Media Fever 9

Media Fever 9

Share

နိုင်ငံတကာအားကစားသတင်းများ၊ပွဲကြို/ပွဲပြီးသုံးသပ်ချက်များ၊ အားကစားကွင်း လေ့လာရေးအစီအစဥ်ကောင်းများစွာ.

23/08/2026

အာလင်းဟာလန်းကတော့ ရာသီအသစ်အတွက် ဆံပင်ပုံစံအသစ် ပြောင်းလိုက်ပါတယ်။ ဆံပင်ရှည်ကြီးကို အတော်လေးတိုအောင် ညှပ်ချလိုက်တာဖြစ်ပြီး ဒီဆံပင်ပုံစံအသစ်ကို ပြဖို့ ဆရာဟောင်း ပက်ဂွာဒီယိုလာနဲ့ ဇလာလန်အီဘရာဟီမိုဗစ်ခ်ျတို့ကို ဖုန်းခေါ်ခဲ့ပါတယ်။

ပက်ဂွာဒီယိုလာက "မင်းမှာ ဆံပင်တွေရှိနေတာ ကောင်းတယ်မဟုတ်ဘူးလား" လို့ နောက်ခဲ့ပြီး ဇလာတန်ကတော့ " ငါ့ဖုန်းနံပါတ်ကို delete လိုက်၊ ထပ်မခေါ်နဲ့တော့" လို့ နောက်ခဲ့ပါတယ်။

ဆံပင်ကေအသစ်နဲ့ ဟာလန်း၊ ရာသီအသစ်မှာ ဂိုးတွေအများကြီး သွင်းနိုင်ဦးမလား...




23/08/2026

"ဒါက ဘယ်လိုအစပြုလဲဆိုတာ မဟုတ်ဘူး၊ ဘယ်လိုအဆုံးသတ်လဲဆိုတာပဲ"

မန်ယူက Hull City ကို အရေးနိမ့်ခဲ့ပြီးနောက် ဒေးဗစ်ဒဟေးယားက အင်စတာဂရမ်မှာ ခုလို တင်ထားခဲ့တာဖြစ်ပါတယ်။

ဘာအဓိပ္ပါယ်လဲဆိုတာတော့ သူပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။




Photos from Media Fever 9's post 21/08/2026

ပထမပိုင်းအပြီးမှာ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်က တန်းတက်ကိုဗင်ထရီကို ၂ဂိုးဂိုးမရှိနဲ့ ဦးဆောင်ထားတယ်။ အမ်းမရိတ်မှာ အိမ်ရှင်မြောက်လန်ဒန်သားတွေက သူတို့ လက်ရှိချန်ပီယံဆိုတာကို အကောင်းဆုံးပြသထားပြီး ကိုင်ဟားဗက်ဇ်၊ ဆာကာတို့က အာဆင်နယ်အတွက် ဂိုးတွေကို သွင်းယူပေးခဲ့ကြတယ်။

ကစားသမားသစ်ဇိုလစ်က သွင်းဂိုးနဲ့ ဖန်တီးမှုတွေ မပြုလုပ်နိုင်သေးပေမယ့် အာဆင်နယ်ရဲ့ သွင်းဂိုး၂ဂိုးလုံးဟာ သူရဲ့ကြိုးစားအားထုတ်မှုကနေ အစပြုခဲ့တာပါ။ ၂ဂိုးလုံးကို open play ကနေ ရခဲ့တာဖြစ်ပြီး Set Piece ကနေ ဂိုးမရသေးပေမယ့် သူတို့ရဲ့ အလွန်တည်ကန်ဘောတွေဟာ ပြီးခဲ့တဲ့ရာသီကလို ထက်မြက်နေဆဲပါပဲ။




21/08/2026

Didier Drogba က Yan Diomande ကို José Mourinho နဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးခဲ့တာကို ဒိုင်အိုမန်ဒီကနေ ခုလို ဖောက်သည်ပြန်ချလာပါတယ်။

“ ဒရော့ဂ်ဘာက ကျွန်တော့်ကို ဖုန်းဆက်ပြီး ‘မော်ရင်ဟိုက ငါ့အဖေလိုပါပဲ။ သတိထားနော်။ မင်း အလုပ်ကို ကြိုးစားကြိုးစားလုပ်ရမယ်’တဲ့ "

အိုင်ဗရီကို့စ်သားအချင်းချင်း အကောင်းဆုံးအကြံပေးခဲ့တာပါပဲ။





06/08/2026

ရီးရဲလ်မက်ဒရစ်ဟာ ယန်းဒိုင်အိုမန်ဒီိကို ခေါ်ယူဖို့ ယူရို 125 သ န်း + Add-ons 15 သ န်း နဲ့ သဘောတူညီမှုရရှိထားပြီး၊ Add-ons အားလုံးသာ ပြည့်မီသွားခဲ့ရင် ကစားသမားရဲ့ စုစုပေါင်း transfer fee က ယူ ရို သ န်း 140 အထိ ရှိလာနိုင်ပါတယ်။.

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အမြင့်ဆုံးပြောင်းရွှေ့ကြေးစံချိန်ကို Jude Bellingham က ကိုင်ဆောင်ထားတာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ဒေါ့မွန်ကနေ မက်ဒရစ်ဆီ ယူ ရို 103 သ န်း + Add ons 30.9 သန်း နဲ့ ရောက်ရှိလာခဲ့တာပါ။

ဒါကြောင့် ယန်းဒိုင်အိုမန်ဒီရဲ့ Add ons တွေအားလုံး ပြည့်မီခဲ့မယ်ဆိုရင် သူဟာ ဘယ်လင်ဟမ်ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ရီးရဲလ်မက်ဒရစ်သမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံးခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။ 😱💰

ယူ ရို သ န်း 140 ဆိုတဲ့ တန်ကြေးနဲ့ ယန်ဒိုင်အိုမန်ဒီက တကယ်ပဲ ထိုက်တန်ရဲ့လားဆိုတာတော့...


06/08/2026

ရိုဒရီကို ခေါ်ယူဖို့ ဘာစီလိုနာပါ ရီးယဲလ်မက်ဒရစ်နဲ့ အပြိုင်ကြိုးစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
မန်စီးတီးဘက်ကတော့ ရိုဒရီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေဆဲဖြစ်ပေမယ့် ဘာစီလိုနာကတော့ ကစားသမားအတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ အသင့်ရှိနေပါပြှ။

အစောပိုင်းကတော့ ရီးယဲလ်မက်ဒရစ်က ရိုဒရီအတွက် ရေပန်းအစားဆုံးအသင်း ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကလည်း အတော်လေး အားကောင်းလာနေပါတယ်။ မက်ဒရစ်နဲ့ မန်စီးတီးကြား ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာလည်း သီတင်းပတ်အချို့ ကြာမြင့်နေပါပြီ။

မန်စီးတီးနဲ့ ၂၀၂၇နွေမှာ ‌သက်တမ်းကုန်မယ့် ရိုဒရီဟာ ဘောလုံးကစားသမားဘဝအတွက်သာမက မိသားစုအကြောင်းပြချက်တွေကြောင့် စပိန်နိုင်ငံကို ပြန်လည်ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေတာပါ။

လာမယ့်အပြောင်းအရွှေ့ကာလမှာ ဒီစပိန်ကွင်းလယ်ကြယ်ပွင့်ရဲ့ အနာဂတ်က စောင့်ကြည့်စရာအကောင်းဆုံး Transfer Saga တစ်ခု ဖြစ်လာနိုင်ပါတယ်။

06/08/2026

မက်ဆီပီသလွန်းတဲ့ မက်ဆီ

အင်တာမိုင်ယာမီက San Luis ကို ၄ဂိုး၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လီယွန်နယ်မက်ဆီက အသင်းအတွက် ၂ဂိုးသွင်း ၁ဂိုးဖန်တီးပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြီးတဲ့နောက် မက်ဆီဟာ သူ့ရဲ့ ဒုတိယမြောက်ပွဲစဉ်ကို ကစားခဲ့တာ ဖြစ်ခဲ့ပြီး ပွဲထွက် ၁၁ယောက်လူစာရင်းမှာ ပထမဆုံးပြန်ပါ၀င်ခဲ့တာလ်ြး ဖြစ်ခဲ့တယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ကမ္လာ့ဖလားမှာ မက်ဆီဟာ Final အထိ ကစားထားရပေမယ့် နားရက်အနည်းငယ်သာ ယူခဲ့ပြီး ကလပ်အသင်းအတွက် ဆက်ကစားပေးနေတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၈ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးပေးခဲ့တဲ့ မက်ဆီဟာ nter Miami အတွက် ပြန်လည်ပွဲထွက်လာခဲ့ပြီးနောက် ၂ ဂိုး၊ ဂိုးဖန်တီးထားခဲ့ပြန်ပါပြီ။

အခုဆို မက်ဆီဟာ သူ့ရဲ့ပရော်ဖက်ရှင်ကစားသမားဘ၀မှာ နိုင်ငံနဲ့ကလပ်အတွက် ၉၂၁ဂိုးသွင်း၊ ၄၁၉ကြိမ် ဂိုးဖန်တီးထားခဲ့ပါပြီ။ အသက်၃၉နှစ်ဆိုပေမယ့်၊ အားလုံး သိမ်းပိုက်ခဲ့ပြီဆိုပေမယ့်၊ ဘာမှသက်သေပြစရာမလိုတော့ပေမယ့် မက်ဆီကတော့ မက်ဆီပီသနေဆဲပါပဲ။





06/08/2026

လက်ရှိမှ ဗီနီစီးယပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေဟာ အခြေအနေ တိုးတက်လာနေပြီး ရီးရဲလ်ဘက်က မကြာခင် သဘောတူညီချက်ရရှိနိုင်မယ်လို့ ယုံကြည်နေသလို ကစားသမားဘက်ကလည်း အပြုသဘောဆောင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီလို ဘရာဇီးလ်စူပါစတားကို ဘာနေဗျူးမှာ ဆက်ရှိချင်အောင် အဓိက စည်းရုံးခဲ့သူတစ်ဦးကတော့ José Mourinho ပါပဲ။ ဟိုဆေးမော်ရင်ဟိုဟာ ဗီနီစီးယပ်စ်ကို ရီးယဲလ်မက်ဒရစ်မှာ ဆက်လက်ရှိနေဖို့အတွက် ကိုယ်တိုင်ဖုန်းဆက်ပြောခဲ့တယ်လို့ သိရတယ်။

မော်ရင်ဟိုက ရီးယဲလ်ရဲ့ အနာဂတ်အတွက် ဗီနီစီးယပ်စ်ကဟာ အရမ်းအရေးပါတဲ့ကစားသမားလို့ ရှုမြင်နေတာပါ။ အခုဆို ဗီနီးစီးယပ်စ်က သူရဲ့အင်စတာဂရမ်ကနေ post တွေအားလုံးကို ဖြုတ်ချလိုက်ပါပြီ။ မကြာခင် အရေးကြီးတဲ့ ကြေညာချက်တစ်ခု ပြုလုပ်သွားတောမယ်လို့ ယူဆရပြီး မက်ဒရစ်ရပ်၀န်းအတွက် သတင်းကောင်းဖြစ်မလားဆိုတာတော့...

Photos from Media Fever 9's post 05/08/2026

Mykhailo Mudryk ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘောလုံးကွင်းထဲ ပြန်လည်ဝင်ရောက်လာခဲ့ပါပြီ။ Hong Kong မှာ Chelsea က Juventus ကို ၁ / ၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ Mudryk ဟာ လူစားဝင်ကစားသမားအဖြစ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်ကပဲ သူဟာ တားမြစ်ဆေးအသုံးပြုခဲ့တယ်ဆိုတဲ့ စွဲချက်တွေကနေ လွတ်မြောက်လာခဲ့ပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်၊ ဘောလုံးပြန်ကစားခွင့်ရခဲ့တယ်။

ရှည်လျားတဲ့ ပွဲပယ်ကာလအပြီးမှာ ပြန်လည်ကစားနိုင်ခဲ့တာဟာ မိုင်ခေလိုမူဒရစ်ခ်အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး ချဲလ်ဆီးပရိသတ်တွေအတွက်လည်း အကြာကြီး စောင့်မျှော်ခဲ့ရတဲ့ မြင်ကွင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ခက်ခဲတဲ့အချိန်တွေ ဖြတ်သန်းခဲ့ရပြီးနောက် ယူကရိန်းကြာ်ပွင့်ဟာ ပွဲထွက်ခွင့်တွေ ပိုမိုရရှိလာပြီး အရင်ကလို သူ့ရဲ့အမြန်နှုန်းနဲ့ တို က် စ စ် စွမ်းရည်တွေကို ပြန်လည်ပြသနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာပါ။

Welcome back, Mudryk!


05/08/2026

ရီးရဲလ်မက်ဒရစ်နဲ့ RB Leipzig တို့ဟာ Yan Diomande ရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ နှစ်ဖက်အသင်းကြား အချိန်အတော်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုတော့ အပြီးသတ်သဘောတူညီချက်ရဖို့၊ လိုက်ပ်ဇစ်ဘက်ကနေ မီးစိမ်းပြလာဖို့ မျှော်လင့်လို့ ရပါပြီ။

၁၉နှစ်အရွယ် အိုင်ဗရီကို့စ်ကြယ်ပွင့်ရဲ့ စာချုပပ်ဖျက်သိမ်းကြေးကတော့ ယူ ရို သ န်း 1 30ကနေ ယူ ရို သ န်း 150 အတွင်း ရှိနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
ရီးရဲလ်မက်ဒရစ်က ယန်းဒိုင်အိုမန်ဒီကို အနာဂတ်အတွက် အရေးကြီးတဲ့ ကစားသမားတစ်ဦးအဖြစ် ယုံကြည်ထားပြီး မကြာခင်မှာ သူဟာ ဘာနေဗျူးဆီ ရောက်လာတော့မှာပါ။

ဒီနွေမှာ သူ့ကို လီဗာပူးလ်၊ ပီအက်စ်ဂျီတို့က စိတ်၀င်စားခဲ့ပေမယ့် ဒိုင်အိုမန်ဒီကတော့ မက်ဒရစ်ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။


Want your business to be the top-listed Gym/sports Facility in London?

Click here to claim your Sponsored Listing.

Location

Website

Address


London