18/08/2024
ညီကိုတွေ ဒီလိုနေ😹😹
ok
18/08/2024
ညီကိုတွေ ဒီလိုနေ😹😹
17/12/2023
မော်ရင်ဟိုဟာ လီဗာပူးကို (၃-၁)နဲ့
ရှံးပြီးတဲ့အချိန်မှာ မန်ယူနည်းပြရာထူးကနေ
ထုတ်ပယ်ခံခဲ့ရပါတယ်။
အဆိုပါအချိန်တုန်းက လင်ဂတ်က
လီဗာပူးအသင်းကို ပထမပိုင်းမှာ
ချေပဂိုးတစ်ဂိုးရအောင် ပြန်သွင်းခဲ့ပါတယ်။
ဖြစ်ချင်တော့ (၂၀၁၈)၊ ဒီဇင်ဘာ(၁၆)တုန်းက
လီဗာပူးကွင်းမှာ မော်ရင်ဟိုလက်ထက်
သွင်းခဲ့တဲ့ ချေပဂိုးဟာ မန်ယူအသင်း
အန်ဖီးမှာ နောက်ဆုံးရခဲ့တဲ့ဂိုး ဖြစ်နေပါတယ်။
နည်းပြတွေ အဆက်ဆက်ပြောင်း၊
(၅)နှစ်ကျော်ကြာတာတောင် အန်ဖီးမှာ
တစ်ဂိုးမှ မသွင်းထားနိုင်သေးပါဘူး။
ဒီအကြောင်းကို မော်ရင်ဟိုက
လီဗာပူးနဲ့ မန်ယူအသင်းမတွေ့ခင်ပွဲစဉ်မှာ
ချိန်သားကိုက်ဆိုသလို စခရင်ရှော့တစ်ခုနဲ့
👀 အီမိုဂျီ ေလးတင်ခဲ့ပါတယ်။
တွေးတတ်ရင် အဓိပ္ပာယ်အများကြီးပါ။
ဆရာမော် ဘာအဓိပ္ပာယ်နဲ့တင်လဲကတော့
သူကိုယ်တိုင်ပဲ သိပါမယ်။
ဒါပေမဲ့ ဒီတစ်ခါ အန်ဖီးမှာ အရှက်တကွဲ
ဂိုးပြတ်ရှံးလာလို့မှ တန်ဟတ်ကို ဆက်ထိန်းရင်တော့
နည်းနည်းလေး အငြင်းပွားစရာဖြစ်လာပါပြီ။
တန်ဟတ်ကိုတောင် အချိန်ပေးနိုင်ရင်
မော်ရင်ဟိုလို နည်းပြမျိုးကို ဘာလို့
ထုတ်ပယ်ခဲ့တာလဲဆိုတဲ့ မေးခွန်းက
တော်တော်လေး တွေးစရာဖြစ်လာမှာမလို့ပါပဲ။
toolboxfootball