၁။ Motivation ရလာမှ စလုပ်မယ်ဆိုပြီး စောင့်နေတာမျိုး
တကယ်တော့ စလုပ်လိုက်မှ Motivation က နောက်ကလိုက်လာတာပါ။
ငါအဆင်သင့်ဖြစ်မှ စမယ် ဆိုပြီး စောင့်နေတဲ့သူတွေကတော့…. နှစ်တွေကြာသွားတဲ့အထိ စောင့်နေရတုန်းပါပဲ။
၂။ ကိုယ့်ရဲ့လက်ရှိအခြေအနေကို တခြားလူတွေရဲ့ အကောင်းဆုံးအချိန်တွေနဲ့ လိုက်နှိုင်းယှဉ်နေတာမျိုး
သူများနဲ့ အမြဲနှိုင်းယှဉ်နေရင်
ကိုယ့်ဘဝကိုယ် တိုးတက်အောင်လုပ်ဖို့ လိုအပ်တဲ့ energy တွေကိုပဲ ဆုံးရှုံးစေပါတယ်။
သူများတွေ ဘယ်ရောက်နေပြီလဲ လိုက်ကြည့်နေမယ့်အစား ကိုယ်သွားရမယ့်လမ်းကိုပဲ အာရုံစိုက်ပါ။
၃။ နားထောင်ရတာ မသက်မသာဖြစ်လို့ အကြံပေးဝေဖန်မှုတွေကို ရှောင်နေတာ
တစ်ခါတလေ ကိုယ်မကြားချင်ဆုံး စကားတွေကပဲ ကိုယ်ဘဝ အခြေအနေ တိုးတက်ဖို့ အလိုအပ်ဆုံးအရာတွေ ဖြစ်နေတတ်ပါတယ်။
တိုးတက်ချင်ရင် နားဝင်မချိုတဲ့ အမှန်တရားတွေကိုလည်း လက်ခံတတ်ဖို့လိုပါမယ်။
၄။ အသက် ၂၀၊ ၃၀ အရွယ်တုန်းက အတွေးအခေါ်တွေနဲ့ပဲ ဆက်ပြီးနေထိုင်နေတာမျိုး
ဒီနေ့အထိ နေရာတစ်နေရာ ရောက်လာအောင် လုပ်ပေးခဲ့တဲ့ အလေ့အကျင့်တွေက
နောက်တစ်ဆင့်ကို ရောက်အောင် လုပ်ပေးနိုင်မယ်လို့ မဆိုလိုပါဘူး။
အသက်ကြီးလာတာနဲ့အမျှ
အတွေးအခေါ်နဲ့ အကျင့်တွေကိုပါ update လုပ်သွားဖို့ လိုပါတယ်။
မပြောင်းလဲဘဲ နေနေရင်တော့
ကိုယ်တိုင်မသိလိုက်ခင်မှာပဲ တိုးတက်မှုတွေ ရပ်တန့်သွားနိုင်တယ်။
၅။ ကိုယ့်အတွက်တစ်ကယ်ကောင်းလို့ မဟုတ်ဘဲ နေသားကျနေလို့ Comfort Zone ထဲမှာပဲ ဆက်နေနေတာမျိုး
နေသားကျနေတာနဲ့ ကိုယ့်အတွက်တိုးတက်မှုရှိတာနဲ့က မတူပါဘူး။
အဲ့ဒီနှစ်ခုကို မခွဲခြားနိုင်ရင် ကိုယ်တိုင်မသိလိုက်ခင်မှာပဲ နှစ်တွေအများကြီး ဆုံးရှုံးသွားနိုင်တယ်။
တိုးတက်ချင်ရင် နေသားကျနေတဲ့အရာတချို့ကို စွန့်လွှတ်ရဲဖို့တော့လိုပါမယ်။
YeMin.DeBeast
For work inquiries 📞 09799894456
နေ့တစ်နေ့ကိုဖြတ်ကျော်ဖို့ ဒါမျိုးတီးထုတ်ပေးလိုက်မှ နေသာထိုင်သာရှိသွားတာ။ 😌🔥
အသက် ၃၀–၃၅ နောက်ပိုင်းမှာ လေ့ကျင့်ခန်းတွေလုပ်ရုံနဲ့ မျက်နှာ အသားရည်ကြည့်ကောင်းနေတာမျိုးက မရတော့ပါဘူး တစ်ကယ့်ဂျင်းပါ။
အသက် ၃၀ ကျော်လာတဲ့အခါ အသားအရေရဲ့ collagen ထုတ်လုပ်မှုတွေနည်းလာတယ်။ မျက်နှာခြောက်လာမယ်၊ မျက်လုံးနားမှာ အရေးအကြောင်းသေးသေးလေးတွေပေါ်လာမယ်၊ နေလောင်အစက်အပြောက်တွေနဲ့ မျက်နှာမွဲတာတွေ ပိုသိသာလာနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်တာက သွေးလည်ပတ်မှုကောင်းစေပြီး ကျန်းမာတဲ့အသွင်အပြင်ရနိုင်စေပေမယ့် နေရောင်ကြောင့်ဖြစ်လာတဲ့ အရေးအကြောင်း၊ အမည်းစက်၊ အသားအရေခြောက်သွေ့မှုနဲ့ အိုမင်းရင့်ရော်မှုတွေကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။
အထူးသဖြင့် workout လုပ်ပြီး ချွေးတွေကို အကြာကြီးထားမယ်၊ မျက်နှာမသစ်ဘူး၊ အပြင်မှာပြေးရင် sunscreen မလိမ်းဘူးဆိုရင် ဝက်ခြံ၊ ချွေးပေါက်ပိတ်တာနဲ့ နေလောင်ဒဏ်တွေ ဖြစ်လာနိုင်ပါတယ်။
Skincare ကိုလည်း အရမ်းရှုပ်အောင်လုပ်ဖို့မလိုပါဘူး။
မနက်ပိုင်း
Cleanser နဲ့ မျက်နှာသစ်ပါ။
Moisturizer လိမ်းပါ။
အပြင်ထွက်ရင် SPF 30–50 မဖြစ်မနေ sunscreen လိမ်းပါ။ 🚨🚨🚨
Workout ပြီးပြီဆိုရင်
ချွေးစိုနေတဲ့မျက်နှာကို လက်နဲ့ပွတ်တာမျိုးတွေ သိပ်မလုပ်ပါနဲ့။
သန့်ရှင်းတဲ့ပဝါနဲ့ ဖြည်းဖြည်းခြင်း သုတ်ပါ။
တတ်နိုင်သမျှ အမြန်ဆုံးမျက်နှာသစ်ပါ။
မျက်နှာအသားအရည်ခြောက်တတ်ရင် moisturizer နောက်တစ်ခေါက်ပြန်လိမ်းပါ။
ညအိပ်ယာဝင်ခါနီး မျက်နှာကို သန့်စင်ဖို့ လုံးဝလုံးဝ မမေ့ပါနဲ့။
ဒါတွေအပြင် အိပ်ရေးဝဖို့၊ ရေဓာတ်လုံလောက်ဖို့၊ whole foods နဲ့ protein လုံလောက်အောင်စားဖို့၊ ဆေးလိပ်နဲ့ အရက်ကိုလျှော့ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။
နောက်တစ်ခုက Toner နဲ့ Serum ကရော လိုအပ်လား?
ကျွန်တော်ကတော့ သုံးပါတယ်။
ဒါပေမယ့် Toner က မဖြစ်မနေသုံးရမယ့်အရာတော့ မဟုတ်ပါဘူး။ Cleanser သုံးပြီး မျက်နှာတင်းတင်းခြောက်ခြောက်ဖြစ်တတ်ရင် alcohol နဲ့ fragrance မပါတဲ့ hydrating toner သုံးနိုင်ပါတယ်။
Serum ကတော့ ကိုယ့်အသားအရေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးသုံးရပါတယ်။
ကျွန်တော်ကတော့ မနက်တိုင်း Cleanser - Toner - Serum - Moisturizer - Sunscreen မဖြစ်မနေကို လိမ်းပါတယ်။
Toner နဲ့ serum က တော့ ယောက်ျားတစ်ယောက်အနေနဲ့ ရှုပ်တယ်ထင်ရင်လဲ မသုံးလဲရပါတယ်။ တကယ်မဖြစ်မနေလိုအပ်တာကတော့ Cleanser၊ Moisturizer နဲ့ Sunscreen သုံးမျိုးပါပဲ။
နောက်ဆုံးအရေးကြီးတာကတော့ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုးက ရှောင်နိုင်ရင်အကောင်းဆုံးပါ။ နေရောင်ထဲ ထွက်မယ်ဆိုလဲ ဦးထုတ်နဲ့ ထီးတို့ ဆောင်းသွားသင့်ပါတယ်။
နောက်တစ်ခုက မိုးအုံ့နေလဲ sunscreen လိမ်းဖို့မလိုအပ်ဘူးမထင်ပါနဲ့။
Sunscreen လဲ လိုအပ်ရင် ၃နာရီကြားတစ်ခါလောက် လိမ်းပေးသင့်ပါတယ်။
24/08/2026
စိန်ခေါ်သူ တစ်ယောက်ရှိလာပါတယ်။
အနောက်က workout ကို မိနစ်၃၀ နဲ့မပြီးနိုင်ဘူးတဲ့။
၅၀/၅၀ လို့ခံစားရလို့ fair game ဆိုပြီး challenge ကိုလက်ခံလိုက်ပါတယ်။
မနက်ဖြန် နေ့လည်လောက်ဆိုရင်တော့ ဘယ်သူကဖား ဘယ်သူက ကျားလဲ အဖြေထွက်လောက်ပါပြီ။ 😌
စိတ်ဝင်စားရင် လိုက်ဖြုတ်ပြီး comment မှာ result လာရေးသွားလို့ ရပါတယ်။ 💯🔥
ဆော့ရမယ့် workout ကတော့
Wuu Challenge တဲ့
100 wall ball 8kg နဲ့ ၁၀ပေ အမြင့် target ကိုထိအောင်ပစ်ရမှာပါ။
Run 400 m
Burpee 60
Run 400m
2000m Row မှာပါ skierg ဆွဲချင်လဲဆွဲလို့ရပါတယ်။
Run 1km 🔥🔥🔥
24/08/2026
အေး… မောင်ရင်တို့ဘာသာ မောင်ရင်တို့
ဩဇီမှာ ဆရာကြီးဖြစ်ခဲ့ဖြစ်ခဲ့…
မန္တလေးမှာ ဆရာကြီးဖြစ်ခဲ့ဖြစ်ခဲ့…
ဆရာတို့ ရန်ကုန်ရောက်ရင်တော့ အားလုံးက တပည့်တွေဖြစ်သွားကြတာပါပဲ။ 😌
🇲🇲🌧️🖤
ဘာကိစ္စ သူများအကြောင်း စိတ်ဝင်စားရမှာလဲ။ 😌
1. ၁.၅ ကီလိုမီတာကို ၉ မိနစ်အတွင်း ပြေးနိုင်ရမယ်။
နှလုံးနဲ့ အဆုတ်ရဲ့ ခံနိုင်ရည်ကို စမ်းသပ်တာပါ။
2. Strict Push-up ၂၅ ကြိမ်။
ရင်ဘတ်ကို ကြမ်းပြင်နားအထိချပြီး လှုပ်ရှားမှုအပြည့်နဲ့လုပ်ပါ။ တစ်ဝက်တစ်ပျက် Rep တွေ မလုပ်ပါနဲ့။
3. Strict Pull-up ၈ - ၁၀ ကြိမ်။
အတက်အဆင်းကို ထိန်းချုပ်ပြီးလုပ်ပါ။ ကိုယ်လွှဲတက်တာ၊ အရှိန်ယူတက်တာ မလုပ်ရပါဘူး။
4. Wall Sit စက္ကန့် ၆၀။
ခြေထောက်ကြွက်သားတွေရဲ့ ခံနိုင်ရည်ကို စမ်းသပ်ပါ။
5. Plank စက္ကန့် ၆၀။
Core ကို တောင့်ထားပါ။ ခါးမကျစေနဲ့၊ ပုံစံမပျက်စေနဲ့။
6. Deep Bodyweight Squat အကြိမ် ၃၀။
ဖြည်းဖြည်းနဲ့ ထိန်းချုပ်ပြီး ပေါင်က မြေပြင်နဲ့ အပြိုင်အောက်ထိရောက်အောင် ထိုင်ပါ။
7. ခြေချောင်းကို လက်နဲ့ထိပြီး ၁၀ စက္ကန့် ထိန်းထားပါ။
ခန္ဓာကိုယ်ပျော့ပျောင်းမှုနဲ့ Mobility ကို စမ်းသပ်တာပါ။
8. Dead Hang ၄၅–၆၀ စက္ကန့်။
လက်ဆုပ်အားနဲ့ ပခုံးကျန်းမာရေးကို စမ်းသပ်တဲ့ Test တစ်ခုပါ။
9. ခြေလှမ်း ၁၀,၀၀၀ လျှောက်နိုင်ရမယ်။
လုံးဝအားကုန်ပြီး မောပန်းသွားတာမျိုး မဖြစ်ဘဲ လျှောက်နိုင်ရပါမယ်။
10. လုံးဝ မနားဘဲ Burpee အကြိမ် ၂၀။
ကိုယ့်ရဲ့ ခံနိုင်ရည်နဲ့ အမောခံနိုင်စွမ်းကို စမ်းသပ်မယ့် တကယ့် Test ပါ။ 🔥💯
အုပ်လိုက်ကြီးဖြုတ် 🔥💯
Hyperthrophy training နေ့လေးပေါ့ဗျာ။ 🔥
Click here to claim your Sponsored Listing.
Location
Contact the business
Website
Address
Melbourne, VIC