Duracore World Cup in Qatar2022

Duracore World Cup in Qatar2022 ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Duracore World Cup in Qatar2022, กีฬา, 5/1 ม. 5 ต. คลองสี่, Pathum Thani.

ဘယ်အသင်းက နိင်မာလဲး
13/12/2022

ဘယ်အသင်းက နိင်မာလဲး

13/12/2022

ဆေးလုံး အဖြူရောင် စစ်စစ်ပါ။
ထိုင်းနံမည်ကြီးဆေးအာမခံချက်အပြည့်ပါ။
မှာရင် ဖုန်း 094-9948596

06/12/2022
လေးစားပါတယ် ဂျရူး 👏😍မနေ့ညက ပိုလန်းအသင်းကိုဂိုးသွင်းယူပြီးနောက် အွန်နရီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ဂျရူးဟာ အောင်ပဲ...
05/12/2022

လေးစားပါတယ် ဂျရူး 👏😍

မနေ့ညက ပိုလန်းအသင်းကိုဂိုးသွင်းယူပြီးနောက် အွန်နရီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ဂျရူးဟာ အောင်ပွဲခံမှုပြုလုပ်ရာမှာ Thierry (သီယာရီအွန်နရီ)ကိုဂုဏ်ပြုတဲ့အနေနဲ့ " T" ပုံစံပြုလုပ်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်❤️

Football Respect

အာဂျင်တီးနားအသင်း ကွာတာဖိုင်နယ်တက်၊ နယ်သာလန်နှင့်တွေ့မည်မက်ဆီခြေစွမ်းပြသော်လည်း ဩစတြေးလျကို နှစ်ဂိုးတစ်ဂိုးဖြင့်သာအနိုင်...
03/12/2022

အာဂျင်တီးနားအသင်း ကွာတာဖိုင်နယ်တက်၊ နယ်သာလန်နှင့်တွေ့မည်

မက်ဆီခြေစွမ်းပြသော်လည်း ဩစတြေးလျကို နှစ်ဂိုးတစ်ဂိုးဖြင့်သာအနိုင်ရ

ပထမပိုင်းအစတွင် အာဂျင်တီးနားက ဖိကစားနိုင်ခဲ့သော်လည်း ဩစတြေးလျအသင်းက အကောင်းဆုံး ခုခံနိုင်ခဲ့သည်။ ပွဲချိန် ၃၅ မိနစ်တွင် ဩစတြေးလျနောက်ခံများကြားမှနေ၍ မက်ဆီက အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးသွင်းယူသည်။ ဩစတြေးလျအသင်းက ထောင့်ကန်ဘောနှစ်လုံးရသော်လည်း အာဂျင်တီးနားဂိုးပေါက်ကို မခြိမ်းခြောက်နိုင်ခဲ့ပေ။

ဒုတိယပိုင်း ၅၇ မိနစ်တွင် ဩစတြေးလျနောက်တန်းနှင့် ဂိုးသမား၏အမှားမှတဆင့် အာဂျင်တီးနားက ဒုတိယဦးဆောင်ဂိုး လွယ်လွယ်ကူကူ ရရှိခဲ့သည်။ ပွဲချိန် ၇၇ မိနစ်တွင် ဩစတြေးလျက မမျှော်လင့်ဘဲ ချေပဂိုးရရှိခဲ့ပြီး ပွဲပြီးခါနီးတွင် နှစ်ဖက်အပြန်အလှန် ထိုးဖောက်နိုင်ခဲ့ကြသော်လည်း နှစ်ဂိုးတစ်ဂိုးဖြင့်သာ ပွဲပြီးသွားခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြောက်ကြိမ်တက်ရောက်ခွင့် ရထားသည့် ဩစတြေးလျအသင်းမှာ ဒုတိယအကြိမ်မြောက် ၁၆ သင်းရှုံးထွက်အဆင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲနိုင်ခြေရှိ အသင်းတစ်သင်းအဖြစ် ထင်ကြေးပေးခံထားရသည့် အာဂျင်တီးနားအသင်းမှာ ကွာတာဖိုင်နယ်တွင် နယ်သာလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အာဂျင်တီးနားအသင်းမှာ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ဗိုလ်လုပွဲငါးကြိမ်ရောက်ရှိခဲ့ကာ ချန်ပီယံနှစ်ကြိမ်ဖြစ်ဖူးပြီး ၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် နောက်ဆုံးအကြိမ် ဗိုလ်လုပွဲရောက်ခဲ့သည်။ နယ်သာလန်အသင်းသည် ဗိုလ်လုပွဲသုံးကြိမ်ရောက်ဖူးကာ ၂၀၁၀ ကနောက်ဆုံးအကြိမ်ဖြစ်သည်။

ဓာတ်ပုံများ - EPA/EFE

ဂျပန် ကတော့ နောက်တဆင့်ကိုတက်သွားပါပီဗျာ
02/12/2022

ဂျပန် ကတော့ နောက်တဆင့်ကိုတက်သွားပါပီဗျာ

စီရော်နယ်လ်ဒို နဲ့ အာရှခရီးစဉ်------------------------------------------- ကစားသမားဘဝ အဆုံးသတ်ခါနီး နာမည်ကျော်ကစားသမားတွေ...
02/12/2022

စီရော်နယ်လ်ဒို နဲ့ အာရှခရီးစဉ်
-------------------------------------------

ကစားသမားဘဝ အဆုံးသတ်ခါနီး နာမည်ကျော်ကစားသမားတွေသွားတတ်ကြတဲ့ နေရာ(၂)ခုရှိပါတယ်။ ဒီနေရာတွေကတော့ အာရှ နဲ့ အမေရိကပါ။ ဒါကထုံးစံတစ်ခုလိုဖြစ်နေတာပါပဲ။

အာရှ နဲ့ အမေရိက မှာက သာမန်ထက်များပြားတဲ့ လုပ်ခလစာတွေရမယ်။ အနားယူခါနီးမှာ ဖိအားကင်းကင်းနဲ့ ဘောလုံးကစားရမယ်။ တွေးကြည့်ရင်တော့ ကျေနပ်စရာကြီးပါပဲ။

အခုလည်း ဒီဇာတ်လမ်းထဲကို စီရော်နယ်လ်ဒို ရောက်လာတယ်ဆိုပါတော့။

မန်ယူနဲ့ စာချုပ်ဖျက်အပြီးမှာ စီရော်နယ်လ်ဒို ရဲ့ အနာဂတ် ဘယ်ရောက်သွားမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာခဲ့တာပါ။ လက်ရှိအချိန်ထိ ထဲထဲဝင်ဝင်သတင်းတွေ့ နေတာကတော့ အာရှဘက်ကဖြစ်ပြီး ဆော်ဒီကလပ် Al-Nassr အသင်းနဲ့ပဲ ဖြစ်ပါတယ်။

သူတို့က စီရော်နယ်လ်ဒို ကို ရဖို့အတွက် ဘာလုပ်ရ လုပ်ရဆိုတဲ့ အနေအထားထဲမှာပါပါတယ်။ စီရော်နယ်လ်ဒို ကို ဘောလုံးရာသီတစ်ခုစာအတွက် ပေါင်သန်း(၁၅၀)နဲ့ ကမ်းလှမ်းထားပြီး တကယ့်ကို အံအားသင့်စရာ အခြေအနေတစ်ခုပါ။

မယုံမရှိကြနဲ့။ စီရော်နယ်လ်ဒို သာ ခေါင်းညိမ့်လိုက်ရင် မင်းသားတစ်ပါးလိုလည်း ဆက်ဆံကြဦးမှာ။

တချို့တလေ သတင်းတွေမှာတော့ စီရော်နယ်လ်ဒို က Al-Nassr အသင်းကို ရောက်တော့မလို ဖော်ပြမှုတွေကလည်း ဒု နဲ့ ဒေး။ ပြောနိုင်တာကတော့ ကမ္ဘာ့ဖလားမပြီးခင် စီရော်နယ်လ်ဒို ရဲ့ အသင်းသစ်က တရားဝင် လုံးဝထွက်လာမှာ မဟုတ်ဘူးဆိုတာပါပဲ။

စီရော်နယ်လ်ဒို ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ကို စိတ်မပြတ်သေးတာကလည်း အပါအဝင်ပေါ့။ ချန်ပီယံလိဂ်မှာ ကစားချင်နေတုန်း ၊ Al-Nassr အသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း မီးစိမ်းမပြသေးပါဘူး။

အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ကစားသမားအပြောင်းအရွှေ့ဆိုတာကလည်း မထင်ထားတာတွေ ဖြစ်တတ်တာကြောင့် စီရော်နယ်လ်ဒို အာရှခရီးစဉ်က ရင်ခုန်ဖို့ကောင်းနေတာတော့ အမှန်ပါပဲ ...

ဘယ်အရောင်ကြိုက်လဲး
30/11/2022

ဘယ်အရောင်ကြိုက်လဲး

ဟိုနေ့က ပြင်သစ်ပွဲမှာ ချူဝါမန်နီကို လူစားလဲချိန် ပရိသတ်တွေက မတ်တပ်ရပ်ပြီး လက်ခုပ်တီးဂုဏ်ပြုတယ်။ ပြင်သစ်အတွက် ၂ ပွဲကစားပေ...
29/11/2022

ဟိုနေ့က ပြင်သစ်ပွဲမှာ ချူဝါမန်နီကို လူစားလဲချိန် ပရိသတ်တွေက မတ်တပ်ရပ်ပြီး လက်ခုပ်တီးဂုဏ်ပြုတယ်။ ပြင်သစ်အတွက် ၂ ပွဲကစားပေးပြီးချိန်မှာ တပွဲကို ဘောလုံးပေးပို့ပုံတိကျမှုက ၉၆ % အထက်မှာရှိခဲ့တယ်။ ပြင်သစ်အတွက် ချူဝါမန်နီက ရွှေဖြစ်လာတယ်။ သူ့နေရာတနေရာစာအတွက်တော့ သူက ပူစရာမရှိတော့ပါဘူး။

ပေါ့ဂ်ဘာနဲ့ ကန်တေ မပါဝင်နိုင်ချိန်မှာ ပြင်သစ်ကွင်းလယ်အလုပ်ဖြစ်ပါ့မလား စိုးရိမ်ခဲ့ရပေမယ့် ချူဝါမန်နီက မစိုးရိမ်နဲ့လို့ ခြေစွမ်းနဲ့ အဖြေပေးလိုက်တာပါ။ ရီးရဲလ်မှာ ကက်စ်မဲရိုးနေရာကို ကောင်းကောင်းဖြည့်ပေးထားတဲ့ ချူဝါမန်နီက ဒက်ချမ့်စ်အတွက် ထိလို့မရတဲ့ ကစားသမားဖြစ်လာတယ်။ သူ့အသက်ငယ်ငယ်လေးနဲ့ ကမ္ဘာ့ဖလားမှာ ကစားပြနေတာ အရမ်းသက်တောင့်သက်သာဖြစ်လွန်းတယ်။

လိုအပ်ရင် အနာခံပြီး ဘောလုံးလုတယ်၊ တိုက်စစ်လမ်းကြောင်းတွေပြန်စတယ်၊ သူ့ကြောင့်ပဲ ပြင်သစ်တိုက်စစ်က ပွဲကိုမြန်မြန်ပြန်စနိုင်ခဲ့ပေါင်းမနည်းဘူး။ လူငယ်ကွင်းလယ်ခံစစ်ကစားသမားတွေထဲ တော်တော်လေးထူးချွန်တဲ့ သူ လို့ ပြောရပါမယ်။ ကန်တေနဲ့ ပေါ့ဂ်ဘာတယောက်ယောက်သာ ပါလာရင် သူ ဒီလိုခြေစွမ်းပြဖို့ထက် ကစားခွင့်တောင် ရဖို့မသေချာလောက်ဘူး။ အခုတော့ သူ တောက်ပဖို့အတွက် ဖြစ်တည်လာခဲ့တာတွေလို့တောင် ပြောရမယ်။

ที่อยู่

5/1 ม. 5 ต. คลองสี่
Pathum Thani
12120

เบอร์โทรศัพท์

+66949948596

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Duracore World Cup in Qatar2022ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท