Strength United FC
သန်မာမှုကိုအားပြုကစားမည် ,
ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၂ အတွက် Tokyo Invitational Cup ပြိုင်ပွဲ မှ ရရှိငွေကို ထောက်ပို့ပေးအပ်မှူ မှတ်တမ်း video ပါ ။ ပါ၀င်ပေးကြသောကစားသမား တစ်ဦးချင်းဆီကို ကျေးဇူးအထူတင်ပါတယ် ။
15/08/2026
Tokyo Invitational Cup ပြိုင်ပွဲမှာ ရရှိသောငွေများကို ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ ၂၂ အတွက် လိုအပ်သည်တို့ကိုအသုံးပြုရန်အတွက်ရည်ရွယ်ထောက်ပို့ခဲ့ပါသည်။ ပါ၀င်အားဖြည့်ခဲ့သောကစားသမားတစ်ဦးတစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးအထူးတင်ရှိပါသည် ။ ရရှိခဲ့သောဆုကြေးထဲမှ ¥50000 ပြန်လည်လှူဒါန်းခဲ့သော Diamond FC အား မှတ်တမ်းတင် လွှာဖြင့် ဂုဏ်ပြုလိုက်ပါသည် ။
13/08/2026
ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကြိုးစားကစားခဲ့ပြီး လူငယ်များဖြင့်ဖွဲ့စည်းယှဥ်ပြိုင်ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ကာ စတုတ္ထဆု နဲ့သာ ကျေနပ်ခဲ့ရသော Galaxy Youngs FC ( SYG ) အသင်းအား ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ ဆုငွေ ¥20000 ချီးမြှင့်ပေးအပ်ခဲ့ပါသည် ။
Tokyo Invitational Cup ပြိုင်ပွဲမှ ရရှိငွေများကို ကျွန်တော်တို့ ထောက်ပို့နေကြ ဗျူဟာ ၂၂ တပ်ရင်းအား ထောက်ပို့ကူညီလှူဒါန်းပေးသွားပါမည် ။ ပါ၀င်ပေးကြတယ့်အသင်းအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်🤗🤗🤗🤗🤗
13/08/2026
ကျင်းပပြီးစီးခဲ့သော Tokyo Invitational Cup ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးယှဥ်ပြိုင်ကစားကာ ဒုတိယဆု ဆွတ်ခူးခဲ့သော Chin Brothers FC JP အသင်းအား Congratulation ပါခင်ဗျာ 🥇🥇🥇🥇🥇
10/08/2026
ကျင်းပပြီးစီးခဲ့သော Tokyo Invitational Cup ပြိုင်ပွဲတွင် Black Dragon FC မှ တတိယုဆုကို ဆွတ်ခူးရရှိသွားပါသည် ။ အကောင်းဆုံးကြိုးစားယှဥ်ပြိုင်သွားတယ့်အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ် 🥉🥉🥉🥉🥉🥉🥉🥉🥉🥉
09/08/2026
Diamond fc. အသင်း ပထမဆုံးချန်ပီယံဖြစ်ဖူးခဲ့တာ Aoba Sky Field ယိုကိုဟားမားကွင်းကြီးမှာ ဖြစ်ခဲ့တာပါ , အခု နောက်တစ်ကြိမ် Tokyo Invitational Cup ပြိုင်ပွဲရဲ့ Champion ဖလားကြီးကို ဒီကွင်းကြီးအတွင်းမှာ ထိုက်ထိုက်တန်တန် သိမ်းပိုက်ရရှိခဲ့တာပါ ။ ကျွန်တော်တို့ဦးစီးကျင်းပတယ့်ပြိုင်ပွဲအချို့မှာ Diamond FC ဖိုင်နယ်တက်ရောက်နိုင်တာဟာ ကံစပ်တယ်လို့ပြောလို့ရပါတယ်😊😊😊 ချန်ပီယံဖြစ်ဖူးတယ် , ဖိုင်နယ်ထိရောက်တယ် ခဏခဏဆိုတာ တကယ်အကျိုးပေးတာပါ ။
Congratulation ပါ Diamond Spainညီလေးတို့ရေ
ဆုရရှိခဲ့တယ့် ယန်း၁၀သောင်းထဲမှ ယန်း၅သောင်းကို လှူဒန်းဖို့အတွက် ပြန်လည်ပေးအပ်ခဲ့တာကလည်း တကယ့်ကို လေးစားဦးညွတ်ပါတယ်ခင်ဗျာ ။
場所
カテゴリー
事業に問い合わせをする
電話番号
ウェブサイト
住所
Shimo-ochiai
Shinjuku-ku, Tokyo
1610033