Chelsea MM 08

Chelsea MM 08

Share

We are mainly presenting Chelsea FC news and analysis on YouTube, Facebook, Instagram, and Telegram.

To be introduced, we, CM8 SPORT are mainly presenting sports news quickly and accurately to our audience. We are posting regularly up-to-date news and articles of Premier League football club Chelsea on Facebook and Instagram as a CHELSEA MM 08 and CM8 SPORT on Telegram. For those who like video news, it is regularly presented on YouTube, Facebook, and Instagram under the name of CM8 SPORT, so tha

31/07/2026

Chelsea အသင်းဟာ လာမယ့် အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမှာ ချက်ချင်းပြန်လည်ပူး‌ပေါင်းတော့မယ့် Mudryk ကို ဩဂုတ်လမှာ အကဲဖြတ်မှုတွေ ပြုလုပ်သွားဖို့ ရှိနေကြောင်း သိရပါတယ်။

ချဲလ်ဆီး အနေနဲ့ ဒီလို အကဲဖြတ်ပြီးမှသာ မူဒရစ်ခ် ကို လာမယ့်ရာသီ လူစာရင်းမှာ ထည့်သွင်းမလား ဒါမှမဟုတ် အငှားချမလားဆိုတာကို အဆုံးအဖြတ်ပေးသွားမှာပါ။

မူဒရစ်ကတော့ ပွဲကစားခွင့်ရဖို့နဲ့ သူ့ရဲ့ အရည်အချင်းတွေကို ပြသနိုင်ဖို့ကိုသာ ပထမဦးစားပေးအနေနဲ့ သတ်မှတ်ထားကြောင်း သိရပါတယ်။

Fabrizio Romano

31/07/2026

𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥

ချဲလ်ဆီးအသင်းဟာ Mykhailo Mudryk ပါဝင်ပတ်သက်နေတဲ့ တားမြစ်ဆေးဝါးသုံးစွဲမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပြီဖြစ်ကြောင်း The Football Association (အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်) ရဲ့ ယနေ့ထုတ်ပြန်ချက်အပေါ် အသိအမှတ်ပြုတယ်လို့ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ယူကရိန်းတောင်ပံကစားသမား မူဒရစ် အနေနဲ့ မကြာခင်ရက်ပိုင်းအတွင်း အသင်းနဲ့အတူ ကွင်းအတွင်း ချက်ချင်းပြန်လည်ပူးပေါင်းသွားမှာပဲဖြစ်ပါတယ်။

Chelsea FC

28/07/2026

Chelsea အသင်းဟာ Brighton & Hove Albion အသင်းဆီကနေ တိုက်စစ်မှူး Danny Welbeck ကို ခေါ်ယူနိုင်ဖို့ အပြီးသတ် လုပ်ဆောင်မှု‌တွေပြုလုပ်နေပြီလို့ သိရပါတယ်။

ဘရိုက်တန် ဘက်ကနေ ဆေးစစ်မှုခံယူဖို့ ခွင့်ပြုချက်ပေးထားပြီး အရာရာအဆင်ပြေမယ်ဆိုရင် ဒီတစ်ပတ်အကုန်လောက်မှာ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာပါ။ ဒါ့အပြင် အသက် ၃၅ နှစ်အရွယ် ဒန်နီဝဲလ်ဘက်ခ် အနေနဲ့ Hong Kong မှာရောက်ရှိနေတဲ့ ချယ်လ်ဆီး လူစာရင်းနဲ့ သွားရောက်ပူးပေါင်းနိုင်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီး နဲ့ ဒန်နီဝဲလ်ဘက်ခ် တို့ကြားမှာ ၂ နှစ်သက်တမ်းရှိမယ့် စာချုပ်ချုပ်ဆိုဖို့အတွက် အခြေခံသဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

David Ornstein

28/07/2026

ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် Xabi Alonso ဟာ အသင်းအတွက် ပထမဆုံးပွဲစဉ်အဖြစ် Australian အသင်း Western Sydney Wanderers FC နဲ့ Australia မှာ သွားရောက်ကစားခဲ့ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးအသင်းဘက်က လူငယ်ကစားသမား အများအပြားနဲ့ပွဲထွက်လာခဲ့ပြီး ဒုတိယပိုင်း မီနစ် ၆၀ ကျော်မှာ စီနီယာကစားသာမား အချို့နဲ့ ကစားခဲ့ပြီး ၆ဂိုး ၄ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ တိုက်စစ်မှူး ဂျာအို ပက်ဒရိုကတော့ နည်းပြသစ်လက်ထက် ပထမဆုံးခြေစမ်းပွဲမှာ ဟက်ထရစ်သွင်းဂိုးနဲ့အတူ ခြေစွမ်းပြကစားသွားခဲ့ပါတယ်။

27/07/2026

Breaking News

ချဲလ်ဆီး အသင်းဟာ ကွင်းလယ်ကစားသမား Jordan Henderson ကို Brentford အသင်းဆီကနေ ခေါ်ယူဖို့ ကြိုးပမ်းနေပြီပဲ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ Premier League ကလပ်အသင်း အများအပြားက စိတ်ဝင်စားနေကြပေမယ့် ချဲလ်ဆီးကတော့ ဟန်ဒါဆန်ကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေတာပါ။

ပြီးခဲ့တဲ့နွေရာသီက Ajax အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီး ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးပေမယ့် ကစားသမားနဲ့ ကလပ်အသင်းကြား အခြေအနေတွေက ကောင်းမွန်နေတာကြောင့် အသင်းဘက်က သူ့ကို အလွတ်နဲ့ ထွက်ခွာခွင့်ပြုသွားဖို့ အဆင်သင့်ရှိနေကြောင်း သိရပါတယ်။

The Athletic

22/07/2026
18/07/2026

အင်္ဂလန်အသင်းဟာ ပြင်သစ်ကို ယနေ့မှာ ၄ ဂိုး ၆ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ကြေးတံဆိပ်ဆုကိုရရှိသွားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်း တူခယ်လ်၊ အသင်းခေါင်းဆောင် ရိစ့်ဂျိန်း၊ ထရေဗာ ချာလိုဘာ့ခ်ျနဲ့ မကြာခင် ချဲလ်ဆီးကစားသမားဖြစ်လာတော့မယ့် မော်ဂန် ရော်ဂျာတို့ဟာ အင်္ဂလန်အသင်းနဲ့အတူ ကြေးတံဆိပ်ဆုကို ရရှိသွားကြမှာပါ။

တဖက်က ပြင်သစ်နဲ့အတူကစားသွားတဲ့ မာလို ဂူစတိုကတော့ စတုတ္ထဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

18/07/2026

🥶🥶

Photo credit

18/07/2026

𝐁𝐫𝐞𝐚𝐤𝐢𝐧𝐠 𝐍𝐞𝐰𝐬

Chelsea အသင်းဟာ Morgan Rogers ကို ခေါ်ယူဖို့ Aston Villa အသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။

ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းနဲ့ ကမ်းလှမ်းမှုကို အက်စတွန်ဗီလာဘက်က လက်ခံခဲ့တာဖြစ်ပြီး လက်ရှိမှာ အပြီးသတ်နိုင်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်ကစားသမားအတွက် ၆ နှစ်အပေါင်း ၁ နှစ် သက်တမ်းရှိမယ့် စာချုပ်တစ်ခုကို ချုပ်ဆိုသွားမှာဖြစ်ပြီး၊ မော်ဂန် ရော်ဂျာဟာ လာမယ့် တနင်္လာနေ့မှာ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာပါ။

Arsenal အသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ချဲလ်ဆီးအသင်းကိုသာ ပြောင်းရွှေ့ချင်ခဲ့တာဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် Xabi Alonso က အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ The Athletic သတင်းဌာနက ဖော်ပြထားပါတယ်။

David Ornstein
Chelsea MM 08

15/07/2026

ကမ္ဘာ့ဖလားဆီးမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းက အင်္ဂလန်အသင်းကို နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိပြီး ဖိုင်နယ်ပွဲစဉ်ကို ထပ်မံ တက်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက် ချဲလ်ဆီးကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်က ချေပဂိုးကိုသွင်းယူခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကစားသွားခဲ့ပါတယ်။

Want your business to be the top-listed Gym/sports Facility in London?

Click here to claim your Sponsored Listing.

Location

Address


London