Yan Naing MMA-Channel

Yan Naing MMA-Channel

Share

MMA အားကစားသတင်းတွေကို နေ့စဥ်တင်ဆက်ပေးနေပါတယ်။ page ကို follow လုပ်ထားနော်

30/08/2026

🥊 လာမယ့် စနေနေ့မှာကြည့်ရမယ့် One Fight Night ပြိုင်ပွဲ ခေါင်ပွဲကတော့ စတမ့်တို့က ကစားကြမှာဖြစ်ပါတယ်။

Photos from Yan Naing MMA-Channel's post 29/08/2026

🥊 မာတင်ငုယင်မှ အိန္ဒိယဖိုက်တာကို ဘောက်ဆင်ပွဲမှာ ဒုတိယအချီအလဲထိုးနဲ့ အနိုင်ရရှိသွားပါတယ်။

Photos from Yan Naing MMA-Channel's post 29/08/2026

🥊ဆုန် ယာဒေါင်ကတော့ ခါဘစ်ရဲ့လူ အူမာ နူမာဂိုမက်ဒေါ့ဗ်ကို အိပ်ပျော်တဲ့ထိတီးပြီး အနိုင်ယူသွားပါတယ်။ ဒုတိယအချီမှာ အလဲထိုးသွားတာပါ။ ချန်ပီယံနဲ့ တည်ပေးဖို့ တောင်းဆိုသွားပါတယ်။

Photos from Yan Naing MMA-Channel's post 29/08/2026

🥊 မြန်မာဖိုက်တာ အော်စကာက လာအိုဖိုက်တာကို ပထမအချီအလဲထိုးနဲ့ အနိုင်ရရှိသွားပါတယ်။

Photos from Yan Naing MMA-Channel's post 29/08/2026

🥊 ဂျပန်ဖိုက်တာ ရေစူရာကတော့ ကင်ဗင်ဘော်ဂျာကို ပထမအချီ ချုပ်ကွက်နဲ့ အနိုင်ရရှိသွားပါတယ်။ ပွဲစတာနဲ့ အတင်းဝင်ဆွဲလုံးသွားတာပါ။ ကယ်ဗင်ဘော်ဂျာ အနေနဲ့ ဘာမှကိုမတုန့်ပြန်နိုင်လိုက်ပါဘူး။ ရေစူကရာကပဲ အပေါ်စီးကနေထုထောင်းပြီ နောက်ဆုံးမှာ လည်ပင်းကိုချုပ်ပြီး အနိုင်ယူသွားပါတယ်။

29/08/2026

🥊 ဒီနေ့ UFC Fight Night ပွဲကတော့ အိပ်ရေးမပျက်ပဲ ကြည့်ရမှာပါ။ ဒီနေ့ 29 ရက် စနေနေ့ ညနေမှာ ကစားကြမှာဖြစ်ပါတယ်။ One ရဲ့ ချန်ပီယံဟောင်း Xiong Jingnan ရဲ့ ပွဲလည်းပါဝင် ဗန်ရဲ့ပြိုင်ဟောင်းတွေဖြစ်တဲ့ Rei Tsuruya နဲ့ Kevin Borjas တို့လည်း ထိပ်တိုက်တွေ့နေပါတယ်။ အဓိကခေါင်ပွဲကတော့ Umar Nurmagomedov နဲ့ Song Yadong တို့က ကစားကြမှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ Prelims ပွဲတွေကို ဒီမေ့ 29 ရက် စနေနေ့ နေ့လည် 1:30မှာ စတင်မှာဖြစ်ပြီး main card ကိုတော့ 4:30pm စတင်သွားမှာဖြစ်ပါတယ်။

29/08/2026

🥊 ဒီနေ့ညမှာတော့ အောင်လရဲ့ဘော်ဒါကြီး မာတင်ငုယင်က အိန္ဒိယဖိုက်တာနဲ့ ကစ်ဘောင်ဆင်ပွဲကို Trigger Boxing မှာ ကစားသွားမှာပါ။

28/08/2026

🥊 ဒီနေ့ညနေမှာ မြန်မာဖိုက်တာတွေဖြစ်တဲ့ ဝိုင်းကိုကို နဲ့ တောက်ရှားတို့က အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာတွေနဲ့ ပွဲကစားဖို့ရှိပါတယ်။ ညနေမြန်မာအချိန် 6:30pm မှာ စတင်မှာဖြစ်ပြီး TV5 CAMBODIA & CAMBODIA SPORT+ ရဲ့ fb နဲ့ Youtube ကနေ တိုက်ရိုက်ကြည့်နိုင်ပါတယ်။

27/08/2026

🥊 ဗန်ရဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲ ကြည့်ရဖို့က တဖြည်းဖြည်းနဲ့ နီးလာပါပြီ နောက်လ 20 ရက်နေ့မှာ ကြည့်ရမှာပါ။

26/08/2026

🥊 ရိုင်ဒီယာက ပြီးခဲ့တဲ့ တနင်္ဂနွေ့နေ့ နိုင်ပွဲအပြီးမှာတော့ UFC လိုက်ဟဲပီးဝိတ်တန်းရဲ့ အဆင့် 9 ကို ရောက်ရှိလာပါတယ်။

Want your business to be the top-listed Gym/sports Facility in Hwaseong?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Muha-ro
Hwaseong
18536