
ကွင်းမှာ ၁+၅၀ စျေးပေးတာက အ
သင့်တော်ဆုံး စျေးလို့ဆိုရမှာပါ။
လီဗာပူးကို မန်စီးတီးက အိမ်ကွင်းမှာ
၁+၅၀ ပေးပြီး အနိုင်ရခဲ့တာကြောင့်
ကြေးမှန်တယ်လို့ ယူဆရမှာဖြစ်ပြီး
PSG အနေနဲ့ လီဗာပူးအပေါ် ပေးထား
တဲ့ စျေးနဲ့ တူညီတဲ့ စျေးတန်းတစ်ခု
လည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ ရီးရဲကိုအဝေးကွင်းက
နေ သရေပြားအနုတ် ၉၀ ပေးခဲ့တာ
ကြောင့် မန်စီးတီးဟာရီးရဲ ထက် ပြား
၁၄၀ ပိုမြင့်တဲ့ အသင်းလို့ ဆိုရမှာဖြစ်
ပြီး ဘိုင်ယန်ကတော့ ရီးရဲအိမ်ကွင်းမှာ
သရေပြားအနုတ် ၄၀ သာပေးခဲ့တာမို့
ရီးရဲထက် ပြား၉၀ သာတဲ့ အသင်းလို့
ဆိုရမှာဖြစ်ပါတယ်။ဒီစျေးအရဆို မန်စီး
တီးဟာ ဘိုင်ယန်ထက် ပြား ၅၀ မြင့်တဲ့
အသင်းဖြစ်ပြီးအထက်မှာ မန်စီးတီးနဲ့
ကြေးတန်းတူတယ်လို့ ယူဆထားတဲ့
PSG ဟာလည်း ဘိုင်ယန်ထက် ပြား ၅၀
မြင့်တယ်လို့ဆိုရမှာဖြစ်ပါတယ်။
ပအကျော့ အိမ်ရှင်ဖြစ်တဲ့ PSG ဟာ
ကိုယ်နဲ့ ခြေစွမ်းမကွာတဲ့ ဘိုင်ယန်ကို
အိမ်ကွင်းမှာ မရှုံးနိုင်တဲ့ စျေးမျိုးနဲ့
သာ ဖွင့်လှစ်သင့်ပါတယ်။အိမ်ကွင်း
စျေး ပြား ၅၀ ကို ထည့်မတွက်ရင်တောင်
ဘိုင်ယန်ရဲ့ နည်းပြ ကွန်ပနီ ပွဲပယ်ခံ
ထားရသလို ခံစစ်မှာ လူလဲ စရာအဓိက
ကစားသမားဆိုလို့ အဖွန်ဆို ဒေးဗီး
တစ်ယောက်သာ ရှိပြီး အမှားမခံတဲ့
ဒီလိုညမှာ လူစာရင်းအရ ပိုတောင့်တင်း
တဲ့ PSG က ပြား ၂၀ လောက်ပိုပြီး
ပြား ၇၀ ရှုံးလောက်အထိ ကြေးအ
ကြောပေးသင့်တာဖြစ်ပါတယ်။
PSG ဟာ လက်ရှိအချိန်မှာ ဘိုင်ယန်
ထက် စျေးတန်းအရ နိမ့်မနေသလို
လူစာရင်းအင်အား၊နည်းပြ အရည်အသွေး၊
အိမ်ကွင်းပရိသတ်အား တွေအရလဲနိမ့်
မနေတာမို့ကြေးအကြောပေးမှု နိမ့်နေ
လို့မရပါဘူး။
မနက်ဖန်ညမှာကစားမယ့်ပွဲမှာ အေတီ
ကိုဟာ အာဆင်နယ်ကို အိမ်ကွင်းကနေ
ဒဲ့စျေးပေးထားတာကို တွေ့ရပါတယ်။
အေတီကိုလို အာဆင်နယ်ထက်စျေး
တန်းအရ များစွာနိမ့်တဲ့ အသင်းတောင်
မှ အိမ်ကွင်းမှာ အာဆင်နယ်ကို ဒဲ့စျေး
ပေးရဲ ရင် PSG လို ဘိုင်ယန်နဲ့ ဒဲ့ တူဒဲ့
ယှဥ်ဖိုက်နိုင်တဲ့ အသင်းက ကြေးကြော
ပေးရဲရမှာ ဖြစ်ပါတယ်။အမှတ်ပေးအ
ဆင့်မှာတောင် အိမ်ကွင်းကနေ သရေ
ပြားအနုတ် ၃၀ ပေးပြီး ဘိုင်ယန်ကိုရှုံး
ခဲ့ရင် ဒီလို ရှုံးထွက်အဆင့်မှာ ဒဲ့စျေး
ပေးပြီး နိုင်ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်
တာကြောင့် ဒီညမှာတော့ ဘိုင်ယန်ဘော်
ဒီကိုသာ ရွေးပေးချင်ပါတယ်။

🎁ဘိုင်ယန်မြူးနစ်🎁

🤗အကြိုက်တူရင်ဆော့ကစားနိုင်ပါသည်ခင်ဗျာ။🤗
#ဘောလုံး #ဘောလုံးခန်မှန့်ချက်များ #ဘောလုံးကစားနည်းကိုချစ်မြတ်နိူးသူ⚽🏆

28/04/2026

✅ဘရူနိုကတော့လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားပါဘဲ.....
-------------------------///-----------------------///-------------------------
သီယာရီ အွန်နရီ နဲ့ ကယ်ဗင် ဒီဘရိုင်းနားတို့ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲမှာ ထည့်သွင်းဖော်ပြကြသလို မီဆွတ် အိုဇေးလ်ကိုလည်း အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်တွေထဲက တယောက်လို့ ချီးကျူးခဲ့ကြပါတယ် ။ အခု ဘရူနိုက အိုဇေးလ်ရဲ့ ဂိုးဖန်တီးမှုကို လိုက်မီသွားသလို အွန်နရီ နဲ့ ဒီဘရိုင်းနားတို့ရဲ့ စံချိန်နဲ့လည်း ၁ ဂိုးသာ ကွာဟတော့တာပါ ။ လက်ကျန် ၄ ပွဲမှာ ၁ ဂိုးဖန်တီးနိုင်ရုံနဲ့ လိုက်မီသွားမှာဖြစ်ပြီး ၂ ဂိုးဆိုရင်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတလျောက် တရာသီဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်တဲ့စံချိန်သစ်ကို ဘရူနို ဖာနန်ဒက်စ်ဆိုတဲ့အမည်နဲ့ တဦးတည်းပိုင်ဆိုင်ခွင့်ရရှိတော့မှာပဲ ဖြစ်ပါတယ် ။

တရာသီဂိုးဖန်တီးမှု အကြိမ် ၂၀ လောက်ပြုလုပ်ပေးတယ် ၊ ဂိုးတွေလည်းသွင်းပေးထားတယ် ၊ မန်ယူအသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ဦးဆောင်ကစားပေးထားတယ် ၊ ဒီလိုကစားသမားမှ တနှစ်တာအကောင်းဆုံးဆုမရရင် ဘယ်သူရနိုင်မှာလဲ . .

ဘရူနိုဆိုတဲ့ဘဲက ဘောလုံးကစားနေတာမှ မဟုတ်တာ။ သူက ကွင်းထဲကနေ အရာအားလုံးကို စီမံခန့်ခွဲနေတာ။
သူ့ရဲ့ ပေးပို့မှုတစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုချင်းစီတိုင်းက ပြိုင်ဘက်တွေကို စီရင်ချက်ချနေတာ။ decision
တစ်ခုချင်းစီတိုင်းကတစ်ကယ်မဖြစ်လာခင်ကတည်းက စက္ကန့်ပိုင်းလောက် စောနေသလို ခံစားရစေတာ
ဂိုးတွေ ဖန်တီးမှုတွေ လုပ်ပေးနေတာဆိုတာထက်ပိုတယ်။ ယူနိုက်တက်ရဲ့ အတွင်းအား။ ဒီအသင်းရဲ့ Heartbeatဖြစ်လာတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဒီရာသီမှာ ဆူပူအုံကြွမှုတွေ ရှုပ်ထွေးမှူတွေ သံသယမေးခွန်းတွေ ဒုနဲ့ဒေးပါ။ အဲ့ဒီ အမှိုက်သရိုက်တွေ အားလုံးကို ဘရူနို တစ်ယောက်ထဲကဘဲ ဒိုင်ခံဖြေရှင်းပေးနေတာ။ ယူနိုက်တက်အတွက် သူဟာ Structure။ သူဟာ Rhythm ဘဲ။ မျှော်လင့်ချက်တွေအရောင်မှိန်သွားတိုင်း အကြိမ်ကြိမ်
အသစ်ပြန်ပြီး ‌ခြယ်သပေးနေတဲ့ဗိသုကာ။
ဒီဘရိုင်းနဲ့ အွန်နရီတို့ရဲ့ တစ်ရာသီထဲ
ဂိုးဖန်တီးမှု အကြိမ်(၂၀)အများဆုံးကို
ဒီညမှာဘဲ လိုက်မီပြီး ကျော်ဖြတ်နိုင်သင့်တာ။ ဒီညမဟုတ်ရင်တောင် များမကြာခင်မှာ သက်သောင့်သက်သာနဲ့ ဖြတ်ကျော်ပြီး
စံချိန်အသစ်ရေးမှာပါဘဲ။

ဒီရာသီ ပြိုင်ပွဲစုံ ဂိုးပါဝင်ပတ်သက်မှု (၃၃)ကြိမ်။
(၁၁)ဂိုးသွင်း၊ (၂၂)ကြိမ်ဖန်တီးထားတာ။
ဒါတွေက Stats တစ်ခုဆိုတာထက် ပိုပြီး
လေးလေးနက်နက် အဓိပ္ပာယ်ဖွင့်ရရင်
Game-breaking momentsတွေ
Late Passesတွေ ဆုံးဖြတ်ချက် တစ်ခုချင်းစီတိုင်းကို ကိုယ်စားပြုနေတာ။ အဲ့ဒီဂိုးတွေ ဖန်တီးမှုတွေက collection လုပ်ထားတာမဟုတ်ဘူး။ ဖိအားတွေအောက်မှာ ကဗျာတစ်ပုဒ်ရေးစပ်သလို
အနုပညာမြောက်စွာနဲ့ စီရင်ထုံးဖွဲ့ထားတာ။

Playmaker ဆိုတာနဲ့ မလုံလောက်တော့ဘူး။ သူဟာ ယူနိုက်တက်ရဲ့ Leaderတစ်ယောက်၊ ဖိုက်တာတစ်ယောက်၊ Force တစ်ခုဘဲ။ ဒီဘဲကို ဒီနှစ် ပရီးမီးယားလိဂ်ရဲ့
ဘုရင်အဖြစ်နဲ့ သရဖူအပ်နှင်းလိုက်တော့။
ဒါက ဆုဖလားတွေနဲ့ မဆိုင်ဘူး။
အသင်းရဲ့ Rankကိုလည်း ကြည့်စရာမလိုတော့ဘူး။ ဘောလုံးရာသီကို ဘယ်သူက အဓိပ္ပာယ်သတ်မှတ်သလဲဆိုတာပေါ် မူတည်သွားပြီ။

ဘရူနိုထက်ပိုပြီး အသင်းကို Carried လုပ်နိုင်တဲ့သူ၊ Game Changeလုပ်နိုင်တဲ့သူGame Decided လုပ်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ? Debate လုပ်စရာတောင်မလိုတော့ဘူး။ ဒါတွေကြောင့်အဲ့ဒီပေါ်တူဂီသားကြီးကို သရဖူအပ်နှင်းလိုက်လို့ ရနေပါပြီဗျာ......

Want your business to be the top-listed Gym/sports Facility in Dagon?

Click here to claim your Sponsored Listing.

Location

Website

Address


Dagon