Myanmar Golfers In Thailand - MGIT

Myanmar Golfers In Thailand - MGIT

แชร์

Myanmar Golfers In Thailand

01/09/2026

[English Below]
🏆 MGIT UNITY CUP 2026 မှာ ပါဝင်ဖို့ အသင့်ပဲလား!
ထိုင်းနိုင်ငံရဲ့ အကောင်းဆုံးနဲ့ အလှပဆုံးသော ဂေါက်ကွင်းတွေထဲက တစ်ကွင်းဖြစ်တဲ့
⛳️ Alpine Golf Resort Chiangmai မှာ Professional Golf ပြိုင်ပွဲတစ်ပွဲရဲ့ အတွေ့အကြုံကောင်းတွေကို ရရှိနိုင်ဖို့ MGIT မှ ဖိတ်ခေါ်ပါရစေ 🏌️‍♀️

MGIT UNITY CUP 2026 မှာ ကစားသမား ဦးရေ (၁၂၀) သာ ပါဝင်ခွင့်ရှိမှာမို့ အမြန်ဆုံးစာရင်းသွင်းထားနိုင်ပါပြီ။
🗓️ အောက်တိုဘာလမတိုင်မီ စာရင်းပေးသွင်းမယ့် Golfer တွေအားလုံးဟာ Advance Entry Fee နဲ့ စာရင်းပေးသွင်းနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

🏆 MGIT UNITY CUP 2026 ⛳️
Where every swing brings us together.
One fairway. One trophy. One unforgettable day among friends. 🏆
Book early and save— advance entry tickets available for a limited time only!
📲 Register now before October 1.

30/08/2026

Congratulations Alpine Golf Club

မြန်မာ golfer တို့ရေ၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ချင်းမိုင်မြို့ရဲ့အကောင်းဆုံးကွင်းတွေထဲက တစ်ကွင်းဖြစ်တဲ့ Alpine ကွင်းကြီးမှာ ပျော်ရွှင်ရင်းနှီးစွာ ကစားကြမယ်နော် 🏌️‍♂️

𝗙𝗥𝗢𝗠 𝟯 𝗦𝗧𝗔𝗥𝗦 𝗧𝗢 𝟱 𝗦𝗧𝗔𝗥𝗦 ⭐
A Proud Achievement for Alpine Golf Club

We are proud to announce that Alpine Golf Club has achieved the 5-Star Level of STGs STAR – Sustainable Tourism Acceleration Rating, certified by the Tourism Authority of Thailand (TAT). 🌿⛳️

This achievement reflects our continued commitment to sustainable tourism and our dedication to delivering quality experiences while growing responsibly.

𝗙𝗿𝗼𝗺 𝟯 𝗦𝘁𝗮𝗿𝘀 𝘁𝗼 𝟱 𝗦𝘁𝗮𝗿𝘀, 𝘄𝗲 𝗸𝗲𝗲𝗽 𝗺𝗼𝘃𝗶𝗻𝗴 𝗳𝗼𝗿𝘄𝗮𝗿𝗱.
A proud achievement and another step toward a more sustainable future. 💚

26/08/2026

MGIT နဲ့ပတ်သက်တဲ့ သတင်းတွေကို အမြဲတမ်းသိရှိနေရအောင် MGIT ရဲ့ LINE OA ကို Add ထားလိုရပါပြီ 📢
LINE Search Box မှာ လို ရှာလိုရသလို ဒီကနေလည်း 👉 https://cutt.ly/brCKMKYF LINE OA ကို Add နိုင်ပါတယ်။

23/08/2026

[English Below]
🏆 MGIT UNITY CUP 2026!
စိတ်လှုပ်ရှားစရာကောင်းတဲ့ Golf ပြိုင်ပွဲတွေကို စောင့်မျှော်နေသူတွေအတွက် MGIT UNITY CUP 2026! 🏌️‍♂️⛳️

အသေးစိတ်အချက်အလက်တွေကို မကြာမီ ထပ်မံကြေညာပေးသွားမှာဖြစ်လို့ Stay Tuned! 🔥
MGIT နဲ့အတူ အမြဲတမ်းအမှတ်ရနေမယ့် Golf Experience တွေကို ရရှိနိုင်ဖို့ အသင့်ပဲလား? ⛳️🏆

🏆 MGIT UNITY CUP 2026! Get ready for another exciting golf experience! 🏌️‍♂️
📅 Saturday, 17 October 2026
⛳ Alpine Golf Resort Chiangmai
Stay tuned for more details. MGIT is bringing exciting golf moments! ⛳🔥

Photos from Myanmar Golfers In Thailand - MGIT's post 19/08/2026

⛳️❤️ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရဲ့ Alpine Golf Resort ရဲ့ အလှတရားများ… 🏔️🌿

“Alpine မှာတစ်ခါလောက် ကစားချင်တယ်…”
“ချင်းမိုင်ရောက်တုန်း Alpine မှာ မကစားရသေးဘူး…”
ဆိုတဲ့ Myanmar & Thailand Golfers တွေရဲ့ အသံတွေကို ကြားနေရတာကြာပါပြီ။ 😍⛳️

ဒီတစ်ခါတော့…
MGIT က Golfer တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ပြင်ဆင်လိုက်ပါပြီ။ ❤️

📅 17 October 2026
📍 ALPINE GOLF RESORT CHIANGMAI 🏔️⛳️

ချင်းမိုင်မြို့ရဲ့ ခမ်းနားလှပတဲ့ Alpine Golf Resort ရဲ့ Majestic & Premium Fairway တွေပေါ်မှာ Myanmar နဲ့ Thailand Golfers တွေအပြင် 🇲🇲🇹🇭

🇸🇬 Singapore
🇲🇾 Malaysia
🇨🇳 China
🇪🇺 နှင့် ချင်းမိုင်မှာ နေထိုင်ကြတဲ့ နိုင်ငံတကာ Golfer မိတ်ဆွေများ

အချင်းချင်း တွေ့ဆုံမိတ်ဆက်ပြီး Golf ကစားရင်း မိတ်ဆွေသစ်တွေ၊ အမှတ်တရအသစ်တွေနဲ့ ပျော်ရွှင်မှုတွေကို အတူတကွ ဖန်တီးနိုင်မယ့် ပွဲကြီးတစ်ပွဲ ကို MGIT က စီစဉ်ပေးလိုက်ပါပြီ။ 🏌️‍♂️🤝🏆

ဒီနှစ် MGIT Golf Tournament ရဲ့ Destination ကတော့… ALPINE! 🔥

⛳️ One Course.
One Tournament.
Many Golfers.
Countless Memories. ❤️

🏆 MGIT GOLF TOURNAMENT 2026
📅 17 OCTOBER 2026
📍 ALPINE GOLF RESORT CHIANGMAI

ပြိုင်ပွဲဝင်ရောက် Register ပြုလုပ်ရန် အသေးစိတ်အချက်အလက်များကို MGIT မှ မကြာမီ ဆက်လက်ထုတ်ပြန်ပေးသွားပါမည်။

🤝 Sponsorship အတွက် စိတ်ဝင်စားပါက
📩 Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်သလို
📞 064 510 2020 သို့လည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

The Fairway is calling… 🏔️⛳️
See you all together on 17th October! ❤️🏌️‍♂️

Photos from Myanmar Golfers In Thailand - MGIT's post 14/08/2026

⛳️🏆 MGIT GOLF TOURNAMENT 2026 — IT’S OFFICIAL! 🏆⛳️

ပြီးခဲ့တဲ့နှစ်က Gassan Panorama Golf Club မှာ ကျင်းပခဲ့တဲ့ MGIT Golf Tournament ရဲ့ အမှတ်တရတွေ မမေ့သေးခင်မှာပဲ… 😎

ဒီနှစ် MGIT Golf Tournament 2026 ရဲ့ Destination ကိုတော့ OFFICIALLY CONFIRMED! 🎯

🥁🥁🥁

🏔️⛳️ ALPINE GOLF RESORT CHIANGMAI ⛳️🏔️

Yes… It’s Alpine! 🔥

MGIT နဲ့ Alpine Golf Resort Chiangmai တို့ရဲ့ Official Agreement ကိုလည်း အောင်မြင်စွာ လက်မှတ်ရေးထိုးပြီးပါပြီ။ ✍️🤝

📅 17 October 2026
📍 Alpine Golf Resort Chiangmai

ဒီနှစ်မှာတော့ Majestic & Premium ဖြစ်တဲ့ Alpine ရဲ့ Fairway တွေပေါ်မှာ MGIT Golfers တွေ ပြန်လည်ဆုံတွေ့ပြီး ပြိုင်ပွဲကောင်းကောင်း၊ အမှတ်တရကောင်းကောင်းတွေနဲ့အတူ MGIT Golf Tournament 2026 ကို အတူတူဖန်တီးကြရအောင်။ 🏌️‍♂️🏆

The venue is confirmed.
The date is set.
Now… the countdown begins! ⏳🔥

🏆 MGIT GOLF TOURNAMENT 2026
📅 17 OCTOBER 2026
📍 ALPINE GOLF RESORT CHIANGMAI

အသေးစိတ်အချက်အလက်များကို မကြာမီ ဆက်လက်ကြေညာပေးသွားပါမယ်။
Stay Tuned, MGIT Golfers! 👀⛳️

11/08/2026

⛳️🏆 MGIT GOLF TOURNAMENT 2026 🏆⛳️

မနှစ်ကတော့ Gassan Panorama Golf Club မှာ အားလုံးနဲ့အတူ အမှတ်တရကောင်းကောင်း ဖန်တီးခဲ့ကြပါတယ်။ ❤️

ဒီနှစ် MGIT Golf Tournament 2026 ကိုတော့ ဘယ် Golf Course မှာ ကျင်းပမလဲ⁉️ 🤔🏌️‍♂️

ပုံထဲက Golf Course (၄) ခုထဲက
ဘယ်ကွင်းမှာ MGIT Golf Tournament 2026 ကို ကျင်းပမယ်လို့ ထင်ပါသလဲ? 👀

🥇 Alpine Golf Resort Chiangmai
🥈 Gassan Khuntan Golf & Resort
🥉 Chiang Mai Highlands Golf & Spa Resort
🏅 Summit Green Valley Chiangmai

ကဲ… Golfer တို့ရဲ့ Guess ဘယ်ကွင်းဖြစ်မလဲ? 😎⛳️
Comment မှာ ကိုယ့်ရဲ့ရွေးချယ်မှုကို ပြောခဲ့ကြပါဦး… 👇

MGIT Golf Tournament 2026 — Where will we tee off this time? 🏌️‍♂️🏆

Photos from Myanmar Golfers In Thailand - MGIT's post 12/07/2026

🏌️‍♂️ MGIT Golfers at the 6th Gassan Khuntan 27 Holes Golf Marathon 🇹🇭

မနေ့က Gassan Khuntan Golf & Resort မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၆) ကြိမ်မြောက် 27 Holes Golf Marathon ပြိုင်ပွဲမှာ MGIT အဖွဲ့ဝင်များလည်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ပြောကြားလိုတာကတော့ ကိုပြည့်စုံဦး Pyae Sone Oo ဟာ ပြိုင်ပွဲရဲ့ Winner Champion ဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။ 👏🏆

ထို့အပြင် မြန်မာကစားသမားများရရှိခဲ့တဲ့ ဆုများကတော့—
🏌️ Near Pin Awards
• ကိုပြည့်စုံ
• ကိုစည်သူခန့်
• ကိုဟင်နရီ

😎 Best Loser Award
• ကိုရှိန်း

နိုင်ငံရပ်ခြားမှာ နိုင်ငံတကာကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားရင်း မြန်မာဂေါက်သီးသမားတွေရဲ့ အရည်အချင်းနဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးနေကြတဲ့ Myanmar Golfers အားလုံးကို လေးစားဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ပါတယ်။

ဆက်လက်အောင်မြင်မှုတွေ ရရှိပြီး မြန်မာ့ဂေါက်သီးအင်အားကို ပိုမိုတောက်ပလာစေဖို့ MGIT မှ အမြဲအားပေးလျက်ရှိပါတယ်။ 🇲🇲⛳️

Photos from Myanmar Golfers In Thailand - MGIT's post 03/07/2026

⛳ Myanmar Golfers In Thailand ⛳

ကျွန်တော်တို့ MGIT Golfers တွေဟာ ချင်းမိုင်မြို့မှာ တစ်ပတ်ကို အနည်းဆုံး ၃ ရက်မှ ၄ ရက်ခန့် အတူတကွ ပျော်ရွှင်ရင်း ဂေါက်သီးရိုက်ကစားလေ့ရှိပါတယ်။

ထိုင်းနိုင်ငံကို အလုပ်ကိစ္စ၊ အလည်အပတ်၊ ဒါမှမဟုတ် အချိန်ပိုင်းလာရောက်တဲ့ မြန်မာဂေါက်သီးဝါသနာရှင်များအနေနဲ့လည်း မည်သူမဆို အဆင်ပြေ၊ လွတ်လပ်ပြီး ချစ်ကြည်ရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာ အတူဝင်ရောက်ကစားနိုင်ပါတယ်။

အောက်တွင် MGIT LINE Group Chat QR Code ကို ဖော်ပြပေးထားပါတယ်။ QR Code ကို Scan ဖတ်၍ Join ဝင်လိုက်ရုံနဲ့ မိမိကစားလိုတဲ့ ဂေါက်ကွင်းကို အဖော်ရှာနိုင်သလို၊ Group ထဲမှာ ချိန်းဆိုနေကြတဲ့ Game များကိုလည်း အချိန်မရွေး ဝင်ရောက်ပူးပေါင်းကစားနိုင်ပါတယ်။

ဒါ့အပြင် ချင်းမိုင်ရှိ ဂေါက်ကွင်းများရဲ့ အခြေအနေ၊ Green Fee၊ Promotion များ၊ Tee Time Booking၊ သွားလာရေးနဲ့ အခြားလိုအပ်တဲ့ အချက်အလက်များကိုလည်း Group ထဲမှ မိတ်ဆွေများထံမှ အကြံဉာဏ်များ ရယူနိုင်ပါတယ်။

“Golf is more enjoyable when played together.” ⛳

ချင်းမိုင်ရောက်တိုင်း MGIT မိသားစုနဲ့ လာရောက်ဆုံတွေ့ပြီး အတူတကွ ပျော်ရွှင်စွာ Golf ရိုက်ကြရအောင်။ အားလုံးကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်။

Photos from CNXSport's post 28/06/2026

Thank you very much krub 🙏

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

M Sport Complex เอ็ม สปอร์ต คอมเพล็กซ์
Chiang Mai
50130