Football world class Myanmar

Football world class Myanmar

แชร์

ဘောလုံးသတင်း/အားကစားနဲ့အခြားစိတ်ဝင်စားစရာအကြောင်းအရာများကို‌ ဒီPageကနေ
နေ့စဉ်တင်ဆက်ပေးသွားမှာပါ (follow) လုပ်ပေးဖို့လဲ တောင်းဆိုပါတယ်❤️

15/08/2026

Were we go!!!

ဘရန့်ဖို့ဒ်ကတော့ Darwin Guagua အသက် ၁၈ နှစ်အရွယ် အီကွေဒေါ လူငယ်ကွင်းလယ်ကစားသမား Darwin Guagua ကို Independiente del Valle အသင်းဆီကနေ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပါတယ် ရောက်ဖို့လဲသေချာသလောက်ရှိနေပါပြီ
ဒီအီကွေဒေါကစားသမားလေးအနေနဲ့ Independiente del Valle ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပြီး✈️ Brentford သို့ ပြောင်းရွှေ့ဖို့ ခရီးထွက်ဖို့ပြင်ဆင်နေပြီလို့လဲသိရပါတယ်
အီကွေဒေါက ကစားသမာစလေးဟာ ပရီးမီးယားလိဒ်မှာဘယ်လောက်ခြေစွမ်းပြပြီး အသင်းကြီးတွေမျက်စိကျလောက်အောင်ကစားပြနိုင်မလားဆိုတာစိတ်၀င်စားစရာပါ။

#ဘရန့်ဖို့ဒ်

15/08/2026

ပန်တိုဂျာကို အရှိုက်ထိစေခဲ့တဲ့ဗန်!!!

စက်တင်ဘာလမှာကျင်းပမဲ့ UFC331အတွက်သတင်းစာရှင်းလင်းပွဲနဲ့ မျက်နှာချင်းဆိုင်ခဲ့အခါမှာတော့
ပန်တိုဂျာ အိမ်စာတွေအများကြီးလုပ်လာခဲ့ပေမယ့်စကားကြွယ်လှတဲ့ဗန်ကိုတော့အနိုင်မယူနိုင်ခဲ့ပါဘူး။

ပန်တိုဂျာတတွက်တွက်ပြောနေတဲ့စကားတွေကိုကြားဖြတ်ပြီး ဗန်က မင်းအကြောင်းတွေနားထောင်ဖို့ရောက်လာတာမဟုတ်ဘူးပွဲအကြောင်းပြောဆိိုပြီးစလိုက်လို့ ပန်တိုဂျာကြီးတင်းသွားခဲ့ပါတယ် ဗန်ကိုလဲငါ့ကိုလေးစားမှ်ရှိစမ်းပါလို့ပြောသွားခဲ့ပြီး ၂ဖက်လုံးထထိုးမယ်ဖြစ်နေလို့၀ိုင်းတားရတဲ့အဆင့်ထိရောက်သွားခဲ့ပါတယ်။

မျက်နှာချင်းဆိုင်တဲ့အခါမှာတော့ ဗန်ကပန်တိုဂျာဘက်လှည်ပြီး ဘယ်လိုလဲ ငါဒီချန်ပိီယံခါးပါတ်ကြီးနဲ့ကြည့်ကောင်းရဲ့လားဆိုပြီးထပ်ခနှဲ့လို့ ပန်တိုဂျာကတော့စက်တင်ဘာလထိမစောင့်နိုင်အောင်ဖြစ်သွားခဲ့ပါတယ်။

သံဇကာထဲရောက်ရင်တော့ ဒီ၂ယောက်ဘယ်လောက်ကြမ်းမလဲဆိုတာ ပရိတ်သတ်တွေသိချင်နေကြပါပြီ။

#ဂျော့ရှုး၀ါးဗန်
#ပန်တိုဂျာ

15/08/2026

ဂရင်းနစ်စံချိန်(4)ခုပေးအပ်ခံရတဲ့ ဟာလန်း!!!

ယနေ့မှာတော့Erling Haaland ဟာ Guinness World Records ကနေ စံချိန်မှတ်တမ်းများစွာအတွက် Certificate တွေ ရရှိခဲ့ပါတယ်။ 🏆📋
⚡ UEFA Nations League မှာ ကစားသမားတစ်ဦးရဲ့ ဂိုးအများဆုံး — ၁၉ ဂိုး
🎯 Premier League သမိုင်းမှာ ဂိုး ၁၀၀ ပြည့်ဖို့ အမြန်ဆုံး — ပွဲ ၁၁၁ ပွဲ
🔥 Premier League တစ်ရာသီ (၃၈ ပွဲစနစ်) ဂိုးအများဆုံး — ၃၆ ဂိုး
🤯 Champions League တစ်ပွဲတည်းမှာ ဂိုးအများဆုံး — ၅ ဂိုး
(Lionel Messi နဲ့ Luiz Adriano တို့နဲ့အတူ ပူးတွဲစံချိန်)

အကျဥ်းချုပ်
1️⃣ UEFA Nations League ဂိုးအများဆုံး
2️⃣ Premier League ဂိုး ၁၀၀ အမြန်ဆုံး
3️⃣ Premier League တစ်ရာသီ ဂိုးအများဆုံး
4️⃣ Champions League တစ်ပွဲတည်း ဂိုးအများဆုံး

#ဂရင်းနစ်
#ဟာလန်း

14/08/2026

🚨🥹လီယွန်က မက်ဆီအတွက် ပေးခဲ့တဲ့ ရင်ထဲထိစေတဲ့ စကားလေး… 🫂!!!

“ဒီဖက်က León ဆီကပါ… လူတိုင်းဆီကပါ… ဘောလုံးလောကတစ်ခုလုံးဆီကပါ။
ပြီးတော့ မင်းအတွက်ပါ၊ ချစ်ရတဲ့ Lionel…” 🥹🫂
ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးသူတစ်ယောက်အတွက်
လေးစားမှု၊ ချစ်ခင်မှုနဲ့ နွေးထွေးမှုတွေ ပြည့်နှက်နေတဲ့ ဖက်တစ်ဖက်ပါ။ 💚🐐

မနေ့ကပြိုင်ဘက် León အသင်းဆီက မက်ဆီအတွက်ပေးပို့တဲ့စာလေးပဲ။

#မက်ဆိီ

14/08/2026

အသင်းအတွက် ခေါင်းဆောင်ကောင်းတစ်ယောက်!!!

ကာစီမီရိုက လီယွန်နယ် မက်ဆီအပေါ် ပြောကြားချက် —
“သူက သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားပါ။ သူ့ကို လေးစားစွာ ဦးညွှတ်ပြီး ‘ကျေးဇူးတင်ပါတယ်’ လို့ ပြောရပါမယ်။

“ကျွန်တော်တို့ သူ့ကို ဆက်ပြီး အားပေးထောက်ခံပေးပါတယ် ခုချိန်ဟာသူ့ဘ၀ရဲ့အခက်ခဲဆုံးအချိန်မှာတောင်အသင်းအတွက်ရှိနေပေးခဲ့တာပါ
“ဒီနေ့ သူလုပ်ပြခဲ့တာက မယုံနိုင်လောက်အောင် အံ့မခန်းပါပဲ။ သူက ကျွန်တော်တို့နဲ့အတူ ဒီနေရာမှာ ရှိနေပေးတာကိုယ်တိုင်က အံ့ဩစရာပါပဲ။

#ကတ်စမဲရိုး
#မက်ဆီ
#အင်တာမိုင်ယာမီ

13/08/2026

ခက်ခဲနေတဲ့အချိန် ခွန်အားတွေရှိပေးပါဆိုတဲ့Ronaldo!!!

လီယိုအတွက်ဒီအချိန်ဟာခက်ခဲပင်ပန်းနေခဲ့တာပါ
အသီးသီးသောသူငယ်ချင်းတွေအားပေးစကားဆိုခဲ့သလို
Ronaldoကလဲ လီယိုအတွက်အားပေးစကားပြောလာခဲ့တာပါ

“ဒီလိုခက်ခဲတဲ့အချိန်မှာ မင်းနဲ့ မင်းရဲ့မိသားစုဘေးမှာ စိတ်ရောကိုယ်ပါ အားပေးနေပါတယ် Leoရေ အားတင်းထားပါ။ ❤️‍🩹🙏”

#မက်ဆီ
#ရော်နယ်ဒို

13/08/2026

ဒီပို့တီဗိုအသင်းကိုအနိုင်ယူပြီး ဖလားရခဲ့တဲ့ရီရဲလ်!!!

ဒီဖလားကိုအောင်ပွဲခံဖို့အတွက်တော့စည်းလုံးညီညွှတ်မှရမှာပါ။

#ရီရဲလ်မက်ဒရစ်

13/08/2026

အရမ်းကြမ်းနေတဲ့ PSG!!!

PSG 2-1 Aston Villa

Kvaratskhelia- 20 ' Doure - 62'

Madjo- 45'

ချန်ပီယံလိဂ်ကို2ကြိမ်ဆက်တိုက်ရပြီး ဥရောပစူပါဖလားကိုပါ2ကြိမ်လုံးသိမ်းပိုက်နိုင်ခဲ့တာကတော့ အင်းနရစ်ရဲ့အောင်မြင်မှုကအတော်ပင်ကြောက်စရာကောင်းလှပါတယ်။


#ဥရောပစူပါဖလား

11/08/2026

Here we go!!!

Napoli အသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိပြီးပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးက €6 သန်းကျော် တန်ကြေးရှိပြီး စာချုပ်နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဒီနေ့ စစ်ဆေးနေပါတယ်။
Lukaku ကလည်း ကိုယ်ရေးကိုယ်တာအချက်အလက်/လစာပိုင်း သဘောတူညီပြီးသား ဖြစ်ပါတယ်။ ကလပ်ဘက်က နောက်ဆုံးခွင့်ပြုချက်ပေးတာနဲ့ Istanbul ကို မကြာခင် သွားရောက်မှာ ဖြစ်ပါတယ်။

#လူကာကူ
#ဖီနာဘာချီ

10/08/2026

သာမာန်လူတစ်ယောက်လိုပါပဲ ဖခင်ဆုံးသွားတဲ့သားတစ်ယောက်ဟာ ဘယ်လောက်တောင်ခံစားနေရရှာမလဲလီယိုရေ အမြဲအတူရှိနေတတ်တဲ့အဖေဟာ သားအရာရာကိုအောင်နိုင်ခဲ့မှန်းသိမှ ထွက်ခွာသွားခဲ့လေရဲ့။

#မက်ဆီ
#ဟော်ဟေးမက်ဆီ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bangkok