16/08/2026
🥊Islam Makhachev က Ian Machado Garry ကို ဒိုင်အဆုံးဖြတ်နဲ့ အနိုင်ယူကာ ချန်ပီယံခါးပတ်ကာကွယ်သွားပါတယ်။ အထိနာတာတော့ Islam Makhachev နာတာပါ မျက်နှာက ကြောင်ကုတ်ခံထားရတိုင်း Ian Machado Garry သိပ်ပြီး အထိမနာပါဘူး Islam Makhachev က Takedown တွေယူပြီး မြေပြင်မှာ လုံးထွေးနိုင်လို့သာ အသာစီးရသွားတာပါ။ ဒုတိယအချီမှာတော့ Islam Makhachev ရဲ့ ကန်ချက်က Ian Machado Garry ကို ဖင်ထိုင်လဲကျတဲ့ထိတော့ ထိသွားတယ်။
16/08/2026
🥊ချန်ပီယံ Mackenzie Dern ကတော့ Gillian Robertson ကို 5 ချီပြည့်အသာစီးကစားပြီး ဒိုင်အဆုံးဖြတ်နဲ့ အနိုင်ယူကာ ချန်ပီယံခါးပတ် ကာကွယ်သွားပါတယ်။
16/08/2026
🥊Jalin Turner ကတော့ Kaue Fernandes ကို ပထမအချီမှာ အလဲထိုးနဲ့ အနိုင်ယူသွားပါတယ်။
16/08/2026
🥊 Dustin Stoltzfus ကတော့ Mansur Abdul-Malik ကို ဒုတိယအချီမှာ ချုပ်ကွက်နဲ့ အနိုင်ယူသွားပါတယ်။
14/08/2026
🥊 ပွဲကြို မျက်နှာချင်းဆိုင်သွားတဲ့ ဗန် vs ပန်တိုဂျာ
ဗန်နဲ့ ပန်တိုဂျာကစားမယ့် UFC 331 က နောက်လထဲမှ ကျင်းပမယ်ဆိုပေမယ့် အခုထဲက ပွဲကြို အင်တာဗျူးနဲ့ မျက်နှာချင်းဆိုင်တာတွေ လုပ်သွားပါပြီ။ နောက်လကျရင် ကြမ်းကြတော့မယ်
14/08/2026
🥊 ဒီနေ့ကြည့်ရှု့ရမယ့် ONE ပွဲများ The Inner Circle ပွဲစဥ်ကို မြန်မာအချိန်ညနေ 6:00pm မှာစတင်မှာဖြစ်ပြီး One Friday Fight ကိုတော့ ည 8:00pm မှာ စတင်သွားမှာဖြစ်ပါတယ်။
13/08/2026
🥊 15 ရက်စနေနေ့မှာ ကြည့်ရှု့ရမယ့် မြန်မာဖိုက်တာတွေရဲ့ ပွဲစဥ်တွေဖြစ်ပါတယ်။ Krudam Fight 34 မှာ ကစားကြမှာဖြစ်ပြီး 15 ရက် စနေနေ့ မနက် မြန်မာအချိန် 10:30am မှာ စတင်ကျင်းပမှာဖြစ်ပြီး Krudam Fight ရဲ့ Fb နဲ့ Youtube ကနေ တိုက်ရိုက်ကြည့်နိုင်ပါတယ်ခင်ဗျာ။
12/08/2026
🥊 UFC 330 မှာ ခေါင်ပွဲနဲ့ ဒုတိယခေါင်ပွဲ ကစားကြမယ့် ဖိုက်တာတွေ မျက်နှာချင်းဆိုင်ကြပါပြီ။
11/08/2026
🥊 စူရီယင်လတ်နဲ့ ပွဲဖြစ်သွားတဲ့ စောမင်းမင်း လာမယ့် 21 မှာ The Inner Circle ခေါင်းစဥ်အောက်ကနေ ကစားသွားမှာပါ။
11/08/2026
🥊 ဒီနေ့ညနေမှာ မြန်မာဖိုက်တာနှစ်ယောက် SRC- Siam Real Combat မှာ ပွဲကစားသွားဖို့ရှိပါတယ်။ ညနေမြန်မာအချိန် 6:00pm မှာ ကစားသွားမှာပါ။