Lucky Korea ibet Agent

Lucky Korea ibet Agent

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lucky Korea ibet Agent, Sports, Seoul.

23/08/2026

ပရီးမီးယာလိဂ်ပွဲစဉ် ၁

Man City 2 - 1 Bournemouth (FT)

တနင်္ဂနွေနေ့ညမှာကစားသွားတဲ့ မန်စီးတီးနဲ့ဘုန်းမောက်ပွဲမှာတော့ စီးတီးတို့နောက်ခံလူတွေရဲ့နောက်ကျဂိုးတွေနဲ့comeback နိုင်ပွရယူသွားပါတယ် ၄မိနစ်မှာရီကိုလူးဝစ်ရဲ့အခွင့်ရေးကောင်းနဲ့ပွဲကိုဦးဆောင်ကစားနိုင်ခဲ့ပေမယ့် အဖွင့်ဂိုးကိုတော့ဘုန်းမောက်ကရယူခဲ့တာပါ ။ရာယန် evanilson တို့ရဲ့ကြိုးစားမှုကနေ တာဗားနီးယားကဘုန်းမောက်ကိုဦးဆောင်စေခဲ့ပါတယ်။ မန်စီးတီးကတပွဲလုံးနောက်ကလိုက်ကစားခဲ့ရပြီး ၈၄မိနစ်အရောက်မှချေပဂိုးရယူနိုင်ခဲ့တယ်။ ချာကီရဲ့ထောင့်ကန်ဘောကနေဂေဟီကစီတီဇင်တွေကိုပြန်လည်နိုးထစေခဲ့ပြီးအချိန်ပိုမှာတော့မန်စီးတီးတို့အဖိုးတန်ချေပဂိုးရရှိခဲ့ပါတယ်။ လူစားဝင်လာပြီးနှစ်ကြိမ်ဖန်တီးနိုင်ခဲ့တဲ့ချာကီကပဲအနိုင်ဂိုးကိုဖန်တီးပေးခဲ့ပြီးဂါဗာဒီအောရဲ့အဆုံးသတ်ဂိုးနဲ့အတူ မန်စီးတိီးတို့အနိုင်သုံးမှတ်ရယူသွားခဲ့ပါတယ် ။

22/08/2026

England Premier League is Back 🔥

16/08/2026

Community Shield Champion Arsenal 🏆

Arsenal 3 - 0 Manchester City (FT)

ပရီးမီးယားလိဂ်ရာသီအကြိုအဖြစ်ကစားခဲ့တဲ့ Community Shield ပွဲမှာတော့ အာဆင်နယ်အသင်းက မန်စီးတီးအသင်းကိုဂိုးပြတ်အနိုင်ယူပြီး ၁၈ကြိမ်မြောက် Community Shield ချန်ပီယံအဖြစ်အောင်ပွဲခံသွားခဲ့ပါတယ်။ ပွဲအစ စက္ကန့်ပိုင်းအတွင်းမှာအာဆင်နယ်ကဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး လူးဝစ်ကယ်လီရဲ့လှပတဲ့ Through Ball ကနေရလာတဲ့အခွင့်ရေးကို Calafiori ကအဆုံးသတ်ပေးပြီး ဦးဆောင်ဂိုးကို စောစောရယူသွားခဲ့တယ်။ မန်စီးတီးဘက်ကတုံ့ပြန်မှုအချို့ရှိခဲ့ပေမယ့်လဲအာဆင်နယ်က ပိုကောင်းတဲ့ပုံစံကောင်းကိုပြသနိုင်ခဲ့ပြီး ထပ်မံဦးဆောင်နိုင်ခဲ့ပြန်ပါတယ်။ ၂၈မိနစ်မှာအသင်းခေါင်းဆောင်အိုဒီဂါရဲ့သပ်ရပ်တဲ့ဖြတ်တင်ဘောကို ဇိုလစ်ခေါင်းတိုက်ချပေးနိုင်ခဲ့ပြီး ဟားဗက်စ်ကအာဆင်နယ်အတွက်ဒုတိယဂိုးကိုသွင်းယူပေးပြီးပထမပိုင်းမှာတင်မန်စီးတီးကိုအသာစီးရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာလဲအိုဒီဂါကပဲအာဆင်နယ်ကိုထပ်မံဦးဆောင်စေခဲ့ပြန်တယ်ဘယ်ခြမ်းကဇိုလစ်ရဲ့ပြတ်သားတိကျတဲ့ပေးပို့မှုကို အိုဒီဂါကဂါဗာဒီအောကိုကျော်ဖြတ်ကာ ဒွန်နာရူမာကိုဖိန့်ပြီးအဆုံးသတ်ကာသူ့ရဲ့တန်ဖိုးကိုသက်သေပြခဲ့ပြန်ပါတယ်။ စီးတီးတို့ နောက်ပိုင်းပွဲချိန်တွေမှာဆီမန်ညို ဖိုဒန် ချာကီတို့ရဲ့ခြိမ်းခြောက်မှုတွေရှိခဲ့ပေမယ့်အာဆင်နယ်ခံစစ်ကိုမကျော်နိုင်ခဲ့ပဲဂိုးပြတ် အရှုံးပေးခဲ့ပါတယ်။

20/07/2026

Congratulations World Champion Spain 🇪🇸

၂၀၂၆ ကမ္ဘာ့ဖလားကြီးကိုတော့ စပိန်အသင်းက အာဂျင်တီးနားအသင်းကို အနိုင်ယူပြီး ဒုတိယအကြီမ်မြောက်ချန်ပီယ့ဆုအဖြစ် ရယူသွားခဲ့ပါတယ် ။

19/07/2026

အပြန်အလှန်သွင်းဂိုးတွေနဲ့ ပရိတ်သတ်တွေကို ဖျော်ဖြေခဲ့ပြီး အင်္ဂလန်အနိုင်ယူသွားးတဲ့

၂၀၂၆ကမ္ဘာ့ဖလား တတိယလုပွဲ

(FT) France 4 - 6 England

10/07/2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်

(FT) Spain 2 - 1 Belgium

ကွာတားဖိုင်နယ်ရဲ့နောက်ထပ်ပွဲကောင်းတပွဲမှာတော့ စပိန်အသင်းက မီခေးလ်မယ်ရီနိုရဲ့နှစ်ပွဲဆက်သွင်းယူပေးခဲ့တဲ့နောက်ကျအနိုင်ဂိုးနဲ့ ဘယ်လ်ဂျီယံအသင်းကိုအနိုင်ယူပြီး ဆီးမီးဖိုင်နယ်အဆင့်ကိုတက်ရောက်သွားခဲ့ပါပြီ။ စပိန်ကအုပ်စုပွဲတွေမှာပုံစံကောင်းမရခဲ့ပေမယ့် ရှုံးထွက်ပွဲတွေမှာတော့ အရှိန်အဟုန်တခုနဲ့တရွေ့ရွေ့ရှေ့တိုးလာပါတယ်။ ဒီပွဲမှာလဲဘယ်လ်ဂျီယံကို လွှမ်းမိုးကစားနိုင်ခဲ့ကာ ညာခြမ်းက ယာမဲလ် ပေါ်ရိုအတွဲအဖက်ရဲ့ နားလည်မှုကတဆင့် ရလာတဲ့အခွင့်ရေးကနေ အိုလ်မိုရဲ့ကန်ချက်ကို ကော်တွာပုတ်နိုင်ခဲ့ပေမယ့် ဖာဘီယန်ရူဇ်စ်အဆုံးသတ်ပေးခဲ့ပြီး စပိန်တို့ကို ဦးဆောင်စေခဲ့တယ်။ ဂိုးရပြီးနောက် ပိုအားကောင်းလာတဲ့ စပိန်တိုက်စစ်လှိုင်းကြီးက ဘယ်လ်ဂျီယံတသင်းလုံးကို နစ်မြုပ်စေတော့မယ့် အရိပ်အယောင်တွေက်ိုဆက်လက်ပြသနိုင်ခဲ့တာပါ။ ဒါပေမယ့် ဘရပ်ဆဲလ်သားတို့ အသက်ရှုခွင့်ရရှိခဲ့ပြီး ဒီဘရိုင်းနားရဲ့vision ကနေရလာတဲ့အခွင့်ရေးကို ကာစတာညာသပ်ရပ်စွာဖြတ်တင်ပေးပို့နိုင်ခဲ့ပြီး ကတယ်လာရာက ကူဘာစီကို Arieal မှာအနိုင်ပိုင်းကာ ချေပဂိုးယူပေးခဲ့တယ်။ ဒုတိယပိုင်းမှာလဲ စပိန်ရဲ့ထိုးနှက်ချက်တွေကို ဘယ်လ်ဂျီယံသားတွေ အကောင်းဆုံး တောင့်ခံနိုင်ယုံသာ တက်နိုင်ခဲ့တယ်။ ခုခံသူကို အနိုင်ယူဖို့ ဒယ်လာဖွန်တေက အင်းချပ်တွေ တခုပြီးပြီးတခု ဆွဲထုတ်သုံးစွဲခဲ့ရကာ ဒီတကြိမ်မှာလဲ စပန့်နစ်တွေရဲ့ သူရဲကောင်းဖြစ်ခဲ့တဲ့ မယ်ရီနို အင်းချပ်နဲ့ပဲအလုပ်ဖြစ်ခဲ့ပြန်တယ် ။ မီခေလ်းက စပိန်ကိုနောက်တကြိမ် ကယ်တင်ခဲ့ပြန်ပြီး ပေါ်တူဂီနဲ့ပွဲမှာရော ဒီပွဲမှာပါ back to back ဂိုးတွေနဲ့ Kill the game လုပ်ခဲ့ပြန်ပါတယ်။


゚viralシ

10/07/2026

ကွာတားဖိုင်နယ်ရဲ့အစောဆုံးပွဲမှာတော့ ပြင်သစ်
အသင်းကမော်ရိုကိုအသင်းကို၂ဂိုးပြတ်အနိုင်ယူပြီးချန်ပီယံအိမ်မက်တွေက်ိုဆက်လက်အသက်သွင်းနေပါတယ်။ ပြင်သစ်ကချန်ပီယံအသွေးအမွေး နဲ့ပြည့်စုံနေပြီး form တက်နေတဲ့မော်ရိုကိုအသင်းကို နောက်ကောက်ချနိုင်ခဲ့တယ်။

ပထမပိုင်းမှာအမ်ဘာပေရဲ့ပင်နယ်တီအပါအဝင် ပြင်သစ်ရဲ့အပိုင်အခွင့်ရေးတွေက်ို ဂိုးသမားဘိုနိုကာကွယ်ပေးနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေကျခဲ့ပါတယ်။ မိနစ်၆၀မှာတော့ ဒီပွဲရဲ့lock စပွင့်ခဲ့ပြီး အမ်ဘာပေရဲ့ key magic သွင်းဂိုးက်ိုမြင်ခဲ့ရတယ်။ မော်ရိုကိုနောက်တန်းတွေပိတ်ဆို့ထားတဲ့ကြားကနေ နေရာလွတ်သေးသေးလေးကိုအသုံးချသွားပုံက လက်ဖျားခါလောက်စရာကောင်းလွန်းပြီး လက်စွမ်းပြနေတဲ့ ဘိုနိုကိုရိုက်ချိုးဖျက်ဆီးနိုင်ခဲ့တယ်။

နောက်ထပ် ခြောက်မိနစ်အကြာမှာပဲ ဒမ်ဘီလီတောက်လျှောက်ဆွဲတက်လာပြီး ပြင်သစ် အတွက် ဒုတိယဦးဆောင်ဂိုးကို ဧရိယာထိပ်ကနေကန်သွင်းရယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ပြင်သစ်က ဆီးမီးဖိုင်နယ်ကို သုံးကြိမ်ဆက်တက်ရောက်သွားနိုင်ခဲ့ပါတယ်။


07/07/2026

Super power နဲ့အနိုင်ယူဖို့ကြိုးစားတယ် ဘောလုံးကပဲအနိုင်ယူနိုင်ခဲ့ပါတယ် 🫶⚽️

06/07/2026

ပင်နယ်တီ အနီ၊အဝါ တွေပလူပျံခဲ့ပြီး စိတ်လှုပ်ရှားစရာအခိုက်အတန့်နဲ့ရသမျိုးစုံကိုပေးပြီး နောက်တဆင့်ကို ခက်ခက်ခဲခဲတက်ရောက်သွားခဲ့တဲ့ အင်္ဂလန်

ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆သင်းအဆင့်ရှုံးထွက်ပွဲစဉ်

(FT) Maxico 2 - 3 England

06/07/2026

ကမ္ဘာ့ဖလားဘုရင်ကြီးကို ဗိုက်ကင်းလှေတွေနဲ့
အိမ်ပြန်ပို့ပေးလိုက်တဲ့ မာလိင်မှူးဟာလန်း

(FT) Barzil 1 - 2 Norway

၁၆သင်းရှုံးထွက်ရဲ့တတိယပွဲမှာတော့ နော်ဝေအသင်းက သမိုင်းအစဉ်လာကြီးမားတဲ့ဘရာဇီးအသင်းကိုအနိုင်ယူပြီး သမိုင်းတလျှောက်ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါတယ်။ ပထမပိုင်းမှာတင်နှစ်သင်းစလုံးအခွင့်ရေးကိုယ်စိီရရှိခဲ့ကြပြီး ၁၄မိနစ်မှာ ကူညာကြောင့်ရတဲ့ပင်နယ်တီကို ဘရူနိုဂွီမာရေ့ရှ်ကန်ချက် နော်ဝေဂိုးသမားကာကွယ်သွားခဲ့တယ်။ ဗီနီစီးယက်စ်နဲ့နော်ဝေဘက်က အိုဒီဂါတို့အခွင့်ရေးကောင်းတွေကိုအသုံးမချနိုင်ခဲ့ဘဲ သရေရလဒ်နဲ့ပထမပိုင်းပြီးဆုံးခဲ့တယ်။ ဒုတိယပိုင်းမှာ လူစားလဲမှုတွေနဲ့အပြောင်းလဲတွေလုပ်ကာ ဂိုးရဖို့ကြိုးစားခဲ့ကြပြီး ဘရာဇီးဘက်ကအခွင့်ရေးတွေပိုမိုရရှိခဲ့တယ်။ အန်ဒရစ်အခွင့်ရေးကောင်းတကြိမ်လွဲခဲ့ပြီး ရိုင်ယန်ရဲ့ကန်ချက်ကလဲ ဂိုးမဖြစ်ခဲ့ဘူး ။သွင်းဂိုးတွေခမ်းခြောက်တော့မယ်ထင်နေတဲ့ ပရိတ်သတ်တွေကို အာလင်းဟာလန်းဂိုးမိုးတွေ ရုတ်တရက်ရွာချပေးလိုက်ပါတယ်။ လူစားဝင်လာတဲ့ Schjelderup ရဲ့သပ်ရပ်လှပတဲ့ ဖြတ်တင်ဘောမှတဆင့် အမြင့်ဘောကောင်းတဲ့ Gabriel ကို Arieal Battle မှာအနိုင်ယူပြီးဂိုးသမား အလီဆင်ဘက်ကာကို ကျော်ဖြတ်ကာ အားပါပြင်းထန်တဲ့ခေါင်းတိုက်ချက်နဲ့ ပွဲကိုစဖွင့်ပေးခဲ့တယ်။ ဒုတိယဂိုးကိုလဲ ဧရိယာထိပ်မှာပိတ်ထားတဲ့ ဒါနီလိုရဲ့ပေါင်းကြားကနေ ကန်သွင်းရယူပေးခဲ့ပါတယ်။ တိကျပြီး powerful ဖြစ်တဲ့ကန်ချက်မျိုးဖြစ်ပြီး ဂိုးသမားတွေအတွက်အခွင့်ရေးမဲ့စေတဲ့ ဂိုးတဂိုးကိုသွင်းယူပေးခဲ့ပြန်တယ်။ ဘရာဇီးအတွက် ဂန္တဝင်ကစားသမားကြီးနေမာက သူရဲ့ The Last dance ကိုနူတ်ဆက်တဲ့ သွင်းဂိုးအဖြစ် ပင်နယ်တီကနေ နှစ်သိမ့်ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။


Want your business to be the top-listed Gym/sports Facility in Seoul?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Seoul