Mo Mo Computer, CCTV & Networking

Mo Mo Computer, CCTV & Networking

Share

Computer sale & services. CCTV sale & services. Networking services. For Bago Township and around.

Photos from Mo Mo Computer, CCTV & Networking's post 24/03/2026

Today project!
CCTV New Installation and mobile surveillance service.

မြို့သစ်မဟာမြိုင်လမ်းမ၊ရွှေအိုးကြီးလမ်းဆုံရှိ
Lucky Baby Kids' Fashion ဆိုင်နှင့် နေအိမ်တွင် ရုပ်သံကြည်လင်ပြတ်သား၍ အသံပါကင်မရာများတပ်ဆင်ပေးခဲ့ပါသည်။




20/02/2026

Credit to original writer!

ဟိုတယ်တွေမှာသုံးတဲ့ WiFi Internet က ဘာကြောင့်အရေးကြီးရတာလဲ
ပထမဆုံး စဉ်းစားရမှာက ကိုယ့်ဟိုတယ်ရဲ့ Revenues Lost (ဝင်ငွေဆုံးရှုံးမှု) ပါပဲ။

၁။ Online complaints (အွန်လိုင်းမှ ဝေဖန်ကန့်ကွက်မှုများ)
လုပ်ငန်းအတွက်ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်ရာမှာ အင်တာနက်က အကောင်းဆုံး လက်နက်တစ်ခုပါ။ WiFi မကောင်းလို့ သူတို့ဆက်သွယ်ချင်တဲ့သူတွေနဲ့ ဆက်သွယ်လို့မရရင် ဧည့်သည်တွေ စိတ်မရှည်ဖြစ်တတ်ကြပါတယ်။ ပြီးတော့ Tripadvisor လိုနေရာမျိုးမှာ မှတ်ချက်သွားရေးတတ်ပါတယ်။
"WiFi မကောင်းဘူး၊ အင်တာနက်နှေးတယ်" စသဖြင့် မှတ်ချက်ပေးတတ်ကြပါတယ်။ ကိုယ့်ဟိုတယ်ကို လာတည်းတဲ့ ဧည့်သည်တွေရဲ့ Review ဟာ အလွန်ကို အရေးကြီးပါတယ်။ Tripadvisor မှာရှိတဲ့ ကိုယ့်ဟိုတယ်ရဲ့အောက်မှာ WiFi Internet က ကောင်းကောင်းအလုပ်မလုပ်ဘူးဆိုတဲ့ မှတ်ချက်များပေးခဲ့ရင် ကိုယ့်ဟိုတယ်အတွက် အလွန်ပဲထိခိုက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ခရီးသွားအများစုဟာ ဟိုတယ်တစ်ခုကို မရွေးခင် အဲ့ဒီဟိုတယ်ရဲ့ အချက်အလက်တွေကို Tripadvisor မှာ ဝင်ဖတ်ကြည့်ကြပါတယ်။ အဲ့ဒီအခါမှာ ကိုယ့်ဟိုတယ်ရဲ့အောက်မှာ ရေးထားတဲ့ "WiFi မကောင်းပါဘူး" ဆိုတဲ့ မှတ်ချက်တွေကိုကြည့်ပြီး ကိုယ့်ဟိုတယ်ကို ရွေးချယ်ဖို့ လက်တွန့်သွားတတ်ကြပါတယ်။
ကျွန်တော့်အတွေ့အကြုံအရဆိုရင် Tripadvisor မှာ WiFi မကောင်းဘူးဆိုတဲ့ မှတ်ချက်ပေးခံရတဲ့ စင်ကာပူက ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးတစ်ခုဟာ သူရဲ့ WiFi system vendor ကို ချက်ချင်းခေါ်ပြီး အစအဆုံး ပြန်လုပ်ခိုင်းတာမျိုးတောင် ရှိပါတယ်။ အဲ့လိုမှတ်ချက်မျိုး အပေးခံရရင် သူတို့ရဲ့ Revenue lost ဖြစ်မှာစိုးတဲ့အတွက် ချက်ချင်းဖြေရှင်းခိုင်းတာကို တွေ့ရပါတယ်။

၂။ Fees lost (အခကြေးငွေ ဆုံးရှုံးမှု)
သင်နေတဲ့ ဟိုတယ်မှာရှိတဲ့ WiFi system က အမြဲတမ်း ကောင်းလိုက် မကောင်းလိုက်ဖြစ်နေမယ်ဆိုရင် သင်ဘာဆက်လုပ်မလဲ။ သင် ဟိုတယ်ကို ပြောပြီးတစ်ခုခု စီစဉ်ခိုင်းနိုင်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ နောက်ဒီဟိုတယ်မှာ နေဖို့က ရာခိုင်နှုန်းတော်တော်နည်းသွားပါပြီ။ သင် အလုပ်လုပ်တဲ့အခါပဲဖြစ်ဖြစ်၊ မိသားစုနဲ့ ဆက်သွယ်တာပဲဖြစ်ဖြစ် အင်တာနက်သုံးနေတဲ့အချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ WiFi system ကြောင့် သင် အခြားဟိုတယ်တစ်ခုကို ၁ ရက် ၂ ရက်အတွင်း ပြောင်းပြီးနေဖို့ ဆုံးဖြတ်နိုင်ပါတယ်။ ဒါဆိုရင် အဲ့ဒီဟိုတယ်ရဲ့ ဝင်ငွေ လျော့နည်းသွားနိုင်တဲ့ အကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

၃။ The corporate shutout (လုပ်ငန်းစုများ လက်လွှတ်ရခြင်း)
Event တွေဟာ ဟိုတယ်တွေရဲ့ Revenue အတွက် အင်မတန်ကို အရေးကြီးပါတယ်။ ကော်ပိုရေးရှင်းတစ်ခု ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုက သင့်ရဲ့ဟိုတယ်မှာ သူတို့ရဲ့ Event လုပ်ချင်လို့ လာပြီးစုံစမ်းပြီဆိုရင် "WiFi ရရဲ့လား၊ အင်တာနက်မြန်ရဲ့လား" ဆိုပြီး မေးခွန်းထုတ်မှာ အသေအချာပါပဲ။
သင့်ရဲ့ ဟိုတယ်ကသာ ကောင်းမွန်တဲ့ WiFi system နဲ့ အင်တာနက် အမြန်နှုန်းကို ပေးနိုင်တယ်ဆိုရင် သင့်ဟိုတယ်က သူတို့ရဲ့ Event တွေကို လက်ခံကျင်းပပေးဖို့ ရာခိုင်နှုန်းတော်တော်များနေပါပြီ။ သူတို့လိုချင်တဲ့ WiFi system နဲ့ အင်တာနက်မြန်နှုန်း မပေးနိုင်ဘူးဆိုရင်တော့ သူတို့ရဲ့ Event တွေလက်ခံ ကျင်းပပေးဖို့ မလွယ်ပါဘူး။

၄။ The point of no return (ဧည့်သည်ဟောင်းများ ပြန်မလာတော့ခြင်း)
ကိုယ့်ဟိုတယ်ကို ခဏခဏပြန်လာတည်းတဲ့ ဧည့်သည်တွေဟာ ဟိုတယ်လုပ်ငန်းမှာ အရေးကြီးပါတယ်။ ဆက်ဆံရေးကောင်းလို့၊ အစားအသောက်ကောင်းလို့၊ ရှုခင်းကောင်းလို့ စသဖြင့် ရှိပါတယ်။ ဒါပေမဲ့ ဧည့်သည်တွေရဲ့ သင့်ဟိုတယ်မှာ တည်းခဲ့တဲ့ အတွေ့အကြုံထဲမှာ WiFi system မကောင်းလို့ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဧည့်သည်တွေ ပြန်မလာတည်းတော့မှာကို သင်လည်း လိုလားမှာ မဟုတ်လောက်ပါဘူး။

အထက်ကဖော်ပြထားတာတွေ ရှောင်ကြဉ်နိုင်ဖို့အတွက် မိမိရဲ့ ဆောက်လက်စ ဟိုတယ်အသစ်မှာ ကောင်းမွန်တဲ့ WiFi system ကို ဘယ်လို ဒီဇိုင်းဆွဲပြီး အသုံးပြုမလဲ? ဒါမှမဟုတ် မိမိရဲ့ လက်ရှိဟိုတယ်မှာ ပြောထားတဲ့အချက်တွေ ရှိနေရင် ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတာကို သေချာနားလည်တဲ့ ပညာရှင်တွေနဲ့တိုင်ပင်ပြီး ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်အောင် ပြုလုပ်သင့်ပါတယ်။

Written by
Kyaw Thu
Source: LinkedIn

Photos from Mo Mo Computer, CCTV & Networking's post 08/01/2026

CCTV IP Camera များထပ်တိုးတပ်ဆင်ပေးခြင်းနှင့်

Face scan and fingerprint access control attendance system တပ်ဆင်ပေးခြင်း။

ပဲခူးမြို့တော်တွင် စတင်ဖွင့်လှစ်လိုက်သော
"ဟံသာဝတီ အထွေထွေရောဂါကုဆေးရုံ" သစ်ကြီးတွင်
ICT & Security Service မှ
IP Camera များနှင့်
Face Scan and Fingerprint access control system များကို လုပ်ငန်းရှင်များ စိတ်တိုင်းကျ တပ်ဆင်ရောင်းချ၍ ဝန်ဆောင်မှုပေးခဲ့ပါသည်။

#ဟံသာဝတီဆေးရုံ

04/01/2026
25/12/2025

We hope you have a Merry Christmas and a Happy New Year!


Photos from Mo Mo Computer, CCTV & Networking's post 17/10/2025

ရုပ်ထွက်ကြည်လင်ပြတ်သားပြီး ၂၄ နာရီလုံး ကာလာဖြင့်မြင်ရမည့် ကြည်လင်သောအသံပါကြားရမည့်
Dahua Full Color Audio Network Camera များကို
Mo Mo Computer, CCTV & Networking တွင် ဝယ်ယူတပ်ဆင်နိုင်ပါသည်။
မိတ်ဟောင်း မိတ်သစ် Customer များကို အကောင်းဆုံးလက်ရာများဖြင့် ဝန်ဆောင်မှု ပေးနေပါပြီခင်ဗျာ။


05/10/2025

သီတင်းကျွတ် အခါသမယမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေကြောင်း
MoMoCCTV Bago Family မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

22/06/2025

🎬 အကယ်ဒမီ ကိုနေတိုး တို့ ဇနီးမောင်နှံကို ဘယ်သူတွေ စောင့်ကြည့်နေတာလဲ???
🚨 သူတို့ရဲ့ ဆိုင်နဲ့ ရုံးခန်းအတွက် လုံခြုံရေးကို ဘာတွေ ပြင်ဆင်ထားမှာလဲ??
📌Dahua Hero Series အသစ် မှာ ဘယ်လို AI Function တွေ ပါဝင်လာပြီလဲ ??
✅ဒီလိုအချက်တွေကို ခေတ်နောက်ကျ မကျန်ဘဲ သိရအောင် ဒီ video လေးကို အဆုံးထိကြည့်ပေးနော်‼️

👇👇👇









Photos from Mo Mo Computer, CCTV & Networking's post 05/05/2025

ပဲခူးမြို့ရှမ်းတန်းရပ်ကွက်ရှိ
Yin Yin. Motorcycle Shop Bago
ဆိုင်အသစ်ဖွင့်လှစ်မည့် အိမ်သစ်တွင်
Mo Mo Computer, CCTV & Networking မှ
CCTV, WiFi system, Online surveillance Mobile View System များကို လက်ရာသေသပ်စွာတပ်ဆင်ပေးခဲ့ပါသည်။

Photos from Mo Mo Computer, CCTV & Networking's post 05/05/2025

ပဲခူးတိုင်း ဒိုက်ဦးမြို့က
"ရွှေမိုး ဆိုင်ကယ်ရောင်းဝယ်ရေး" မှာ
ရုပ်သံကြည်လင်ပြတ်သားပြီး အသံပါကြားရမဲ့
Dahua HDCVI Voice Camera များကို ဝယ်ယူသူစိတ်တိုင်းကျ တပ်‌ဆင်ပေးခဲ့ပါတယ်ခင်ဗျာ။

Want your business to be the top-listed Gym/sports Facility in Bago?

Click here to claim your Sponsored Listing.

Location

Website

Address


Bago