Myay Pa Don Football Team

Myay Pa Don Football Team

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myay Pa Don Football Team, Professional Sports Team, Chauk.

Photos from Myay Pa Don Football Team's post 11/03/2026

""" ... ဟိုအရင်လို ..."""

အိပ်မက်တွေသာ တကယ် ဖြစ်ခဲ့ရင်
နိုးထဖို့ မကြိုးစားချင်ဘူး...

ပျော်စရာတွေ ကင်းမဲ့လာရင်
အထီးကျန်မှုဆိုတာ မဖိတ်ခေါ်ပဲ
အရောက် လာတတ်တယ်...

Gallery အယ်ဘမ်ထဲက
အတိတ်ကာလ ပုံရိပ်တွေသာ
ပြန်လည် နိုးထခဲ့လျှင်
အခုချိန်မှာ ပျော်ရွှင်ဆုံးပေါ့...

ဝမ်းနည်းစရာတွေ တွေးမိသူဟာ
လွမ်းလောက်စရာ ပုံရိပ်တွေကြား
သက်ပြင်းတွေ ချနေတတ်တယ်...

ဝေဝါးသွားတဲ့ အတိတ်ကာလမှာ
ထင်ရှားခဲ့တဲ့ နေ့ရက်ရှည်တွေ
ပြန်လည် ဖမ်းဆုပ်ရင်း
ပြန်လာခဲ့ပါ (ပျော်ရွှင်ခြင်းရေ)...

မျှော်လင့်ခြင်း အပိုင်းစတစ်ခုနဲ့
ရှင်သန်နေတဲ့ နှလုံးသားပေမို့
ဘယ်မှာလဲ (မျှော်လင့်ခြင်းရေ)....

အညာမြေရဲ့ အားကစားကွင်းမှာ
ဟိုအရင်လို ပရိတ်သတ်တွေနဲ့
ဟိုအရင်လို လက်ခုပ်သံတွေ...

ဟိုအရင်လို အားပြိုင်မှုတွေ
ဟိုအရင်လို ဖျော်ဖြေမှုတွေ
ဟိုအရင်လို ခမ်းနားခြင်းတွေ....
ဟိုအရင်လို ..... ? 😔😔😔

#မင်းမင်းလွမ်း [MPD SPORT]

Photos from Myay Pa Don Football Team's post 11/03/2026

"တစ်ရံတစ်ခါဆီက... ကဗျာ... "

ချန်ပီယံတွေ ရှာဖွေရင်းနဲ့
အညာမြေ အားကစားကွင်းမှာ
ဘောလုံးပွဲရဲ့ ရသတွေ
စိမ့်ဝင်နေတဲ့ အညာ....

ခင်မင် ရင်းနှီးချင်းတွေနဲ့
အနီးအနား ရွာတွေက
လေးစားဖွယ် အသင်းများကို
ဖိတ်ခေါ်ဖလား ချန်ပီယံနဲ့
လမ်းခင်းပေးတဲ့ အညာ....

အသင်းလိုက် စုစည်းကာ
စည်းလုံးတဲ့ ကစားဟန်တွေနဲ့
တစ်ဦးချင်း စွမ်းဆောင်မှုတွေ
ဖျော်ဖြေမှု အစစ်မှန်တွေနဲ့
ခန့်ညားခဲ့တဲ့ အညာ....

ပျော်စရာတွေ ပြည့်နှက်နေသလို
လွမ်းစရာတွေ ချန်ထားခဲ့တဲ့
အညာဒေသက ဖိတ်ခေါ်ဖလားတွေ
ခင်ဗျားလည်း သတိရနေသလို
ကျွန်တော်လည်း မမေ့ဘူးဆိုတာ...

အညာမြေ အားကစားကွင်းဆီက
မမြင်ရတာ ကြာရှည်ခဲ့တဲ့
ဘောလုံးပွဲရဲ့ ပုံရိပ် အစစ်တွေ
စိတ်အစဥ်မှာ တစ်ခုတ်တစ်ရနဲ့
ကျွန်တော့်ရင်မှာ လွမ်းမိပါကြောင်း...

"တစ်ရံတစ်ခါဆီက ကဗျာ"
#မင်းမင်းလွမ်း [MPD SPORT]

Photos from Myay Pa Don Football Team's post 19/09/2024

19.9.2024(THU)
ချောက်မြို့နယ် မြေပဒုံကျေးရွာအုပ်စု မြေပဒုံကျေးရွာမှ
ရေဘေးသင့် ပြည်သူများထံသို့ ထပ်မံလျှုဒါန်းခဲ့သော အလျှုရှင်များမှာ

ဦးကြည်လွင်ဒေါ်ချိုချိုမြင့် ပထမ 30000
ထပ်တိုး 20000=စုစုပေါင်း 50000
မောင်သုတညဏ် မဖူးပွင့်ဝေ
နောင်နှမ နှစ်ယောက်မှ ပထမ 5000
ထပ်တိုး 1850
စုစုပေါင်း=စုစုပေါင်း6850
မောင်အောင်ဘုန်းမြတ် 3000
မောင်စိုးကြည် 10000
ဦးကျော်ဝင်းထွန်း +ဒေါ်အေးအေးဝင်း
မြေး မောင်သုတကျော် မှ10000
ဦးနေဝင်းအောင်-‌ေဒါ်ကေသီဝင်း
သား မောင်ဖြိုးဟိန်းထက် မှ5000ကျပ်
မထက်ထက် 2000ကျပ်
ထပ်မံလျှုဒါန်းခဲ့ပါသည်။

စုစုပေါင်း2398000ကျပ်ကုိ‌ေရ‌ေဘးသင့်ပြည်သူများအတွက်အလျှူခံရရှိပါသည်။
အလျှုခံရရှိသော အဝတ်အထည် /အလျှူခံရရှိငွေနှင့် တခြားအသုံးအဆောင် ပစ္စည်းများကို ချောက်မြို့ မနောဖြူ လူမှုကူညီရေးအသင်းမှတဆင့် ရေဘေးသင့်ပြည်သူများထံသို့အောင်မြင်စွာ လျှူဒါန်းနိုင်ခဲ့ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

19/09/2024

ရေဘေးသင့်ပြည်သူများအတွက်
နောက်ထပ် လျှူဒါန်းခဲ့သော အလျှူရှင်များမှာ
ကိုမင်းမင်းလတ် မှ 100000ကျပ်
ကိုထွန်းဝေ မှ 20000ကျပ်
ဒေါ်မာချို မိသားစုမှ 10000ကျပ်
ထပ်မံလျှူဒါန်းခဲ့ပါသည်။

Photos from Myay Pa Don Football Team's post 18/09/2024

18.9.2024(WED)
ရေဘေးသင့်ပြည်သူများအတွက်
ချောက်မြို့နယ်မြေပဒုံကျေးရွာအုပ်စုမြေပဒုံကျေးရွာမှ
အလျှူခံရရှိငွေစာရင်းမှာ
2218150ကျပ်(နှစ်ဆယ့်နှစ်သိန်းတစ်သောင်းရှစ်ထောင်တစ်ရာ့ငါးဆယ်ကျပ် တိတိ) ရရှိပါသည်။
ရပ်ဝေးရပ်နီးမှ ပါဝင်လျှူဒါန်းလိုသော အလျှူရှင်များအနေဖြင့်
Page Chat Boxသို့လည်းကောင်း
09791488801
09256208887{Win Aung -kpay/Wave pay}
သို့မနက်ဖြန်မနက်(19.9.2024 မနက်11နာရီအတွင်း)
ဆက်သွယ်လျှူဒါန်းနိုင်ပါသည်။

22/02/2024
11/01/2024

ဒီနေ့ကတော့ စီစဉ်တင်ဆက်သူ Saw Minn" Lwan တို့ရဲ
ကရင်နှစ်‌သစ်ကူးဖြစ်ပါတယ်🇲🇫😂
မင်း မင်း လွမ်း
Jff

Photos from Myay Pa Don Football Team's post 01/11/2023

#ညှိုးငယ်စွာအသိပေးကြေညာခြင်း

မြေပဒုံ(က)အသင်းဟာ

မြေပဒုံကျေးရွာဖိတ်ခေါ်ဖလားပြိုင်ပွဲအပြီး
ဇောင်းတောကန်ဒိုင်းပွဲတွင် အသင်းကစားသမားများ ကွဲသွားကြပီး

ဇောင်းတောကန်ဒိုင်းပွဲတွင် စိတ်ပျက်ဖွယ်အခြေအနေများ ကြုံတွေ့ခဲ့ရပီးနောက် ချစ်ကြည်ရေးပွဲစဉ်များ
ဖိတ်ခေါ်ဖလားပွဲစဉ်များကို ရပ်နားထားခဲ့တာဖြစ်ပါတယ်

အသင်းကစားသမားအများစု ဘောလုံးပြိုင်ပွဲများကို
စိတ်ဝင်စားမှုနည်းသွားခြင်း
ပြည်ပထွက်ရန် သင်တန်းတက်ကြခြင်း ပြင်ဆင်ကြခြင်း
မြေပဲများကို မနက် ညနေ တစ်နေကုန် ဖော်နေကြရခြင်း
အလုပ်မအားကြခြင်းကြောင့်

အိုင့်ကြီးကျေးရွာ ဖိတ်ခေါ်ဖလားပြိုင်ပွဲ
ဂွေးပင်ကြီးကျေးရွာဖိတ်ခေါ်ဖလားပြိုင်ပွဲများကို
ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူးခင်ဗျာ
ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့တာကိုလည်း
နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာ

အိုင့်ကြီးကျေးရွာဖိတ်ခေါ်ဖလားပြိုင်ပွဲ
ဂွေးပင်ကြီးကျေးရွာဖိတ်ခေါ်ဖလားပြိုင်ပွဲတို့
အေးချမ်းအောင်မြင်စွာပြီးဆုံးသွားသည့်အတွက်
အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်ခင်ဗျာ

ထို့အတူပင် မြေပဲအလုပ်များ မပြီးဆုံးသေးဘဲ
ကစားသမားများ အလုပ်မအားကြလျှင်
မည်သည့်ပြိုင်ပွဲများကိုမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မာ မဟုတ်ပါကြောင်း ညိုးငယ်စွာ အသိပေးလိုပါတယ်ခင်ဗျာ
မြေပဒုံ(က)အသင်းမှ ချစ်ကြည်ရေးဒိုင်းပွဲဖွင့်ကြတဲ့ ကျေးရွာများအပေါ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတာကိုလည်း နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်ခင်ဗျာ

ကစားသမားအများစု အားလပ်တဲ့အချိန်မှသာ အသင်းကိုပြန်လည်စုစီးပီး ချစ်ကြည်ရေးပွဲများ
ဖိတ်ခေါ်ဖလားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါကြောင်း ထပ်လောင်းအသိပေးပါသည်ခင်ဗျာ

(A)

Photos from Myay Pa Don Football Team's post 30/10/2023

မြေပဒုံ‌ကျေးရွာ(က)အသင်းမှ ဦးဆောင်၍
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့
ရှင်ပင်မြတ်သိန်းတန်ဘုရားရင်ပြင်ပေါ်၌
ဆီမီးပူဇော်ခြင်း

Want your business to be the top-listed Gym/sports Facility in Chauk?

Click here to claim your Sponsored Listing.

Location

Website

Address


Chauk