07/16/2026
🚨World Cup back-to-back ရခဲ့သောနိုင်ငံများ
🇧🇷 Brazil - 1958 & 1962
🇮🇹 Italy - 1934 & 1938
🇦🇷 Argentina - 2022 & 2026 ???
Messi ကတော့ ဘောလုံးချစ်မြတ်နိုးသူတိုင်း က လေးစားရမယ့် ကစားသမား မျိုးလို့ ကိုယုံကြည်ပါတယ်
နှိုင်းယှဉ်တာမျိုးတွေ ကျွန်တော် လုပ်လေ့မရှိပါဘူး Messi ကတော့ အသက် ၃၉ နှစ် ထိကို အသင်းကို ဆွဲတင်နိုင်တဲ့ ခြေစွမ်းမျိုး ပြသဆဲပါ
မနေ့ကဆို အင်္ဂလန်ကို နိုင်စေချင်ပေမယ့် သူ လုပ်ပြသွားတာက အင်္ဂလန်ရဲ့ သန်း ရာချီတန် တဲ့ ကစားသမားတွေကိုပါ သေးငယ်သွားစေပါတယ်
Messi ကို ကျွန်တော်တို့ Live ကြည့်ခဲ့ရတာက ကံကောင်းခြင်းတစ်ခုပါဘဲ
07/15/2026
▪️နိုင်ရင် Morgan Rogers ကို ထည့်လိုက်တာက တူချယ် ဗျူဟာ ဘာညာ ဖုံးလွှမ်းသွားနိုင်ပေမယ့် ရှုံးတဲ့ အခါမှာ ပြိုင်ပွဲက ထွက်ခွါရတဲ့ အခါမှာ တူချယ်ကို Blame ကျတာက ပုံမှန်ပါဘဲ
▪️ထူးဆန်းတာက Interview ဖြေသွားတဲ့ပုံက မသိရင် သူကိုင်လို့ဘဲ အင်္ဂလန်က တဆင့်မြင့်လာသလိုလိုဘာလိုလို တကယ်က တော့ အင်္ဂလန်အသင်းက ဒီလိုဖြစ်နေခဲ့တာက ကြာပါပြီ ဆောက်ဂိတ်နဲ့တောင် Back to Back Euro Final တက်ခဲ့တဲ့ အသင်းပါ အဒါကို ငါတို့ကန်ခဲ့ရတာက လက်ရှိချန်ပီယံဘာညာ လစ်ပါကွာ
တူချယ်အနေနဲ့ ငါမလုပ်နိုင်ခဲ့ဘူး ဆိုပြီး ဝန်ခံပြီးထွက်ရမှာပါ
သူလည်း ကြာမယ် မထင်ပါဘူး 🤔
07/15/2026
🚨🎙️ Manchester United ၏ ကွင်းလယ်အသစ်တည်ဆောက်မှုအပေါ် Wayne Rooneyကတော့
🗣️ “ပြင်သစ်နဲ့ စပိန်ပွဲစဉ်ကနေ ရလိုက်တဲ့ အဓိကသင်ခန်းစာတစ်ခုကတော့ အထူးချွန်ဆုံး ကွင်းလယ်တစ်ခုကို ပြေးလွှားနိုင်စွမ်းရှိသူတွေနဲ့ တည်ဆောက်လို့မရဘူးဆိုတာပါပဲ။
▪️နည်းစနစ်ပိုင်း ကျွမ်းကျင်သူတွေနဲ့သာ တည်ဆောက်ရမှာပါ။Tchouaméni၊ Koné နဲ့ Rabiot တို့ဟာ ကိုယ်ပိုင်အရည်အချင်းရှိတဲ့ ကွင်းလယ်လူကောင်းတွေ ဖြစ်ပေမဲ့ Paul Pogba အကောင်းဆုံးပုံစံမှာ ရှိနေတုန်းကလိုမျိုး ကွင်းလယ်တစ်ခုလုံးအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းမျိုး သူတို့ဆီမှာ မရှိပါဘူး။
▪️တိုက်စစ်ပိုင်း ဘယ်လောက်ပဲ ထူးချွန်ပါစေ၊ ပွဲကို ထိန်းချုပ်နိုင်ဖို့၊ ဘောလုံးကို ရှေ့သို့ ပို့ဆောင်ပေးနိုင်ဖို့နဲ့ နောက်တန်းကနေ ဖန်တီးပေးနိုင်တဲ့ ကွင်းလယ်လူမျိုးက လိုအပ်ပါသေးတယ်။နည်းစနစ်ပိုင်း အရည်အသွေးဟာ သက်လုံကောင်းခြင်းထက် ပိုပြီး အောင်ပွဲခံနိုင်တာ များပါတယ်။
▪️ဒါကြောင့်လည်း Manchester United သွားနေတဲ့ လမ်းကြောင်းအပေါ် ကျွန်တော် ပိုပြီး ယုံကြည်လာမိတာပါ။
Andrey Santos နဲ့ Youri Tielemans တို့ဟာ ဘောလုံးကို အရင်ဦးစားပေး ပေးပို့တတ်တဲ့ ကွင်းလယ်လူတွေပါ။ သူတို့က ဘောလုံးကို လိုချင်ကြတယ်၊ ဖိအားတွေကြားထဲမှာလည်း စိတ်အေးလက်အေး ကစားနိုင်ကြပြီး ပွဲရဲ့အရှိန်အဟုန်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။
▪️အဲဒီလို ကွင်းလယ်မျိုးက ပွဲကို ထိန်းချုပ်နိုင်စွမ်းပေးပြီး၊ ထိန်းချုပ်နိုင်စွမ်းကပဲ အရေးကြီးဆုံးပွဲတွေကို အနိုင်ရအောင် လုပ်ပေးတာပါ။
နောက်ထပ် အရည်အချင်းရှိတဲ့ Defensive Midfielder တစ်ဦးကို ထပ်ဖြည့်လိုက်ရင်တော့ ဒီကွင်းလယ်အသစ် တည်ဆောက်မှုကြီးက ပိုပြီး အဓိပ္ပာယ်ရှိလာပါလိမ့်မယ်။”
07/14/2026
Andrian Rabiot ရဲ့ အဝါကဒ်က ပြင်သစ်အသင်းကို ပျောက်ဆုံးစေတယ်
အဒီ အဝါကဒ် ပြီးကတည်းက Rabiot က ပျောက်ဆုံးသွားပြီး ပြင်သစ်ကွင်းလယ် က ခါးပျက်သွားခဲ့တာ
စပိန်အသင်းရဲ့ Pressing Team play က ပြင်သစ်နောက်ခံလူတွေကို အခက်တွေ့ စေခဲ့ပါတယ် Rodri, Fabian Luiz, Olmo တို့ရဲ့ Offensive Play က အရမ်းကောင်းမွန်လှပါတယ်
OLISE , Dembele တို့ရဲ့ နောက်ကို ဆင်းတောင်းနေပေမယ့် စပိန်အသင်းရဲ့ Pressing ကို ကောင်းကောင်းမကျော်နိုင်သေးပါဘူး
ဒုတိယပိုင်း ပြင်သစ် ဘယ်လို ပြုပြင်မလဲ ကြည့်ရပါမယ်
07/14/2026
🚨 ကျွန်တော်တို့ Manchester United အသင်းကတော့ လက်ရှိခေါ်ယူမှု Andrey Santos, Karl Darlow and Youri Tielemans တို့ အပြီးမှာ နောက်ထပ် ကစားသမား ၃ ဦး ထိ ခေါ်ယူဖို့ ရှိနေပါတယ်
- A third Defensive midfielder
- A left-winger
- A forward player
ဘယ်ကစားသမားတွေ ရောက်စေချင်လဲဆိုတာ ပြောသွားပါဦး 👏👏🙏
07/14/2026
🚨 🏴 Manchester United ၏ အပြောင်းအရွှေ့မူဝါဒအပေါ် Jamie Carragher ၏ မှတ်ချက် -
🗣️ "Mateus Fernandes အတွက် ပေါင် ၈၅ သန်း ပေးချေမယ့် အပြောင်းအရွှေ့ကနေ Manchester United နောက်ဆုတ်လိုက်ပြီး အဲဒီပမာဏနီးပါးနဲ့ပဲ Andrey Santos နဲ့ Youri Tielemans တို့ကို ခေါ်ယူလိုက်တာဟာ အလွန်ထက်မြက်တဲ့ စီးပွားရေးလုပ်ဆောင်မှုတစ်ခုပါပဲ။
▪️ဒါဟာအသင်းကြီးတစ်သင်း လည်ပတ်ရမယ့် ပုံစံမျိုးပါ။
ဆေးစစ်မှုပိုင်းမှာ စိုးရိမ်စရာတွေရှိလာတဲ့အတွက် Ederson ကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို ရပ်တန့်လိုက်တာမျိုးကိုလည်း ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။
▪️တန်းဆင်းသွားတဲ့အသင်းက ကစားသမားတစ်ယောက်အတွက် ငွေကြေးအများကြီး သုံးစွဲမယ့်အစား၊ တူညီတဲ့ငွေပမာဏနဲ့ပဲ အတွေ့အကြုံပိုရှိပြီး သက်သေပြပြီးသား ကွင်းလယ်လူနှစ်ဦးကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
▪️Manchester United ဆိုတာ ဘယ်တော့မှ လျှော့တွက်လို့မရတဲ့ အရာတစ်ခု ရှိနေဆဲပါပဲ။ အသင်းကြီးဆိုတဲ့ စိတ်ဓာတ် (Big-club mentality) က အမြဲရှိနေပါတယ်။ နောက်ဆုံးတော့ သူတို့ဟာ အတိတ်က မှားယွင်းမှုတွေကနေ သင်ခန်းစာယူနေပြီလို့ ထင်ရပါတယ်။ ချီးကျူးရမယ့် အချက်တစ်ခုပါပဲ။" 🎙️
07/13/2026
▪️အပြောင်းအရွှေ့ဆိုတာ ဒီလို တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေရင်တော့ ကောင်းတာပေါ့ဒါပေမယ့်လေ ဒါက လည်း ကွက်ပျောက် စားတဲ့ပုံဖြစ်နေလို့
▪️ပုံမှန်ဆိုရင်တော့ Media တွေ က အနံ့ခံ အရမ်းကောင်းကြတော့ သတင်းတော့ ထွက်တာပါဘဲ
❕Youri Tailemans ကို ပေါင်၃၅ သန်း 🤔🤔🤔
▪️အသက်၂၉ နှစ် ကစားသမား အတွေ့အကြုံရှိကွင်းလယ်လူ ဒဏ်ရာ မကြာခဏ ရတတ်ပေမယ့် ကွင်းလယ်ဦးဆောင်မှုကိုလုပ်နိုင်တယ် Number 8 roleမှာ ယူနိုက်တက် ကစားမယ့် ပွဲ၆၀ မှာ ဘယ်နှစ် ပွဲ တာဝန်ယူပေးမလဲ ကြည့်ရမယ်
▪️Mateus Fernandez စျေးနဲ့ Andrey Santos + Youri Tailemans ၂ ယောက်ပေါင်းစျေး ဘာညာဆို ပြီး မနှိုင်းယှဉ်စေချင်လို
▪️ကြည့်ရမှာက ရာသီကုန်ရင် ဘယ်ကစားသမားတွေအသင်းနဲ့ အံံ့ဝင်ပြီး အသင်းနဲ့ တစ်သားတည်းဖြစ်သွားမလဲ ဆိိုတာ ကြည့်ရမယ်
▪️ဒီလိုပြောပေမယ့် ယူနိုက်တက်ခေါ်လိုက်တဲ့ ကစားသမား ၂ ယောက်က ပြောင်းရွှေ့ကြေးအရ ဖိအားနည်းပါတယ်
ကဲ Here We Go ပြီ ! Welcome to Manchester United ! Youri Tailemans ! 👏👏👏
07/08/2026
ချဲလ်ဆီး Line Breaking Passအကောင်းဆုံးကွင်းလယ်ကစားသမားကို ယူနိုက်တက် ခေါ်ယူနိုင်ခဲ့တာပါ 💕
07/08/2026
💥🛑David Ornstein ၏ ထုတ်ဖော်ပြောကြားချက်များအရ Manchester United ၏ ယခုနွေရာသီ အပြောင်းအရွှေ့မူဝါဒမှာ အလွန်စနစ်တကျနှင့် စည်းကမ်းရှိစွာ လုပ်ဆောင်ရန် ဖြစ်သည်။
အသင်းအနေဖြင့် အဓိကထား လုပ်ဆောင်နေသည့်အချက်များမှာ -
▫️တန်ဖိုးကို ထိန်းချုပ်ခြင်း: အသင်းမှ ကစားသမားတစ်ဦးချင်းစီအတွက် သတ်မှတ်ထားသည့် တန်ဖိုး (Valuation) ထက်ကျော်လွန်၍ ပေးချေရန် ငြင်းဆန်ထားပြီး၊ တောင်းဆိုသည့်ဈေးနှုန်းမြင့်မားလွန်းပါက အပြောင်းအရွှေ့ကို ရပ်တန့်လိုက်ရန် (Walking away) အသင့်ရှိနေသည်။
▫️ ကစားသမား၏ ဆန္ဒ: အသင်းသို့ လာရောက်ရန် အမှန်တကယ် ဆန္ဒပြင်းပြနေသူများကိုသာ ခေါ်ယူလိုသည်။ ဤမူဝါဒကြောင့်ပင် Elliot Anderson နှင့် Mateus Fernandes တို့ကို ခေါ်ယူရန် ကြိုးပမ်းမှုများမှာ အောင်မြင်ခဲ့ခြင်းမရှိပေ။
▫️ စိတ်ရှည်သည်းခံမှု: ပြီးခဲ့သည့်နွေရာသီက စိတ်ရှည်သည်းခံပြီးမှ မှန်ကန်သည့်ရွေးချယ်မှုများကို ပြုလုပ်နိုင်ခဲ့သည့် အတွေ့အကြုံအတိုင်း ယခုလည်း အခြားရွေးချယ်စရာ ပစ်မှတ်များကို အာရုံစိုက်ရန် ပြင်ဆင်နေသည်။
Manchester United သည် အသင်းအတွက် မှန်ကန်သော တန်ဖိုးရှိသည့် ကစားသမားများကို ရှာဖွေနေဆဲဖြစ်ပြီး အနာဂတ်တွင်လည်း အခြားသော အပြောင်းအရွှေ့ရွေးချယ်စရာများ ထွက်ပေါ်လာဦးမည်ဟု မျှော်လင့်ရသည်။
07/08/2026
🚨🔴 ရောက်ပြီဆိုတော့ စ မ ပါပြီ 💕
Andrey Santos ကတော့ နောက်ဆုံးရာသီ မိနစ် ၉၀ အတွင်းမှာ Line Breaking Passes အပေးနိုင်ဆုံးမှာ အဆင့် ၃ ထိ ရခဲ့တဲ့ ကစားသမားပါ